Posts Tagged ‘ ညိုထက်ညို ’

ညိုထက်ညို ● အောင်ဘညို (သို့မဟုတ်) ဘဝကို တစစီ လိုက်စမ်းသူ

June 13, 2017
ညိုထက်ညို ● အောင်ဘညို (သို့မဟုတ်) ဘဝကို တစစီ လိုက်စမ်းသူ

ညိုထက်ညို ● အောင်ဘညို (သို့မဟုတ်) ဘဝကို တစစီ လိုက်စမ်းသူ (မိုးမခ) ဇွန် ၁၃၊ ၂၀၁၇ မှတ်မှတ်ရရ အဲဒီ ၂၀၁၃ စက်တင်ဘာလဆန်းပိုင်းမှာ ကျနော် ပြည်ပမှာ ခြောက်နှစ်ခွဲလောက် ခွဲနေခဲ့ရသော ရန်ကုန် သို့ ပြန်ရောက်သည်။ နောက်တစ်ပတ်လောက် နေတော့ ၃၃ လမ်း အထက်လမ်းက ‘လေထန်ကုန်း’ သို့ ရောက်သွားသည်။ လေထန်ကုန်းတခုလုံး အရင်ကလို စာရေးဆရာတွေတယောက်မှမရှိတော့ဘဲ ခြောက်သွေ့နေသည်။ စာရေးဆရာတွေ ‘လေထန်ကုန်း’ ကနေ ဘယ်စကြဝဠာထဲသို့ လွင့်စင်သွားကြသည်မသိ။ လေထန်ကုန်း၏တည်နေရာကလည်း အရင်လို ဓမ္မာရုံကလေး ရှေ့အုတ်ခုံပေါ်တွင်ရှိမနေတော့ဘဲ မျက်နှာချင်း ဆိုင်တိုက်က အုတ်ခုံပေါ်သို့ ရောက်နေသည်။ ကျနော်အံ့သြနေရင်းနှင့် အုတ်ခုံပေါ်မှာချထားသော စားပွဲကလေးတလုံးရှေ့မှာဝင်ထိုင်ရင်း လက်ဖက်ရည် ဖျော် သည့်နေရာတွင်ရှိနေသော ဟိုးအရင်တုန်းကရှိခဲ့သည့်...

Read more »

ညိုထက်ညို ● အလကားကျော်စွာ

September 15, 2016
ညိုထက်ညို ● အလကားကျော်စွာ

ညိုထက်ညို ● အလကားကျော်စွာ (မိုးမခ) စက်တင်ဘာ ၁၅၊ ၂၀၁၆ တနေ့က ရုပ်ရှင်သရုပ်ဆောင် ဖွေးဖွေးနှင့် ဒါရိုက်တာ စင်ရော်မောင်မောင်တို့ ပြဿနာတက်ကြသောသတင်းကို ကျွန်တော် ဖတ်လိုက်ရပါသည်။ ထိုသတင်းကိုပင် အင်တာနက်တနေရာတွင် မိတ်ဆွေတယောက်က ‘ဖွေးဖွေးနဲ့ အလင်္ကာကျော်စွာနဲ့’ ဟူသော ခေါင်းစဉ်ငယ် ဖြင့် ဖြန့်ဝေထားပါသည်။ ထိုအခါကျမှ ကျွန်တော် မျက်လုံးမျက်ဆံပြူးသွားပြီး အင်တာနက်ပေါ်တွင် သိလိုသော သတင်း အချက်အလက်ကို ကပျာကယာ လိုက်ရှာရပါသည်။ ကျွန်တော်သိလိုသောသတင်းကို အခန့်သင့်ပဲ တွေ့ပါသည်။ ၂၀၀၆ ခုနှစ် လွတ်လပ်ရေးနေ့တွင် ဒါရိုက်တာ စင်ရော်မောင်မောင်၊ တေးရေး ဟင်္သာတမြင့်ငွေနှင့် ဒါရိုက်တာ ပန်းချီစိုးမိုး တို့အား နိုင်ငံတော်သမ္မတဦးသိန်းစိန်က ‘အလင်္ကာကျော်စွာ’ ဘွဲ့ ချီးမြှင့်လိုက်သည်တဲ့…။ ထို့ကြောင့် ဤဆောင်းပါးကို ကျွန် တော်...

Read more »

ညိုထက်ညို ● အမေတခု သမီးတခု (၀တ္တုတို)

July 9, 2016
ညိုထက်ညို ● အမေတခု သမီးတခု (၀တ္တုတို)

ညိုထက်ညို ● အမေတခု သမီးတခု (၀တ္တုတို) (မိုးမခ) ဇူလိုင် ၉၊ ၂၀၁၆ ဆောင်းဝင်စမို့ထင်တယ်။ မင်္ဂလာဈေးလမ်းဆုံကို လှိုင်ဦးရောက်တော့ မှောင်တော့မယ်။ ဗညားဒလလမ်းမကြီးအတိုင်း တည့်တည့်ဆက်ဆင်းလာတော့ ယုဇနပလာဇာရှေ့ကို ရောက်လာတယ်။ အရင်ကတော့ အန်တီမူတို့အိမ်က ယုဇနပလာဇာ အလွန် ဗညားဒလ လမ်းမကြီးပေါ်မှာပဲ။ မျက်နှာစာမှာ မှန်တွေကာပြီး ဆေးအဝါရောင် သုတ်ထားတဲ့ တိုက်တန်းရှည်ကြီး ထဲက မကျဉ်းမကျယ် တိုက်ခန်းလေးတခန်းပေါ့။ အောက်မှာ ပုဂ္ဂလိကဆေးခန်းကလေး တခန်းရှိတယ်။ အန်တီမူတို့ အခန်းက ငါးလွှာမှာ။ တက်ရတာမောပေမယ့် အန်တီမူတို့ အလုပ်ကလည်း   ပတ်ဝန်းကျင်ကိုဂရုစိုက်ရတဲ့ အလုပ်မျိုးဆိုတော့ ဖြတ်သွားဖြတ်လာနည်းတဲ့ မြင့် တဲ့ အလွှာမျိုးကို ရွေးရတယ်။ ဒါတောင်မှ လေးငါးခြောက်လကြာလာရင် တိုက်ကသိတဲ့ လူတွေ သိကုန်တာပါပဲ။ တယောက်စကား တယောက်နားနဲ့ပေါ့။...

Read more »

ညိုထက်ညို ● ချစ်ဗျူဟာ ခင်းကြ တူမောင်မယ်

May 21, 2016
ညိုထက်ညို ● ချစ်ဗျူဟာ ခင်းကြ တူမောင်မယ်

ညိုထက်ညို ● ချစ်ဗျူဟာ ခင်းကြ တူမောင်မယ် (မိုးမခ) မေ ၂၁၊ ၂၀၁၆ ရှေ့ဆက်သွားရင် ကားရပ်ဖို့နေရာမရမှာစိုးတာနဲ့ လှိုင်ဦး ကားကို ရေကျော်လမ်းမကြီးပေါ်က ၀ိုင်အမ်ဘီအေအကျော်မှာပဲ လမ်းဘေးချရပ်လိုက်တယ်။ ပူလိုက်တဲ့နေဆိုတာတော့ မီးလောင်နေ သလားတောင် မှတ်ရတယ်။ နာရီကို ကြည့်လိုက်တော့ နေ့လယ်တစ်နာရီခွဲတော့မယ်။ ရေသန့်ဘူးထဲက ရေပူပူကိုတငုံမော့သောက်ပြီး လှိုင်ဦး ကားပေါ်ကဆင်းလိုက်တယ်။ ကားထိုင်ခုံနောက်မှီနဲ့ တချိန်လုံးဖိကပ်ထားခဲ့လို့ သူ့ကျောတပြင်လုံး ချွေးတွေနဲ့ အင်္ကျီကကျောမှာ အပြားလိုက်ကပ်နေတယ်။ အင်္ကျီအပေါ် ကြယ်သီးနှစ်လုံးကိုဆွဲဖြုတ်လိုက်ပြီး နေရိပ်တဲ့ဘက်ဆီ လှိုင်ဦး ခပ်သွက်သွက်လျှောက်သွားမိတယ်။ လျှောက် လာရင်း ဆေးလိပ်သောက်ချင်စိတ်ပေါက်လာ ပြန်တာနဲ့ ရှေ့မှာတွေ့တဲ့ လမ်းဘေးကွမ်းယာဆိုင်ကလေးက လန်ဒန် နှစ်လိပ် ၀င်ဝယ်လိုက်တယ်။ တစ်လိပ်ကိုမီးညှိရင်း ပိုက်ဆံအိတ်ကို ခါးကြားပြန်ထိုးထည့်ပြီး လှိုင်ဦး ရှေ့ဆက်မသွားသေးဘဲ ကွမ်းယာဆိုင်လေး ဘေးမှာပဲရပ်နေမိတယ်။...

Read more »

ညိုထက်ညို ● ‘နှမ’ ပျောက် ရှာပုံတော်

May 13, 2016
ညိုထက်ညို ● ‘နှမ’ ပျောက် ရှာပုံတော်

ညိုထက်ညို ● ‘နှမ’ ပျောက် ရှာပုံတော် (မိုးမခ) မေ ၁၃၊ ၂၀၁၆ ခေါင်းစဉ်အရ စာဖတ်သူတို့က စာရေးသူတယောက် ကြီးတောင့်ကြီးမားကျမှ ဘယ်ကဘယ်လို နှမပျောက်ပြီး လိုက်ရှာနေရပါသလဲ ဟု မေးဖွယ်ရှိပါသည်။ မဟုတ်ပါ။ ကျွန်တော့်ဘဝတွင် ‘နှမ’ ဆိုသောစကားလုံးကို မသိခင် ‘ညီမ’ ဆိုသောစကားလုံးကို စတင်သိခဲ့ရခြင်း ဖြစ်ပါ သည်။ ထိုအချိန်တွင် ကျွန်တော်အသက် သုံးနှစ်ကျော်ကျော်ရှိပြီဖြစ်၍ ထိုတနေ့တွင် ကျွန်တော့်အဖေ ဖြစ်သူက ကျွန်တော့်ကိုကျွန်တော့်တွင် ညီမလေးတယောက်ရပြီဖြစ်ကြောင်းပြောကာ ထိုညီမလေးကိုကြည့်ရန် ဆေးရုံသို့ ခေါ်သွားပါသည်။ ကျွန်တော်လည်း အဖေနှင့်ဆေးရုံသို့လိုက်သွားရာ ဆေးရုံတွင် ကျွန်တော့်အမေနှင့်တကွအနှီး ဖြင့်ထုပ်ထားသော အလွန်သေးငယ်သည့် ကလေးလေးတယောက်ကို တွေ့ပါသည်။ အဖေက ထိုကလေးလေး မှာ ကျွန်တော့်ညီမလေးဖြစ်ကြောင်း ပြောပါသည်။ ထိုအခြင်းအရာမှာ နောက်ပိုင်းကြီးပြင်းလာသည့်အခါ...

Read more »

ညိုထက်ညို ● ‘မင်္ဂလာပါ’ ရှာပုံတော်

May 9, 2016
ညိုထက်ညို ● ‘မင်္ဂလာပါ’ ရှာပုံတော်

ညိုထက်ညို ● ‘မင်္ဂလာပါ’ ရှာပုံတော် (မိုးမခ) မေ ၉၊ ၂၀၁၆ လွန်ခဲ့သောခြောက်လလောက်က အင်တာနက်တွင် ဒေါ်ညိုညိုသင်းနှင့် သတင်းမီဒီယာတခု တွေ့ဆုံသော အင် တာဗျူးအတို လေးတပုဒ် ကြည့်လိုက်ရပါသည်။ အင်တာဗျူးစစချင်းတွင် အင်တာဗျူးသူက ဒေါ်ညိုညိုသင်းကို ‘ဒေါ်ညိုညိုသင်း မင်္ဂလာပါရှင်’ ဟု စတင်နှုတ်ဆက်ပါသည်။ ဒေါ်ညိုညိုသင်းက ‘မင်္ဂလာပါ’ ဟု တုံ့ပြန်ပါသည်။ ကျွန်တော် ‘မင်္ဂလာပါ’ အကြောင်း စဉ်းစားမိပါသည်။ ‘မင်္ဂလာပါ’ နှင့် စတင်တွေ့ဆုံသည်မှာ ကျွန်တော်သူငယ်တန်းစတက်သော ၁၉၈၂ ခုနှစ်တွင် ဖြစ်ပါသည်။ အတန်းမစမီ အ တန်းထဲဆရာမ၀င်လာသည်နှင့် ကျွန်တော်တို့ကျောင်းသားများ အားလုံးထပြီး ‘မင်္ဂလာပါ ဆရာမ၊ ကျေးဇူးတင်ပါတယ် ဆရာမ’ ဟု နှုတ်ဆက်ရပါသည်။ ထို့အပြင်တော့ ပြင်ပလောကတွင် ‘မင်္ဂလာပါ’ ဟု...

Read more »

ညိုထက်ညို – အနက်ရောင် စနေနေ့

July 7, 2015
ညိုထက်ညို – အနက်ရောင် စနေနေ့

ညိုထက်ညို – အနက်ရောင် စနေနေ့ (မိုးမခ) ဇူလိုင် ၇၊ ၂၀၁၅ ဒီနေ့ ၇ ဇူလိုင် ၅၃ နှစ် ပြည့်ပြီဆိုတော့ ကျွန်တော် ဗိုလ်အောင်ကြီးရဲ့ပေးစာတွေနဲ့ ဗိုလ်နေဝင်းရဲ့ဖြေရှင်းချက်တွေကို ပြန်ဖတ် နေမိတယ်…. ၇ ဇူလိုင် ကျောင်းသားလှုပ်ရှားမှု (ဗိုလ်နေဝင်းတို့အခေါ် ဆူပူမှု) စဖြစ်တော့ ဗိုလ်နေဝင်းက ဗိုလ်အောင်ကြီးရဲ့ကြီးကြပ်မှုနဲ့ ဗိုလ်ကျော်စိုးကို ဦးဆောင်စေပြီး ကော်မတီဖွဲ့တယ်။ အသံလွှင့်ရုံမှာ ရုံးထိုင်ပါတယ်။ ဒီနေရာမှာ ဗိုလ်နေဝင်းကော ဗိုလ်အောင်ကြီးပါ ပြောကြဆိုကြတာမှာ ကျောင်းသားတွေကိုပစ်တဲ့ကိစ္စမပါတာမို့ ကျွန်တော် အဲဒါလေးပါ အချိန်လေးနဲ့ ထည့်ရေးချင်ပါတယ်။ ပစ်တဲ့အချိန်နဲ့ပတ်သက်လို့ အမျိုးမျိုး ဝိဝါဒကွဲပြားနေတယ်။ အဲဒီအချိန်တုန်းကထုတ်ဝေတဲ့ သတင်းစာတွေမှာ ပါမလားမသိ ဘူး… ကျွန်တော် သုတေသနလုပ်ချင်တယ်…. လက်လှမ်းမီသလောက် အင်တာနက်မှာ ဒီဘက် ခုနစ်နှစ်...

Read more »

ညိုထက်ညို – ဒဂုန်တာရာ့ မျက်စိ

December 25, 2014
ညိုထက်ညို – ဒဂုန်တာရာ့ မျက်စိ

ညိုထက်ညို – ဒဂုန်တာရာ့ မျက်စိ (မိုးမခ) ဒီဇင်ဘာ ၂၅၊ ၂၀၁၄ အင်တာနက်တနေရာမှာ ဆရာတာရာ့ပုံ တွေ့လိုက်ရင်းနဲ့ ကျွန်တော် ဆရာတာရာ့မျက်စိအကြောင်း တွေးမိပါတယ်။ သိကြတဲ့အတိုင်း ဆရာ့ မျက်စိက နဂိုကတည်းက ခပ်မှုန်မှုန် …။ ကျွန်တော်မှတ်မိသလောက် ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ ဆရာ့မျက်စိ အတော်အခြေအနေဆိုးနေပြီ ထင်ပါတယ် …။ “ဆေးရောင်စုံ ဒဂုန်တာရာ” ဆရာ့အကြောင်း စာရေးဆရာတွေ ၀ိုင်းရေးကြတဲ့စာအုပ်က ဆောင်းပါးတပုဒ်မှာတော့ မှော်ဘီ ဘော်လုံးစက်ရုံ နားက ဆရာ့ ကျေးလက်မဲဇာကို အလည်သွားတော့ ဆရာ ငရုတ်သီးမှုန့်ပုလင်းနဲ့ ကော်ဖီမှုန့်ပုလင်း မှားဖွင့်တယ် ရေးထားတယ်။ လုံးဝ မမြင်ရတဲ့အဆင့်တော့ မဟုတ်သေး ….။ ကျွန်တော် မှတ်မိသလောက် ဆရာမြသန်းတင့် မျက်စိခွဲတာလည်း အဲဒီအချိန်လောက်ပဲ ထင်...

Read more »

ညိုထက်ညို – ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာ

November 25, 2014
ညိုထက်ညို – ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာ

ညိုထက်ညို – ငယ်ချစ်ဟောင်းနဲ့ နှစ်ပေါင်းများစွာ (မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၁၄ ကျွန်တော် ဟိုးငယ်ငယ် လူမှန်းသိတတ်စကတည်းက မြန်မာကလေး အတော်များများရဲ့ထုံးစံ ဘောလုံး စ၀ါသနာပါခဲ့ပါတယ်။ ပန်းဆိုးတန်း လမ်းမကြီးရဲ့ အာဖရိကက အမည်းရောင်ကျောက်ပြားကြီးတွေခင်းထားတဲ့ ပလက်ဖောင်းတွေပေါ်မှာ ကျွန်တော် ကော်ဘော လုံး၏ကလေးနဲ့ ကျွန်တော့် ကလေးဘ၀ ကို ဖြတ်သန်းခဲ့တယ်။ အဲဒီတုန်းက မဆလခေတ်။ မြန်မာလက်ရွေးစင်အသင်းက အဲဒီအချိန်မှာ “ဒူ” နေတယ်။ ကျွန်တော်တို့ ဘောလုံးပရိသတ်တွေ အဓိကထား အားပေးကြရတာ ပြည်နယ် နှင့်တိုင်း ဘောလုံးပြိုင်ပွဲတွေ။ ကျွန်တော်က ရန်ကုန်တိုင်း ပရိသတ်…. ယဉ်ထွေး၊ ၀င်းအောင်၊ လှမိုး၊ အောင်ထွန်းထွန်း၊ မြင့်ဇော်၊ စောလွင်၊ နောက် မျိုးလှိုင်ဝင်း။ ပြည်နယ် နှင့် တိုင်းအသီးသီးက...

Read more »

ညိုထက်ညို – စိတ်ကိုစွဲလမ်းစေတတ်သော (အပိုင်း ၂) (၀တ္ထုတို)

October 16, 2014
ညိုထက်ညို – စိတ်ကိုစွဲလမ်းစေတတ်သော (အပိုင်း ၂) (၀တ္ထုတို)

ညိုထက်ညို – စိတ်ကိုစွဲလမ်းစေတတ်သော (အပိုင်း ၂) (၀တ္ထုတို) (မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၁၄ နောက်နေ့မနက်ကျတော့ သူ နန်းတို့ နှစ်ယောက်ကို Panorama တွင် ၀င်ခေါ်ပြီး ဘုရင့်နောင် နန်း အစ်ကိုဝမ်းကွဲအိမ်တွင် ဓာတ်ဆီဝင်ထည့်ကာ ဘုရင့်နောင် အကျော်က လက်ဖက်ရည်ဆိုင် တဆိုင်တွင် သူတို့ မုန့်ဟင်းခါး ၀င်စားကြသည်။ ပြီးတော့ ဘုရင့်နောင် တံတားကို ကျော်၍ ပုသိမ်ဘက်သို့ ထွက်ခဲ့သည်။ လမ်းတလျှောက်လုံး နန်း တို့ ညီအစ်မနှစ်ယောက် နှင့် သူ စကားပြောလာခဲ့သည်။ ကောင်းကင်မှာတော့ တိမ်တွေ ထူနေသည်။ ဗိုလ်မြတ်ထွန်း တံတားကြီးပေါ် သူတို့ ကားလေး ဖြတ်တော့ နန်းက ဟိုးအောက်က လှေကလေးတွေကို ငေးကြည့်နေတာ သူ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်