Posts Tagged ‘ တိုးအောင်တက် ’

တိုးအောင်တက် ● နိုင်ငံရေးအပေါင်းလက္ခဏာ (မိုးမခ) မေ ၉၊ ၂၀၁၆

May 9, 2016
တိုးအောင်တက် ● နိုင်ငံရေးအပေါင်းလက္ခဏာ (မိုးမခ) မေ ၉၊ ၂၀၁၆

တိုးအောင်တက် ● နိုင်ငံရေးအပေါင်းလက္ခဏာ (မိုးမခ) မေ ၉၊ ၂၀၁၆ ဒီမိုကရေစီဘိုးအေ အမေရိကန်နိုင်ငံမှာ လာမယ့်ရွေးကောက်ပွဲအတွက် အသံတွေဆူညံလျက်ရှိတယ်။ အများစုက အမေရိ ကန်ဟာ လူတွေရဲ့မကျေနပ်မှုကနေ အနုတ်လက္ခဏာဆောင်တဲ့နိုင်ငံရေးမျိုးပေါ်ထွန်းလာဖို့ အားသန်နေတယ်လို့ လေ့လာ သုံးသပ်ကြတယ်။ အမေရိကန်အကြောင်း အလျဉ်းသင့်မှ ဆက်ပြောရအောင်။ ကိုယ့်ပြည်တွင်းမှာဖြစ်ပေါ်နေတာကော အပေါင်းလက္ခဏာ အ သွင်ဆောင်ရဲ့လား သုံးသပ်ကြည့်ရအောင်။ အခုလတ်တလော ပြည်သူကြားမှာ သိသိသာသာအရောင်မျိုးစုံထွန်းကားလာတယ်။ မီးပျက်လွန်းလို့ သကြန်ပြီး သီတင်းကျွတ်တန်းရောက်သွားတယ်လို့ ကာတွန်းရေးတဲ့အတိုင်း နိုင်ငံရေးအခြေအနေ ဟာလည်း အသစ်တက်လာတဲ့အစိုးရကို သင်္ကြန်ရေနဲ့ ပက်ဖြန်းကြိုဆိုရာကနေ အခုတလော သီတင်းကျွတ်ရောင်စုံမီးတွေ နေရာအနှံ့ထွန်း ကြိုစပြုလာတယ်။ ပြည်တွင်းစစ်မှသည် ဘာသာရေးအလယ်၊ မီးမရတဲ့ပြဿနာအဆုံး၊ ပြဿနာဆိုတာ ကတော့ အစိုးရတိုင်းနပန်းလုံးရမယ့် တာဝန်ပါ။ ပြည်သူ့အစိုးရမို့ ဘာလုပ်လုပ်ကောင်းတယ်လို့မြင်ရင် ပြည်သူအစစ်မဟုတ်ပါ။ သဘော်ပျက်ကြီး...

Read more »

တိုး​အောင်​တက်​ – NLD အစိုးရ ဖွဲ့ပြီး​နောက်

November 13, 2015
တိုး​အောင်​တက်​ – NLD အစိုးရ ဖွဲ့ပြီး​နောက်

Photo – Yan Naung (Bo Ta Htaung) တိုး​အောင်​တက်​ – NLD အစိုးရ ဖွဲ့ပြီး​နောက်​ (မိုးမခ) နိုဝင်ဘာ ၁၀၊ ၂၀၁၅    နိုဝင်ဘာ ၈ရက်ည အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ဌာနချုပ်ရှေ့ မှာ ထောင်ထားသော ကြီးမားသော ကွန်ပျုတာဖန်သားပြင်ရှေ့မှာ ထောင်ပေါင်းများစွာသော ဒေါ်အောင်ဆန်းစုကြည် ထောက်ခံသူတို့ ရွေးကောက်ပွဲ ရလဒ်ကို စောင့်မျှော်အောင်ပွဲခံလျက်ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ နေပြည်တော်က ကြီးမားတဲ့ဥယျာဉ် ခြံဝင်းထဲကအိမ်ဂေဟာတစ်ခုမှာ လူနည်းစုတစ်ကလည်း တိတ်တိတ်လေးကြိတ် အောင်ပွဲခံလျက်ရှိပါတယ်။သူတို့တွေကတော့ စစ်အာဏာရှင်အုပ်စုဟောင်းနဲ့ လက်ရှိ မကြာခင်ဆင်းပေးရတော့မယ့်အစိုးရအဖွဲ့က ထိပ်ပိုင်းလူကြီးတွေပဲဖြစ်ပါတယ်။  သူတို့တွေ ချမှတ်ရေးဆွဲထားသော စည်းကမ်းပြည့်ဝသောဒီမိုကရေစီတည်ဆောက်ရေးလမ်းကြောင်း အောင်မြင်ကြောင်း၊ နောက်တစ်ဆင့်ခြေလှမ်းအဖြစ် ကမ္ဘာကိုပြသခွင့်ရလို့ပဲဖြစ်ပါတယ်။    ထိုညကမြန်မာ့လေပိုင်နက်ဝေဟင်မှာ အသွားအပြန်လမ်း ပိတ်ကြပ်လျက် ရှိနေပါတယ်။ လေယာဉ်တွေမဟုတ်ဘဲ ဆိုရှယ်မီဒီယာတွေက...

Read more »

တိုးအောင်တက် – ကြံ့ဖွံ့ပါတီနဲ့ စစ်တပ်ရဲ့ Plan A, B, C

September 2, 2015
တိုးအောင်တက် – ကြံ့ဖွံ့ပါတီနဲ့ စစ်တပ်ရဲ့ Plan A, B, C

(၂၀၁၀ တုန်းက ဘီရုမာ ဆွဲခဲ့တဲ့ ကာတွန်း) တိုးအောင်တက် – ကြံ့ဖွံ့ပါတီနဲ့ စစ်တပ်ရဲ့ Plan A, B, C (မိုးမခ) စက်တင်ဘာ ၂၊ ၂၀၁၅ ဒေါ်အောင်ဆန်းစုကြည်ရဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ လာမယ့်ရွေးကောက်ပွဲမှာ သောင်ပြို ကမ်းပြိုအနိုင်ရဖို့ ကြိုးစားနေပါတယ်။ အနိုင်ရဖို့လည်း ရှိနေတယ်။  ဒေါ်စုသမ္မတ မဖြစ်နိုင်အောင်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်မှာ ကျင်းပတဲ့ ဒီရွေးကောက်ပွဲ၊ ပါတီတစ်ခုက ရာနှုန်းပြည့်အနိုင်ရရင်တောင် အခြေခံပဒေပြင်ဖို့ တပ်ရဲ့ထောက်ခံမှုမပါပဲ ၇၅ရာခိုင်နှုန်းကျော်ရန် မဖြစ်နိုင်တဲ့အခြေအနေ။ ဒီလိုအနေအထားမှာ ဒေါ်စုဟာ ရွေးကောက်ပွဲအပေါ်လုံးဝဦးတည်ချက်ထားပြီး သွားနေတာ သူမမှာအကြံအစည်ကောင်းတွေရှိလို့လား ဒါမှမဟုတ် လုပ်စရာ ဒီတစ်ခုတည်းရှိလို့ အာရုံစိုက်လုပ်နေရတာလား။  ရှေးဦးစွာ ရွေးကောက်ပွဲကို ပြည်သူ၊ အစိုးရ နဲ့ အတိုက်အခံများက ဘယ်လို အဓိပ္ပါယ်နဲ့မြင်ကြသလဲကို လေ့လာကြည့်ဖို့လိုပါတယ်...

Read more »

တိုးအောင်တက် – ရွှေမန်းနှင့် နိုင်ငံရေး သီအိုရီ

August 16, 2015
တိုးအောင်တက် – ရွှေမန်းနှင့် နိုင်ငံရေး သီအိုရီ

 တိုးအောင်တက် – ရွှေမန်းနှင့် နိုင်ငံရေး သီအိုရီ (မိုးမခ) သြဂတ်စ် ၁၆၊ ၂၀၁၅ သူရဦးရွှေမန်း ကြံ့ဖွံ့ပါတီမှအထုတ်ခံရတဲ့သတင်းနဲ့ပတ်သတ်ပြီး ဝေဖန်သံတွေ ထင်ကြေးတွေ ဆူညံနေပြီပေါ့။ နိုင်ငံတကာက စောင့်ကြည့်နေတဲ့သူတွေကလည်း မြန်မာပြည် နောက်ပြန်လှည့်ပြီလား ပြည်တွင်းလူထုကလည်း ရွေးကောက်ပွဲတရားမျှတပါဦးတော့မလား၊ မီဒီယာတွေမှာလည်း အာဏာရပါတီကြီးရဲ့ထိပ်တန်းခေါင်းဆောင်ဖြစ်တဲ့ ပူးပေါင်းဆောင်ရွက်လိုသော ဦး ရွှေမန်းလိုလူမျိုးနဲ့ တခြားလူထုဘက်ကိုဆောင်ရွက်ပေးလိုတဲ့သူတွေကို ဖယ်ရှားခြင်းဟာ ပြုပြင်ပြောင်းလဲရေးမှာ အနုတ် လဏ္ခာဆောင်တယ်။ မြန်မာတပြည်လုံးရေကြီးခဲ့သလိုဘဲ နိုင်ငံရေးမှာလည်း စိုးရိမ်ရေမှတ်ရောက်နေပြီလို့ ပြောကုန်ကြပြီ။ ဖြစ်နိုင်ချေရှိတဲ့သီအိုရီ (၂) မျိုးကို တင်ပြပါမယ်။ မြန်မာပြည်ဟာ ၂၀၁၀ နောက်ပိုင်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးကိုစတင်လာပြီးနောက် သူရဦးရွှေမန်းက ထူးခြားသူတဦး လို့ ဆိုရမှာပါ။ ဦးသိန်းစိန်သမ္မတဖြစ်လာပြီးနောက် ဦးရွှေမန်းက ဒုတိယသမ္မတနေရာယူမယ်လို့ သတင်းထွက်လာခဲ့သော်လည်း သူဟာ အစိုးရအဖွဲ့ထဲ မပါဝင်ခဲ့ဘဲ ပါတီယာယီဥက္ကဌအဖြစ်နဲ့...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်