Posts Tagged ‘ ညီဆူးသစ် ’

ညီဆူးသစ် ● သွေးကြောထဲစီးနေတဲ့ကဗျာ

December 7, 2016
ညီဆူးသစ် ● သွေးကြောထဲစီးနေတဲ့ကဗျာ

ညီဆူးသစ် ● သွေးကြောထဲစီးနေတဲ့ကဗျာ (မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၁၆ သူကတော့ လက်သည်းလေးကို တစိုက်စိုက်ကြည့်ပြီး လက်သည်းနီဗူးလေးကို ဆာလောင်တယ် လမ်းမပေါ်မှာ အမှိုက်များ ဗူးခွံများ ပိုက်စံတစ်ရာလောက်ကို တချို့က ဆာလောင်တယ် ဖြစ်နေပျက်နေတဲ့ပြဿနာတွေ ငြိမ်းချမ်းရေးကို ဆာလောင်နေတဲ့အချိန်တွေမှာ အဓိကရုဏ်းတွေကို သိပ်ကြိုက်တဲ့သူတွေလည်းရှိမှာပဲ ထွေးညိုကိုလည်း ဘန်ကောက်မပို့ပါနဲ့တော့ ဒီတစ်ခါအနာတရတွေဟာ မြန်မာပြည်ကနေ မလေးရှားထိ ကူးစက်ပျံ့ကြတော့မှာ ကမ္ဘာမြေကြီးကို တုန်ဟီးနေတဲ့ အသံများ ဒီလောက်နဲ့ ရပ်တန့်နေပါစေ တချို့က လူရွှင်တော်တွေဆိုတော့ တချို့က နိုင်ငံရေးသမားတွေဆိုတော့ တချို့က သမ္မတဖြစ်ချင်နေသူတွေဆိုတော့ မဖျက်စီးပါနဲ့ မပျက်စီးချင်ပါနဲ့တော့ ငြိမ်းငြိမ်းချမ်းချမ်း ချစ်ကြမယ်။ ညီဆူးသစ် ၆၊ ၁၁၊ ၂၀၁၆   Tags: ညီဆူးသစ်

Read more »

ညီဆူးသစ် – ပြန်လည်ရှင်သန်ခြင်းကဗျာ

March 17, 2016
ညီဆူးသစ် – ပြန်လည်ရှင်သန်ခြင်းကဗျာ

 ညီဆူးသစ် – ပြန်လည်ရှင်သန်ခြင်းကဗျာ (မိုးမခ) မတ် ၁၇၊ ၂၀၁၆ နိုးထခဲ့ပြီးပြီ စိတ်သစ်လူသစ်နဲ့ ဘဝအသစ်စစ်စစ်ကြီးထဲမှာ ဘဝအသစ်စစ်စစ်ကြီးထဲမှာ ဟောင်းနွမ်းခဲ့ပြီးပြီ လူတစ်လုံးသူတလုံး ဘယ်ကဲ့သို့ ကြေကြေကွဲကွဲ လူသူစရိုက်က သူ့ဖွဲ့စည်းပုံသစ်နဲ့သူ ကိုယ့်ဖွဲ့စည်းပုံသစ်နဲ့ကိုယ် နေ့တွေထဲမှာ ကိုယ့်မွေးနေ့ နေ့နာမ်းလေးကို လက်ထိုးမိ ကိုယ့်ကို ပြန်တွေ့သော နေ့တစ်နေ့ဟာ ပြန်ရှင်သန်ခဲ့ရပြီ။ ညီဆူးသစ် Tags: ညီဆူးသစ်

Read more »

ညီဆူးသစ် – မလွယ်တဲ့ခေတ်

October 14, 2015
ညီဆူးသစ် – မလွယ်တဲ့ခေတ်

  ညီဆူးသစ် – မလွယ်တဲ့ခေတ်  (မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၁၅ အားကြို မသွင်းထားရင် ဖုန်း နှိပ်လို့ မရတော့သလို။ ကျည်ဆံကြို မထည့်ထားရင် ကိုယ့်အရင် ကိုယ့်ရန်သူက ပစ်ထည့်လိုက်မှာပဲ။   ဒါ့ကြောင့် မျှော်လင့်ချက်တွေ  ပိုပိုထားထား အတွေးတွေ ပိုပိုတွေးထား အနာဂတ်ကို ကြိုကြိုရေးဆွဲထား ဦးနှောက်ပြေးမှ ဒီခေတ်က မလွယ်ဘူးဆို။   Tags: ညီဆူးသစ်

Read more »

ညီဆူးသစ် – မမှားသောလမ်းဆီ အရိပ်တွေဟာ တကောက်ကောက်လိုက်တယ်

March 13, 2015
ညီဆူးသစ် – မမှားသောလမ်းဆီ အရိပ်တွေဟာ တကောက်ကောက်လိုက်တယ်

ညီဆူးသစ် – မမှားသောလမ်းဆီ အရိပ်တွေဟာ တကောက်ကောက်လိုက်တယ် (မိုးမခ) မတ် ၁၃၊ ၂၀၁၅ ခြေလှမ်းတွေနောက်က အရိပ်များ ခြေဗွေရာတွေ များတယ် သွေးအမျိုးစားတွေ စုံတယ် ဆံပင်တွေ အတိုအရှည်တွေနဲ့ ဒါပေမယ့် ခြေလှမ်းတွေ ညီညီညာညာပဲ လမ်းတွေဆီ ရောက်ဖို့ ခြေလှမ်းတွေကို ကျော်မနင်းဘူး မှန်သောလမ်းပဲ မှားသောလမ်းလည်း မဟုတ် ခေါင်းနဲ့စဉ်းစားတယ် ခေါင်းနဲ့တွေးတောတယ် အဲဒီ လမ်း အဲဒီ စခန်း အဲဒီ လမ်းက ခြေလှမ်း ဘယ်တော့မှ မမှားတဲ့လမ်းပဲ လမ်းမပေါ်က သစ်ပင်ကြီးတွေက အရိပ်တွေ ပေးခဲ့ လမ်းမပေါ်က သစ်ရွက်တွေက အသစ်ပြန်ပြောင်းလို့ သစ်ရွက်အကြွေနဲ့ ဂုဏ်ပြုခဲ့ စေတီပုထိုးတော်ဆီက ခေါင်းလောင်းထိုးသံ ချောင်းငယ်အသွယ်သွယ်များဆီက  စီးခတ်သံ ခြေလှမ်းများရဲ့နောက်မှာ အရိပ်တွေလို ခြေနဲ့မကွာလိုက်လို့...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်