Posts Tagged ‘ တက္ကသိုလ်ရွှေရီဝင်း ’

တက္ကသိုလ်ရွှေရီဝင်း – ပင်ဒိုးရား၏ သေတ္တာ

December 14, 2015
တက္ကသိုလ်ရွှေရီဝင်း – ပင်ဒိုးရား၏ သေတ္တာ

  တက္ကသိုလ်ရွှေရီဝင်း – ပင်ဒိုးရား၏ သေတ္တာ (မိုးမခ) ဒီဇင်ဘာ ၁၄၊ ၂၀၁၅ အခုပြောမယ့်ပုံပြင်က ဂရိနိုင်ငံမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ရှိခဲ့တဲ့ ပုံပြင်ဖြစ်တယ်။             လွန်ခဲ့တဲ့နှစ်ပေါင်းထောင်ပေါင်းများစွာက ဂရိလူမျိုးတွေဟာ နတ်တွေကို ယုံကြည်ကြတယ်။ နတ်တွေဟာ တစ်ဦးချင်းစီမှာ ကိုယ်ပိုင် ပုံသဏ္ဍာန်တွေရှိကြပြီး အထူးခြားတဲ့တန်ခိုးတွေ ကိုယ်စီရှိကြတယ်။ အဲဒီနတ်တွေဟာ ကမ္ဘာပေါ်က ဖြစ်ပျက်တာတွေနဲ့ ဆက်နွယ်ကြတယ်လို့ ယုံကြည်တယ်။ သူတို့က မိုးတွေကိုရွာသွန်းစေပြီး သီးနှံတွေဖြစ်ထွန်းစေတယ်။ အဲဒီနတ်တွေကြောင့် မီးတောင်တွေပေါက်ကွဲတာ၊ ရေကြီးတာ၊ ငလျင်လှုပ်တာတွေဖြစ်တယ်လို့ ယုံကြည်တယ်။             ဂရိလူမျိုးတွေဟာ အဲဒီနတ်တွေနဲ့ ပတ်သက်ပြီး ဇာတ်လမ်းတွေအများကြီးပြောကြတယ်။ သူတို့က အဲဒီနတ်တွေဟာ အိုလမ်းပတ် တောင်ထိပ်မှာ နေကြတယ်လို့ပြောတယ်။ အဲဒီတောင်ထိပ်မှာနေကြတဲ့ နတ်တွေအကြောင်းတွေကိ ဂရိရိုးရာပုံပြင်တွေလို့...

Read more »

အနက်ရောင်ကျူးလစ်ပန်းနှင့် ညီအမလေးဖော် – တက္ကသိုလ်ရွှေရီဝင်း

April 25, 2015
အနက်ရောင်ကျူးလစ်ပန်းနှင့် ညီအမလေးဖော် – တက္ကသိုလ်ရွှေရီဝင်း

အနက်ရောင်ကျူးလစ်ပန်းနှင့် ညီအမလေးဖော် – တက္ကသိုလ်ရွှေရီဝင်း (မိုးမခစာအုပ်စင်) ဧပြီ ၂၅၊ ၂၀၁၅ စာအုပ်အမည် – အနက်ရောင်ကျူးလစ်ပန်းနှင့် ညီအမလေးဖော် ဘာသာပြန်သူ – တက္ကသိုလ်ရွှေရီဝင်း မူရင်းများ – Jumas’s Black Tulips, and Louis May Alcott’s Little Women ထုတ်ဝေသူ – ဒေါ်စန်းစန်းဝေ။ အမွှာညီနောင်စာပေ အမှတ် ၄၇၉/၄၈၁ လမ်း၃၀ နှင့် ဗိုလ်ဆွန်ပက်လမ်းကြား။ မဟာဗန္ဓုလ လမ်းမကြီး၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်။ စီစဉ်သူ – ကြည်နိုင် မျက်နှာဖုံး ပန်းချီ – အံ့ဘွယ်ဇင် တန်ဖိုး – ၂၅၀၀ကျပ်။ အုပ်ရေ – ၅၀၀ ဖြန့်ချီရေး –...

Read more »

တက္ကသိုလ်ရွှေရီဝင်း – ကျွန်တော် နဲ့ ကျွန်မ

March 19, 2015
တက္ကသိုလ်ရွှေရီဝင်း –  ကျွန်တော် နဲ့ ကျွန်မ

တက္ကသိုလ်ရွှေရီဝင်း –  ကျွန်တော် နဲ့ ကျွန်မ (အမှတ် ၁၈၁၊ ဧပြီ ၂၀၀၇ ထုတ် အတွေးအမြင်)၊ မတ် ၁၉၊ ၂၀၁၅ စာဖတ်သူတို့ မင်္ဂလာဧည့်ခံပွဲ ဖိတ်စာအမျိုးစုံကို တွေ့ဖူးကြမှာ ဖြစ်ပါတယ်။ သည်တစ်ခါ စာရေးသူတွေ့ရတဲ့ ဖိတ်စာလေးက တစ်မျိုး ထူးဆန်းနေပါတယ်။ ဖိတ်စာပုံစံ၊ အထားအသိုအားလုံး မြင်နေကျ ဖိတ်စာမျိုး မဟုတ်ပါ။ ပိုပြီးထူးခြားတာက နောက်ဘက်မှာ ရေးထားတဲ့ ‘ကျွန်တော်နဲ့ကျွန်မ’ ဆိုတဲ့ စာမျက်နှာလေးပါ။ (ဒီနေရာမှာတော့ ‘ကျွန်တော်’က သတိုးသား မင်းငြိမ်းချမ်းနဲ့ ‘ကျွန်မ’က သတိုးသမီး အေးသီတာဝင်းကို ရည်ရွယ်ထားတာပါ) အဲဒီမှာ ကျွန်တော်နဲ့ကျွန်မတို့ရဲ့ စိတ်နေသဘောထားလေးတွေ အကြိုက်လေးတွေကို ဖွဲထားပါတယ်။ စာဖတ်သူက ဒါကို စိတ်ကူကိုယ်တူလေးတွေရွေးပြီး ရေးထားတာလို့ ထင်ပါလိမ့်မယ်။ အဲဒီအတွက်...

Read more »

တက္ကသိုလ်ရွှေရီဝင်း – အမြီးမရှိတဲ့ မြေခွေး

December 13, 2014
တက္ကသိုလ်ရွှေရီဝင်း – အမြီးမရှိတဲ့ မြေခွေး

  တက္ကသိုလ်ရွှေရီဝင်း – အမြီးမရှိတဲ့ မြေခွေး (Academic Weekly vol 3 No 46)၊ ဒီဇင်ဘာ ၁၃၊ ၂၀၁၄ တခါတုန်းက မြေခွေးတစ်ကောင်ဟာ အစာရှာဖို့ထွက်လာခဲ့တယ်။ သူဟာ သစ်တောအုပ် တစ်ခုအတွင်းမှာရှိတဲ့ ကွင်းပြင်တစ်ခုထဲမှာ ဟိုဟိုဒီဒီလျှောက်ပြီး အစာရှာနေတယ်။ ဒါပေမယ့် အချိန်အတော်ကြာတဲ့အထိ အစာရှာလို့ မရဘူး ဖြစ်နေတယ်။ အဲဒီလို ဖြစ်နေတုန်း သစ်ပင်တစ်ပင်ရဲ့ အောက်မှာ ငှက်တစ်ကောင်ကို သွားတွေ့တယ်။ မြေခွေးဟာ ၀မ်းသာအားရနဲ့ ငှက်ကိုဖမ်းဖို့ ပြေးသွားတယ်။ အဲဒီလိုပြေးရင်းနဲ့ သူ့အမြီးဟာ ထောင်ချောက်တစ်ခုမှာ သွားပြီး မိတော့တယ်။ ဒီထောင်ချောက်ဟာ သားလိုက်မုဆိုးတွေက သားကောင်တွေကို ဖမ်းဖို့ ထောင်ချောက်ဆင် ထားတာ ဖြစ်တယ်။ ဒီထောင်ချောက်မှာ ခွေးသွားစိတ်ပုံ သံချောင်းတွေ...

Read more »

တက္ကသိုလ်ရွှေရီဝင်း ၏ “ကျွန်တော်နှင့်ညီမလေး လိုလာတို့၏ ဇာတ်လမ်းများ (၁) ၊ (၂)”

August 13, 2014
တက္ကသိုလ်ရွှေရီဝင်း ၏ “ကျွန်တော်နှင့်ညီမလေး လိုလာတို့၏ ဇာတ်လမ်းများ (၁) ၊ (၂)”

တက္ကသိုလ်ရွှေရီဝင်း ၏ “ကျွန်တော်နှင့်ညီမလေး လိုလာတို့၏ ဇာတ်လမ်းများ (၁) ၊ (၂)” ဂျူနီယာဝင်း၊ မိုးမခစာအုပ်စင်၊ သြဂုတ် ၁၃၊ ၂၀၁၄ စာအုပ်အမည် – ကျွန်တော်နှင့်ညီမလေး လိုလာ တို့၏ဇာတ်လမ်းများ (၁) ၊ (၂) နှစ်အုပ် မူရင်းစာအုပ် – Charlie and Lola & My Completely best Story Collection ဘာသာပြန်သူ – တက္ကသိုလ်ရွှေရီဝင်း အင်္ဂလိပ်မြန်မာ နှစ်ဘာသာ စိတ်ကူးချိုချို အနုပညာစာပေ ထုတ်ဝေသူ – ဦးစန်းဦး၊  ၉ (က) ၁၆၄ လမ်း တာမွေ ရန်ကုန် ဖုန်း ၅၄၆၈၄၅၊ ၅၄၂၉ ၇၃ ၂၀၁၄...

Read more »

တက္ကသိုလ်ရွှေရီဝင်း၏ မျက်လုံးစိမ်းနှင့် မိန်းခလေး ဘာသာပြန်ဝတ္ထုတိုများ

May 8, 2014
တက္ကသိုလ်ရွှေရီဝင်း၏ မျက်လုံးစိမ်းနှင့် မိန်းခလေး ဘာသာပြန်ဝတ္ထုတိုများ

တက္ကသိုလ်ရွှေရီဝင်း၏ မျက်လုံးစိမ်းနှင့် မိန်းခလေး ဘာသာပြန်ဝတ္ထုတိုများ မိုးမခစာအုပ်စင်၊ မေ ၈၊ ၂၀၁၄ စာအုပ်အမည် – မျက်လုံးစိမ်းနှင့်မိန်းခလေး နှင့် ဘာသာပြန်ဝတ္ထုတိုများ ဘာသာပြန်သူ – တက္ကသိုလ်ရွှေရီဝင်း မူရင်းအင်္ဂလိပ် – Jennifer Bassett ထုတ်ဝေသူ – ဦးသိန်းလွင် ။ လင်းလွန်းခင်စာပေ ပထမအကြိမ်။ ၂၀၁၄ မတ်လ။ အုပ်ရေ – ၅၀၀။ တန်ဖိုး – ၁၅၀၀ ကျပ် မျက်နှာဖုံး – Eagle စာမျက်နှာ – ၁၅၆ ခန့် ၀တ္ထု အရေအတွက် – ၇ ပုဒ် စာအုပ်ပုံစံ – အင်္ဂလိပ် မြန်မာ The Light of...

Read more »

ချစ်သူသက်ထား လူသတ်သမား၊ အဂ္ဂသာခရစ္စတီ၊ ဘာသာပြန် – တက္ကသိုလ်ရွှေရီဝင်း

April 5, 2014
ချစ်သူသက်ထား လူသတ်သမား၊ အဂ္ဂသာခရစ္စတီ၊ ဘာသာပြန် – တက္ကသိုလ်ရွှေရီဝင်း

ချစ်သူသက်ထား လူသတ်သမား၊ အဂ္ဂသာခရစ္စတီ၊ ဘာသာပြန် – တက္ကသိုလ်ရွှေရီဝင်း မိုးမခအီးဘုတ်၊ ဧပြီ ၅၊ ၂၀၁၄ စုံထောက်စာရေးဆရာမကြီး အဂ္ဂသာခရစ္စတီရဲ့ ဇာတ်ကောင် ဟာကြူလီပွိုင်ရို ၀တ္တုတပုဒ်ဖြစ်တဲ့ (Agatha Christie’s The Mysterious Affair At Styles) ကို တက္ကသိုလ်ရွှေရီဝင်းက ဘာသာပြန်ထားတဲ့ အီးဘုတ်ဖြစ်ပါတယ်။ ဒေါက်တာခင်မောင်ဝင်းကတော့ အဲဒီစာအုပ်ကို အောက်ပါအတိုင်း မိတ်ဆက်ထားပါတယ်။ အင်္ဂလိပ်စာဖတ်ပရိသတ်အတွက်ကတော့ အဂ္ဂသာခရစ္စတီကို အထူးမိတ်ဆက်စရာမလိုပါ။ (Agatha Christie’s The Mysterious Affair At Styles) ကို မြန်မာမှုပြုထားတော့ ‘ချစ်သူသက်ထား လူသတ်သမား’ ဆိုပြီး ဖြစ်သွားပါတယ်။ ရွှေရီဝင်းရဲ့ ပထမဦးဆုံး ဘာသာပြန်ကတော့ Agatha Christie’s Five Little Pigs...

Read more »

တက္ကသိုလ်ရွှေရီဝင်း – တက္ကသိုလ်စစ်စစ်

April 4, 2014
တက္ကသိုလ်ရွှေရီဝင်း – တက္ကသိုလ်စစ်စစ်

တက္ကသိုလ်စစ်စစ် တက္ကသိုလ်ရွှေရီဝင်း (အမှတ် ၁၉၂ ။၂၀၀၈ မတ်လ အတွေးအမြင်) ဧပြီ ၄၊ ၂၀၁၄ ၂၀၀၇ ခုနှစ် ကုန်ဆုံးဖို့အချိန် သိပ်မကျန်တော့တဲ့ အချိန်လေးမှာ စာရေးသူတို့ မိသားစုမှာ ၂၀၀၈ ကို ကြိုဆိုရင်း သင်္ချာဆရာကြီးရဲ့ မိခင် ကွယ်လွန်တဲ့ ဇန်န၀ါရီလ(၂)ရက်ကို နှစ်စဉ် သတိတရဖြစ်ခဲ့တာ ၉ နှစ်မြောက်တော့မှာ ဖြစ်ပါတော့မည်။ မေ့မေ့အထိမ်းအမှတ်အဖြစ်နဲ့ အိမ်နားက က္ကိုစ္ဆာရာမကျောင်းက ဆရာတော်ကို အိမ်ပင့်ပြီး ဆွမ်းကပ် ပရိတ်တရားတော်နာဖြစ်ခဲ့ပါတယ်။ ယနေ့နောက်ပိုင်းမှာတော့ ဘုန်းကြီးကျောင်းမှာပဲ ဆွမ်းကပ်ဖြစ်ပါတော့တယ်။ ဒီနှစ်မှာတော့ မေမေ့ အထိမ်းအမှတ်အဖြစ်နဲက အိမ်နားက က္ကိုစ္ဆာရာမကျောင်းက ဆရာတော်ကို အိမ်ပင့်ပြီးဆွမ်းကပ်ပရိတ်တရား တော်နာဖြစ်ခဲ့ပါတယ်။ မေမေဆုံးပြီးနောက်ပိုင်းမှာတော့ ဘုန်းကြီးကျောင်းမှာပဲ ဆွမ်းကပ်ဖြစ်ခဲ့ပါတယ်။ ဒီနှစ်မှာတော့ မေမေ့...

Read more »

ရုပ်ပြ အင်္ဂလိပ်မြန်မာ အဘိဓာန်၊ တက္ကသိုလ်ရွှေရီဝင်း၊ စိတ်ကူးချိုချို

March 21, 2014
ရုပ်ပြ အင်္ဂလိပ်မြန်မာ အဘိဓာန်၊ တက္ကသိုလ်ရွှေရီဝင်း၊ စိတ်ကူးချိုချို

ရုပ်ပြ အင်္ဂလိပ်မြန်မာ အဘိဓာန်၊ တက္ကသိုလ်ရွှေရီဝင်း၊ စိတ်ကူးချိုချို မိုးမခစာအုပ်စင်၊ မတ် ၂၁၊ ၂၀၁၄   စာအုပ်အမည် – ရုပ်ပြ အင်္ဂလိပ် မြန်မာအဘိဓာန် မူရင်းစာအုပ် – Picture Dictionary ဘာသာပြန်သူ – တက္ကသိုလ်ရွှေရီဝင်း စိတ်ကူးချိုချိုစာပေ ထုတ်ဝေသူ – ဦးစန်းဦး ၂၀၁၄ မတ်လ ပထမအကြိမ် အုပ်ရေ ၅၀၀ တန်ဖိုး ၃၀၀၀ ကျပ် စာအုပ်အရွယ်အစား ၁၃စင်တီ x ၂၀.၅ စင်တီ စာမျက်နှာ ၁၃၈ စာအုပ်အတွင်း -ဆေးရောင်စုံ             အင်္ဂလိပ်အက္ခရာ A B C D မှသည်  X Y Z     ...

Read more »

ဘွဲ့နှင်းသဘင်ရှေ့မှ မျိုးဆက်သုံးဆက်

February 11, 2014
ဘွဲ့နှင်းသဘင်ရှေ့မှ မျိုးဆက်သုံးဆက်

 ဘွဲ့နှင်းသဘင်ရှေ့မှ မျိုးဆက်သုံးဆက် တက္ကသိုလ်ရွှေရီဝင်း ။ အမှတ် ၁၁၉။  ဇွန် ဇူလိုင် သြဂုတ် ၁၉၉၆  “အချိန်နှင့်ဒီရေသည်လူကိုမစောင့်”ဆိုသောရှေးစကားသည်အလွန်မှန်လှပါသည်။အချိန်သည်ရပ်တန့်မနေပဲအစဉ်အမြဲပြောင်းလဲခဲ့ပါသည်။ ယခုစာရေးသူတို့မိသားစုတက်တက်ကြွကြွဖြင့်ပါဝင်ဆင်နွဲဖို့အားခဲနေသည့်သမီးဖြစ်သူဂျူနီယာဝင်း၏ သိပ္ပံဂုဏ်ထူးတန်းဘွဲ့ တက်ရောက်မည့်အခန်းအနားသည် ဟိုးယခင်သူ၏ အဘိုးအဘွားအဖေအမေနှင့် တဦးတည်းသောအမွှာအကိုမောင်ရစ်တို့ တက်ရောက်ခဲ့ပြီးသော အခန်းအနားပင်ဖြစ်ပါသည်။ ဟိုးတုန်းကလည်း ယခုလိုပင်တက်ကြွဂုဏ်ယူစွာဖြင့်တပျော်တပါးဆင်နွဲခဲ့သည်ကိုအမှတ်ရမိသညါ။ သားဖြစ်သူကအာအိုင်တီကျောင်းတော်မှ အောင်မြင်သူဖြစ်သဖြင့် တမူထူးခြားသော ဘွဲ့နှင်းသဘင်ကိုတက်ရသည်။ အဘယ်ကြောင့်ဆိုသော် သူစာသင်ခဲ့ရသောကျောင်းတော်မှာအ င်းစိန်ကြို့ကုန်းရှိစက်မူတက္ကသိုလ်ဖြစ်ပြီး သူတက်ရသည့်ဘွဲ့နှင်းသဘင်အခန်းအနားမှာ ရန်ကုန်တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမဖြစ်နေသည်။ ထို့ကြောင့်သူဘွဲ့ယူသောနေ့နှင့် အစမ်းလေ့ကျင့်သောနေ့တို့တွင် စက်မူတက္ကသိုလ်ရော၊ ဘွဲ့နှင်းသဘင်ခန်းမတို့တွင်ပါ နှစ်နေရာခွဲပြီး အမှတ်တရ ကျင်းပခဲ့ပါသည်။ စာရေးသူတို့ဇနီးမောင်နှံမှာ နှစ်ရက်ဒဏ်ကိုမခံနိုင်သဖြင့် တရက်ထဲကိုပင်နှစ်နေရာ လိုက်လံပြီးဆင်နွဲနိုင်ခဲ့ပါသည်။ စက်မူတက္ကသိုမှကျင်းပသော ဘွဲ့နှင်းသဘင်သို့ တက်ေ၇ာက်ဖူးသော မိဘတိုင်း တွေ့ကြုံခံစားရသောပွဲဖြစ်မည်ထင်ပါသည်။ ယခင်၂၅နှစ်ကကျင်းပသော ဘွဲ့နှင်းသဘင်နှင့် ယခုဘွဲ့နှင်းသဘင်အခန်းအနားတို့သည် မည်သည့်နည်းနှင့်မှ တူညီကြတော့မည်မဟုတ်ပါ။ ယခင်ကရှိခဲ့သော ဘွဲ့ယူကျောင်းသားအရေအတွက်နှင့်...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်