Posts Tagged ‘ စံလှကြီး ’

စံလှကြီး ● တပတ်မှာ တခါလောက်တော့ စဉ်းစားကြရအောင်

November 9, 2017
စံလှကြီး ● တပတ်မှာ တခါလောက်တော့ စဉ်းစားကြရအောင်

စံလှကြီး ● တပတ်မှာ တခါလောက်တော့ စဉ်းစားကြရအောင် (မိုးမခ) နိုဝင်ဘာ ၉၊ ၂၀၁၇ “လူအများစုက တစ်နှစ်လုံးနေလို့ နှစ်ခါ သုံးခါလောက်တောင် စဉ်းစားတာမဟုတ်ဘူးဗျ။ ဒီတော့ တပတ်မှာ တခါ နှစ်ခါ လောက် စဉ်းစားတတ်တဲ့ ကျုပ်က ကမ္ဘာမှာနာမည်ကြီးနေတာ” အထက်ပါ စကားကို ပြောလိုက်သူက ကျော်ကြားသော အင်္ဂလိပ်စာရေးဆရာကြီး ဂျော့ဘားနဒ်ရှော။ ခေတ်သစ် အင်္ဂလိပ် စာပေလောကတွင် အထက်မြက်ဆုံး အဖြစ် အချို့သော စာပေအကဲဖြတ် ပုဂ္ဂိုလ်များက ယူဆကြသူ၊ သူ့ခေတ် သူ့အခါက အင်္ဂလန်ပြည်တွင် အခြေအတင် စကားပြော အကောင်းဆုံးသူ၊ ၁၉၂၅ တွင် စာပေဆိုင်ရာ နိုဗဲဆုရရှိခဲ့သူ ဖြစ်သည်။ သူ့အဆို အရ လူအများစုသည် တစ်နှစ်ပတ်လည်တွင် သုံးခါလောက်တောင် စဉ်းစားလေ့မရှိ၊...

Read more »

စံလှကြီး ● ဓလေ့ထုံးစံနှင့် နောက်ခံအကြောင်းရင်း ဆက်စပ်ခြင်းများ

October 20, 2017
စံလှကြီး ● ဓလေ့ထုံးစံနှင့် နောက်ခံအကြောင်းရင်း ဆက်စပ်ခြင်းများ

စံလှကြီး ● ဓလေ့ထုံးစံနှင့် နောက်ခံအကြောင်းရင်း ဆက်စပ်ခြင်းများ (မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၁၇ “မြန်မာပြည်မှာ ဘုရား အထက်ပစ္စယံကို မိန်းမတွေ မတက်ရတာ တော်တော်ဆိုးတာပဲကွာ။ ဒါ ယောကျာ်း မိန်းမ ခွဲခြား နှိမ့်ချမှုပဲကွ။ မြတ်စွာဘုရားက ဒီလို မတက်ရဘူးလို့မှ မဟောထားတာ။ ဘာလို့ ဒီစည်းကမ်းက ရှိနေရတာလဲ” “ဟ ဒါ ဓလေ့ထုံးစံကွ လိုက်နာရမှာပေါ့။ ဘာတွေ မကျေမနပ် ဖြစ်နေတာလဲ။ အကြောင်းရှိလို့ ဖြစ်မှာပေါ့” ၂၁ ရာစုဦးတွင် ဟိုနား ဒီနားမှ ကြားရစ ပြုလာသော ငြင်းခုံသံလေးများ ဖြစ်ပါသည်။ အထူးသဖြင့် ဘုရားပုထိုးများ၏ အထက်ပစ္စယံသို့ အမျိုးသမီးများ တက်ခွင့် မရခြင်း အပေါ် ဝေဖန်စောကြောလာခြင်းများ ဖြစ်သည်။ ဤသည်မှာ...

Read more »

စံလှကြီး ● စံပြုထိုက်တဲ့ ဒို့ဘိုးဘွားတွေ အတုယူဖို့ ကောင်းလှပေ (၂)

August 11, 2017
စံလှကြီး ● စံပြုထိုက်တဲ့ ဒို့ဘိုးဘွားတွေ အတုယူဖို့ ကောင်းလှပေ (၂)

စံလှကြီး ● စံပြုထိုက်တဲ့ ဒို့ဘိုးဘွားတွေ အတုယူဖို့ ကောင်းလှပေ (၂) (မိုးမခ) သြဂတ်စ် ၁၁၊ ၂၀၁၇ ယနေ့ခေတ် မြန်မာနိုင်ငံသားများ၏ မိဘဘိုးဘွားများ ဖြစ်သော ၁၉ ရာစုမှ မြန်မာများသည် အံ့သြစရာ မကောင်းပေဘူးလား။ နိုင်ငံခြားသားများကပင် ချီးကျူးရသော ကိုယ့်ကျင့်တရားရှိသူများ မဟုတ်ပေဘူးလား။ သဘောထားကြီးသော ရန်သူကပင် ချီးကျူးရသော အံ့မခန်းသတ္တိပိုင်ရှင်များ မဖြစ်ပေဘူးလား။ ယနေ့ခေတ်မှာ မြန်မာအချင်းချင်းပင် မြန်မာတွေ စည်းကမ်းရှိ အောင် ကိုယ်ကျင့်တရားကောင်းအောင် ကျောင်းတွေမှာ ပြည်သူ့နီတိသင်ပေးကြပါဟု တစာစာ တောင်းဆိုနေရပြီ။ သို့သော် ၁၉ ရာစုမှ ရှေးဘိုးဘွားမိဘတို့သည်ကား ပြည်သူ့နီတိကို လက်တွေ့ကျင့်သုံးခဲ့ကြပေသည်။ နိုင်ငံခြားသားတို့၏ ကိုယ်ချင်းစာ စိတ် ဒုက္ခရောက်သူကို ကူညီချင်စိတ်ကို အတုယူကြပါဟူ၍ ၂၁ ရာစုတွင် မြန်မာတွေက...

Read more »

စံလှကြီး ● စံပြုထိုက်တဲ့ ဒို့ဘိုးဘွားတွေ အတုယူဖို့ ကောင်းလှပေ (၁)

August 5, 2017
စံလှကြီး ● စံပြုထိုက်တဲ့ ဒို့ဘိုးဘွားတွေ အတုယူဖို့ ကောင်းလှပေ (၁)

စံလှကြီး ● စံပြုထိုက်တဲ့ ဒို့ဘိုးဘွားတွေ အတုယူဖို့ ကောင်းလှပေ (၁) (မိုးမခ) သြဂတ်စ် ၅၊ ၂၀၁၇ “မြန်မာတို့သည် အရည်အသွေး နှစ်မျိုး ပေါင်းစပ်ထားသည်။ သူတို့တွင် မဟာမေဒင် တယောက်၏ တိရိစ္ဆာန်များကို အသက် ရှင်စဉ် ကြင်နာစွာ စောင့်ရှောက်တတ်သော နှလုံးသားရှိပြီး ဟိန္ဒူတဦးလို သူများအသက် သတ်ခြင်းကို ကြောက်ရွံ့မှုမျိုး ရှိသည်။ တိရိစ္ဆာန်များအပေါ် သူတို့ ကြင်နာပုံကို ကြည့်ခြင်းဖြင့် လူလူချင်း မည်မျှ ကြင်နာမည်ကို သိနိုင်သည်။” “မြန်မာတို့သည် သူတပါး၏ ကိုယ်ရေးကိုယ်တာကိစ္စများကိုလည်း ဥပဒေနဲ့မငြိစွန်းသမျှ ဝင်ရောက်စပ်စု စွက်ဖက်လေ့မရှိပေ။ သူတပါး၏ ကိုယ်ရေးကိုယ်တာကိစ္စများကို ဝင်ရောက် ချယ်လှယ်ခြင်းသည် နှစ်ဘက်လုံးအတွက် ဆိုးကျိုးကိုသာ ဖြစ်စေသ ည်ဟု သူတို့ ယုံကြည်ပေသည်။” “မြန်မာများသည်...

Read more »

စံလှကြီး ● စကားပြောလျှင် ဉာဏ်နှင့်ယှဉ် လိုရာပြီးမြောက် ခရီးရောက်

January 26, 2017
စံလှကြီး ● စကားပြောလျှင် ဉာဏ်နှင့်ယှဉ် လိုရာပြီးမြောက် ခရီးရောက်

စံလှကြီး ● စကားပြောလျှင် ဉာဏ်နှင့်ယှဉ် လိုရာပြီးမြောက် ခရီးရောက် (မိုးမခ) ဇန်နဝါရီ ၂၆၊ ၂၀၁၇ ပြီးခဲ့သော တပတ်ခန့်က ဘာသာရေး စာအုပ်များကို ပြန်လည်မွှေနှောက်ရာမှ မိလိန္ဒပညာကျမ်းကို တွေ့မိသည်။ အရင်က ဖတ်ခဲ့ဖူးသော်လည်း မဖတ်တာကြာပြီ ဖြစ်သော စာအုပ်ကောင်းများကို ပြန်ဖတ်တိုင်း အတွေးသစ် အမြင်သစ်ရလေ့ရှိသည်။ မိလိန္ဒပညာကျမ်းသည် ထေရဝါဒဗုဒ္ဓဘာသာလောကတွင် အလွန်ထင်ရှားသောကျမ်းဖြစ်ပြီး အနောက်တိုင်း ပညာရှင်များ ကပင် ထိုကျမ်း၏ အရေးပါပုံကို အသိအမှတ်ပြုကြရသည်။ မိလိန္ဒမင်းကြီးက ဉာဏ်ကွန့်မြူး၍ ခက်ခက်ခဲခဲ မေးထားသော အမေးများကို အရှင် နာဂသေန မထေရ်က ဥပမာ ဥပမေယျ များစွာသုံးပြီး ရှင်းပြထားသော ကျမ်းလည်း ဖြစ်သည်။ အချို့ ဗုဒ္ဓဘာသာဝင်များပင် ဆုတောင်းရာဝယ် “ပညာကြွယ်ဝ မိလိန္ဒမင်း ဖြေခြင်းတွင်လည်း...

Read more »

စံလှကြီး ● စုပြုံတိုး ပညာရေး ဒုလ္လဘ လွန်မြောက်သောအခါ

December 21, 2016
စံလှကြီး ● စုပြုံတိုး ပညာရေး ဒုလ္လဘ လွန်မြောက်သောအခါ

စံလှကြီး ● စုပြုံတိုး ပညာရေး ဒုလ္လဘ လွန်မြောက်သောအခါ (မိုးမခ) ဒီဇင်ဘာ ၂၁၊ ၂၀၁၆ ပြီးခဲ့သော ဇွန်လက ဆယ်တန်း စာမေးပွဲအောင်စာရင်းများ ထွက်ခဲ့သည်။ သူငယ်ချင်းတဦးမှာ သူ့သမီးလေး ဘာသာစုံ ဂုဏ်ထူးဖြင့် အောင်သဖြင့် facebook ပေါ် ဝမ်းသာအားရ ရေးတင်ရှာသည်။ မိဘမေတ္တာ မဟုတ်လား။ သူ့မှာ ကိုဖိုးစွံဟု ဆိုရလောက်အောင် တက္ကသိုလ် ပထမနှစ်ကပင် အိမ်ထောင်ကျခဲ့သူပေ။ အားလုံးထဲတွင် သူသာလျှင် အရွယ်ရောက်သော သားသမီးရှိပြီး ကျန်သူများမှာ သူ့လောက် သားသမီး ကြီးကြီးမားမား မရှိကြ။ သူ့လို မစွံခဲ့ကြဟု ဆိုနိုင်၏။ သူနှင့်တွေ့သောအခါ ဝမ်းသာကြောင်းပြောမိတော့ သူက သူကိုယ်တိုင် အောင်မြင်ခဲ့စဉ်ကထက် ပိုပျော်မိသည်ဟု ဆိုပြန် သည်။ တဆက်တည်း သူစိတ်ပူနေသည်ဟုလည်း...

Read more »

စံလှကြီး ● အမုန်းစကားပြောသူများ၏ စိတ်ထား အခြေခံ သုံးရပ်

September 29, 2016
စံလှကြီး ● အမုန်းစကားပြောသူများ၏ စိတ်ထား အခြေခံ သုံးရပ်

စံလှကြီး ● အမုန်းစကားပြောသူများ၏ စိတ်ထား အခြေခံ သုံးရပ် (မိုးမခ) စက်တင်ဘာ ၂၉၊ ၂၀၁၆ လူ့သမိုင်း တလျှောက်လုံး လူတွေ၏ နေပုံ ထိုင်ပုံ နေ့စဉ်ဘဝများကို များစွာပြောင်းလဲသွားစေခဲ့သော အံ့မခန်း တီထွင်မှုများ တွေ့ရှိမှုများ ရှိခဲ့သည်။ လူတွေ မီးကို တွေ့လိုက်သည်။ လူတွေ၏ ယဉ်ကျေးမှု အဆင့်တစ်ခုသို့ မြင့်တက်သွားခဲ့သည်။ တစ်ဖန် ဘီးဆိုသောအရာကို တီထွင်လိုက်ပြန်သည်။ နောက်ထပ် အဆင့်တစ်ခုသို့ ခုန်တက်သွားကာ နေ့စဉ် ဘဝ၏ နေပုံ ထိုင်ပုံတွေ ပြောင်းလဲသွားပြန်သည်။ စာပေအက္ခရာတွေကို လူမျိုး အသီးသီးက တီထွင်လိုက်ပြန်သည်။ နောက်ထပ် အဆင့် တစ်ခုသို့ ခုန်တက်သွားပြန်သည်။ နောက်ထပ် စက္ကူလုပ်နည်း စာပုံနှိပ်စက် လျှပ်စစ်မီး စသဖြင့်မဆုံးနိုင်သော တီထွင်မှုတွေ လုပ်ခဲ့ကြသည်။...

Read more »

စံလှကြီး – ညစ်နည်းမျိုးစုံ သုံးမှာစိုးလို့မဲမပေးတော့ဘူး ဆိုပါလားဟေ့

October 14, 2015
စံလှကြီး – ညစ်နည်းမျိုးစုံ သုံးမှာစိုးလို့မဲမပေးတော့ဘူး ဆိုပါလားဟေ့

စံလှကြီး – ညစ်နည်းမျိုးစုံ သုံးမှာစိုးလို့မဲမပေးတော့ဘူး ဆိုပါလားဟေ့ (မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၁၅ “ကျွန်တော် လာမယ့်ရွေးကောက်ပွဲမှာ မဲမပေးတော့ဘူးလို့စဉ်းစားထားတယ်ဗျာ” “ဟာ ဘာဖြစ်လို့လဲ မလုပ်ပါနဲ့ဗျာ နှမြောစရာကြီး မဲပေးတယ်ဆိုတာ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေး ရပိုင်ခွင့်ဗျ။ အဲဒါ ကို အလကား အဆုံးရှုံးခံတော့မှာလား” “နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေး ဆိုတာတော့ဟုတ်တာပေါ့ဗျာ။ ဒါပေမယ့်ဖြစ်နေတာက ကျွန်တော် ဟိုအဖွဲ့ ဒီအဖွဲ့တွေ ဟိုလူ ဒီလူတွေကို မယုံဘူးဗျ။ ကျွန်တော့်စိတ်ထင် မဲပေးလည်း သူတို့က ညစ်မှာပဲလို့ထင်တယ်။ သူတို့အဲဒီလို ညစ်မယ်လို့သံသယ ဝင်စရာတွေလည်း ရှိတယ်။ အဲဒီတော့ကျွန်တော် မဲပေးလည်း ကိုယ်ကြိုက်တဲ့အစိုးရအဖွဲ့ ဖြစ်လာဖို့ မသေချာတဲ့အတူတူ မဲမပေးတော့ဘူးလို့စဉ်းစားထားတယ်။ ပြီးတော့ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်တောင် အကောင်အထည်...

Read more »

စံလှကြီး – လူရော နာမည်ပါ သေဆုံးကြသည့် အီကြာကွေးနှင့်တူသူများ

June 22, 2015
စံလှကြီး – လူရော နာမည်ပါ သေဆုံးကြသည့် အီကြာကွေးနှင့်တူသူများ

စံလှကြီး – လူရော နာမည်ပါ သေဆုံးကြသည့် အီကြာကွေးနှင့်တူသူများ (မိုးမခ) ဇွန် ၂၂၊ ၂၀၁၅ ကျနော်ငယ်စဉ် မူလတန်းကျောင်းသားဘဝတွင် အိမ်က မုန့်ဖိုးပေးလေ့မရှိပေ။ မုန့်ဖိုးပေးလိုက်လျှင် ကိုယ့်သဘောနှင့်ကိုယ် ယင်နားစာတွေ မတည့်တာတွေဝယ်စားမှာ အစိုးရိမ်ကြီးကြသောကြောင့်ဖြစ်ပါသည်။ ထို့အတွက် ကျောင်းသွားပြီဆိုလျှင် အိမ်က စားစရာတခုခုစီစဉ်ပြီး ထည့်ပေးတတ်သည်။ တခါတလေလည်း မာလကာသီးကို ဓားနဲ့ပါးပါးလှီးပြီး သကြားဖြူးထား တာမျိုး တခါတရံ ထမင်းဗူးလေးတွင် ထမင်းနှင့်ဟင်း (သို့မဟုတ်) အီကြာကွေး စသည်တို့ဖြစ်သည်။ ကိုယ်ကလည်း ကလေး ဘဝဆိုတော့ သိပ်တော့အများကြီး မစားနိုင်ပါ။ အများဆုံးထည့်ပေးတတ်သည်က အီကြာကွေးဖြစ်သည်။ လူကြီးတွေ ဝယ်ရ တာလွယ်သလို ကိုယ်ကလည်း မမုန်းတမ်း စားလေ့ရှိသည်။ အဲဒီတုန်းကတော့ နံပြားတချပ် ဆယ်ပြားလား ပြားနှစ်ဆယ် လားပဲ ပေးရသည်။...

Read more »

စံလှကြီး – ကျောင်းဆရာများ၏ အောင်နိုင်သောစစ်ပွဲများနှင့် အလုပ်ကြမ်းသမား ဘုရင်ကြီး

June 1, 2015
စံလှကြီး – ကျောင်းဆရာများ၏ အောင်နိုင်သောစစ်ပွဲများနှင့် အလုပ်ကြမ်းသမား ဘုရင်ကြီး

စံလှကြီး – ကျောင်းဆရာများ၏ အောင်နိုင်သောစစ်ပွဲများနှင့် အလုပ်ကြမ်းသမား ဘုရင်ကြီး (မိုးမခ) ဇွန် ၁၊ ၂၀၁၅ မနက် အရုဏ်တက်ချိန်ကတည်းက အချိန်ကြာမြင့်စွာ မီးကုန်ယမ်းကုန် တိုက်ခိုက်ခဲ့သောစစ်ပွဲကြီးကား ပြီးခဲ့ချေပြီ။ စစ်မြေ ပြင်တခုလုံးလည်း ယမ်းခိုး ယမ်းငွေ့တို့ဖြင့် ပြည့်နှက်နေ၏။ ယမ်းခိုး ယမ်းငွေ့များပြယ်သွားသောနေရာများတွင် ကျဆုံးနေကြ သော စစ်သည်တို့၏ခန္ဓာကိုယ်များသည် ရုပ်ပျက်ဆင်းပျက် ပြန့်ကျဲလျက်ရှိသည်။ လူသေကောင်များနှင့်အတူ အမြောက်များ သေနတ်များသည်လည်း ပြန့်ကျဲလျက် ၏ရှိသည်။ စစ်ပွဲတွင် ပရပ်ရှား ၏စစ်သည်များ မရှုမလှ အတုံးအရုံးကျဆုံးကာ အရေး နိမ့်ခဲ့ရသောပွဲပေတည်း။ ဤမြင်ကွင်းကား ဂျေးနားတိုက်ပွဲ ခေါ် အော်စတာလစ် (Auerstadt) စစ်ပွဲ အပြီးတွင် မြင်ရသော စစ်ကန့်လန့်ကာအဖွင့် မြင်ကွင်း ဖြစ်ပေသည်။ အချိန်ကား ငါ၏ခွန်အားတန်ခိုးများကို ထင်ရှားကြည့်ကြဟု...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်