Posts Tagged ‘ ထူးထူး (တောင်ငူ) ’

ထူးထူး (တောင်ငူ) ● အေးမြအလင်းရှင်

May 25, 2016
ထူးထူး (တောင်ငူ) ● အေးမြအလင်းရှင်

ထူးထူး (တောင်ငူ) ● အေးမြအလင်းရှင် (မိုးမခ) မေ ၂၅၊ ၂၀၁၆ အခန်း (၁) ကိုရွှေထူး တယောက်ဒီရက်ပိုင်းအတွင်းဘယ်လိုမှနေလို့၊ ထိုင်လို့မရအောင်ဖြစ်နေတဲ့အကြောင်းလေးကတော့… တနေ့ ကိုရွှေထူးရဲ့လူမှုကွန်ယက်စာမျက်နှာပေါ်မှာ သတ္တမအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည်ဆုကို ဖန်မီးအိမ်ရှင် ပရဟိတ ဆရာ ဝန်ဖြစ်သူ ဒေါက်တာသန်းမင်းထွဋ်က ရရှိခဲ့တယ်ဆိုတဲ့ သတင်းတခုတက်လာပါတယ်… တပြိုင်နက်တည်းမှာပဲ… ဒါဟာ ငါ့ဆရာများလားပေါ့… သိချင်စိတ်ကို ဘယ်လိုမှ မျိုသိပ်လို့ မရတော့ပါဘူး။ အဲ့ဒါနဲ့ သတင်း ရင်းမြစ်ကိုဝင်ကြည့်ပြီး၊ ဓာတ်ပုံကိုတွေ့တော့မှ…. ဝမ်းသာကြည်နူးလိုက်တာ။ ဆရာမှ ဆရာအစစ်… ကျွန်တော့်ဘဝမှာ ဘယ်တော့မှမေ့လို့ရမှာမဟုတ်တဲ့ ဆရာပါပဲ။ ဆရာနဲ့ပတ်သက်ပြီး ကိုယ်ကြုံတွေ့ခဲ့ရတဲ့ အကြောင်းအရာလေးတွေကို ဆောင်းပါးလေးတပုဒ်အဖြစ် ချရေးချင်မိပေမယ့်… ဒီတပတ်အတွင်း ကျောင်းကို Assignments တွေ အပြီးအပ်ရမှာဆိုတော့၊ ရေးချင်စိတ်ကို ရက်ပိုင်းလေးခဏချိုးနှိမ်ထားရပါတော့တယ်။ အခုတော့...

Read more »

ထူးထူး (တောင်ငူ) – ဘိုလို မှုတ်ကြမယ်

February 20, 2016
ထူးထူး (တောင်ငူ) – ဘိုလို မှုတ်ကြမယ်

ထူးထူး (တောင်ငူ) – ဘိုလို မှုတ်ကြမယ် (မိုးမခ) ဖေဖော်ဝါရီ ၂၀၊ ၂၀၁၆ ဒီရက်ပိုင်းအတွင်း “ကိုရွှေထူး” တယောက်အလုပ်တွေရှုပ်နေပုံများ ဘယ်အချိန်ကြည့်ကြည့် နားကြပ် ကြီးတပ်ပြီး ဘာတွေနားထောင် နေမှန်းကိုမသိပါဘူး… တခါတလေ နားကြပ်တပ်ထားရုံ တင်မက… ဘေးမှာစာအုပ်အထူကြီးတအုပ်ကလည်းပါလိုက်သေးတယ်။ ပါးစပ်ကလည်း တတွတ် တွတ်နဲ့၊ တခါ တရံ လက်ဟန်ခြေဟန်လည်းပါတယ်… ပုံခုံးနှစ်ဘက်ကိုတွန့်လိုက်တာများ “ရွှေမိ” မျက်လုံးထဲမတော့ ဂျိမ်းစ်ဘွန်းမင်းသားကြီးကျနေတာပါပဲ။ မိုးလင်းလို့မျက်နှာသစ်ပြီးတာနဲ့အဲ့ဒီ့နားကြပ်ကြီးကတပ်ပြီးသား၊ ဘာပြောပြောမကြားတော့ဘူး။ အိမ်တွင်းရေးကိစ္စတွေတိုင်ပင်ချင်တာလည်းအဆင်မပြေဘူး။ နှစ်ကိုယ်ကြားပြောမှရမယ့်ကိစ္စတွေ၊ အလုပ်ကိစ္စတွေတိုင်ပင်ချင်တဲ့အခါမျိုးမှာဆို ဘယ်လိုမှအဆင်မပြေတော့ဘူး။ တရက်လည်းမဟုတ်၊ နှစ်ရက်လည်းမဟုတ် ကြာလာတော့ “ရွှေမိ” တယောက်စိတ်ဆိုးစပြုလာပြီ။ တမင်တကာအနုနည်းနဲ့ လူကိုဥပက္ခောပြုတာများလား၊ ဒါမှမဟုတ် တခုခုကိုအလိုမကျလို့ အရွဲ့တိုက် နေတာများလားဆိုပြီး “ရွှေမိ” လည်းတွေးမိတွေးရာတွေးနေပြန်တာပေါ့။ ဟုတ်ရင်လည်းဟုတ်မှာပေါ့ လေ၊ ပြီးခဲ့တဲ့အပတ်က မြို့ထဲမှာအင်္ဂလိပ်ရုပ်ရှင်အခွေတွေသွားဝယ်ချင်တယ်လို့...

Read more »

ထူးထူး (တောင်ငူ) – တော်လောက်ပြီ

December 6, 2015
ထူးထူး (တောင်ငူ) – တော်လောက်ပြီ

  ထူးထူး (တောင်ငူ) – တော်လောက်ပြီ (မိုးမခ) ဒီဇင်ဘာ ၆၊ ၂၀၁၅   အခန်း (၁)   ကိုရွှေထူးတယောက် အခုတလော ခေါင်းထဲကိုမဖိတ်ခေါ်ဘဲသူ့အလိုလိုရောက်လာတဲ့အတွေးတစကို အမျှင်မဖြတ်နိုင်အောင်ဖြစ်နေပါတယ်။ တိတိကျကျပြောရရင်တော့ စာဖတ်သူတို့သုံးနေတဲ့ Facebook လူမှုကွန်ယက်စာမျက်နှာကိုပူးတွဲတည်ထောင်သူတဦးဖြစ်တဲ့ (Mark Zuckerberg) မက်ဇက်ကာဘတ် နဲ့ သူ့ဇနီး (Priscilla Chan) ပရစ်စီလာချန်တို့ဇနီးမောင်နှံနှစ်ယောက်ကသူတို့ ဘဝထဲကိုရောက်လာတဲ့ ရင်သွေးငယ်သမီးလေး Max ကိုရေးတဲ့ (A letter to our daughter) စာကိုဖတ်ပြီးတဲ့အချိန်မှာဝင်လာတဲ့ အတွေးပါ။   အဲ့ဒီ့ငါတို့သမီးသို့ပေးစာတစောင် (A letter to our daughter) ကိုဖတ်နေရင်းနဲ့ လူတယောက်ရဲ့ တန်ဖိုး ဆိုတာဒါပါလားလို့ကွက်ကွက်ကွင်းကွင်းမြင်လာပါတော့တယ်။ အဲ့စာထဲမှာ သူတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ ကိုယ်ကျင့်တရားနဲ့...

Read more »

ထူးထူး (တောင်ငူ) – ကြိုက်ရင် မဲပေး၊ မကြိုက်ရင် မဲမပေးနဲ့

November 24, 2015
ထူးထူး (တောင်ငူ) – ကြိုက်ရင် မဲပေး၊ မကြိုက်ရင် မဲမပေးနဲ့

ထူးထူး (တောင်ငူ) – ကြိုက်ရင် မဲပေး၊ မကြိုက်ရင် မဲမပေးနဲ့ (မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၁၅ အခန်း (၁) “ဟိတ်… ရွှေမိ၊ မင်းလွန်နေပြီနော်… မင်းစကားက ဘာအဓိပ္ပာယ်လဲ၊ မင်းချမ်းသာချင်ရင် အဲ့လို စောရနက္ခတ်နဲ့ ယှဉ်မွေးလာတဲ့သူကို ယူပေါ့… ဘာဖြစ်လို့ ငါ့ကိုယူခဲ့လဲ” “အဲ့ဒါပြောတာပေါ့၊ ကျုပ်ကိုကမှားတာပါ… ရှင့်လို စာရင်းကိုင်တယောက်ကိုယူခဲ့တာကိုက ကျုပ်ရဲ့ မဟာအမှား….. ပြောလိုက်ရင် Business Ethics ဆိုတာက ပါးစပ်ထဲကမချဘူး။ တော်ပြောတဲ့ အဲ့ဒီ့ Ethics (ကိုယ်ကျင့်တရားတွေ) ဆိုတာက ပြုတ်စားလို့မရဘူးတော့… နားလည်လား”  သာလှ တယောက်မခံချင်အောင်ဖြစ်သွားရတဲ့အကြောင်းအရင်းကတော့ အိမ်သူသက်ထား ဒေါ်ရွှေမိ မေးလိုက်တဲ့မေးခွန်းကြောင့်ပါ… “ကိုရင်သာလှ….. ရှင် နယူးဇီလန်မှာ စာရင်းကိုင်တယောက် လုပ်နေပြီး၊ ဒီတသက်...

Read more »

ထူးထူး(တောင်ငူ) – ပစိဖိတ်သမုဒ္ဒရာကိုကျော်လွှားပျံသန်းလာတဲ့ ခွပ်ဒေါင်းအားမာန်

February 11, 2015
ထူးထူး(တောင်ငူ) – ပစိဖိတ်သမုဒ္ဒရာကိုကျော်လွှားပျံသန်းလာတဲ့ ခွပ်ဒေါင်းအားမာန်

ထူးထူး(တောင်ငူ) – ပစိဖိတ်သမုဒ္ဒရာကိုကျော်လွှားပျံသန်းလာတဲ့ ခွပ်ဒေါင်းအားမာန် (မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၁၅ မဟုတ်မတရား မမျှတဘူးဆိုရင် ဘယ်သောအခါမှ ခေါင်းငုံ့ခံလေ့မရှိတဲ့ မြန်မာ့ခွပ်ဒေါင်းစိတ်ဓာတ်ဟာ ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းနိုင်ငံလေးတနိုင်ငံဆီထိတိုင် မျိုးဆက်လက်ဆင့်ကမ်း ဆောင်ကြဉ်းလာခဲ့ ရာက မသန်ပေမယ့် စွမ်းလေတဲ့ မြန်မာခွပ်ဒေါင်းမလေးတယောက်ရဲ့တိုက်ပွဲဝင် စွမ်းဆောင်မှုနဲ့ ကြက် သွေးရောင်လမ်းလေးတွေအစီအရီ သက်ဝင်ပေါ်ပေါက်လာခဲ့တဲ့အကြောင်းကို ပြောပြရမယ်ဆိုရင် ….. အခန်း (၁) ခေတ်အဆက်ဆက် တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေရဲ့နှလုံးသားထဲမှာ “ဒေါင်း” တွေနဲ့ပတ်သက် ပြီး ကိန်းအောင်းနေတဲ့ တူညီသောတန်ဖိုးထားမှုတရပ်ကတော့- “ဒေါင်း” ကိုမြင်တာနဲ့ မတရားဖိနှိပ်မှု တွေကို မကြောက်မရွံ့တွန်းလှန်ပုန်ကန်ခဲ့ကြတဲ့ ကျောင်းသားတွေကိုပြေးမြင်မိကြသလို၊ “ဒေါင်း ” ဟာ တော်လှန်ရေးရဲ့ပြယုဂ်၊ အမှန်တရားဘက်က ရပ်တည်တဲ့သင်္ကေတတခုအဖြစ် တန်ဖိုး ထားမြတ်နိုးကြ တဲ့အချက်ပါ။ ဘယ်ခေတ်ကိုပဲကြည့်ကြည့်- ကျောင်းသားတွေဟာအမှန်တရားကိုတန်ဖိုးထားမြတ်နိုးသလို၊ မတရားမှု...

Read more »

ထူးထူး (တောင်ငူ) – စေတနာထားပုံ

February 4, 2015
ထူးထူး (တောင်ငူ) – စေတနာထားပုံ

ထူးထူး (တောင်ငူ) – စေတနာထားပုံ (မိုးမခ) ဖေဖော်ဝါရီ ၄၊ ၂၀၁၅ ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံကသတင်းတွေဖတ်ရတာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်လို့ ကိုရွှေထူး တယောက်တွေးနေမိတယ်။ မြန်မာနိုင်ငံက အဘတွေလည်း လှိုင်းလုံးတွေ တလုံးပြီး တလုံး စီးရင်းအခုဆို ဘာလိုလိုနဲ့ ၂၀၁၅ ထဲတောင်ရောက်လာခဲ့ပြီ မဟုတ်ပါလား။ အေးလေ- အခုဆို သူတို့ ရဲ့နောက်ဆုံးအချိန်ရောက်ပြီဆိုတော့ သွေးရူးသွေးတန်း နဲ့ ပြောချင်တာတွေကို စွတ်ပြောနေပုံ လည်း ရပါတယ်။ ဦးသိန်းစိန်အစိုးရတတ်ကာစ ကာလမှာ ကမ္ဘာပတ်ပြီး ပွင့်လင်းမြင်သာမှုဆိုတာကိုတွင်တွင်ပြောခဲ့ပါ တယ်။ ဒါပေမယ့်- သူ့သက်တမ်းတလျှောက်ရပ်နားထားမယ်ဆိုတဲ့ မြစ်ဆုံဆည်စီမံကိန်းအတွက် တရုတ်နဲ့ သဘောတူလက်မှတ်ရေးထိုးထားတဲ့ စီမံကိန်းစာချုပ်ပါအချက်အလက်တွေကိုတော့ ရူးချင် ယောင် ဆောင်ပြီး ယနေ့အချိန်အထိ ပြည်သူကိုအသိပေးချပြခြင်းမျိုးမရှိပါဘူး။ အကျင့်ပျက်ခြစားမှုပပျောက်ရေးဆိုပြီး၊ ပြောတုန်းကပြောပြီး၊ နောက်တော့လည်း (၃) သိန်းအောက်ဆို ပြဿနာမရှိလို့လည်းပြောပြန်သေးတယ်။...

Read more »

ထူးထူး (တောင်ငူ) – ပျင်းတောင် ပျင်းသေးတယ်

January 10, 2015
ထူးထူး (တောင်ငူ) – ပျင်းတောင် ပျင်းသေးတယ်

ထူးထူး (တောင်ငူ) – ပျင်းတောင် ပျင်းသေးတယ် (မိုးမခ) ဇန်န၀ါရီ ၁၀၊ ၂၀၁၅ အခန်း (၁) န၀တ နဲ့ နအဖ အမွှာညီအစ်ကိုနှစ်ယောက်ရဲ့ကျေးဇူးကြောင့် တိုင်းရင်းသားညီအစ်ကိုမောင်နှမတွေ ဟာ ကြိုးပြတ်သွားတဲ့ပုတီးကုန်းလေးလို ကမ္ဘာ့နေရာအနှံ့ကို တစစီလွင့်စင်ခဲ့ကြရပါတယ်။ အခုအစိုးရ လက်ထက်မှာလည်း ပြည်သူတွေဟာ အခက်အခဲပေါင်းစုံကို ရင်ဆိုင်နေကြ ရတုန်းပါ။ လက်ပတောင်း တောင်က ပြည်သူတွေဒုက္ခပင်လယ်ဝေနေသလို၊ ဆရာလူထုဦးစိန်ဝင်းသာ ကွယ်လွန်သွားခဲ့တယ်၊ တောင်တန်းတွေပေါ်မှာ ဂျိုးကူသံတွေလည်း မကြားရသေးပါဘူး။ အခုချိန်မှာ- ဗမာ မရှိတဲ့နေရာ ဆိုလို့ မြောက်ဝင်ရိုးစွန်းတနေရာပဲရှိတော့မယ်လို့ထင်ပါတယ်။ ဘယ်အရပ်၊ ဘယ်နိုင်ငံကိုပဲရောက်ရောက်၊ နေရာအသစ်မှာ စိန်ခေါ်မှုမျိုးစုံကိုရင်ဆိုင်ကြရမှာကတော့ မြေကြီး လက်ခတ်မလွဲပါ။ တယောက်နဲ့တယောက်ကြုံရတဲ့အခက်အခဲပုံစံချင်းသာကွဲချင်ကွဲမယ်၊ ပန်းခင်း လမ်းတွေ မဟုတ်ကြတာတော့သေချာပါတယ်။ လုပ်ငန်းခွင်ဝင်တဲ့သူလည်း လုပ်ငန်းခွင်မှာ အခက်အခဲ တွေကိုရင်ဆိုင်ကြရသလို၊ စာသင်တဲ့သူလည်း...

Read more »

ထူးထူး (တောင်ငူ) – ၀တ်တော့ ၀တ်မယ်

December 29, 2014
ထူးထူး (တောင်ငူ) – ၀တ်တော့ ၀တ်မယ်

ထူးထူး (တောင်ငူ) – ၀တ်တော့ ၀တ်မယ် (မိုးမခ) ဒီဇင်ဘာ ၂၉၊ ၂၀၁၄ အခန်း (၁) “ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာအမှန် မြတ်နိဗ္ဗာန်ကို ညွှန်ပြပေးတော်မူသော မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ယုံကြည်ကိုးကွယ်ဆည်းကပ်ပါ၏အရှင်ဘုရား …။ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာအမှန် မြတ်နိဗ္ဗာန်ကို ညွှန်ပြပေးတော်မူသော မြတ်စွာဘုရားရှင်ဟောကြားတော်မူခဲ့သည့် တရား၊ ဓမ္မများကို ကိုးကွယ်ရာဟူ၍ ယုံကြည်ကိုးကွယ်ဆည်းကပ်ပါ၏အရှင်ဘုရား …။ ဒုက္ခခပ်သိမ်း ချုပ်ငြိမ်းရာအမှန် မြတ်နိဗ္ဗာန်ကို ညွှန်ပြပေးတော်မူသော မြတ်စွာဘုရားရှင်ဟောကြား တော်မူခဲ့သည့် တရား၊ ဓမ္မများကို တ ဆင့် ပြန်လည်ဟောကြားဆုံးမပေးတော်မူသော မြတ်စွာဘုရား၏သားတော် သံဃာတော်များကို ကိုးကွယ်ရာဟူ၍ ယုံကြည်ကိုးကွယ်ဆည်းကပ်ပါ၏အရှင်ဘုရား” … ရွှေထူးတယောက် တပတ်တရက်သာ ရတဲ့ပိတ်ရက်ကလေးမှာ အခုလို စိတ်အေးလက်အေး မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ရည်မှန်းကာ ပန်း၊ ရေချမ်း၊...

Read more »

ထူးထူး(တောင်ငူ) ထိုင်ခုံလေး မမေ့နဲ့နော်

December 13, 2014
ထူးထူး(တောင်ငူ) ထိုင်ခုံလေး မမေ့နဲ့နော်

ထူးထူး(တောင်ငူ) ထိုင်ခုံလေး မမေ့နဲ့နော် (မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၁၄ အခန်း (၁) တိုင်းပြည်တပြည် အေးချမ်းသာယာဝပြောပြီး တိုးတက်နေတယ်ဆိုရင်၊ သေချာတယ် အဲ့တိုင်းပြည်ကို စီမံခန့်ခွဲပြီး၊ ဦးဆောင်နေတဲ့ခေါင်းဆောင် ကောင်းလို့။ ခေါင်းဆောင် တကယ်ကောင်းပြီဆိုရင်၊ သူမရှိလည်း အလုပ်ဖြစ်နေရမယ်ဆိုတဲ့စိတ်ဓာတ်မျိုးနဲ့၊ ရေရှည်ကိုကြည့်ပြီး စနစ်ကို ကောင်းအောင် အဓိက လုပ်ကြပါတယ်။ ခေါင်းဆောင်ဆိုတာကလည်း- အခြေအနေနဲ့ အချိန်အခါလိုက်ပြီး၊ အောက်လက် ငယ်သား တွေရဲ့ ခံယူချက်၊ စိတ်ဓာတ် နဲ့ အရည်အချင်းပေါ်မှာ မူတည်ပြီး လိုအပ်သလို ခေါင်းဆောင်မှုပေးတတ်တဲ့ ခေါင်းဆောင်တွေ ရှိသလို၊ တချို့ခေါင်းဆောင်တွေကျတော့လည်း အခြေအနေအချိန်အခါတွေ၊ သက်ရောက်မှုတွေကို  ထည့်တွက်ဖို့ လုံးဝမစဉ်းစားဘဲ၊  သူတို့ရဲ့ ခေါင်းဆောင်မှု ပုံစံကို လည်းမပြောင်းနိုင်၊ နောက်ဆုံးတော့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အောက်လက် ငယ်သားတွေ...

Read more »

ထူးထူး (တောင်ငူ) – နယူးဇီလန်ဆေးရုံ (သို့မဟုတ်) …..

November 25, 2014
ထူးထူး (တောင်ငူ) – နယူးဇီလန်ဆေးရုံ (သို့မဟုတ်) …..

ထူးထူး (တောင်ငူ) – နယူးဇီလန်ဆေးရုံ (သို့မဟုတ်) ….. (မိုးမခ) နိုဝင်ဘာ ၂၅၊ ၂၀၁၄ အခန်း (၁) ဘယ်ဘ၀ကရှေးရေစက်တွေရှိခဲ့၊ ပြုခဲ့ဘူးလဲတော့မသိ- မြန်မာပြည်မြေပြန့်တနေရာကသာလှနဲ့ရွှေမိ၊ ရွာလည်ရင်းကမ္ဘာ့တောင်ဝင်ရိုးစွန်းနားကနယူးဇီလန်ဆိုတဲ့နိုင်ငံလေးကိုဘေးမသီရန်မခဘဲရွှေ့ပြောင်း အခြေချနေထိုင်ခဲ့ကြပါတယ်။ ရွှေမိကတော့ရောက်ပြီးမကြာခင်ဘဲအလုပ်ရခဲ့ပါတယ်။ လုပ်ငန်းခွင်ထဲမှာ ပျော်နေတဲ့ရွှေမိတယောက် (၂) နှစ်လောက်လုပ်ငန်းခွင်ထဲဝင်ပြီး၊ အားလုံးအစစအရာရာ အဆင်ပြေ ချောမွေ့နေကာမှ သာလှနဲ့ရွှေမိတို့ဘ၀ထဲကိုသမီးလေးတယောက် ရောက်လာခဲ့ပါတယ်။ သမီးကိုယ်ဝန်လရင့်လာတာနဲ့အမျှ ရွှေမိလည်းအလုပ်ကနေအနားယူပြီး၊ အိမ်မှာပဲနားနေရင်း အိမ်တွင်း ပုန်း လုပ်နေခဲ့ပါတယ်။ ကိုယ်ဝန် (၆) လမှာ ရွှေမိတယောက် ဆီးချို၊ သွေးချိုတွေတတ်နေလို့ သားဖွား-ဆရာမက ဆေးရုံကိုလွှဲပါတော့တယ်။ ဆေးရုံကိုသွားရမယ်ဆိုတော့ တောသူတောင်သားတွေဖြစ်တဲ့ သာလှနဲ့ရွှေမိ ခဗျာ ကြောက်လန့်ပြီး စိတ်ပူပင်၊ ဖိစီးမှုအချို့မဖိတ်ခေါ်ဘဲ သူ့အလိုလို ရောက်လာခဲ့ပါ တယ်။ အိမ်ထောင်ဦးစီးဖြစ်တဲ့ သာလှ ကတော့ဖြစ်ချင်တာဖြစ်ကွာ၊သန်းခေါင်ထက်တော့၊...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်