Posts Tagged ‘ ဆန်ဖရန် ’

မောင်လူပေ – စာပေဟောပြောပွဲဆီသို့

September 3, 2017
မောင်လူပေ – စာပေဟောပြောပွဲဆီသို့

မောင်လူပေ – စာပေဟောပြောပွဲဆီသို့ (မိုးမခ) စက်တင်ဘာ ၃၊ ၂၀၁၇ ‘စာပေတင့်မှလူမျိုးမြင့်မည်’ တဲ့။ ဟုတ်ပါတယ်။ လူမျိုးတစ်မျိုးရဲ့ အဆင့်အတန်းကို သူ့ရဲ့စာပေဖွံ့ဖြိုးမှုကို ကြည့်ပြီး အကဲခတ်လို့ရပါတယ်။ မြန်မာစာပေဟာလည်း ပေါ်ပေါက်ခဲ့တာ နှစ်ပေါင်းထောင်ချီရှိခဲ့ပါပြီ။ တိဘက်မြန်မာအနွယ်ဝင် မြန်မာတွေဟာ တိဘက်ကုန်းမြင့်က ဆင်းသက်လာကြပေမဲ့ စာပေရေးသားမှုကိုရော ယဉ်ကျေးမှုကိုပါ အိန္ဒိယကို မှီငြမ်းခဲ့ကြပါတယ်။ အစောဆုံးမြန်မာစာအဖြစ် မြစေတီကျောက်စာမှာ တွေ့နိုင်ပါတယ်။ ကျောက်စာတွေရေးခဲ့ကြတယ်။ မှင်စာတွေရေးခဲ့ကြတယ်။ ပေစာတွေရေးခဲ့ကြတယ်။ ကဗျာ လကာင်္တွေ သီခဲ့ကြတယ်။ ပျို့၊အဲချင်း၊ အေးချင်း၊အိုင်ချင်း၊တေးထပ်၊ ရတု၊ ရကန်၊ ဘောလယ် စတဲ့ မြန်မာမှုအနုသုခုမတွေကို သီကုံးခဲ့သူ ပညာရှင်တွေ ခေတ်အဆက်ဆက်မှာ ပေါ်ထွန်းခဲ့ပါတယ်။ ပုဂံခေတ်က အနန္တသူရိယအမတ်ကြီးကစပြီး ပင်းယခေတ်၊ အင်းဝခေတ်က ပေလေးပင်ရှင်လေးပါး၊ ကုန်းဘောင်ခေတ်က မြဝတီမင်းကြီး၊ စလေဦးပုည...

Read more »

ဂျူနီယာဝင်း – ဆုံးရှူံးသွားတာတွေကို အသက်ပြန်သွင်းပေးကြသူများ

August 9, 2017
ဂျူနီယာဝင်း – ဆုံးရှူံးသွားတာတွေကို အသက်ပြန်သွင်းပေးကြသူများ

ဂျူနီယာဝင်း – ဆုံးရှူံးသွားတာတွေကို အသက်ပြန်သွင်းပေးကြသူများ (အတွေးအမြင်၊ သြဂုတ်၊ ၂၀၁၇) မိုးမခ၊ သြဂုတ် ၉၊ ၂၀၁၇ ၁၉၉၁ ခုနှစ်ထုတ် အမေရိကန်အပတ်စဉ် သတင်းဂျာနယ်တစ်ခုထဲမှာ ဖတ်လိုက်ရတဲ့ နည်းပညာသတင်းတစ်ပုဒ်ပါ။ ရေးသူက ဒယ်နီရယ် ခါဂန် (Dania Kagan) ဖြစ်ပါတယ်။ သူက မီးလောင်တာ၊ ရေကြီးတာ၊ ငလျင်လှူပ်တာ၊ ဟာရီကိန်းမုန်ုတိုင်းဒဏ်တွေ၊ ဓါတ်ငွေ့ပေါက်ကွဲမူတွေ၊ လေဆင်နှာမောင်းတိုက်ခံရတာတွေ အစရှိတဲ့ ဘေးဒုက္ခတွေကို ကြုံကြရရင် ဒါတွေအတွက် ဆုံးရှူံးမူဒဏ် ခံရဖို့ပဲရှိတယ်လို့ လူတော်တော်များများ ကတွေးကြပါတယ်တဲ့။ ဒီဘေးတွေကြောင့် ဖြစ်လာရတဲ့ ဆုံးရှူံးမူတွေကို ဘယ်လို ဖြေရှင်းကြမလဲတဲ့။ သူ့ဆောင်းပါးအစမှာ အဲသလို မေးခွန်းထုတ်ထားပါတယ်။ အဲဒီလိုဖြစ်ရပ်မျိုးတွေအတွက် ဖြေရှင်းပေးဖို့ဆိုပြီး ကုမ္မဏီတွေ တော်တော်များများက နည်းလမ်းတွေရှာပြီး အမြတ်ထုတ်ကြပါတယ်။ အဲဒီထဲမှာ “ဘလက်မိုး...

Read more »

မေနှင်းလဲ့မွန် – ကယ်လီဖိုးနီးယားမှာ စွန့်ပစ်ရေကို သန့်စင်ခြင်းနဲ့ သုံးစွဲခြင်း

July 28, 2017
မေနှင်းလဲ့မွန် – ကယ်လီဖိုးနီးယားမှာ စွန့်ပစ်ရေကို သန့်စင်ခြင်းနဲ့ သုံးစွဲခြင်း

မေနှင်းလဲ့မွန် – ကယ်လီဖိုးနီးယားမှာ စွန့်ပစ်ရေကို သန့်စင်ခြင်းနဲ့ သုံးစွဲခြင်း (မိုးမခ) ဇူလိုင် ၂၈၊ ၂၀၁၇ “မျိုးဆက်သစ်တွေအတွက် သောက်သုံးရေ တနှစ်ကို ဂါလံပေါင်း ၂.၂ဘီလီယံ ချွေတာပြီးသားဖြစ်မယ်” အမေရိကန်ပြည် အနောက်ဖက်ကမ်းမှာရှိတဲ့ စွန့်ပစ်ရေတွေကို ပြန်သန့်စင်တဲ့ စက်ရုံတွေထဲမှာ ၁၉၅၆ခုနှစ်ကတဲက စတင်လည်ပတ်နေခဲ့တဲ့ ဆန်ဟိုဆေးမြို့(San Jose City, Santa Clara County) က စက်ရုံဟာ အကြီးဆုံးနဲ့ နည်းပညာဖက်မှာ ရှေ့အပြေးဆုံးဖြစ်ခဲ့ပါတယ်။ ဆန်ဟိုဆေးနဲ့ အနီးပတ်ဝန်းကျင် မြို့၈မြို့မှာနေထိုင်ကြတဲ့ လူဦးရေ ၁.၄သန်းနဲ့ စီးပွားရေးလုပ်ငန်း ၁၇၀၀၀ကျော်ကို ဝန်ဆောင်မှုပေးနေခဲ့တာ အခုချိန်မှာဆိုရင် နှစ်ပေါင်း ၆၀ ကျော်လာပါပြီ။ အဲဒီမတိုင်ခင်ကတော့ စွန့်ပစ်ရေတွေကို မသန့်စင်ပဲ ဆန်ဖရန်စစ္စကိုပင်လယ်အော်ထဲကို တိုက်ရိုက်သွန်ထုတ်ခဲ့ပါတယ်။ ၁၉၄၈ခုနှစ် ဖက်ဒရယ်က Water...

Read more »

ကျော်ဟုန်း ● ကနေဒါ ဗန်ကူးဗားမှ (၅) ကြိမ်မြောက် ရံပုံငွေပွဲ

July 17, 2017
ကျော်ဟုန်း ● ကနေဒါ ဗန်ကူးဗားမှ (၅) ကြိမ်မြောက် ရံပုံငွေပွဲ

ကျော်ဟုန်း ● ကနေဒါ ဗန်ကူးဗားမှ (၅) ကြိမ်မြောက် ရံပုံငွေပွဲ (မိုးမခ) ဇူလိုင် ၁၇၊ ၂၀၁၇ မြန်မာပြည်တွင်းမှ ကလေးများရဲ့ ကျန်းမာရေးနဲ့ ပညာရေးအတွက် လှူဒါန်းရန် ၅ ကြိမ်မြောက် ရံပုံငွေပွဲကို 735 Eight Ave, New Westminster, Vancouver B.C မှာတည်ရှိတဲ့ Massey Theatre တွင် ၈ ဇူလိုင် ၂၀၁၇ စနေနေ့မှာ ညနေ ၆ နာရီမှ ည ၁၀ နာရီအထိ ကျင်းပခဲ့ပါတယ်။ အဆိုပါ ရံပုံငွေပွဲကို Myanmar Special Relief _ Vancouver က ဦးဆောင်ခဲ့တာဖြစ်ပြီး အဆိုတော် R ဇာနည်နှင့်ဆုန်းသင်းပါရ် တို့ကို...

Read more »

မောင်လူပေ – ကိုလံဘီယာမြစ်မှအပြန် (Returns of Columbia river)

July 14, 2017
မောင်လူပေ – ကိုလံဘီယာမြစ်မှအပြန် (Returns of Columbia river)

  မောင်လူပေ – ကိုလံဘီယာမြစ်မှအပြန် (Returns of Columbia river) (မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၇ နွေရောက်ပြီ။ နွေရောက်လျှင် မိသားစုတွေ ခရီးထွက်ကြသည်။ အနီးဆုံးမိုင်ငါးဆယ်ပတ်လည်မှသည် မိုင်ထောင်ချီထိ သွားတတ်ကြသည်။ နွေရောက်တိုင်း ခရီးစဉ်တွေထွက်ဖြစ်ခဲ့တာများပြီ။ အနီးရော အဝေးပါ နေရာအတော်စုံခဲ့လေပြီ။ ထို့ကြောင့်လည်း မရောက်ဖူသေးသော နေရာကို ရွေးခဲ့ကြသည်။ နွေအပန်းဖြေခရီးထွက်ဖို့ ရွေးရခက်နေသူတွေအတွက် အဆင်ပြေစွာနဲ့ သွားနိုင်မဲ့ အချိန်တိုခရီးစဉ်လေးတစ်ခုကို ပြောပြချင်သည်။ စီစဉ်ရလွယ်သော ဒီခရီးလေးကို မကြာမီက ရွေးပြီးသွားလည်ဖြစ်ခဲ့သည်။ ဒီနှစ်နွေမှာ ခရီးသွားဖို့ ရွေးဖြစ်ခဲ့သည်က အော်ရီဂွန်ပြည်နယ် ( Oregon ) ပို့တလန်မြို့ ( Portland ) အနီးရှိ မူ့နို့မတ်ရေတံခွန် ( Multnomah Falls...

Read more »

မောင်ရစ် – နာရေး ဆိုလို့

June 29, 2017
မောင်ရစ် – နာရေး ဆိုလို့

မောင်ရစ် – နာရေး ဆိုလို့ (အတွေးအမြင်၊ အုပ် ၃၀၀ ပြည့်၊ ဇူလိုင် ၂၀၁၇) မိုးမခ၊ ဇွန် ၂၉၊ ၂၀၁၇ မိခင်ဆုံးပြီဆိုတော့ စိတ်ထဲမှာ ဗြုံးစားကြီးလိုပဲ။ တကယ်တန်းက ဗြုံးစားချည်းမဟုတ်ပါဘူး။ တလကျော်လောက်အလိုကတည်းက နေမကောင်း၊ ဆေးရုံတက် စသည်ဖြင့် ညီမလေးတယောက် အမေ့အတွက် အလုပ်များနေကတည်းက စဉ်းစားမိနေတာ။ မွေးနေ့တုန်းကတောင် အမေ့ကို ရည်ရွယ်ပြီး မွေးနေ့ဆိုလို့ ဆိုပြီး စာလေး ရေးမိသေးတယ်။ မိမိ(ညီမလေး) ကတော့ သူဆေးရုံကို အခေါက်ခေါက် အပြန်ပြန်သွားခဲ့ရတဲ့ လမ်းကလေးကို စာလေးရေးတယ်။ စာ ၂စောင်လုံးကတော့ အမေပြန်နေကောင်းရင် ဖတ်ဖို့နေမှာပေါ့လေ။ ခုတော့လည်း ဘယ်တတ်နိုင်ပါတော့မလဲ။ ဆုံးတဲ့မနက်က (သူတို့ဆီမှာ ညနေဘက်နေမှာပါ) အစောကြီး ဖေ့စ်ဘွတ်ဖုံးကလေးက မြည်လာတယ်။ အယ်လ်အေမှာ...

Read more »

မိချမ်းဝေ – ဖေ့ဘွတ်ရုံးချုပ်နှင့် မိတ်ဆွေကြီးဂျန်းကင်း

March 17, 2017
မိချမ်းဝေ – ဖေ့ဘွတ်ရုံးချုပ်နှင့် မိတ်ဆွေကြီးဂျန်းကင်း

မိချမ်းဝေ – ဖေ့ဘွတ်ရုံးချုပ်နှင့် မိတ်ဆွေကြီးဂျန်းကင်း  (မိုးမခ) မတ် ၁၇၊ ၂၀၁၇ဗွေးတုတ်ရေ… ဆန်ဖရန်စစ္စကိုကို စာပေဟောပြောပွဲခရီးစဉ်မှာ စာပေဟောပြောရန်သာမဟုတ် ရောက်သင့်ရောက်အပ်ရာများ ပို့ဆောင်ရန် တာဝန်ခွဲထားသည်မှာ BADA အဖွဲ့၏ ထူးခြားမှုလို့ဆိုရမှာပဲ။ BADA အဖွဲ့နဲ့ ပူးပေါင်းပါဝင်တဲ့ One Myanmar လူမှုရေးအဖွဲ့ဥက္ကဌ ကိုချိုဦးတဲ့၊ ဒီအဖွဲ့နှစ်ဖွဲ့ဟာ ဧည့်ခံကြိုဆိုနေရာချထားတာရော၊ စာရေးဆရာမတွေ အမေရိကန်တခွင် ခရီးလှည့်လည်စဉ်မှာ အသက်အာမခံဝယ်ထားတာရော၊ မမေ့မလျော့ဆောင်ရွက်သူတွေပါ၊ အစပထမမှာတော့ သဘောမပေါက်လှဘူး၊ ဒီတိုင်းပြည်မှာ တစ်ခု ခုဖြစ်ရင် ဆေးရုံစရိတ်သိပ်ကြီးတယ်၊ ဒေါ်လာ ၁ သိန်းလောက်ကုန်ကျနိုင်သတဲ့၊ အာမခံကြေး တစ်ဦးကို ဒေါ်လာ ၂၀၀(တစ်လအတွက်) ဝယ်ထားရင်တော့ ဆေးရုံစရိတ်မယူတော့ဘူးပေါ့၊ ဒီလိုအရှည်မျှော်တွေးပြီး ဆောင်ရွက်ပေးတဲ့အဖွဲ့ကို ကျေးဇူးတင်ဖွယ်ကောင်းလှပါတယ်။ ဒေသန္တရလေ့လာရေးတာဝန်ကျသူတွေက ကိုနန္ဒနဲ့ မဥမ္မာရွှေတဲ့။ သူတို့ဟာ အလွန်ဖျတ်လတ်သွက်လက်တဲ့...

Read more »

ရွှေကူမေနှင်း – အမေရိကန်ပြည် အ၀င်ဂိတ်မှာ ပိတ်မိခြင်း

March 8, 2017
ရွှေကူမေနှင်း – အမေရိကန်ပြည် အ၀င်ဂိတ်မှာ ပိတ်မိခြင်း

ရွှေကူမေနှင်း – အမေရိကန်ပြည် အ၀င်ဂိတ်မှာ ပိတ်မိခြင်း (မြန်မာသံတော်ဆင့်၊ ဇန် ၆၊ ၂၀၁၇) မိုးမခ၊ မတ် ၈၊ ၂၀၁၇ ယခုနှစ်များအတွင်း အမေရိကန်ဗီဇာလွယ်နေပြီဟူသော သတင်းပျံ့နှံ့၏။ ယခင်က ဗီဇာအလွန်ခက် သဖြင့် မဲဖောက်ပေးသော စနစ်ပင်ရှိခဲ့သည်။ ရန်ကုန်မြို့လမ်းမကြီးများ ပလက်ဖောင်းတွင် ဗီဇာလျှောက်လွှာပုံစံ များရောင်းချခြင်း ခေတ်စားခဲ့သည်။ ယခုတော့ ၂၀၁၅မတိုင်မီကပင် ဗီဇာစနစ်လွယ်ကူလာခဲ့ပြီဖြစ်၏။ တစ်ခု တော့ရှိသည်။ လျှောက်လွှာကို စာရွက်ဖြင့်လက်မခံတော့ပေ။ Online မှသာ လျှောက်ခွင့်ပြုသည်။ အရေးအကြီး ဆုံးမှာ မိမိက မည်သည့်ဗီဇာအမျိုးအစားကို ရယူလိုကြောင်း သိရှိထားရန်ဖြစ်လေသည်။ အကြမ်းဖျင်းအားဖြင့် ဗီဇာ၂မျိုးခွဲထား၏။ အခြေချနေထိုင်ရန်နှင့် အခြေမချ(ခေတ္တ)နေထိုင်ရန်ဖြစ်သည်။ ခေတ္တမှာပင် ၂မျိုးရှိ၏။ အလည်အပတ်နှင့် အလုပ်(စီးပွားရေး)ကိစ္စဟူ၍ဖြစ်သည်။ အလုပ်ဗီဇာကို B1 ဟုခေါ် သည်။...

Read more »

မိုက်ခဲစိန် – အမေရိကားမှာ သမ္မတက တဖက်၊ သူတို့က တဖက်

February 7, 2017
မိုက်ခဲစိန် – အမေရိကားမှာ သမ္မတက တဖက်၊ သူတို့က တဖက်

မိုက်ခဲစိန် – အမေရိကားမှာ သမ္မတက တဖက်၊ သူတို့က တဖက် (မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂၀၁၇ မိုက်ခဲစိန်လည်း တခြားသတင်းတွေ မရေးရဘူး။ အမေရိကားမှာ ဟော့ဖြစ်နေတဲ့ သမ္မတကြီး ထရန့်၏ တနေ့စာ အလွဲများ၊ တပတ်စာ အလွဲများကနေ တလစာအလွဲများအထိ ဆက်ရေးနေရမလား မသိ။ အယင်တပတ်က တင်ပြခဲ့သလို ထရန့်က အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတိုက်က ၇ နိုင်ငံကို လူဝင်မှု ပိတ်ပင်လိုက်တယ်။ ပြည်ထောင်စု တရားရုံးက တရားသူကြီးတွေက သမ္မတအမိန့်ကို ပြန်တားဆီးတဲ့ အမိန့်ထုတ်လိုက်တယ်။ ပထမပတ်မှာ သမတကြောင့် ပြည်ဝင်ခွင့်အပိတ်ခံထားရတဲ့ ဧည့်နိုင်ငံသားတွေ၊ ဗီဇာနဲ့သူတွေ တရားသူကြီးက ခြွင်းချက်အမိန့်နဲ့ နောက်တပတ်မှာ ပြန်ဖွင့်ပေးတုန်း အပြေးအလွှား ပြည်ဝင်ကြရတယ်။ သမတကြီးက ဆန်ဖရန် ပြည်ထောင်စုတရားရုံး...

Read more »

မိုက်ခဲစိန် – သမ္မတကြီး ထရန့်က အမွှေစိန်လား

February 3, 2017
မိုက်ခဲစိန် – သမ္မတကြီး ထရန့်က အမွှေစိန်လား

UC Berkeley, Student Protest Feb 1st 2017 မိုက်ခဲစိန် – သမ္မတကြီး ထရန့်က အမွှေစိန်လား (မိုးမခ) ဖေဖော်ဝါရီ ၃၊ ၂၀၁၇ မောင်ရစ်က မနက် သူ့ကျောင်းကင်တင်းက ကော်ဖီဆိုင်မှာ ထိုင်ရင်းနဲ့ ရေးစရာ အဆိုင်းမင့် ပေးပါတယ်။ သမ္မတကြီးထရန့်ရဲ့ ပထမ ၁၀ ရက်အတွင်း အဖြစ်အပျက်တွေ အထင်အမြင် ဂယက်တွေ ဘာတွေ ညာတွေ ရေးစမ်းပါဦးလို့ ပြောပါတယ်။ “ယူစီဘာကလီ (UC Berkeley) သိတယ် မို့လား၊ ဆန်ဖရန်အရှေ့ဘက်ကမ်းက ဘာကလေမြို့က ပြည်နယ်တက္ကသိုယ်မှာ ကျောင်းသားတွေ ဆန္ဒပြကြတာ အကြမ်းဖက်ဆန်ဆန်ကို ဖြစ်ကုန်ပြီ” လို့ ဆက်ပြောပါတယ်။ “ခင်ဗျားတို့ (SFSU) တက္ကသိုလ်မှာကော ဘာမှ မဖြစ်ဘူးလား၊...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်