Posts Tagged ‘ ထင်အောင် ’

ထင်အောင် – မြန်မာမှုကို ချစ်မြတ်နိုးကြသူများ

March 24, 2016
ထင်အောင် – မြန်မာမှုကို ချစ်မြတ်နိုးကြသူများ

ထင်အောင် – မြန်မာမှုကို ချစ်မြတ်နိုးကြသူများ (မိုးမခ) မတ် ၂၄၊ ၂၀၁၆ မြန်မာနိုင်ငံသားတွေရော နိုင်ငံခြားသားတွေပါ အင်မတန်သဘောကျပျော်တတ်ကျတဲ့ မဟာသင်္ကြန်ပွဲတော်ပြီးနီးကပ်လာ ပြန်ပါပြီ။ မြန်မာနှစ်ကူးချိန်ဟု သတ်မှတ်ထားတဲ့ ရေကစားပွဲတော်သင်္ကြန်နီးလာသည်နှင့်အမျှ သက်ဆိုင်ရာတာဝန်ရှိသူ တွေကလည်း သင်္ကြန်ကာလအတွင်း လိုက်နာရန်စည်းကမ်းများကို ထုတ်ပြန်လေ့ရှိပါတယ်။ အထူးသဖြင့် ရိုးရာယဉ်ကျေးမှုကိုထိမ်းသိမ်းကြရန်၊ သရုပ်ပျက်ဝတ်စားဆင်ယင်မှုများမပြုလုပ်ကြရန်၊ အရက်သေစာသောက်စားခြင်းရောင်းဝယ်ခြင်း လုံးဝ မပြုလုပ်ကြရန် စတာတွေကို နှစ်စဉ်ထုတ်ပြန်တတ်ပါတယ်။ တကယ်ရည်ရွယ်ချက်ကတော့ ရိုးရာယဉ်ကျေးမှုကို မပျက်စေ ချင်တာဖြစ်ပါတယ်။ တကယ်တမ်းရေကစားကြတဲ့အချိန်မှာတော့ ဒီထုတ်ပြန်ချက်တွေ ဘယ်နားရောက်နေသလဲမသိကြ တော့ပါ။ သတိပြုရှောင်ရှားရန်အမိန့်ထုတ်ထားသူတွေကစားတဲ့မဏ္ဍပ်မှာတောင် မူးရူးနေတာကို တွေ့နိုင်ပါတယ်။ ရေအစို ခံနိုင်ရန်၊ အအေးဒဏ်ခံနိုင်ရန်ဆိုတဲ့အကြောင်းပြချက်တွေနဲ့ သောက်ကြတာပါ။ မသောက်တဲ့သူတွေက ရေမကစားနိုင် သလိုဖြစ်နေကာ အပြင်းမသောက်နိုင်သူတွေက အပျော့စားဘီယာသောက်နေကြပါတယ်။ အမျိုးသမီးတွေတောင် အအေး ဒဏ်ကာကွယ်ရန် ဝိုင်ကိုမော့သောက်နေရပါတယ်။ ရေဖလားကိုင်ရမဲ့လက်ကလေးတွေက...

Read more »

ထင်အောင် – ကျွန်တော်ငယ်ငယ်က ကြည့်ခဲ့ဘူးသော ရုပ်ရှင်ကားများနှင့် ရုပ်ရှင်ရုံများ

March 3, 2016
ထင်အောင် – ကျွန်တော်ငယ်ငယ်က ကြည့်ခဲ့ဘူးသော ရုပ်ရှင်ကားများနှင့် ရုပ်ရှင်ရုံများ

The Thwin Cinema in Rangoon. (PHOTO: Philip Jablon) ထင်အောင် – ကျွန်တော်ငယ်ငယ်က ကြည့်ခဲ့ဘူးသော ရုပ်ရှင်ကားများနှင့် ရုပ်ရှင်ရုံများ (မိုးမခ) မတ် ၄၊ ၂၀၁၆ ယနေ့ရောင်းအားကောင်းနေသောမဂ္ဂဇင်းများ၊ ဂျာနယ်တိုင်းတွင် အမြဲပါတတ်သောဆောင်းပါးမှာ အင်တာဗျူး ဆောင်းပါးဖြစ်ပါတယ်။ နာမည်ကျော်ကြားလူကြိုက်များသော ရုပ်ရှင်သရုပ်ဆောင်များ၊ ဂီတပညာရှင်များ၊စာပေလောကမှ ရေးအားကောင်းသူများ၊ အနုပညာလောကသို့ ဝင်ရောက်လာသူများကို မေးခွန်းများမေးကာ ပြန်လည်ဖြေဆိုချက်များကို ခေတ်ပေါ်အသံဖမ်းစက်များ၊ အသံဖမ်းအားကောင်းသော တယ်လီဖုန်းများဖြင့် အသံဖမ်းယူထားကာ စာစောင်များတွင် ပြန်လည်ရေးသား ဖေါ်ပြကြသည့်အခန်း ဖြစ်ပါတယ်။ ထိုအင်တာဗျူးမေးမြန်းခန်းတွင် မပါမဖြစ်ပါတတ်သောမေးခွန်းတခုမှာ  “အနုပညာလောကထဲကို ဘယ်လိုရောက်လာပါသလဲ။ ဘယ်အရွယ်ကစ၍ အနုပညာဝါသနာပါလာပါသလဲ” ဖြစ်ပါတယ်။  ဖြေဆိုချက်တွေက “မိဘက ရုပ်ရှင်ထုတ်လုပ်တဲ့ကုမ္ပဏီ လုပ်ထားတော့ မင်းသားဖြစ်လာပါတယ်”၊ “အမေက အဆိုတော်ထုတ်လုပ်သူဆိုတော့ အဖေကစီးရီးထုတ်ပေးတာကြောင့်...

Read more »

ထင်အောင် – တရားမဝင်လိုင်စင်မဲ့ယာဉ်များနဲ့ မြန်မာနိုင်ငံ

February 20, 2016
ထင်အောင် – တရားမဝင်လိုင်စင်မဲ့ယာဉ်များနဲ့ မြန်မာနိုင်ငံ

ထင်အောင် – တရားမဝင်လိုင်စင်မဲ့ယာဉ်များနဲ့ မြန်မာနိုင်ငံ (မိုးမခ) ဖေဖော်ဝါရီ ၂၀၊ ၂၀၁၆ ရှေးဦးတည်ထွင်သူများကြောင့် လူသားများအတွက် အသုံးပြုစရာပစ္စည်းများ အမျိုးမျိုးပေါ်ပေါက်လာပါတယ်။ အိမ်ရှင်မများအသုံးပြုရန်ပစ္စည်းများ၊ လူသားများ၏လုပ်အားကိုသက်သာလာစေရန် လျှပ်စစ်ပစ္စည်းများတည်ထွင်လာကြပါတယ်။ လူ တွေကလည်း သဘောကျကာ ဝယ်ယူသုံးစွဲကြပါတယ်။ အထူးသဖြင့် အသက်သာဆုံးဖြစ်အောင်တည်ထွင်ထားတာက တော့ လူစီးယာဉ်များပဲဖြစ်ပါတယ်။ ကျောက်ခေတ်လူသားတွေကစ၍ အဝိုင်းပုံသဏ္ဌာန်ဘီးကိုအသုံးပြုရာကစပြီး ယာဉ် အမျိုးမျိုးကို နှောင်းခေတ်လူတွေက ကြံစည်လုပ်ကိုင်ခဲ့ကြပါတော့တယ်။ ပထမတော့ ပစ္စည်းကိုတင်ကာ လူက တွန်းသွား ဆွဲသွားရသောလှည်းများ၊ ထိုနောက် လူပါတက်စီးလို့ရသောယာဉ်များ၊ တဖြည်းဖြည်းနဲ့ လူတွေသက်သက်သာသာဇိမ်ကျကျစီးနိုင်သော တိရိစ္ဆာန်ဆွဲယာဉ်များကိုပြုလုပ်လာကြပါတယ်။ ယာဉ်၏ ပုံသဏ္ဌာန်ကိုမြင်တာနဲ့ သူဋ္ဌေးများသာစီးနိုင်သောယာဉ်၊ ခရီးဝေးသွားသောယာဉ်ဟု ခွဲခြားသိသာလာစေရန် ပုံစံ အရောင် အသွေးနှင့် အသုံးပြုထားသောပစ္စည်းများကိုကြည့်လိုက်ခြင်းဖြင့် သိသာစေခဲ့ပါတယ်။ စက်မှုတော်လှန်ရေးပေါ်ပေါက်လာ ပြီးနောက်ပိုင်း အင်ဂျင်စက်များကိုအသုံးပြုကာ တိရိစ္ဆာန်များကိုမသုံးရတော့တဲ့ မော်...

Read more »

ထင်အောင် – ကျွန်တော် အင်မတန်ညံ့ပါတဲ့ မြန်မာစာ

February 9, 2016
ထင်အောင် – ကျွန်တော် အင်မတန်ညံ့ပါတဲ့ မြန်မာစာ

ထင်အောင် – ကျွန်တော် အင်မတန်ညံ့ပါတဲ့ မြန်မာစာ (မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂၀၁၆မြန်မာစာကို မြန်မာလူမျိုးအားလုံးနီးပါး ရေးနိုင် ဖတ်နိုင်ကြပါတယ်။ တခြားသောနိုင်ငံများမှ လာ၍ စီးပွါးလာရှာသူများပင်အချိန်အနည်းငယ်အတွင်း နှုတ်ခွန်းဆက်တတ်လာကာ ထမင်းစားရေသောက် ပြောတတ်လာကြပါတယ်။ ယနေ့ခေတ်မိဘများက မိမိတို့ ၏သားသမီးတွေကို ပညာအလွန် ထူးချွန်စေလိုသော ဆန္ဒတွေကြောင့် ကလေးအများစုမှာ အသက်မပြည့်ခင်ကတည်းက မူကြိုကျောင်းကို သွားတက်ကာ ဗျဉ်း ၃၃ လုံးကို အော်ဟစ် ဆိုနေရပြီဖြစ်ပါတယ်။ ပိုက်ဆံပေါများသူများ ဟန်ထုတ်လိုသူများကတော့ ကလေးတွေကို အလွတ်ပညာသင်ကျောင်းလို ကျောင်းတွေကိုပို့ ကာ ဗျဉ်း ၂၆ လုံး သင်စေပါတယ်။ သူတို့ နိုင်ငံတွင် ဘာအလုပ်လုပ် ဘာဘွဲ့ တွေရမှန်းမသိ သူများကို ကျောင်းအုပ်အဖြစ် တာဝန်ပေး၊ ကျောင်းပြီးကာစ အဖြူရောင်တွေကို စာသင်ရန် တာဝန်ပေးကြပါတော့တယ်။...

Read more »

ထင်အောင် – ကျွန်တော်နှင့် ကျန်းမာရေး

January 28, 2016
ထင်အောင် – ကျွန်တော်နှင့် ကျန်းမာရေး

စာရေးသူနဲ့ မိုးမခက စာအုပ်များ ပြန်တွေ့ကြစဉ် ထင်အောင် – ကျွန်တော်နှင့် ကျန်းမာရေး (မိုးမခ) ဇန်န၀ါရီ ၂၈၊ ၂၀၁၆ ကျွန်တော်ဟာ ငယ်ငယ်က ကျန်းမာရေးမှာ အလွန်ချူချာတယ်လို့ အမေကပြောဘူးပါတယ်။ ကျွန်တော်ကို ရန်ကုန်အရှေ့ပိုင်း သော်မဆင် လမ်းမှာ ရှိတဲ့ သော်မဆင်ဆေးရုံမှာ မွေးခဲ့ပါတယ်။ မွေးကာစက အလွန်ဝဖြိုးပြီး ဖြူဖြူတုတ်တုတ်ကြီးဖြစ်နေတာကြောင့်အဖိုးဖြစ်သူက ဖိုးတုတ်ဖြူကြီး လို့ ချစ်စနိုးခေါ်ရာကနေ ဖိုးတုတ်- တုတ်တုတ် စသဖြင့် အမျိုးတွေက အဆင်ပြေသလို ခေါ်လာကြပါတယ်။ ဒီဝဝတုတ်တုတ် ကောင်ကလေးဟာ ဘယ်အရွယ်ကစ ဆရာဝန်ပြရသလဲဆိုတာကို အမေကို မမေးထားလိုက်မိလို့  အတိအကျ မသိရပါ။ မှတ်မိတဲ့အရွယ် မှာတော့ မောင်ဂိုမာရီလမ်း (ဗိုလ်ချုပ်အောင်ဆန်းလမ်း) ပေါ်က ဒေါက်တာမောင်ကြီးဆေးခန်းကို သွားသွားပြရတာကို သတိရမိပါတယ်။ ဆေးခန်းက...

Read more »

ထင်အောင် – ကျွဲနိုင်နွားနိုင် နိုင်ပါစေ

October 30, 2015
ထင်အောင် – ကျွဲနိုင်နွားနိုင် နိုင်ပါစေ

ထင်အောင် – ကျွဲနိုင်နွားနိုင် နိုင်ပါစေ (မိုးမခ) အောက်တိုဘာ ၃၀၊ ၂၀၁၅ မြန်မာစာအရေးအသားမှာသာမက အပြောအဆိုမှာပါ အချိန်ကာလခေတ်ကိုလိုက်၍ အပြောင်းအလဲများ အနည်းငယ်စီ ရှိခဲ့ဘူးပါတယ်။ ကုန်းဘောင်ခေတ်က မယ်ဘွဲ့ မောင်ဘွဲ့  တွေကို  တေးထပ်တွေဖြင့် စပ်ဆိုရေးသားရာကနေ “မောင်ရင်မောင်၊ မမယ်မ” ဝတ္တုကစကာ စကားပြေ အရေးအသားဖြင့် ရေးစပြုခဲ့ပါတယ်။ “ချဉ်ပေါင်ရွက်သည် မောင်မှိုင်း” အထိ စကားပြေသက်သက် မဟုတ်သေးပဲ တေးထပ်လေးတွေနဲ့ ရေးသားနေကြတုန်း ဖြစ်ပါတယ်။ သိပ္ပံမောင်ဝတို့ ခေတ်ကာလကျမှသာ ခေတ်ဆန်းစာပေ အမည်တပ်ပြီး စကားပြေသက်သက် တိုတိုတုတ်တုတ် ရေးသားလာကြပါတယ်။ နောက်ပိုင်းမှာလဲ စကားပြောသလို လွတ်လွတ် လပ်လပ် ရေးဖွဲ့ လာတဲ့ပုံစံ ခေတ်စားလာပြန်ပါတယ်။ ဒီလိုရေးတာကို မကြိုက်သောပုဂ္ဂိုလ် များက စာရေးသားနည်း မမှန်ကန်ဘူး...

Read more »

ထင်အောင် – ကျွန်တော်ညှပ်ခဲ့ဘူးသော ဆံသဆိုင်များ

September 26, 2015
ထင်အောင် – ကျွန်တော်ညှပ်ခဲ့ဘူးသော ဆံသဆိုင်များ

ထင်အောင် – ကျွန်တော်ညှပ်ခဲ့ဘူးသော ဆံသဆိုင်များ (မိုးမခ) စက်တင်ဘာ ၂၆၊ ၂၀၁၅ ငယ်စဉ်က ဘာဘာလာပြီဆိုသောအသံကိုကြားရမှာကို အလွန်စိုးရိမ်မိပါတယ်။ ဘာဘာဆိုတာက သံဘူးကိုလက်မှာကိုင်ကာ ဘာဘာ-ဘာဘာဟု လမ်းတလျှောက်အော်လာသော ဆံသဆရာကုလားကြီး များဖြစ်ပါတယ်။ သူကိုင်လာသောဆေးရောင် မှိန်နေတဲ့ သံဘူးအစုတ်ထဲမှာ ဆံပင်ညှပ်ရန်ကိရိယာအစုံပါလာပါတယ်။ ဘာဘာကုလားဟုအသံကို ကြားလိုက်တာနဲ့ ဆံပင်အညှပ်ခံရတော့မယ်ဆိုတာကိုသိနေပါတယ်။ အဘိုးက “ဘာဘာလာအုံး (ဘာဘာအာဂျာ)” လို့ ခေါ်သံကြားလိုက်ပါက လက်တဆစ်သာရှိနေသေးသော ဆံပင်တိုတိုကို ဘူးအတွင်းမှာပါတဲ့ ကိရိယာများနဲ့ ထယ်ထိုးသလို ပြောင်စင်အောင်ရှင်း တော့မှာကို သိထားပါတယ်။ ပထမဆုံးအညှပ်ခံခဲ့ရတဲ့ ဆံသဆရာ ဘာဘာဖြစ်ပါတယ အိမ်ပေါ်ကိုရောက်တာနဲ့ အဘိုးနဲ့မြေးတစုက အသင့်ချထားသောခွေးခြေခုံပေါ်မှာ အလှည့်ကျထိုင်ကြကာ ဘာဘာပြုသမျှ နုနေရပါတယ်။ အလှည့်ကျသူကို သူ၏သေတ္တာအတွင်းက ဖြူဖြူဖွေးဖွေးပိတ်စနဲ့ လည်ပင်းကိုပတ်လိုက်ပါတယ်။ ပြီးမှ ကိရိယာမျိုးစုံနဲ့ အလှဖန်တီးမှုကိုစပါတော့တယ်။ လက်တဆစ်စာဆံပင်ကိုဖြတ်တောက်ရတာ...

Read more »

ထင်အောင် – ၁၉၉၀ ရွေးကောက်ပွဲက အမှတ်တရအဖြစ်ကလေးများ

August 17, 2015
ထင်အောင် – ၁၉၉၀ ရွေးကောက်ပွဲက အမှတ်တရအဖြစ်ကလေးများ

ထင်အောင် – ၁၉၉၀ ရွေးကောက်ပွဲက အမှတ်တရအဖြစ်ကလေးများ (မိုးမခ) သြဂတ်စ် ၁၇၊ ၂၀၁၅ ၁၉၈၈ ခုနှစ်က စစ်တပ်ကအာဏာသိမ်းတယ်လို့ ကြေငြာပြီးတဲ့နောက် အမိန့်တွေ ကြေငြာချက်တွေ အမျိုးမျိုးကို ထုတ်ပြန်ခဲ့ပါ တယ်။ ပြည်သူတွေရဲ့ ဆန္ဒဖြစ်တဲ့ ရွေးကောက်ပွဲကို ကျင်းပပေးပါမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ပထမအဆင့်အနေနဲ့ပါတီတွေကို ဖွဲ့စည်းခွင့်ပေးခဲ့ပါတယ်။ ကမ္ဘာမှာမကြားဘူးတဲ့ပါတီတွေ ရာကျော်အောင်ဖွဲ့ပါတော့တယ်။ ပါတီဖွဲ့စည်းခွင့်ရတာနဲ့ အဲဒီခေတ် က အင်မတန်ရှားပါးရခဲလှတဲ့ ကြိုးဖုန်းတလုံးတပ်ဆင် ခွင့်ရတယ်လို့ ကြားဘူးလိုက်ပါတယ်။ ဒါကြောင့် အဖေက ဥက္ကဌ၊ အမေက ဒုတိယဥက္ကဌ၊ သားကြီးက အထွေထွေအတွင်းရေးမှူးနဲ့ ဆွေမျိုးတွေမိတ်ဆွေတွေက ပါတီဝင်ဆိုပြီး ပါတီ ဖွဲ့ကြ ပါတော့တယ်။ တကယ်တန်း ရွေးကောက်ပွဲကျင်းပတော့ မဲဆန္ဒနယ်တခုမှာမှ ဝင်မရွေးနိုင်တဲ့ပါတီတွေ အများကြီးထွက်လာပါတယ်။ တ ကယ်တန်းပြိုင်ရမဲ့ပါတီနှစ်ခုကတော့ မြန်မာဆိုရှယ်လစ်ပါတီကို...

Read more »

ထင်အောင် – တိုင်းရင်းမေကိုလည်းဖတ်တဲ့ ကျွန်တော်

July 8, 2015
ထင်အောင် – တိုင်းရင်းမေကိုလည်းဖတ်တဲ့ ကျွန်တော်

ထင်အောင် – တိုင်းရင်းမေကိုလည်းဖတ်တဲ့ ကျွန်တော် (မိုးမခ) ဇူလိုင် ၈၊ ၂၀၁၅ ကျွန်တော်ငယ်စဉ်ကဖတ်ခဲ့ဘူးသော ဂျာနယ်မဂ္ဂဇင်းတွေအထဲမှာ ထူးခြားနေတဲ့ဂျာနယ်က တိုင်းရင်းမေဂျာနယ်ဖြစ်ပါတယ်။တိုင်းရင်းသူဂျာနယ်-ယုဝတီဂျာနယ်ဆိုတာတွေကိုလည်း ဖတ်ခဲ့ဘူးပါတယ်။ အမည်ကြားလိုက်တာနဲ့ ဒီဂျာနယ်တွေဟာအမျိုး သမီးတွေအတွက်ဖတ်ရန် သီးသန့်ထုတ်ဝေပေးနေတဲ့ အထူးဂျာနယ်ဆိုတာကို သိရှိနိုင်ပါတယ်။ တိုင်းရင်းမေဂျာနယ်က တ ခြားဂျာနယ်တွေမဂ္ဂဇင်းတွေနဲ့မတူအောက် တလကို နှစ်ကြိမ်ထုတ်ဝေပါတယ်။ လစဉ် တရက်နေ့နဲ့ ဆယ့်ငါးရက်နေ့တွေ မှာဖြန့်ချိပါတယ်။ အမျိုးသမီးတွေအတွက် ရည်ရွယ်တဲ့ဂျာနယ်ဆိုတော့ မျက်နှာဖုံးကို အမျိုးသမီးတွေရဲ့ ရောင်စုံဓာတ်ပုံတွေ ကိုသာ အသုံးပြုထားတာကို သတိပြုမိပါတယ်။ အထူးသဖြင့်မယ်ဘွဲ့ ရသူတွေထူးခြားတဲ့အမျိုးသမီးတွေကို မျက်နှာဖုံးမေအဖြစ်သုံးလေ့ရှိပါတယ်။ အတွင်းထဲမှာလည်း လစဉ်မျက်နှာဖုံးမေဆိုတဲ့ကဏ္ဍကို ဖေါ်ပြပေးထားပါတယ်။ အင်းစိန်အထက် တန်းကျောင်းက ဆယ်တန်းအောင်မြင်ခဲ့ပြီး ယခုအခါ အမျိုးသမီးရဲအုပ်အဖြစ် အမှုထမ်းနေပါတယ် စတာမျိုးလေးတွေကိုအားကျစရာဖြစ်အောင် တင်ပြထားပါတယ်။ ဂျာနယ်ကိုစလှန်လိုက်တာနဲ့ ပထမဆုံးစာမျက်နှာမှာ တမျက်နှာကဗျာစာမျက်နှာဖြစ်ပါတယ်။ မောင်မြင့်မြတ်-မောင်သန္တာတို့...

Read more »

ထင်အောင် – မိုးမှာပျော်တဲ့ကျွန်တော်

June 29, 2015
ထင်အောင် – မိုးမှာပျော်တဲ့ကျွန်တော်

ထင်အောင် – မိုးမှာပျော်တဲ့ကျွန်တော် (မိုးမခ) ဇွန် ၂၉၊ ၂၀၁၅ ငယ်ငယ်တုန်းကျောင်းမှာ သိပ္ပံဘာသာရပ်အချိန်မှာ ဆရာမက မြန်မာနိုင်ငံ၏ရာသီဥတုအကြောင်း သင်ကြားပေးပါတယ်။ ပူပြင်းခြောက်သွေ့သော နွေဥတု၊ စွတ်စိုထိုင်းမှိုင်း သောမိုးဥတုနှင့် အေးမြသော ဆောင်းဥတုအကြောင်း ဖြစ်ပါတယ်။ ရာသီတွေအကြောင်းနှင့်အတူ ရာသီအလိုက်ပွင့်သော သစ်သီးရယ်ပန်းတွေအကြောင်းပါ သင်ကြားခဲ့ရပါတယ်။ ကျောင်း သားတွေကတော့ နွေရာသီကို ပျော်စရာအကောင်းဆုံးအချိန်ကာလလို့ သတ်မှတ်ထားကြပါတယ်။ အတန်းတင်စာမေး ပွဲကြီးဖြေပြီးတာနဲ့ ရက်ရှည်ကျောင်းပိတ်တာကြောင့် သဘောကျကြတာပါ။ နှစ်လတောင် ဆော့ကစားခွင့်ရတာဆိုတော့ ကျောင်းသားတိုင်း ပျော်ကြတာဖြစ်ပါတယ်။ ကျောင်းပိတ်ရက်အတွင်းမှာ သင်္ကြန်ကာလလည်းပါနေတော့ပို ပျော်ကြတာ ဖြစ်ပါတယ်။ နွေအပူကိုမမှုပဲ ကျောင်းမတက်ရ စာမကျက်ရ တနေကုန် လွတ်လွတ်လပ်လပ် ဆော့ကစားခွင့်ရတဲ့ကာလရှည်ကြီးဖြစ်ပါတယ်။ အခုခေတ်ကာလကလေးတွေလို စာမေးပွဲပြီးတာနဲ့ နောက်အတန်းစာကို ကြိုလေ့လာရမယ်ဆိုတဲ့အတွေး ကို ဘယ်မိဘကမှ တွေးထားခြင်းမရှိသေးပါဘူး။ အောင်စာရင်းထွက်ပြီး...

Read more »

ထင်အောင် – ကျွန်တော်နေနေတဲ့ အတ္တလမ်းသွယ်

June 19, 2015
ထင်အောင် – ကျွန်တော်နေနေတဲ့ အတ္တလမ်းသွယ်

ထင်အောင် – ကျွန်တော်နေနေတဲ့ အတ္တလမ်းသွယ် (မိုးမခ) ဇွန် ၁၈၊ ၂၀၁၅ ကျွန်တော်တို့ နေထိုင်နေတဲ့ကမ္ဘာကြီးဟာ တကယ်တော့တိုင်းပြည်များနဲ့ စုပေါင်းတည်ဆောက်ထားတာဖြစ်ပါတယ်။ တိုင်း ပြည်တိုင်းမှာလည်း သူအကျယ်အဝန်းနဲ့သူ ရှိနေကျပါတယ်။ အဲဒီတိုင်းပြည်ဆိုတာကလည်း မြို့တွေ ရွာတွေစုထားတော့မှဖြစ် လာတာပါ။ မြို့တွေ ရွာတွေတိုင်းမှာ သေချာပေါက်ရှိနေတာက လမ်းကလေးတွေဖြစ်ပါတယ်။ လမ်းကျဉ်းလမ်း ကျယ်-လမ်း ချော လမ်းကြမ်း ကွာခြားရင်သာ ကွာခြားနေမယ် ဖောက်ထားတဲ့ရည်ရွယ်ချက်ကတော့ ယာဉ်တွေ လူတွေ တိရိစ္ဆာန်တွေအားလုံးသွားလာလှုပ်ရှားလို့ရအောင် လုပ်ပေးထားကြတာချည်းပါပဲ။ ဆင်သွားလမ်းဖြစ်ဆိုသလို သွားလာလို့ရတဲ့ လမ်းကြမ်း တွေကို လူတွေကပြုပြင်မှုတွေလုပ်လာတာကြောင့် ချောမွေ့တဲ့လမ်းချောလေးတွေဖြစ်လာပါတယ်။ ဒီအခါမှာ လမ်းတွေကို အမည်လှလှလေးတွေ ပေးလာကြပါတယ်။ တချို့လမ်းတွေက ပန်းလှလှလေးတွေရဲ့ နာမည်ပေးထားကြပါတယ်။ နှင်းဆီ- သဇင်-ဂန္ဓမာစသည်ပေါ့။ တချို့ လမ်းတွေ ကိုတော့ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေအမည်...

Read more »

ထင်အောင် – ကျွန်တော်အားကျခဲ့ရသောစာရေးဆရာကြီးများ

May 7, 2015
ထင်အောင်  – ကျွန်တော်အားကျခဲ့ရသောစာရေးဆရာကြီးများ

ထင်အောင်  – ကျွန်တော်အားကျခဲ့ရသောစာရေးဆရာကြီးများ  (မိုးမခ ) မေ ၇ ၂၀၁၅ ကျွန်တော်ဟာ စာရေးရမှာကို အလွန်ပျင်းရိသော သူတစ်ယောက်ဖြစ်ပါတယ်။ ငယ်ငယ်တုန်းက အတန်းထဲမှာ ဆရာမက မှတ်စုစာတွေခေါ်ပေးနေချိန်မှာ ကျွန်တော်က ရေးချင်သလိုရေးပြီး လိုက်မှတ်ထားပါတယ်။ ဆရာမက “မောင်ဘ  ကျောင်းသို့ သွားပါသည်” လို့  ခေါ်ပေးတာကိုကျွန်တော်က “ဘသွားသည်”လို့ သာရေးမှတ်ထားပါတယ်။ ဆရာမကမှတ်စုစာအုပ်တွေကိုပြန်စစ်တော့မှ “ဘ”ဆိုတာက”မောင်ဘ” “သွားသည်”ဆို တာက” ကျောင်းသို့ သွားသည်”ဆိုတာတွေကို ရေးထားပါတယ်လို့ ပြန်ရှင်းပြရပါတယ်။ ဆရာမက စာအုပ်ထဲမှာ အနီရောင်ခဲတံကြီးနဲ့ ကြက်ခြေခတ် အမှားလက္ခဏာတွေကို ပေးထားတာ ပေါမှပေါ ဖြစ်နေပါတယ်။ လက်ရေးတိုနည်းနဲ့ ရေးထားသလိုဖြစ်နေတာကို ဆရာမက ဘယ်ကြိုက်ပါ့လဲ။ အလယ်တန်းကျောင်းသားအရွယ်မှာ မြန်မာစာသင်ခန်းစာအထဲမှာ စာစီစာကုံး ရေးသားနည်းကို သင်နေရပါပြီ။ နိဒါန်း စာကိုယ် နိဂုံး...

Read more »

ထင်အောင် – လက်အုပ်ချီပုံရိပ်နှင့် မင်္ဂလာပါ နှုတ်ခွန်းဆက်

March 25, 2015
ထင်အောင် – လက်အုပ်ချီပုံရိပ်နှင့် မင်္ဂလာပါ နှုတ်ခွန်းဆက်

ထင်အောင် – လက်အုပ်ချီပုံရိပ်နှင့် မင်္ဂလာပါ နှုတ်ခွန်းဆက် (မိုးမခ) မတ် ၂၅၊ ၂၀၁၅ မတ်လထုတ် မိုးမခဂျာနယ် အတွဲ၂အမှတ်၃တွင်ပါရှိသော ဆရာငြိမ်းချမ်းအေး ရေးသားထားသော”တော်လှန်ရေးဟာ စာသင်ခန်းက စရပါမယ်”ဆောင်းပါးကိုဖတ်ရင်း တွေးစရာလေးတွေပေါ်လာတာကြောင့် စာရေးဖြစ်သွားပါတယ်။ ဒီဆောင်းပါးကို မှန်သားပြင်မျက်နှာပေါ်မှာ ဖတ်ဘူးပါတယ်။  ယခုစာမျက်နှာပေါ်မှာ အေးအေးဆေးဆေးဖတ်နေရင်းမှ ရေးစရာ အတွေးလေးတွေ ပိုတွေးတောမိလာပါတယ်။ ဆရာက စာမျက်နှာ၄၁ မှာ “ထော်လော်ကန့်လန့်အဖြစ်ဆုံးပုံရိပ်ကတော့ ၁၉၉၀ ခုနှစ်များ စစ်ထောက်လှမ်းရေး ဘုန်းမီးနေလတောက်ချိန် ဘုန်းကြီး (ထင်ရှားတဲ့) လူကြီးတွေကို ဘွဲ့ပေး ဖျက်ဆီးခြင်းကပ် (ချဉ်းကပ်) ဖြစ်စဉ်တွေထဲက တခုဖြစ်တဲ့ ဗိုလ်ခင်ညွန့်နဲ့ ဦးသုခပုံရိပ်တွေပါပဲ” ဆိုတဲ့ စာပိုဒ်လေးက ရေးချင်နေတဲ့အရာကို ရေးစမ်းပါလို့ တွန်းအားပေးလိုက်သလို ဖြစ်လာပါတယ်။ လက်အုပ်ချီကန်တာ့ခံတာက ဗိုလ်ခင်ညွန့်တို့အာဏာသိမ်းပြီး ထိုင်းနိုင်ငံကို ပထမဆုံးချစ်ကြည်ရေးခရီးအကြောင်းပြကာ...

Read more »

ထင်အောင် – ကျွန်တော်နွှဲခဲ့တဲ့ ငယ်ငယ်တုံးကသင်္ကြန်ပွဲ

February 26, 2015
ထင်အောင် – ကျွန်တော်နွှဲခဲ့တဲ့ ငယ်ငယ်တုံးကသင်္ကြန်ပွဲ

ထင်အောင် – ကျွန်တော်နွှဲခဲ့တဲ့ ငယ်ငယ်တုံးကသင်္ကြန်ပွဲ (မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၁၅ ဆယ့်နှစ်လဟုသတ်မှတ်ထားသော တနှစ်တာကာလအတွင်း ပွဲတော်ဆယ်နှစ်မျိုးမကရှိနေသည်မှာ ကျွန်တော်တို့ အမိမြန်မာနိုင်ငံတွင်သာဖြစ်မည်ဟုထင်မိပါတယ်။ တနိုင်ငံလုံးက တချိန်တည်း တပြိုင်တည်းကျင်းပကြသောပွဲတော်များရှိသလို နေရာဒေသအလိုက် ပြုလုပ်ပွဲတော်များလည်း ရှိကြပါသေးတယ်။ ရပ်ကွက်အလိုက် မြို့နယ်အလိုက်ကျင်းပတဲ့ နှစ်ကျိပ်ရှစ် ဆူပွဲ စတာမျိုးတွေပါ။ ပွဲတော်အများစုကဘာသာရေးဆိုင်ရာပွဲတွေပါ။ ကဆုန်လပြည့်နေ့မှာ ဗုဒ္ဓနေ့အထိမ်းအမှတ်အနေဖြင ညောင်ရေသွန်းလောင်းကြတယ်။ လပြည့်နေ့တိုင်းမှာ သတ်မှတ်ထားတဲ့ ပွဲတော်တွေရှိပါတယ်။ ကဆုန်လပြည့်နေ့ – ဝါဆို လပြည့်နေ့- သီတင်းကျွတ်လပြည့်နေ့- တန်ဆောင်းမုန်းလပြည့်နေ့နဲ့ တပေါင်းလပြည့်နေ့တွေကို အခါကြီး နေ့ကြီး ရက်ကြီး များအဖြစ် တတိုင်းပြည်လုံးမှာ ကျင်းပကြပါတယ်။ အင်္ဂလိပ်အစိုးရသခင်ကြီးများကတောင် ဂဇက်တက်ရုံးပိတ်ရက်သတ်မှတ် ပေးရတဲ့နေ့များဖြစ်ပါတယ်။ နတ်တော်လပြည့်ကျော်တရက်နေ့ကိုတော့ စာဆိုတော်နေ့လို့ သတ်မှတ်ပေးထားပါတယ်။ လအလိုက်ပွဲတော်တွေကို ကျင်း ပနေတော့ ကလေးတွေကအစ...

Read more »

ထင်အောင် – ကျွန်တော်ဆိုခဲ့ဘူးသော အေဝမ်းကသီချင်းများ

January 24, 2015
ထင်အောင် – ကျွန်တော်ဆိုခဲ့ဘူးသော အေဝမ်းကသီချင်းများ

ထင်အောင် – ကျွန်တော်ဆိုခဲ့ဘူးသော အေဝမ်းကသီချင်းများ (မိုးမခ) ဇန်န၀ါရီ ၂၄၊ ၂၀၁၅ ကျွန်တော်တို့ လူလောကကိုရောက်လာတာ ၁၉၅၀ အလွန်နှစ်တွေမှာ ဖြစ်ပါတယ်။ လွတ်လပ်ရေးကလည်း ရပြီးပြီဖြစ်တာ ကြောင့် ပွဲလမ်းသဘင်တွေနဲ့ ပြည့်နေတဲ့ကာလပါ။ ရန်ကုန်မြို့လယ်ခေါင်က ရုပ်ရှင်ရုံတွေ၊ ပန်းဆိုးတန်းက ပြဇာတ်တွေ ကိုသာကပြနေတဲ့ဝင်း ဝင်းရုံ၊ အပတ်စဉ်ပန်းခြံတွေမှာကပြနေတဲ့ ကြည့်ချင်စရာအငြိမ့်ပွဲတွေရှိသလို ကိုယ့်အိမ်မှာ တေးသံ သာများကို အေးအေးဆေးဆေးနားသောတဆင်ရန် ရေဒီယိုဓာတ်စက်တွေဖွင့်ပြီး အပန်းဖြေအနားယူ စည်းစိမ်ခံနေနိုင်တဲ့ ကာလ ဖြစ်ပါတယ်။ အပြင်မထွက်ချင်သူများကတော့ အိမ်ထဲမှာ နှစ်သက်ရာ စာစောင် မဂ္ဂဇင်းတွေဖတ်ကြပါတယ်။ ပဒေသာ၊ ရှုမဝ၊ မြဝတီ၊ သွေးသောက်မဂ္ဂဇင်းစာအုပ်တွေက လစဉ်ထုတ်မဂ္ဂဇင်းစာအုပ်တွေပါ။ ကြိုက်ရာကိုဖတ်၊ တအုပ်မှ နှစ်ကျပ်ပါ။ တခြား တကျပ်တန်စာစောင်တွေလည်း ရှိပါသေးတယ်။ ဂီတသီချင်းတွေပါတဲ့ သီချင်းညွှန့်ပေါင်းစာစောင်တို့ ရေဒီယိုတေးမှတ်တမ်း...

Read more »

ထင်အောင် – ကျွန်တော်နဲ့ပေါင်းခဲ့တဲ့ အဖေ့သူငယ်ချင်းများ

December 31, 2014
ထင်အောင် – ကျွန်တော်နဲ့ပေါင်းခဲ့တဲ့ အဖေ့သူငယ်ချင်းများ

ထင်အောင် – ကျွန်တော်နဲ့ပေါင်းခဲ့တဲ့ အဖေ့သူငယ်ချင်းများ (မိုးမခ) ဒီဇင်ဘာ ၃၁၊ ၂၀၁၄ ကျွန်တော့်အဖေက စာရေးဆရာပါ။ ကျောင်းသားအရွယ်က ရကသဥက္ကဋ္ဌလုပ်ခဲ့ပါတယ်။ ဆယ်တန်းကျောင်းသားအရွယ်မှာ ဂျပန်ဖက် ဆစ်တွေကိုတော်လှန်တာနဲ့ကြုံလို့ တပ်ထဲဝင်ခဲ့ပါတယ်။ တပ်သားအဖြစ်ဝင်ခဲ့တာပါ။ တော်လှန်ရေးပြီးတော့ တပ်သားကျော်ဆိုတဲ့ တဆင့် မြင့်နေရာကနေထွက်ခဲ့ပြီး ကျောင်းပြန်တက်ရပါတယ်။ မဂိုလမ်း (ရွှေဘုံသာလမ်း) မှာ အရေးပေါ်ကောလိပ်ဆိုပြီး ဖွင့်ပေးပါတယ်။ ပလာတာဆိုင်တွေနားမှာဖွင့်ထားတဲ့ကောလိပ်ဆိုတော့ ပလာတာကောလိပ်လို့လည်း ခေါ်ကြပါသေးတယ်။ နောင်သမိုင်းပါမောက္ခဆရာကြီးဖြစ်လာမယ့် ဒေါက်တာသန်းထွန်းလည်း ပလာတာကောလိပ်ကျောင်းသားတယောက်ပါ။ နောက်ပိုင်း ရန်ကုန်တက္ကသိုလ်ပြန်ဖွင့်တော့မှ တက္က သိုလ်ပြန်တက်ရတာပါ။ အဆောင်ကျောင်းသားအဖြစ် သထုံဆောင်ကနေ ကျောင်းတက်ပါတယ်။ သထုံမီးပွားအမည်ရ နံရံကပ်စာစောင် ထုတ်ပါတယ်။ ခေတ်စနစ်ကိုဖေါ်ပြသောဆောင်းပါးများနဲ့ ကျောင်းသားများ၏ရပိုင်ခွင့်ကို ရဲရဲကြီးဖော်ပြတောင်းဆိုခဲ့သောကြောင့် လူကြိုက် များ အမည်ရခဲ့သောစာစောင်ဖြစ်ခဲ့ပါတယ်။ ခေတ်ကာလအလိုက် ခေတ်စားလာသောဝါဒကို ယုံကြည်လက်ခံသော နိုင်ငံရေးသမားဖြစ်လာ ပါတော့တယ်။...

Read more »

ထင်အောင် – ကျွန်တော်ကြိုက်ခဲ့ဘူးသော အငြိမ့်နှင့် ဇာတ်ပွဲများ

December 23, 2014
ထင်အောင် – ကျွန်တော်ကြိုက်ခဲ့ဘူးသော အငြိမ့်နှင့် ဇာတ်ပွဲများ

ထင်အောင် – ကျွန်တော်ကြိုက်ခဲ့ဘူးသော အငြိမ့်နှင့် ဇာတ်ပွဲများ (မိုးမခ) ဒီဇင်ဘာ ၂၃၊ ၂၀၁၄ ကျွန်တော်ငယ်စဉ်က အပျော်အပါးကို အလွန်ကြိုက်ခဲ့ပါတယ်။ အဖိုးအဖွားတို့ နဲ့  ပုံမှန် သွားကြည့်ရသော ရုပ်ရှင် ပြဇာတ်များကို ပျော်ပွဲရွှင်ပွဲများအဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။ တနင်္ဂနွေနေ့ တွင် ကန်တော်ကြီးသို့ သွားကာ အနားယူရင်း အဖေကစာရေးတတ်ပါတယ်။ မိသားစုလိုက် အားလုံး နံနက်စောစောထကြကာ ကန်တော်ကြီးကို သုံးဘီးကားနဲ့ သွားကြပါတယ်။ အရိပ်ကောင်းကောင်း၊ နေရာကောင်းကောင်းကို ရှာပြီး ဖျာခင်းရပါတယ်။ ယူသွားသောစားစရာများကို စားလိုက်၊ လမ်းလျှောက်လိုက်၊ ပြေးလွှားဆော့ကစားလိုက်၊ မောလာပါက ဖျာပေါ်တွင်လှဲအိပ်လိုက်နှင့် ညနေစောင်းတဲ့အထိ ပျော်စရာအချိန်လေးများကို ရယူခဲ့ပါ တယ်။ ညနေစောင်းလာသောအခါမှာ ပစ္စည်းများကိုပြန်သိမ်းစည်းကြပြီး တောင်ကုန်းလေးပေါ်မှာ ဖျာခင်းနေရာယူရပြန်ပါတယ်။ အခြားမိသားစုတွေလဲ ဖျာခင်းနေရာယူနေကြတာကို တွေ့မိပါတယ်။...

Read more »

ထင်အောင် – ဆရာမကြီးပြောတဲ့ ဒေါ်ကြိုင်ကြိုင်အကြောင်းမှ အလွဲလေးတစ်ခု

December 10, 2014

ထင်အောင် – ဆရာမကြီးပြောတဲ့ ဒေါ်ကြိုင်ကြိုင်အကြောင်းမှ အလွဲလေးတစ်ခု (မိုးမခပေးစာ) ဒီဇင်ဘာ ၁၀၊ ၂၀၁၄ ယနေ့ ထုတ်ဂျာနယ်များထဲမှ ‘အဓိပတိသတင်းဂျာနယ်’  အတွဲ-၂ အမှတ်-၁၈တွင်ပါဝင်သော “ဒေါ်ကြိုင်ကြိုင်၏ ငယ်ဘဝဖြစ်စဉ်အမှန်ပြောပြသူ ဆရာမကြီး ဒေါ်ဒက်ဖနီကျော်” ဆိုသောဆောင်းပါးကို ဦးစားပေးဖတ်ရှုမိပါတယ်။ ဒေါ်ကြိုင်ကြိုင်တို့ မိသားစုတွေနဲ့ ပတ်သက်ပြီး ကောလာဟလမျိုးစုံ သတင်းတွေထွက်နေတာကြောင့် ဆရာမကြီးက သူသိတဲ့ ငယ်ဘဝကို အမှန်ပြောပြရတာပါလို့  ရေးထားပါတယ်။ ဆရာမကြီးက ဘားအံမြို့ အထက (၁)မှာ အင်္ဂလိပ်ဘာသာ သင်ကြားပြသသူပါ။ ဆယ်တန်းမှာ အသက်(၁၈)နှစ်ရှိတဲ့ ပအို့မလေး မိကြိုင်ကို သင်ပေးခဲ့တဲ့ဆရာမပါလို့ အသေအချာရေးထားပါတယ်။ ကျွန်တော်မှတ်မိသလောက်က မော်လမြိုင်မြို့က အမျိုးသမီးကျောင်းမှာ ဆယ်တန်း တက်ခဲ့ပါတယ်။ အဲဒီကျောင်းကပွဲတော်တစ်ခုမှာ ဒေါ်ကြိုင်ကြိုင်ကိုယ်တိုင်  အလှူငွေတွေပေး တက်ရောက်ခဲ့ပါတယ်။ ဒေါ်ခင်ဝင်းရွှေတောင် ပါသေးတယ်...

Read more »

ထင်အောင် – ကျွန်တော့်ကို ပညာပေးခဲ့တဲ့ စာပေဗိမာန် မဂ္ဂဇင်း

November 12, 2014
ထင်အောင် – ကျွန်တော့်ကို ပညာပေးခဲ့တဲ့ စာပေဗိမာန် မဂ္ဂဇင်း

  ထင်အောင် – ကျွန်တော့်ကို ပညာပေးခဲ့တဲ့ စာပေဗိမာန် မဂ္ဂဇင်း (မိုးမခ) နိုဝင်ဘာ ၁၂ ၊ ၂၀၁၄ နေ့စဉ် ထွက်နေသော ဂျာနယ် စာစောင်များ သတင်းစာများကို ဖတ်နေရာမှ ငယ်ငယ်တုံးက အားထား ဖတ်ရှု ခဲ့ရသော ပညာပေး မဂ္ဂဇင်း တစ်စောင်ကို ပြန်လည် သတိရမိလာပါတယ်။  မြန်မာနိုင်ငံ ဘာသာပြန် အသင်းကြီးမှ ထုတ်ဝေခဲ့သော စာပေဗိမာန် မဂ္ဂဇင်းပါ။  လစဉ်ထုတ် စာပေဗိမာန် မဂ္ဂဇင်းလို့ သုံးထားတာကို သတိပြုမိခဲ့ပါတယ်။ လစဉ် ထုတ်ဝေနေသော အခြားမဂ္ဂဇင်းများနဲ့ မတူ ကွဲခြား နေတာက မဂ္ဂဇင်း အရွယ်အစား ဖြစ်ပါတယ်။ အလျား က ဆယ် လက်မခန့် ရှိပြီး အနံကတော့ ဆယ့်သုံးလက်မ...

Read more »

ထင်အောင် – ပြောင်းလဲသွားသော မြန်မာစာ အသုံးအနှုံးများ

October 24, 2014
ထင်အောင် – ပြောင်းလဲသွားသော မြန်မာစာ အသုံးအနှုံးများ

  ထင်အောင် – ပြောင်းလဲသွားသော မြန်မာစာ အသုံးအနှုံးများ (မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၁၄ ကျွန်တောာ် နှစ်ခြောက်ဆယ် ကျော်ကျော် ဖတ်လာခဲ့သော သတင်းစာများတွင် အရေးအသား အသုံးအနှုံးများ ပြောင်းလဲ သွားတာကို သတိထားလိုက်မိပါတယ်။  အမှန်တော့ သတင်းစာကပြောင်းတာ နောက်ကျ နေပါသေးတယ်။  မြန်မာ့ရုပ်မြင်သံကြားသတင်းက ဦးစွာ ပြောင်းတာကို သတိပြုမိပါတယ်။ နိုင်ငံတော် သမ္မတ နဲ့  ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီဥက္ကဋ္ဌတို့ နေပြည်တော် တွေ့ဆုံပွဲမှာ သုံး သွားတာပါ။  ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီဥက္ကဋ္ဌ “ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ရှိ ဦးရွက်စစ်” လို့ သုံးသွားပါတယ်။ ကျွန်တော်တို့ ခုထိ သုံးနေတာက “ညွှန်ကြားရေးမှူးချုပ် ဦးနေအောင်”၊ “ပါမောက္ခ ဒေါက်တာ ဇော်ဝင်း”၊...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်