Posts Tagged ‘ စမ်းတင်ခြင်း ’

အာကာဦး-ငါတို့ သွေးတွေပေခဲ့ရတယ်

March 25, 2017
အာကာဦး-ငါတို့ သွေးတွေပေခဲ့ရတယ်

KT#  ငါတို့ သွေးတွေပေခဲ့ရတယ် အာကာဦး မတ် ၂၄၊ ၂၀၀၇ “မကျေနပ်ရင်အော်ဟစ်လိုက်ကြအေး သေနတ်သံကတော့ထွက်လာမှာနော်”ဒီဇာတ်လမ်းဟာကြမ်းခန်းတွေနဲ့အပြည့်မှောင်နေတဲ့ညဟာလူငယ်တယောက်ကိုဆွဲခေါ်သွားတော့ကျန်ခဲ့တဲ့မိသားစုခမျာအဲဒီညထက်ပိုမှောင်တယ်သားကအမေ့ကိုစိတ်ပူတယ်အမေကစနစ်ကိုစိတ်ပူတယ်။သွေးရဲရဲလမ်းပေါ်လျှောက်တော့ကျောင်းကန်တင်းက စကားလက်စုံတွေကိုထားခဲ့ရဖတ်လက်စ စာအုပ်ထူထူကိုထားခဲ့ရဘဝထဲက ချစ်သူကိုထားခဲ့ရ။တွင်းနက်ကြီးရဲ့နှုတ်ခမ်းကိုအမှန်တရားလို့ခေါ်ပြီးအဲဒီအမှန်တရားပေါ် ရွက်ကုန်ဖွင့်တဲ့အခါ၁၀ ပေပတ်လည်အခန်းကျဉ်းထဲသက်တမ်းနုလက်ကလေးရဲ့လက်ထိပ်တွေဟာ အစိမ်းသေသေတယ်။လွှင့်ထူထားတဲ့နိုင်ငံတော်အလံဟာလည်းအစိမ်းသေသေတယ်။ပျောက်ရှခဲ့ရတဲ့နေ့တွေမှာလူမမယ်သေးတဲ့လူရွယ်တွေရဲ့ဆေးဟာနိုင်ငံတော်ရဲ့ဒဏ်ရာကို ကုစားလို့။ကျောင်းလမ်းမကြီးပေါ်ကလက်ချင်းချိတ်ထားတဲ့လက်တစုံကိုဆွဲဖြဲလိုက်တဲ့အောက်တန်းစားအမိန့်တွေဟာသမိုင်းခေတ်ပေါ်ဖြတ်ပြေးတယ်။ ကြယ်တွေမစုံတော့ဘူးမှောင်နေတဲ့အခန်းထဲထောင်နေတဲ့အင်္ကျီကော်လံလေးပေါ်ကပ်ပါလာတဲ့ချစ်သူရဲ့ကိုယ်သင်းနံ့လေးတဖြည်းဖြည်းပျောက်ကွယ်လို့။အက်ကွဲခဲ့တဲ့ခန္ဓာကိုယ်ပေါ်လူကြီးမင်းတွေရဲ့တုတ်ချက်တွေကယုံကြည်ချက်ကိုအခါခါချေဖျက်တော့အခါခါပြန်ထိုးထွက်လာတဲ့ယုံကြည်ချက်ဟာနဖူးပေါ်က သွေးစေးတွေကိုလက်သည်းမရှိတော့တဲ့လက်နဲ့ပြန်သပ်ဟောဒီတိုင်းပြည်ရဲ့အနာဂတ်အတွက်နုပျိုခြင်းတွေနဲ့ခရီးရှည်ချီတက်ခဲ့တယ်ပေါ့။       အာကာဦး Tags: စမ်းတင်ခြင်း Related posts No related posts.

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်