Posts Tagged ‘ တည်ဘွားဦး ’

တည်ဘွားဦး ● ပုန်ရှောင်လေခြင်း

July 12, 2017
တည်ဘွားဦး ● ပုန်ရှောင်လေခြင်း

တည်ဘွားဦး ● ပုန်ရှောင်လေခြင်း (မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၇ သံလမ်းဇလီဖားတုံးတွေအောက်မှာ မြို့ပြပိုစတာစတိုင်လှလှတွေထဲမှာ လူယဉ်ကျေးတို့နေထိုင်ရာ အရက်ဆိုင်ထဲမှာ ဆယ်ဘီးကားတွေရဲ့အောက်မှာ ကြပ်သိပ်နေတဲ့ဘီယာဆိုင်ခုံကြားတွေထဲမှာ မလှပ်ခတ်သောစိန်ပန်းပွင့်နီနီရဲရဲတွေရဲ့အတွင်းထဲမှာ တခုခု အသေအခြာရှိနေပါလိမ့်မယ် ။ ။ တည်ဘွားဦး Tags: တည်ဘွားဦး

Read more »

တည်ဘွားဦး ● သမီးကို ပုံပြင်ပြောပြီးနောက်

January 1, 2017
တည်ဘွားဦး ● သမီးကို ပုံပြင်ပြောပြီးနောက်

တည်ဘွားဦး ● သမီးကို ပုံပြင်ပြောပြီးနောက် (မိုးမခ) ဇန်နဝါရီ ၁၊ ၂၀၁၆ အဲဒီ ကျားကြီးက တောထဲ ဝင်သွားတယ် ဆိုပါတော့ ကျားကြီး တောထဲဝင်သွားမှ ဘာဖြစ်လို့ သစ်တွေဝါးတွေ မျိုတုန်းကုန်ရတာတုန်းတဲ့။ ဒါဆို ကန်းချင်ယောင်ဆောင်ပြီး တောထဲဝင်သွားတဲ့ဆင်ကြီးကျတော့ ဘာဖြစ်လို့ စိန် ရွှေ ရတနာတွေနဲ့ တွေ့ရတာတုန်းတဲ့။ သမီးလေးက မေးလာပါတယ် သမီးရယ် ပုံပြင်က ပြီးသွားပြီလေ အိပ်တော့နော် သမီးချစ်တဲ့ ယုန်ကလေးကို ဖေဖေယုံကြည်တယ် အိပ်တော့ အိပ်တော့ အပြင်မှာ တောခွေးတွေ လာတော့မယ် ။ ။ တည်ဘွားဦး ၃၁ ၁၂ ၁၆ ၉: ၁၂ (pm)   Tags: တည်ဘွားဦး

Read more »

တည်ဘွားဦး ● ကလေးတယောက်ရဲ့ စစ်မြေပြင်သို့ ပြန်စာပေးပို့ခြင်း

October 29, 2016
တည်ဘွားဦး ● ကလေးတယောက်ရဲ့ စစ်မြေပြင်သို့ ပြန်စာပေးပို့ခြင်း

 တည်ဘွားဦး ● ကလေးတယောက်ရဲ့ စစ်မြေပြင်သို့ ပြန်စာပေးပို့ခြင်း (မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၁၆ မမီတော့တဲ့ ရထားကြီးကို ငေးပြီး လွမ်းမနေနဲ့တော့ အားလုံးရဖို့ စိတ်ကူးထားတယ်ဆိုရင် နိဗ္ဗာန်နဲ့ လွဲနေဦးမယ် သားသားမှာ လက်တွေလည်း မရှိတော့ သားသားမှာ ခြေထောက်တွေလည်း မရှိတော့ မမီတော့တဲ့ ရထားကြီးကို ငေးမိတာပေါ့ အဘိုးကပြောတော့ ခြေကောင်းလက်ကောင်းလေးမွေးလာခဲ့လို့ ဝမ်းသာတယ်ဟေ့ ဆို တော်ပါပြီ သိပ်စိတ်ညစ်စရာတွေ မတွေးတာဘဲ ကောင်းပါတယ် ကျန်ရှိနေသေးတဲ့ သားသားရဲ့ ခန္ဓာကိုယ်ဟာ ကျန်ရှိနေသေးတဲ့ သားသားရဲ့နိုင်ငံတော်ကြီးပါ ဒီစာကိုတော့ စစ်မြေပြင်မှာရှိနေတဲ့ စစ်သားကြီးတွေဆီကို ရောက်အောင်ပို့ပေးပါခင်ဗျား အားလုံးကိုလေးစားပါတယ် သားသားဖိုးထူး တည်ဘွားဦး Tags: တည်ဘွားဦး

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်