Posts Tagged ‘ ဇာနည်သွေး (ပလိပ်) ’

ဇာနည်သွေး (ပလိပ်) ● ထိတ်လန့်ညစွဲများ

January 5, 2017
ဇာနည်သွေး (ပလိပ်) ● ထိတ်လန့်ညစွဲများ

ဇာနည်သွေး (ပလိပ်) ● ထိတ်လန့်ညစွဲများ (မိုးမခ) ဇန်နဝါရီ ၅၊ ၂၀၁၇ သူခိုးကို ဓါးရိုးမကမ်းမိဖို့ ခွေးမဟောင်လဲ ခေါင်းထောင်ကြည့်ရ နေ့ နေ့ ည ည ခွေးနဲ့ သူခိုးဟာ လရောင်ကွန့်မြူးခြင်းနဲ့ လရောင်ရနံ့ဆွတ်ပျံ့ခြင်းကို မကြိုက်ပဲ ကြောက်ကြ ခွေးနဲ့သူခိုးဟာ မကြိုက်တာချင်းတူသလို ကြောက်တာချင်းလဲတူရဲ့ တကယ်တော့ သူတို့အချင်းချင်းကလဲ ရန်သူ အမှောင်ကြိုက်တာချင်းလဲအတူတူ မှောင်ခိုရန်သူတွေပေါ့ ဒီခေတ်ကြီးထဲ ကျွန်တော်တို့သက္ကရာဇ်တွေ ထိတ်လန့်ခဲ့ရတာ အဲ့ဒီခွေးတွေ အဲ့ဒီသူခိုးတွေ အဲ့ဒီခွေးသူခိုးတွေကြောင့်ပါ ကမ္ဘာ……။       ။ ဇာနည်သွေး (ပလိပ်) Tags: ဇာနည်သွေး (ပလိပ်) Related posts ဇာနည်သွေး (ပလိပ်) ● သို့ … ကဗျာဆရာ အောင်ဘညို (0) ဇာနည်သွေး...

Read more »

ဇာနည်သွေး (ပလိပ်) ● သို့ … ကဗျာဆရာ အောင်ဘညို

June 10, 2016
ဇာနည်သွေး (ပလိပ်) ● သို့ … ကဗျာဆရာ အောင်ဘညို

  ဇာနည်သွေး (ပလိပ်) ● သို့ … ကဗျာဆရာ အောင်ဘညို (မိုးမခ) ဇွန် ၁၀၊ ၂၀၁၆ ခင်ဗျားကြွေသွားတာကလည်း ကြယ်တွေရဲ့ယဉ်ကျေးမှုပဲလား ကျွန်တော်တို့မှာ ကဗျာသမ္မတကြီးတယောက် ပျောက်ရှသွားသလို ခင်ဗျားရဲ့နာရေးသတင်းဟာ ကမ္ဘာ့ရင်ခွင်ထဲက ကဗျာဥယျဉ်မှူးတယောက်ရဲ့ ဆို့နင့်ဖွယ် လန်းစွင့်လာတဲ့ကဗျာလား ခင်ဗျားကြွေသွားပေမယ့် ခင်ဗျာ့ကဗျာတွေဟာ ကျွန်တော်တို့တွေအတွက်တော့ ထာဝရလင်းဆွတ်နေမယ့် ကြယ်တွေပဲဗျ ခင်ဗျားက ပိုသိတာပေါ့ ကဗျာဆရာဆိုတာ ဘယ်တော့မှ မသေတဲ့ကဗျာလေ ဦးညွှတ်တဲ့အနေနဲ့ ကျွန်တော်တို့ နှလုံးသားတွေကို တိုင်တဝက် လွှင့်ထူလိုက်တယ် ပြီးရင် လွမ်းဆွတ်တောက်ပနေတဲ့ ကဗျာတွေနဲ့ ခင်ဗျားရဲ့အမည်နာမကို ခမ်းခမ်းနားနားကြီး ဂုဏ်ပြုလိုက်ကြမယ်……။ ။ ဇာနည်သွေး (ပလိပ်) 10.6.2015   ပန်းချီ – ကိုကိုနိုင် Tags: ဇာနည်သွေး (ပလိပ်)...

Read more »

ဇာနည်သွေး (ပလိပ်) ● နာဖျားနေတဲ့ မြို့

May 4, 2016
ဇာနည်သွေး  (ပလိပ်) ● နာဖျားနေတဲ့ မြို့

ဇာနည်သွေး  (ပလိပ်) ● နာဖျားနေတဲ့ မြို့ (မိုးမခ) မေ ၄၊ ၂၀၁၆ တချို့လိပ်စာတွေက နေရာမှန်မဟုတ်တဲ့အခါ အရာရာ သတိထားသွားနေရတယ် ဘယ်သူ့မှ မယုံရလို့ ကိုယ့်လမ်းကိုယ် ထမ်းထားတာပါ ရင်ဘတ်မှာ လမ်းဟာ လမ်းထက်ပိုလေးနေပေါ့ ဟော… တွေးရင်း  ဆွေးရင်း အိပ်မက်တွေ ရေနစ်သွားတယ် သဲလွန်စမရတဲ့ ခြေရာတွေနဲ့ အလစ်သုတ်ခံလိုက်ရတဲ့ အတိတ်ဟာ ဘယ်သတင်းစာမှာမှ ကြော်ငြာပါမလာခဲ့ဘူး ကားအနက်ကြီးပေါ်ကစွန့်ပစ်လိုက်တဲ့ ရေသန့်ဗူးအခွံလေးလို ဘယ်သူတွေများ ငါ့ရင်ခုန်သံကို အရေးတယူရှိကြမလဲ အထင်ကရဆိုလို့ ပြာကျသွားတဲ့ ဆန္ဒတွေနဲ့ သေသေသပ်သပ် အသတ်ခံနေရတဲ့ ခပ်နွမ်းနွမ်းမနက်ခင်းတွေ တခုပဲ ကျွန်တော့်အမည်ကို အခါခါအော်ပြီး အလုအယက်ပြေးဝင်လာတဲ့ ကားစပါယ်ယာကြီးများအား အထူးကျေးဇူးတင်ကြောင်းရေးရင်း ဤကဗျာကို ဤမှာပဲ ခေတ္တခဏရပ်နားခွင့်ပြုပါ……။       ။ ဇာနည်သွေး (ပလိပ်)...

Read more »

ဇာနည်သွေး (ပလိပ်) – စီးချင်းထိုးပွဲ

March 9, 2016
ဇာနည်သွေး (ပလိပ်) – စီးချင်းထိုးပွဲ

 ဇာနည်သွေး (ပလိပ်) – စီးချင်းထိုးပွဲ (မိုးမခ) မတ် ၉၊ ၂၀၁၆ အမှန်တရားရဲ့ ရန်သူဟာ အဓမ္မဝါဒကြီး ဝှေ့ရမ်းပြီး နှလုံးသားအတုကြီးနဲ့ ငါတို့အိမ်ဦးခန်းမှာ ရွံစရာ အဲဒီဒေါသနဲ့ပဲ အားလုံးရဲ့ တက်ခေါက်သံကို ရင်ဘတ်နဲ့ လွှင့်ထူလိုက်တယ် ကဗျာဆိုတဲ့ ခေါငးစည်းနဲ့ပေါ့ ပြီးရင် ပစ်မယ် ခင်ဗျားတို့ အာဏာထဲက အလွဲသုံးစား ကျည်တောင့်တွေနဲ့ ကျုပ် နှလုံးသားထဲက ရင်တွင်းဖြစ် အက္ခရာတွေနဲ့ တိုက်ပွဲရဲ့ အနိုင်အရှုံးကို သမိုင်းက ဆုံးဖြတ်ပေးလိမ့် ဒါ ရင်ခုန်သံအစစ်တွေရဲ့ အဆိုအမိန့်ပဲ….။ ဇာနည်သွေး (ပလိပ်) Tags: ဇာနည်သွေး (ပလိပ်) Related posts ဇာနည်သွေး (ပလိပ်) ● သို့ … ကဗျာဆရာ အောင်ဘညို (0)...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်