Posts Tagged ‘ တိုးနှောင်မိုး ’

တိုးနှောင်မိုး – နှင်းဆီအတွေးအခေါ်

November 9, 2016
တိုးနှောင်မိုး – နှင်းဆီအတွေးအခေါ်

တိုးနှောင်မိုး – နှင်းဆီအတွေးအခေါ် (မိုးမခ) နိုဝင်ဘာ ၉၊ ၂၀၁၆ ခွေးဟောင်တိုင်းခြေထဆေးနေမိမှတော့ ပင်လယ်မှာပျားတွေစွဲနေတယ် သပြေသီးဟာဂီတလို့ သံသာသာရှိတိုင်း ကြွက်သေတခုအရင်းပြုဖို့  ကဗျာမှာ လိုလား တောင်းတမှုတိုင်းအဖြေမထွက်ဘူး မေးခွန်းက တတက်စားလည်းကြက်သွန် နှစ်တက်စားလည်း ကြက်သွန် မိုးပေါ်ထောင် မပစ်မှန်းတော့ သိတာပေါ့ အသံကြောင့် ဖားသေခဲ့တယ် ဉာဏ်ကြောင့် သေမလား ကြေမလား ကံကြောင့်ကြေမလား သေမလား ဖော်မလင်နံ့ထွက်နေတဲ့ စူပါမားကက်ထဲက ရောင်စုံလေးတွေ လွှင့်စင်ကျလာတိုင်း ခွေးတွေက မကောင်းဆိုးဝါးမြင်သလို တပြိုင်နက် ထအူပါတယ် အရှိန်နဲ့ပြေးနေတဲ့ကားတစင်း လေးဘီးစလုံး ဘရိတ်ထိုးအုပ်လိုက်သလို သိုသိုသိပ်သိပ်ပျားရည်တွေ နိုင်ငံတော်စာရိတ်ထဲ စီးသွား မူးလိုက်တာ ဘယ်သူချက်တဲ့အရက်လည်း တရေးနိုးသော်အကြံပေါ်တိုင်း ထလုပ်မရတဲနိုင်ငံရေး ငယ်ဖြူ တောထွက် အငြင်းအခုံများက လူမှုပတ်ဝန်းကျင်ထိ ဆေးဆိုး စလောင်းကပူ...

Read more »

တိုးနှောင်မိုး – ဟော့ပေါ့

October 13, 2016
တိုးနှောင်မိုး – ဟော့ပေါ့

တိုးနှောင်မိုး – ဟော့ပေါ့ (မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၆ ငါ စားနေတယ် ငါ ဟော့ပေါ့စားနေတယ် ငါ့ အသားတွေကို လှီးလှီးထည့်ပြီး ငါ ဟော့ပေါ့စားနေတယ် မီးပူပူပေါ်ကအိုးထဲမှာ ကျက်သွားတဲ့ ငါ့အသားတွေကို ငါကိုယ်တိုင်မြည်းစမ်းပြီးစားနေတယ် ကမ္ဘာက စစ်မီးတွေနဲ့ လောင်နေပြီ ငါကဟော့ပေါ့စားနေတယ် တယောထိုးနေတဲ့နီရိုးဘုရင်ကြီးလည်း ငါနဲ့အတူ သူ့ အသားသူလှီးပြီး ဟော့ပေါ့စားနေတယ် ငါသိလိုက်တာတခုပဲ လူတွေဟာဟော့ပေါ့အိုးထဲကိုခုန်ချပြီး သူတို့ အသားသူတို့ စားစားနေကြတယ် ဟော့ပေါလုပ်စားနေကြတယ်။ ။ Tags: တိုးနှောင်မိုး Related posts တိုးနှောင်မိုး – နှင်းဆီအတွေးအခေါ် (0) တိုးနှောင်မိုး – မမြင်ရတဲ့တိတ်ဆိတ်ခြင်း (0)

Read more »

တိုးနှောင်မိုး – မမြင်ရတဲ့တိတ်ဆိတ်ခြင်း

August 30, 2016
တိုးနှောင်မိုး  – မမြင်ရတဲ့တိတ်ဆိတ်ခြင်း

  တိုးနှောင်မိုး  – မမြင်ရတဲ့တိတ်ဆိတ်ခြင်း (မိုးမခ) သြဂုတ် ၃၀၊ ၂၀၁၆ ကိုယ့်ပါဝါနဲ့ ကိုယ်တော့ ဟုတ်နေတာပဲ သူများမျက်မှန် ကောက်တပ်မှ အကန်းမှန်း သိရတယ် လူ့ ဘဝဆိုတာ ဒီလိုကြီးလား။ အလှည့်ကျ လူသားဆန်ဆန် ရက်စက်ဖို့  အလှည့်ကျ လူသားဆန်ဆန် ဖိနှိတ်ခံရဖို့  သက်ရှိဟာ သက်မဲ့ဟာ ငွေနဲ့ပဲ အရာရာကို သွေးသွင်းခံ ခဲ့ရပါတယ်။ ။ Tags: တိုးနှောင်မိုး Related posts တိုးနှောင်မိုး – နှင်းဆီအတွေးအခေါ် (0) တိုးနှောင်မိုး – ဟော့ပေါ့ (0)

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်