Posts Tagged ‘ ဇာဂနာ ’

ဇာဂနာ – Can’t help falling in love

November 10, 2017
ဇာဂနာ – Can’t help falling in love

  ဇာဂနာ – Can’t help falling in love (ဇာဂနာ့ ဖေ့စ်ဘွတ်) မိုးမခ၊ နိုဝင်ဘာ ၁၀၊ ၂၀၁၇ လူတစ်ယောက်ကို ချစ်ဖူးလား။ ဒါမှမဟုတ် လူတစ်ယောက်ချစ်တာခံဖူးလား။ဂက်ဘရီယာလ် လို့ ခေါ်တဲ့  ဂက်ဘ် က ဒေါ်စ် ကို မေးလိုက်တာပါ။ဒေါ်စ် ဟာ ပျော်ပျော်နေတတ်သူ လူငယ်လူချောလေးတစ်ယောက်ပါ။ဘယ်တော့မှ လက်မထပ်ဘူး လို့ ဆုံးဖြတ်ထားသူတစ်ယောက်။ ဂက်ဘ် က မကြာခင် ဂျေဆင် နဲ့လက်ထပ်ဖို့ လက်ထပ်လက်စွပ်လဲပြီးသားပါ။ဂျေဆင် ဟာ အလုပ်ကြိုးစားသူ၊ဘ၀ တက်လမ်း အများကြီးရှိသူ၊လက်ရှိ အမေရိကားမှာ အလုပ်လုပ်နေသူ၊သူတို့ ၂ယောက် လက်ထပ်ပြီးရင် ဂက်ဘ် ကို နယူး ယောက်ခေါ်သွားဖို့ ထိ ပြင်ဆင်ထားသူပေါ့။ အကုသိုလ်က ၀င်ချင်တော့ လွန်ခဲ့တဲ့...

Read more »

ဇာဂနာ – ရုပ်ရှင်မစည်းမရုံး (ပြီးပါပြီ)

July 16, 2016
ဇာဂနာ – ရုပ်ရှင်မစည်းမရုံး (ပြီးပါပြီ)

ဇာဂနာ – ရုပ်ရှင်မစည်းမရုံး (ပြီးပါပြီ) (တူမောရိုး ဂျာနယ်) မိုးမခ၊ ဇူလိုင် ၁၆၊ ၂၀၁၆ ဆင်ဆာနဲ့ ရုပ်ရှင်ဆိုတာ ရှေးပဝေသဏီ ကတည်းက ဖြစ်ခဲ့တဲ့ ပြဿနာပါ။ Twilight over Burma လက်ထက်ကျမှ ကောက်ခါငင်ကာ ထဖြစ်တဲ့ ပြဿနာ မဟုတ်ပါဘူး။ ဒီဖြစ်စဉ်ကို အခြေတည်ပြီးတော့ ရုပ်ရှင်ဆင်ဆာကိုရော၊ ပြန်ကြားရေးဝန်ကြီး ဆရာဖေမြင့်ကိုပါ အကြီးအကျယ် ဝေဖန်ခဲ့ကြပါတယ်။ အဆိုးဆုံးကတော့ တပ်မတော်ရဲ့ အငြိုငြင်ကို မခံရဲတဲ့ အစိုးရ၊ ဆင်ဆာရဲ့ နောက်ကွယ်ကနေ တပ်မတော်က ၀က်အူကျပ်တာ ခံထားရတဲ့ အစိုးရအဖြစ် ဝေဖန်ကြ၊ ရေးသားကြတဲ့အပြင် ကာတွန်းတွေပါဆွဲပြီး သရော်ခဲ့ကြပါတယ်။ ဒီတော့ ပြဿနာရဲ့ အဖြစ်မှန်ကို ဘယ်ဘက်မှ မလိုက်ဘဲ အမှန်တရားပေါ်က မတ်တတ်ထိုင်ပြီး ကျွန်တော်ပြောပါ့မယ်။...

Read more »

ဇာဂနာ – လူငယ်တွေနိုင်ငံရေးကို စိတ်ဝင်စားသတဲ့လား

September 19, 2014
ဇာဂနာ – လူငယ်တွေနိုင်ငံရေးကို စိတ်ဝင်စားသတဲ့လား

  ဇာဂနာ – လူငယ်တွေနိုင်ငံရေးကို စိတ်ဝင်စားသတဲ့လား (တူမောရိုးဂျာနယ်ကနေ ကူးယူဖော်ပြပါတယ်) စက်တင်ဘာ ၁၉ ၊ ၂၀၁၄ ၂၀၁၂ ခုနှစ်ရဲ့သည်ဘက်မှာ လူငယ်တွေနိုင်ငံရေးတော်တော်ပြောဖြစ်လာကြပါတယ်။ နိုင်ငံရေးထဲကို လူငယ်တွေတော်တော်များများပါဝင်လာကြပါတယ်။ သည်အချက်ကို ကျွန်တော် အသိအမှတ်ပြုကြောင်း လေးစားကြောင်းအရင်ဆုံးပြောပါရစေ။ တစ်ခါတစ်လေမှာ လူငယ်တွေပီပီ မခံချင်စိတ်၊ အသိအမှတ်ပြုခံချင်စိတ်၊ ဟီး၇ိုး စိတ်တွေ ၀င်ဝင်လာတတ်လို့ မလိုလားအပ်တဲ့ပြသနာတွေ တက်တက်လာတာတွေလဲ တွေ့ရပါတယ်။ ဒါဟာ နှစ်နှစ်တာ ပဲရှိပါသေးတယ်။ဘာမှ မကြာသေးပါဖူး။ တစ်ချို့ လူငယ်တွေက ညဖက်မှာ Escapeရောက်မယ် G6 ရောက်မယ်။ဒါဟာ လူငယ် အနည်းစုလို့ ဆိုပေမဲ့ သတိပြု၇မဲ့ လူငယ်အမျိုးအစားထဲမှာ ပါပါတယ်။၂၀၁၂ခုနှစ်ရဲ့ သည်မှာဖက် အသစ်ပေါ်လာတဲ့လူငယ် လူတန်းစား အလွှာတစ်ခုပါ။သူတို့ဟာ  နိုင်ငံခြားမှာပညာသင်လာတဲ့၊ဒါမှ မဟုတ် ပြည်တွင်းက အင်္ဂလိပ်လို သင်တဲ့ကျောင်းတွေက အောင်လာတဲ့၊လုပ်ငန်းခွင်မှာတစ်လ ဆယ်သိန်းလောက် လစာရှိနေတဲ့ အသက်၂၅...

Read more »

ညံစီ – နှင်းဆီ ဖြူဖြူ

July 12, 2014
ညံစီ – နှင်းဆီ ဖြူဖြူ

နှင်းဆီ ဖြူဖြူ ညံစီ မတ် ၁၉၊ ၂၀၀၉ (ဇာဂနာ ၂၀၀၉ ခုနှစ်၊ အကျဉ်းကျနေစဉ်ကတုန်းက ပေးပို့ခဲ့တဲ့ စာမူပါ။ မိုးမခမှာ တင်ခဲ့ဖူးပါတယ်။ အခု အမှတ်တရ ပြန်လည်တင်ဆက်လိုက်ပါတယ်။ အဲဒီတုန်းက ကလောင်နံမယ်က ညံစီပါတဲ့။ အခြားကလောင်ခွဲတွေက အများကြီးရှိပါသေးတယ်။ ကိုဇာဂနာဖခင် ဆရာ နန်းညွှန့်ဆွေ ကွယ်လွန်ခြင်း ၄ နှစ်ပြည့် အမှတ်တရအဖြစ် ရှိတာလေးနဲ့ တင်ဆက်လိုက်ပါတယ်။ ) (၁) တနေ့က အသက် ၇၀ ပြည့်ခဲ့ပြီ။ နက်ဖြန်ဆိုလျင် အိမ်ထောင်သက် အနှစ် ၅၀။ သတင်းစာတွေ ဂျာနယ်တွေမှာလို ရွှေရတုသဘင် ဆိုတာမျိုး လုပ်လို့ရသည်။ ကိုယ့်အနေအထားနှင့်က မဖြစ်။ ဆီဒိုးနား ငှားနိုင်တာတောင် လာမယ့်သူက မရှိ။ ဆိုက်ကားစီးပြီး ဆင်ဝင်အောက်...

Read more »

ဇာဂနာ – အနုပညာနှင့်နိုင်ငံရေး

June 6, 2014
ဇာဂနာ – အနုပညာနှင့်နိုင်ငံရေး

အနုပညာနှင့်နိုင်ငံရေး ဇာဂနာ၊ တူမောရိုး ဂျာနယ်၊ ဇွန် ၆၊ ၂၀၁၄ (တူမောရိုးဂျာနယ်ကနေ ကူးယူဖော်ပြပါတယ်) တစ်ခါက နိုင်ငံခြား သတင်းထောက် တစ်ဦးက ဇာဂနာဆိုတာ နိုင်ငံရေး သမားလား အနုပညာ သမားလားဟု မေးဖူးသည်။ ကျွန်တော်က မဆိုင်းမတွပင် အဖြေပေးလိုက်တော့ သူတို့ သဘောကျသွား၏။ “နိုင်ငံရေး အရသာကဲသော အနုပညာသမား”လို့။ တစ်ချို့က နိုင်ငံရေးနှင့် အနုပညာကို သပ်သပ်ခွဲ ထုတ်စေချင်သည် နိုင်ငံရေးနှင့် အနုပညာ မတူပါဟု ဆိုကြ၏။ ၁၉၈၈ ခုနှစ် တော်လှန်ရေး ကာလက သပိတ်မှောက် ကော်မီတီတွေဖွဲ့တော့ ဆရာဦးဝင်းတင်က စာပေနဲ့ အနုပညာရှင်များ ကော်မီတီ (နောက်တော့ စာပေနှင့် အနုပညာရှင်များ သမဂ္ဂ)လို့ ကင်ပွန်းတပ်ခဲ့သည်။ စာပေ နှင့် အနုပညာ...

Read more »

Zarganar – ၂ဝဝ၇ သင်္ကြန်

April 4, 2014
Zarganar – ၂ဝဝ၇ သင်္ကြန်

  ၂ဝဝ၇ သင်္ကြန် ဇာဂနာ။ ဧပြီ ၉၊  ၂ဝဝ၇   (မိုးမခသင်္ကြန် ၂၀၀၇ အစီအစဉ်က ပြန်လည်ကူးယူဖော်ပြပါတယ်)    ရေပိုက်ထဲ ပိုက်ဆံတွေထည့်ပြီး ကြဲပက်လိုက်တဲ့အခါ မရလိုက်သူတွေက ပျော်လို့  … ဒါသင်္ကြန်ပဲ။    ။ (ပန်းချီကား – ပန်းချီထိန်လင်း)  Tags: ဇာဂနာ

Read more »

ကိုဇာဂနာ စီစဉ်တဲ့ လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်နဲ့ Home Motion Magazine Vol 3 – အပိုင်း ၎

March 27, 2014
ကိုဇာဂနာ စီစဉ်တဲ့  လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်နဲ့ Home Motion Magazine Vol 3 – အပိုင်း ၎

ကိုဇာဂနာ စီစဉ်တဲ့  လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်နဲ့ Home Motion Magazine Vol 3 – အပိုင်း ၄ မိုးမခရုပ်သံ၊ မတ် ၂၇ ၂၀၁၄ ၇ ထွေ (ရုပ်သံ) ဒီမိုကရေစီ (Animation) ရည်မှန်းချက် (Animation) နိုင်ငံ့အရုဏ်ဦး (ရုပ်သံ) Tags: ဇာဂနာ

Read more »

ကိုဇာဂနာ စီစဉ်တဲ့ လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်နဲ့ Home Motion Magazine Vol 3 – အပိုင်း ၃

March 26, 2014
ကိုဇာဂနာ စီစဉ်တဲ့  လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်နဲ့ Home Motion Magazine Vol 3 – အပိုင်း ၃

ကိုဇာဂနာ စီစဉ်တဲ့  လွတ်လပ်ခြင်းအနုပညာ ရုပ်ရှင်ပွဲတော်နဲ့ Home Motion Magazine Vol 3 – အပိုင်း ၃ မိုးမခရုပ်သံ၊ မတ် ၂၆၊ ၂၀၁၄ အားလုံးကောင်းပါသည် (ရုပ်သံ) အတူတူသွားစို့ (Animation) ဒီည (ရုပ်သံ) မင်္ဂလာပါ ဒီမိုကရေစီ (ရုပ်သံ) အစေ့ (Animation) ငါတို့ဖန်ဆင်းရှင်း (ရုပ်သံ) အကြီးမြတ်ဆုံး ဂုဏ် (သီချင်း) ကြိုဆိုပါသည် ဒီမိုကရေစီ (ရုပ်သံ) နှင်းဆီ (Animation) ၇ ထွေ (ရုပ်သံ) Tags: ဇာဂနာ

Read more »

(လမ်းခုလတ် – ၂၀၁၃) ဇာဂနာနဲ့ စကားလက်ဆုံ

January 11, 2014
(လမ်းခုလတ် – ၂၀၁၃) ဇာဂနာနဲ့ စကားလက်ဆုံ

(လမ်းခုလတ် – ၂၀၁၃) ဇာဂနာနဲ့ စကားလက်ဆုံ မိုးမခ၊ ဇန်န၀ါရီ ၁၁၊ ၂၀၁၄ နိုဝင်ဘာ ၂၆၊ ရန်ကုန်မြို့မှာ ကိုဇာဂနာနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်။ အနုပညာလုပ်ငန်းတွေသာမက နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ၂၀၁၁ အောက်တိုဘာ ၁၁ ရက် နိုင်ငံရေးအကျဉ်းသားအဖြစ်က လွတ်မြောက်ချိန်ကစလို့ တောက်လျောက် လုပ်ဆောင်နေတဲ့ ကိုဇာဂနာကို ၂၀၁၃ ခုနှစ်ရဲ့ လမ်းခုလတ်တနေရာမှာ သူ ဘာတွေ လုပ်နေသလဲ၊ ဘယ်အထိ ခရီးရောက်နေပြီလဲ၊ ဘယ်လို ခံစားသိမြင်တာတွေ ရှိသလဲလို့ မေးမြန်းခဲ့ပါတယ်။ သူက ဖြေကြားရာမှာ … လမ်းခုလတ် လို့ဆိုရင်တော့ လမ်းဆုံးဆိုတာ ရှိရမှာပေါ့နော်။ လမ်းဆုံးကို မြင်ပြီလားလို့ မေးရင် ကျနော်တို့မှာ လမ်းဆုံးကို မမြင်သေးဘူးဗျ။ လမ်းအစကို မြင်သယောင်ရှိပေမယ့် လမ်းအဆုံးကို မမြင်ဘူး။...

Read more »

ဇာဂနာ သိသားပဲ – ၂ (Zarganar)

December 26, 2013
ဇာဂနာ သိသားပဲ – ၂ (Zarganar)

  ဇာဂနာ သိသားပဲ – ၂ ဇာဂနာ၊ ပဲ့တင်သံဂျာနယ်၊ ဒီဇင်ဘာ ၂၆၊ ၂၀၁၃   ဇာဂနာ တစ်နှစ်သားမှာ စစ်တပ်က အာဏာသိမ်းပါတယ်။ တစ်နှစ်သားဆိုတာ ဘာသိမှာလဲ။ဖေဖေ ကတော့ ပြောတယ်။ဇာဂနာ့ကို ချီပြီးချော့နေတုန်း သေနတ်သံတွေ ကြားရတာပဲတဲ့။ ဇာဂနာ တို့ အိမ် နဲ့ စ၀်ရွှေသိုက်အိမ်က နီးသကိုး။။ ဇာဂနာ နှစ်ဆယ့်ခုနှစ်နှစ်သားလဲ ရောက်ရော စစ်တပ်က စစ်တပ်ကို အာဏာသိမ်းပြန်ပါရော။   တစ်ထောင့်ကိုးရာခြောက်ဆဲ့နှစ် တုန်းကတော့ စစ်တပ်ကအုပ်ချုပ်နေဆဲ အစိုးရ ကိုပစ်ခတ်၊ဖမ်းဆီးပြီး အာဏာသိမ်းတာ။ တစ်ထောင့်ကိုးရာ ရှစ်ဆဲ့ရှစ်ကျတော့ စစ်တပ်က ပြည်သူတွေကို ပစ်ခတ်၊ ဖမ်းဆီးပြီး အာဏာသိမ်းတာ။ သိမ်းတာချင်းဖြင့် မတူဖူးပေါ့လေ။ သိသားဘဲ။ ဘယ်တူ ပါ့မလဲ။   ခုတစ်လော...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်