Posts Tagged ‘ တင်အေး ’

တင်အေး – ဘက် နဲ့ အကျိုးစီးပွား

June 3, 2017
တင်အေး – ဘက် နဲ့ အကျိုးစီးပွား

  တင်အေး – ဘက် နဲ့ အကျိုးစီးပွား (မိုးမခ) ဇွန် ၃၊ ၂၀၁၇ဆိုက်ကားပဲနင်းနင်း၊ အကြော်ပဲရောင်းရောင်း၊ လန်ခရူဇာပဲ စီးစီး၊ စင်္ကာပူပဲ ဆေးသွား ကုကု ချစ်တတ်၊ မုန်းတတ်တဲ့စိတ်၊ လိုလား မလိုလားတဲ့စိတ်ဆိုတာ ရှိကြတာချည်းပါပဲ။ အဲဒီ့ ချစ်ခြင်း၊ မုန်းခြင်း၊ လိုလားစိတ်၊ မလိုလားစိတ်တွေဟာ ဘယ်အပေါ်မှာ အခြေခံ ဖြစ်ပေါ်သလဲဆိုရင် … အမျိုးမျိုးအကြောင်းတွေ ရှိပါလိမ့်မယ်။ လူတိုင်းဟာ နိုင်ငံတနိုင်ငံမှာ နိုင်ငံသားအဖြစ် နေထိုင်ကြတာချည်းပဲမဟုတ်လား။ နိုင်ငံတနိုင်ငံမှာ နိုင်ငံ သားအဖြစ် နေထိုင်ခြင်းဆိုတာ တကယ်တော့ နိုင်ငံရေးဘဝထဲမှာ နေထိုင်တာလို့ ပြောနိုင်ပါတယ်။ နိုင်ငံရေးဘဝထဲမှာ နေထိုင်တဲ့အတွက် ကိုယ်နေထိုင်ရာနိုင်ငံရဲ့ အကောင်းအဆိုး၊ အကြောင်းအကျိုးတွေဟာလည်း ကိုယ်စီရဲ့ဘဝကို ရိုက်ခတ်ပါတယ်။ အဲဒီ့ရိုက်ခတ်မှုတွေလိုက်လို့ရော၊ ရိုက်ခတ်မှုအပေါ် ကိုယ့်ရဲ့တုံ့ပြန်မှုတွေလိုက်လို့ရော...

Read more »

တင်အေး ● နိုင်ငံရေးနဲ့ ဘက်

May 24, 2017
တင်အေး ● နိုင်ငံရေးနဲ့ ဘက်

တင်အေး ● နိုင်ငံရေးနဲ့ ဘက် (မိုးမခ) မေ ၂၄၊ ၂၀၁၇ မတူတဲ့အလုပ်အမျိုးအစားတွေကိုလိုက်လို့ အလုပ်သဘာဝတွေ အမျိုးမျိုးရှိပါတယ်။ ဆရာဝန်၊ ရှေ့နေ၊ အင်ဂျင်နီယာ၊ စက်ရုံအလုပ်သမား၊ လယ်သမား၊ ကုမ္ပဏီဝန်ထမ်း၊ စာရေးဆရာ၊ အားကစားသမား၊ စစ်သား အစရှိလို့ မတူတဲ့ အလုပ် တွေနဲ့အညီ အဲဒီ့အလုပ်တွေကပေးတဲ့ လုပ်ရကိုင်ရစဉ်းစားရတဲ့ သဘောသဘာဝတွေကလည်း မတူကြပါဘူး။ အလုပ်တခုမှာ ကာလရှည်ကြာလုပ်လာမယ်၊ ဘဝတခုလုံး မြှုပ်နှံလုပ်လာမယ်ဆိုရင် လူပုဂ္ဂိုလ်ရဲ့စရိုက်သဘာဝနဲ့ စဉ်းစားတွေးခေါ်ပုံမှာပါ အဲဒီ့အလုပ်သဘာဝက ပြဋ္ဌာန်းပေးလိုက်တဲ့သဘောသဘာဝတွေ ထင်ဟပ်လာပါတယ်။ ● သတင်းမီဒီယာသမားနဲ့ သူ့အလုပ်သဘာဝ အမှန်တရားဘက်ကပဲ လိုက်တယ်ဆိုတဲ့အသံကို အများဆုံးကြားဖူးတာက သတင်းမီဒီယာသမားတွေဆီကပါ။ သတင်းမီဒီ ယာသမားတွေ ပြောတာက ဒီလိုပါ။ သတင်းသမားဆိုတာ ဘယ်ဘက်မှမလိုက်ဘူး၊ မှန်တာကို မှန်တဲ့အတိုင်းပဲ ရေးတယ်၊ တင်ပြတယ်…တဲ့။...

Read more »

တင်အေး ● ဗကသများအဖွဲ့ချုပ်နဲ့ နိုင်ငံ့အရေး

July 17, 2016
တင်အေး ● ဗကသများအဖွဲ့ချုပ်နဲ့ နိုင်ငံ့အရေး

တင်အေး ● ဗကသများအဖွဲ့ချုပ်နဲ့ နိုင်ငံ့အရေး (မိုးမခ) ဇူလိုင် ၁၇၊ ၂၀၁၆ ပြတိုက်ထဲမှာတောင် ထည့်သိမ်းမထားသင့်တဲ့ အယူအဆတခု ရှိပါတယ်။ “ကျောင်းသားဆိုတာ ကျောင်းသားအရေးပဲ လုပ် ရမယ်” ဆိုတဲ့အယူအဆ။ ကျောင်းသားဟာ ကျောင်းသားအရေးပဲ လုပ်ရမလား၊ ကျောင်းသားအရေးမကတဲ့ အရေးအရာတွေရော မလုပ်ရဘူးလားဆို တာ….ဘယ်လိုဆုံးဖြတ်မလဲ၊ ဘယ်သူဆုံးဖြတ်မလဲ။ တကယ်တော့ ဘယ်လိုမှဆုံးဖြတ်စရာ မလိုပါဘူး။ ဘယ်သူမှ ဆုံးဖြတ် စရာမလိုပါဘူး။ ကျောင်းသားဆိုတာ ကျောင်းသားအရေးအပြင် ပြည်သူလူထုအရေးလုပ်ရမလား၊ မလုပ်ရဘူးလား၊ နိုင်ငံ့အရေးမှာ ပါဝင်ရ မလား၊ မပါဝင်ရဘူးလားဆိုတာ ကျောင်းသားတွေရဲ့လက်တွေ့ဘဝ၊ ဗမာပြည်သူတွေရဲ့လက်တွေ့ဘဝကသာ ဆုံးဖြတ်ပါ တယ်။ သမိုင်းထဲက “အရေး” တွေ ….. ဗမာပြည်ကျောင်းသားလှုပ်ရှားမှုသမိုင်းကိုပြန်ကြည့်ရင် ပထမဆုံးကျောင်းသားလှုပ်ရှားမှုအဖြစ် ၁၉၀၃ ခုနှစ်မှာ ကိုလိုနီအစိုး ရက ပညာရေးနယ်ပယ်မှာထုတ်ပြန်ခဲ့တဲ့...

Read more »

တင်အေး – ဗကသများအဖွဲ့ချုပ်ရဲ့ သမိုင်းတန်ဖိုး

June 19, 2016
တင်အေး – ဗကသများအဖွဲ့ချုပ်ရဲ့ သမိုင်းတန်ဖိုး

  တင်အေး – ဗကသများအဖွဲ့ချုပ်ရဲ့ သမိုင်းတန်ဖိုး (မိုးမခ) ဇွန် ၁၉ ၊ ၂၀၁၆ ဘာကိုဖြစ်ဖြစ်၊ ဘယ်သူ့ကိုဖြစ်ဖြစ် … တန်ဖိုးမသိရင် ဘယ်တန်ဖိုးထားတတ်ပါ့မလဲ၊ စောင့်ရှောက်ရကောင်း မှန်း ဘယ်သိနိုင်ပါ့မလဲ။ ဒါပေမယ့် … တန်ဖိုးသိသင့်တာကို မသိရင်တော့ မသိသူကိုယ်တိုင် တန်ဖိုးမရှိသူ ဖြစ်တော့မယ်။ သမိုင်းတန်ဖိုး သမိုင်းတန်ဖိုးကို ဘာနဲ့တိုင်းမလဲ။ လူ့အဖွဲ့အစည်းကောင်းရာကောင်းကျိုးဖြစ်မှုပေတံနဲ့ပဲ တိုင်းတာရမှာပါ။ နိုင်ငံတနိုင်ငံရဲ့အကျိုး၊ ပြည်သူ လူထုရဲ့အကျိုးကို ထမ်းဆောင်ခဲ့တဲ့ မှတ်တမ်းမှတ်ရာတွေဟာ သမိုင်းတန်ဖိုးတွေပါပဲ။ ပြည်သူလူထုအကျိုး စွမ်းဆောင် ခဲ့ရင် စွမ်းဆောင်ခဲ့သလောက် သမိုင်းတန်ဖိုး ကြီးမားပါတယ်။ အလေးအမြတ်ထားရပါတယ်။ ထိန်းသိမ်းရပါတယ်။ ဗကသများအဖွဲ့ချုပ်ရဲ့ သမိုင်းတန်ဖိုး ဗမာပြည်လူ့အဖွဲ့အစည်းမှာတင်ရှိနေတဲ့ ဗကသများအဖွဲ့ချုပ်ရဲ့ သမိုင်းတန်ဖိုးကို ဖေါ်ပြရရင် ဥပမာနိုင်းပြစရာ ပမဏာမရှိပါဘူး။ ဗကသများအဖွဲ့ချုပ်ရဲ့ သမိုင်းတန်ဖိုးကို...

Read more »

တင်အေး – ၂၀၁၅ ရွေးကောက်ပွဲ၊ ပြည်သူနဲ့ ဒီမိုကရေစီဘက်တော်သားများ

November 6, 2015
တင်အေး – ၂၀၁၅ ရွေးကောက်ပွဲ၊ ပြည်သူနဲ့ ဒီမိုကရေစီဘက်တော်သားများ

တင်အေး – ၂၀၁၅ ရွေးကောက်ပွဲ၊ ပြည်သူနဲ့ ဒီမိုကရေစီဘက်တော်သားများ (မိုးမခ) နိုဝင်ဘာ ၆၊ ၂၀၁၅ ပြည်သူက သမိုင်းကို ရေးတယ်ဆိုရင် … ပြည်သူကို ဗဟိုပြုမယ်ဆိုရင် … ပြည်သူကို အလုပ်အကျွေးပြုမယ်ဆိုရင် … ပြည်သူ့ဆီကလာတဲ့အကြောင်းအချက်တွေနဲ့ ပြည်သူ့ထံ ပြန်သွားရ၊ ပြည်သူကို အလုပ်အကျွေးပြုရ၊ ပြည်သူ့အကျိုး ဆောင်တဲ့အလုပ်ကို လုပ်ကြရပါတယ်။ တာဝန်သိနိုင်ငံရေးသမားတွေဟာ ပြည်သူ့ထံကလာပြီး ပြည်သူ့ထံ ပြန်သွားတဲ့အလုပ် ကို လုပ်ကြပါတယ်။ ဒီနေ့ လတ်တလောဖြစ်ပေါ်နေတဲ့ ဗမာပြည်အခြေအနေကိုကြည့်ရင် ပြည်သူလူထုတရပ်လုံးဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအောက်ကလုပ်မယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အုံနဲ့ကျင်းနဲ့ မဲပေးကြဖို့ စိုင်းပြင်းနေကြပြီဆိုတာ သိသာမြင်သာ နေတဲ့ အခြေအနေ တခုပါ။ နိုင်ငံရပ်ခြားရောက် မြန်မာပြည်သူတွေဆိုရင် အခုရက်ပိုင်းကတည်းက ကြိုတင်မဲတွေ...

Read more »

တင်အေး – ဒီမိုကရေစီရေးလှုပ်ရှားမှုနဲ့ ရွေးကောက်ပွဲနည်း၊ လွှတ်တော်နည်း

November 3, 2015
တင်အေး – ဒီမိုကရေစီရေးလှုပ်ရှားမှုနဲ့ ရွေးကောက်ပွဲနည်း၊ လွှတ်တော်နည်း

တင်အေး – ဒီမိုကရေစီရေးလှုပ်ရှားမှုနဲ့ ရွေးကောက်ပွဲနည်း၊ လွှတ်တော်နည်း (မိုးမခ) နိုဝင်ဘာ ၃၊ ၂၀၁၅ နိုင်ငံရေးလုပ်ငန်းလုပ်တယ်ဆိုတာ နည်းပရိယာယ်ကြွယ်ကြွယ်နဲ့ တိုက်ပွဲသဏ္ဌာန်ပေါင်းစုံ ပေါင်းစပ်လုပ်ရမယ်ဆိုတဲ့ အယူ အဆရှိပါတယ်။ ဒါဟာ ဒီနေ့အထိလည်း မှန်ကန်နေဆဲ အယူအဆတခုပါ။ ဗမာ့လူ့အဖွဲ့အစည်းမှာ စစ်အာဏာရှင်စနစ် ကင်းစင်ပပျောက်ရေးနဲ့  ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ထူထောင်နိုင်ရေးအတွက် ရှိနေတဲ့အခြေအနေတိုင်းမှာ အဲဒီ့အခြေအနေနဲ့ ကိုက်ညီတဲ့ နည်းပရိယာယ်ကြွယ်ကြွယ်၊ တိုက်ပွဲသဏ္ဌာန်ပေါင်းစုံ ပေါင်းစပ်နိုင်ရေးလုပ်ကြပါတယ်။ ဒါဟာ ဒီနေ့ ဒီမိုကရေစီနိုင်ငံရေး လှုပ်ရှားမှုအတွက်လည်း အငြင်းထွက်စရာ အယူအဆ မဟုတ်ပါဘူး။ ● သမိုင်းထဲက နည်းပရိယာယ်ကြွယ်ကြွယ်၊ တိုက်ပွဲသဏ္ဌာန်ပါင်းစုံ အင်္ဂလိပ်ကျွန်ပြုမှုကို တွန်းလှန်တိုက်ခိုက်ခဲ့ရတာ အောက်ဗမာပြည်ကို အင်္ဂလိပ်တွေ စသိမ်းခံရကတည်းကတွက်ရင် ရာစုနှစ် နဲ့ချီ ကြာခဲ့တာပါ။ ဗမာပြည်သူတွေဟာ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့ကို ဘယ်လိုဆန့်ကျင်ပြီး အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ ဆင်နွှဲခဲ့ကြပါသလဲ။...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်