Posts Tagged ‘ ညိုထက် (လမ်းသစ်ဦး) ’

ညိုထက်(လမ်းသစ်ဦး) – လေးဦးဂိုဏ်း

November 30, 2016
ညိုထက်(လမ်းသစ်ဦး) – လေးဦးဂိုဏ်း

ညိုထက်(လမ်းသစ်ဦး) – လေးဦးဂိုဏ်း (မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၆ လေဒီဝမ်းကပြောတယ် ကုတ်အင်္ကျီက အကောင်းစား အဲ့ဒီနေရာထဲ ဂျက်ဇ်ဂီတ ရှိတယ် ကျနော် ဂျက်ဇ်ဂီတကို ဂွင်ဖန်နေတယ် ချစ်ခွင့်ပေးပါ ရတနာရယ် ငါ နင့်ရဲ့ ဖုန်းခေါ်သံကို အမြဲနားစွင့်နေတယ် လူကြီးမင်းမ ခေါ်ဆိုမည့် ဖုန်းသည် အမြဲတမ်း ဖွင့်ထားသည် …. ငါ ဗိဿနိုးဖြစ်တယ် လခြမ်းလေးပေါ်ထိုင်ပြီး ငါးမြားဖို့ ဂဠုန်ငှက်ကို ဖိတ်ခေါ်တယ် အတာရေက ငါ့ရဲ့အား ငါ့ကိုရေလောင်းဦး လခြမ်းလေး တဘဝလုံး ပုံအောပေးထားတဲ့ အချစ်တွေနဲ့ လင်းပ ယင်နဲ့ တောက်ရဲ့ အချစ်ဇာတ် စလိုက်ကြရအောင် …. အသက်ရေ …. အချစ်ရေ …. ခင်လေးရေ …. ခရေပွင့်လေးရေ...

Read more »

ညိုထက် (လမ်းသစ်ဦး) ● ကျနော်နဲ့ ကဗျာရွတ်ဆိုခြင်း

August 10, 2016
ညိုထက် (လမ်းသစ်ဦး) ● ကျနော်နဲ့ ကဗျာရွတ်ဆိုခြင်း

ညိုထက် (လမ်းသစ်ဦး) ● ကျနော်နဲ့ ကဗျာရွတ်ဆိုခြင်း (မိုးမခ) သြဂတ်စ် ၁၀၊ ၂၀၁၆ ကဗျာရွတ်ဆိုခြင်းကို တော်လှန်ဒေသရောက်တဲ့အခါ စတင်တွေ့ဆုံခွင့်ရတယ်။ ပထမဆုံးထိတွေ့ခွင့်ရတာက (လပဒတ) လွယ်တောင်းစခန်း။ ဘလက်စက်တင်ဘာအခမ်းအနား လုပ်ကြတယ်။ အာဏာသိမ်းခြင်းကိုဆန့်ကျင်တဲ့သဘောနဲ့။ ပွဲပုံသဏ္ဌာန်ကို တပ်ဦးရဲဘော်တွေရဲ့ရင်ဖွင့် စကားတွေ၊ သီချင်းတွေနဲ့ ကဗျာရွတ်ဆိုခြင်းပုံစံ လုပ်ထား တယ်။ ဒေါင်းဂွင်ရောက်တော့လုပ်တဲ့ဆဲဗင်းဇူလိုင်ပွဲကိုလည်း အဲဒီပုံသဏ္ဌာန်နဲ့ပဲလုပ်ကြတယ်။ ကျနော် စည်းရုံးရေးမှူးဖြစ်လာတော့ အဲဒီပွဲပုံ သဏ္ဌာန်ကို ကျနော်နိုင်ငံရေးပွဲတွေလုပ်တဲ့အခါတိုင်း လုပ်လေ့ရှိတယ်။ ဟိုဆေးရီဇော်ရဲ့ကဗျာကို ကိုတိုက်မောင်းရွတ်ဆို ခဲ့တယ်။ အဲ့ဒါ ကျနော်ပထမဦးဆုံး ကြားခွင့်ရ ခဲ့တဲ့ကဗျာရွတ်ဆိုသံဖြစ်တယ်။ သတိထားမိသလောက် ကိုတိုက်မောင်း အဲဒီ ကဗျာကို ရင်ခုန်းသံနှစ်လို့ ရွတ်ဆိုခဲ့တယ်။ ၁၉၉၃။ ခင်ဝမ်း (၁၉၄၇-၂၀၀၀) Khin One Portrait Sketch by...

Read more »

ညိုထက် (လမ်းသစ်ဦး) ● ကျနော်နဲ့ ကဗျာရဲဘော်များ (၂)

August 1, 2016
ညိုထက် (လမ်းသစ်ဦး) ● ကျနော်နဲ့ ကဗျာရဲဘော်များ (၂)

ညိုထက် (လမ်းသစ်ဦး) ● ကျနော်နဲ့ ကဗျာရဲဘော်များ (၂) (မိုးမခ) သြဂတ်စ် ၁၊ ၂၀၁၆ ဘိုးတော်နီကလည်း ကျနော်တွေ့ခွင့်ရတဲ့ကလောင်ရှင်တွေထဲက ကလောင်ရှင်ပဲ။ ကျနော့်ကို စကားပြေအရေးအသား သင်ကြားပေးတယ်။ ဘိုးတော်နီနဲ့မတွေ့ခင်အထိ ကျနော်ကဗျာတွေကိုသာ ရေးခဲ့ တယ်။ ၀ါကျတကြောင်းကို ပြေပြစ်ချောမောအောင် မရေးတတ်ခဲ့ဘူး။ သူ့ရဲ့ကြီးကြပ်မှုနဲ့ ဆလိုင်းတင်မောင်ဦးအကြောင်း ရေးဖြစ်တယ်။ ဘိုးတော်နီက ကျနော့်ရဲ့ စကားပြေအရေးအသားသင်ဆရာဖြစ်သလို ကျနော့်ရဲ့ နိုင်ငံရေးလမ်းညွန်ဆရာ ဖြစ်လာတယ်။ ခါတိုအွန်ကလောင်နဲ့ ကာတွန်းတွေရေးလေ့ရှိတယ်။ ဒီဇိုင်းဆရာ၊ ဗိသုကာနဲ့ပန်းချီ၊ ကဗျာတွေလည်း ရေး လေ့ရှိတယ်။ သူ့ရဲ့ပင်မအနုပညာက ပန်းချီ။ အဖေနဲ့ ဘိုးတော်နီက ကျနော်တို့အသိုင်းအ၀ိုင်းထဲ ပန်းချီအကောင်းဆုံး။   ဆရာတင်မိုးက မီးသွေးခဲမို့မဲသကို တို့ကျောင်းသားမို့ရဲသကိုဆိုတဲ့ အစဉ်အလာနဲ့အညီ ဒေါင်းအိုးဝေရဲ့ပင်တိုင်ကလောင် လောက်ဖြစ်လာတယ်။ တပ်ဦးရဲ့ဂုဏ်ထူးဆောင်ရဲဘော်အဖြစ် ဆရာတင်မိုးကို...

Read more »

ညိုထက် (လမ်းသစ်ဦး) ● ကျနော်နဲ့ ကဗျာရဲဘော်များ (၁)

July 30, 2016
ညိုထက် (လမ်းသစ်ဦး) ● ကျနော်နဲ့ ကဗျာရဲဘော်များ (၁)

ညိုထက် (လမ်းသစ်ဦး) ● ကျနော်နဲ့ ကဗျာရဲဘော်များ (၁) (မိုးမခ) ဇူလိုင် ၃၀၊ ၂၀၁၆ တော်လှန်တဲ့နယ်မြေထဲ ကျနော်ပထမဦးဆုံးထိတွေ့ခွင့်ရတဲ့ကဗျာဆရာအဖြစ် ရဲဘော်တိုက်မောင်း၊ ကိုတိုက်မောင်းကို မှတ်တမ်းတင်မိတယ်။ သူကဗျာရေးတဲ့အခါ ကေကေဇံကလောင်အမည်ကို ပိုပြီးအသုံးပြုလေ့ရှိတယ်လို့ မှတ်မိနေတယ်။ လွယ်ဖီတောင်တန်းစစ်စခန်း။ ကေကေးဇံနဲ့ကျနော်တို့ တွေ့ခဲ့ကြတယ်။ ပအို့ဝ်ဒေသရောက် ကျောင်းသားတွေက ကဗျာအာရုံ တိမ်းညွတ်မှုများသူတွေ။ တပ်ဦးရဲ့အသံ ဒေါင်းအိုးဝေစာစောင်မှာ ဝင်ရောက်ရေးသားသလို အချိန်နဲ့တပြေးညီ အမှတ်တရ ကဗျာစာအုပ်တွေကို ဒေသတွင်း ဖြန့်ဝေလေ့ရှိကြတယ်။ ကျနော်တို့ကျိုတ်လတ်သားတွေထဲ ကဗျာရေးသူတွေ ရှိတယ်။ နိုင်မိုးအောင်၊ တိုးသစ် (ကိုအေးမင်းနိုင် ကဗျာစရေးကတည်းက တိုးသစ် ကလောင်အမည်ယူခဲ့တယ်) နဲ့ ကျနော်။ ကိုတိုက် မောင်းက ကျနော်တို့ကို ပျော်ရွှင်တတ်ကြွစွာ ကြိုဆိုခဲ့တယ်။ ကျနော်တို့ဒေသတွင်းဖြန့်ဝေခဲ့တဲ့ အမှတ်တရကဗျာစာအုပ်တွေကို မှတ်မိသလောက် မှတ်တမ်းတင်ကြည့်မိတယ်။...

Read more »

ညိုထက် (လမ်းသစ်ဦး) ● နိုင်ငံရေးကဗျာ

July 21, 2016
ညိုထက် (လမ်းသစ်ဦး) ● နိုင်ငံရေးကဗျာ

 ညိုထက် (လမ်းသစ်ဦး) ● နိုင်ငံရေးကဗျာ (မိုးမခ) ဇူလိုင် ၂၁၊ ၂၀၁၆ အိပ်မက်ထဲတောင်သတိရ မျက်ရည်ဝဲရတယ် ချစ်သူ။ ခံစားချက်မရှိသူရဲ့ ပန်းနုရောင်အို စန္ဒယားသံ ဖူး ပွင့် သီ လှိုင်။ စပယ်အိုးပုတ်တွေပွင့်နေပြီ ချစ်ရေ တကယ်ပဲ အသဲကွဲရတယ်။ ၁၇ – ၇ – ၂၀၁၆ ညိုထက် (လမ်းသစ်ဦး) Tags: ညိုထက် (လမ်းသစ်ဦး)

Read more »

ညိုထက် (လမ်းသစ်ဦး) ● ဒီကနေ့ မှတ်တမ်း

June 17, 2016
ညိုထက် (လမ်းသစ်ဦး) ● ဒီကနေ့ မှတ်တမ်း

ညိုထက် (လမ်းသစ်ဦး) ● ဒီကနေ့ မှတ်တမ်း (မိုးမခ) ဇွန် ၁၇၊ ၂၀၁၆ ဘ၀ရဲ့ အဆင်မပြေခဲ့မှုတွေကို တွေးမိရာက အစောကြီးနိုး ဗိုက်ဘာက ခေါ်လေ့ရှိတဲ့ ချစ်သူနဲ့စကားပြော အဲ့ဒီ ၀တုတ်ကို တွေ့တာနဲ့ ပြေးဖတ်မိမယ်လို့ ချစ်သူကပြော အဲဒီ သေးသေးသွယ်သွယ်လေးကို ကိုရီးယားကားတွေထဲကအတိုင်း ကုန်းပိုးပေးမယ်လို့ ချွဲ ဆေးလိပ် ထသောက်တော့ ပိတုန်းလေးတကောင် ၀ဲနေတာတွေ့ရ အဲဒါနဲ့ အဲ့ဒီပိတုန်းလေးကို မတ်တပ်ရပ်ပြီး ကြိုဆို ပိတုန်းဖမ်းသမား ကဗျာကိုတင် အဲဒီလိုနဲ့ ဘာရယ်မသိ ငယ်သူငယ်ချင်းတွေကို သတိရမိ အဲဒီလိုနဲ့ ကြည်ဖြူကို ငယ်သူငယ်ချင်း အေးသန္တာလင်းနဲ့တူကြောင်း CB က တဆင့်ပြောမိ (ဆိုင် မဆိုင်တော့မသိ။ နည်းနည်းတူသလိုလိုရှိတာနဲ့ ပြောလိုက်မိ) အဲဒီလိုနဲ့ ငယ်သူငယ်ချင်းတွေကို သတိရမိ...

Read more »

ညိုထက် (လမ်းသစ်ဦး) ● ကွဲလွဲရင်း ပေါင်းစည်း

June 1, 2016
ညိုထက် (လမ်းသစ်ဦး) ● ကွဲလွဲရင်း ပေါင်းစည်း

ညိုထက် (လမ်းသစ်ဦး) ● ကွဲလွဲရင်း ပေါင်းစည်း (မိုးမခ) ဇွန် ၁၊ ၂၀၁၆ ကချောအထာနဲ့ ပြောရရင် နဖူး ခေတ္တဒဏ်ရာရနေတဲ့ ငနဲနဲ့ မောင်လွမ်းဏီတို့အိမ်မှာ တွေ့ခဲ့တယ်။ ကျနော်တို့တွေ့ကြတဲ့အချိန် ဒီငနဲနဖူးမှာ ခေတ္တဒဏ်ရာရှိနေသလို ကျနော့်လည်း တဖက်ကန်းနေတယ်။ ကဗျာဆိုတာ က၀ိပစ္စည်းလို့ပြောတော့ ကျနော်က ငတိလို့ ကျနော့်ကိုယ်ကျနော် သညာပြုဖူးတယ် နဖူး ခေတ္တဒဏ်ရာနဲ့ လူကတော့ ကဗျာဆရာ လူကြီးလူကောင်းမို့လို့ ငနဲလို့ သုံးနှုန်းလိုက်တာဖြစ်တယ်။ ကျနော်တို့ ၂ ယောက်ကြား ပွင့်သစ် (ကရိန်ကန်) က ရပ်ပြီး ကိုအောင်ဘညို သူက ညိုထက် ကဗျာရေးတယ်ပြောတော့ ကျနော်က သူ့ကိုကြည့်မိသလို သူက ကျနော့်ကို ကြည်မိကြတယ် ဟုတ်ကဲ့ တယောက်ကို တယောက်ကြည့်တဲ့အကြည့်တွေက ကျနော်တို့ကို...

Read more »

ညိုထက် (လမ်းသစ်ဦး) ● မေလ

May 25, 2016
ညိုထက် (လမ်းသစ်ဦး) ● မေလ

ညိုထက် (လမ်းသစ်ဦး) ● မေလ (မိုးမခ) မေ ၂၅၊ ၂၀၁၆ ကုက္ကိုလ်သားလို တထပ်တည်း လေးတော်တင်တယ် ကျနော့်မြားတံက မေလရဲ့ဗဟိုချက်ထဲ နစ်နစ်စူးစူး စိုက်ဝင်လျက် ကျနော် ၃ နှစ်သားအရွယ်နဲ့ ရေးကူးတယ်။ ရှေးရိုးအစဉ်အလာ အယူအဆစွဲတွေ စွန့်လေ အဲဒီလိုနဲ့ ကန့်လန်နီဖြစ်လာတယ်။ ကျနော် တယောက်တည်းမလာခဲ့ဘူး မေလမှာ နေလဟာ ညသားကောင်းကင်မှာ ခရမ်းနီ ခရမ်းပြာ အလင်းတွေဖြာလျက် ရယ်မောပျော်ရွှင်။ မြိုင်သာယာ ကမ်းယံမှာ နေလ နှစ်ဖြာ ကျနော်တို့ ဇာတ်ညွန်းကိုင်ပြီး မွေးဖွားလာတယ်။ ဂျက်ဆင်ထိပ်က လရိပ်ပြာ မြိုင်သာယာမှာ လင်းပတယ် တယောသံနွဲ့နွဲ့ ဘင်ဂျိုသံတွေက တောင့်မာသွယ်လျ။ ကျနော့်ဘ၀ထဲက ရွာကလေးတွေရဲ့အမည် မြိုင်သာယာ ကန်ချောင် ကလာဒ်ရပ် ထင်းကွင်း စကားလက်ရဲ့...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်