Posts Tagged ‘ နရီမင်း ’

နရီမင်း ● လမ်းလျှောက်အရုပ်

April 11, 2017
နရီမင်း ● လမ်းလျှောက်အရုပ်

နရီမင်း ● လမ်းလျှောက်အရုပ် (မိုးမခ) ဧပြီ ၁၁၊ ၂ဝ၁၇ ရန်ကုန်မြို့တော်ကို လမ်းလျှောက်အရုပ်များ၊ ဘီးလိမ့်ယန္တရားများ၊ ရောင်စုံကျောက်တုံးများနှင့် ဖွဲ့စည်းထားကြောင်း သူငယ် ချင်းတဦးက ပြောခဲ့သည်။ (ကျွန်တော့်အထင်) ဤမျှအသက်ဝင်သောမြို့အား ထိုမျှအသက်မဲ့အောင် ခံစားပြသော သူငယ် ချင်း၏ စကားက အံ့သြဖွယ်ကောင်းလောက်အောင် ရုပ်ဆန်လွန်းနေသည်။ တောဘုရားပွဲ တခုကဲ့သို့ ရှုပ်ထွေးနေသော ရန်ကုန်မြို့လယ်ကောင် ပလက်ဖောင်းတခုပေါ် အခြားသော လမ်းလျှောက် အရုပ်များကို တိုးဝှေ့ရှောင်တိမ်းလျက် ကျွန်တော်နှင့် သင်းသင်းတို့ လမ်းလျှောက်လာကြသည်။ ကျွန်တော်တို့ဌာနတွင် သင်းသင်းနှင့် နှင်းနှင်းဟုခေါ်သော ဆရာမနှစ်ယောက် ရှိသည်။ ကျွန်တော်နှင့်အတူ လမ်းလျှောက်လာသော သင်းသင်းမှာ ထိုညီမနှစ်ယောက်ထဲမှ တယောက်မဟုတ်ပါ။ ထိုသို့ပြောရခြင်းမှာ ထိုညီမနှစ်ယောက်ထဲမှ သင်းသင်းက “ရှင်နဲ့ကျွန်မ ဘယ်တုန်းက အတူတူ လမ်းလျှောက်ဖူးလို့လဲ” ဟုဆိုကာ...

Read more »

နရီမင်း ● ယဲ့ဗ်တူရှင်ကိုက တော်လှန်ရေး ကဗျာဆရာလား …. ဝါဒဖြန့်ချိရေးသမားလား ….

April 3, 2017
နရီမင်း ● ယဲ့ဗ်တူရှင်ကိုက တော်လှန်ရေး ကဗျာဆရာလား …. ဝါဒဖြန့်ချိရေးသမားလား ….

နရီမင်း ● ယဲ့ဗ်တူရှင်ကိုက တော်လှန်ရေး ကဗျာဆရာလား …. ဝါဒဖြန့်ချိရေးသမားလား …. (မိုးမခ) ဧပြီ ၃၊ ၂၀၁၇   ဆိုဗီယက် ရုရှားကဗျာဆရာ ယဲ့ဗ်ဂျန်နီ ယဲ့ဗ်တူရှင်ကိုဟာ ဧပြီ ၁ ရက် အသက် ၈၄ နှစ်အရွယ်မှာ ကွယ်လွန် သွားပါပြီ။ စတာလင် ၀ါဒခေတ်လွန် ပျော့ပျောင်းလာတဲ့ကာလမှာ သူဟာ ရှေးရိုးစွဲဝါဒမဟုတ်တဲ့အတွက် ပြည်တွင်းမှာ ပါမက ပြည်ပမှာပါ လေးစားဂုဏ်ပြုခံရတဲ့ကဗျာဆရာပါ။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ဆိုဗီယက်အစိုးရရဲ့ ၀ါဒဖြန့်ချိရေး ထောက်တိုင်ဖြစ်လာတာမို့ လူတော်တော်များများကို တုန်လှုပ်စေခဲ့ပါတယ်။ ယဲ့ဗ်တူရှင်ကိုရဲ့ကဗျာတွေကို ၁၉၆၀ ပြည့်လွန်နှစ်တွေကတည်းက မောင်သာနိုးဘာသာပြန်ပြီး ရှင်းလင်းတဲ့ “ထင်းရူးပင်ရိပ်” စာအုပ်မှာထည့်သွင်းခဲ့တာမို့ မြန်မာနိုင်ငံမှာတောင်လူကြိုက်များတဲ့ ကဗျာဆရာတဦး ဖြစ်ခဲ့ ပါတယ်။ ထူးအိမ်သင်ရဲ့နာမည်ကြီးတဲ့ “အမေ့ရဲ့ဒုက္ခအိုးလေး”...

Read more »

နရီမင်း- အသည်းကွဲဟိုတယ်

March 29, 2017
နရီမင်း- အသည်းကွဲဟိုတယ်

  နရီမင်း- အသည်းကွဲဟိုတယ် (မိုးမခ) မတ် ၂၉၊ ၂၀၁၇ ဓားသွားလို ထက်​မြက်​တဲ့ စကားလုံးတွေနဲ့ နှလုံးသားကို ဓားနဲ့ မွှန်းပြီး မင်း ထွက်​သွား ပိတ်လိုက်တဲ့ တံခါးက ငါ့အသည်းကို ခွဲပစ်ခဲ့။ မင်း ဖွင့်ထားခဲ့တဲ့ မီးလုံးတွေ စစ်ကြောရေးဝင်နေသလို မဖြေနိုင်တဲ့ ​မေးခွန်းတွေ မေးနေဆဲ။ တ​ခုတည်းသော ကြည့်စရာ လှောင်ပြောင်နေတဲ့ မျက်နှာကျက်အောက်မှာ ငါဟာ ဂုဏ်​သိက္ခာမဲ့သွားတဲ့ လူတယောက်ပါ။ အဆုံးတင်ပစ်ခဲ့တဲ့ အဲကွန်းကြောင့် အိပ်ရာခင်းက အေးစက်လွန်း ခေါင်းအုံးတလုံးက စိုရွှဲ​နေပြီး နောက်တလုံးက ပိုင်ရှင်မဲ့လို့။ စားပွဲပေါ်မှာတော့ မင်း ဖောက်သောက်ခဲ့တဲ့ ဘီယာဘူးခွံတွေနဲ့ စားလက်စတန်းလန်း ကြာဇံပြုပ်ပန်းကန်က ဇာတ်လမ်းကို ဆက်ရေးဖို့ ကြိုးစားဆဲ။ နံရံတွေရဲ့ ရယ်သံတွေအကြား မင်းရဲ့ စွဲချက်များနဲ့...

Read more »

နရီမင်း ● နွားတွေ အနုပညာအကြာင်း ပြောတဲ့အခါ

March 18, 2017
နရီမင်း ● နွားတွေ အနုပညာအကြာင်း ပြောတဲ့အခါ

နရီမင်း ● နွားတွေ အနုပညာအကြာင်း ပြောတဲ့အခါ (မိုးမခ) မတ် ၁၈၊ ၂၀၁၇ နွားတွေ မြက်မစားကြတော့ဘူး။ နွားတွေ အနုပညာပဲ စားကြတော့တယ်။ စားတယ်ဆိုတာထက် မျိုချလိုက်တာဆို ပိုမှန်မယ်။ ဒါပေမဲ့ ခက်တာက နွားတွေရဲ့ အစာအိမ်မှာ အနုပညာကို ကြေညက်စေတဲ့ အင်ဇိုင်းတစ်မျိုးက မွေးကတည်းက ပါမလာဘူး။ စားမြုံ့ပြန်လိုက်တဲ့အခါ အနုပညာဆိုတာ စိုးစိမှ ပါမလာပေမယ့် နွားတွေက ပါလာသယောင် ဟန်ဆောင်ကြတယ်။ နွားတွေ လယ်မထွန်ကြတော့ဘူး။ အနုပညာနွားတွေ ဖြစ်သွားကြပြီလေ။ အဲ့ဒီအစား အရိပ်ကောင်းကောင်းမှာ လဲ​လျောင်းလို့ မထွန်ယက်ရသေးတဲ့ လယ်ကွင်းကို ငေးရင်း ထွန်ယက်ပြီးပြီလို့ စိတ်​ကူးယဉ်​ကြတယ်။ သူတို့သခင်ဟာလည်း အနုပညာခံစားတတ်သူကြီးလို့ အထင်ခံချင်တာမို့ အနုပညာနွားတွေကို မရိုက်ပါဘူး။ သူလည်း နွားတွေ ဘေးမှာ လဲ​လျောင်းရင်း...

Read more »

နရီမင်း ● မူးနေရင် အေးဆေးနေ

March 10, 2017
နရီမင်း ● မူးနေရင် အေးဆေးနေ

နရီမင်း ● မူးနေရင် အေးဆေးနေ (မိုးမခ) မတ် ၁၀၊ ၂၀၁၇ စားသောက်ဆိုင်မှာ အသားတုံးတွေက သေးသေးသွားပြီး လေလုံးတွေ ထွားလာတယ်။ ဘီယာခွက်ရဲ့ သုံးပုံတပုံက အမြှုပ်တွေနဲ့ “ခင်ဗျား အခုလို အေးအေးလူလူ ဘီယာသောက်နေချိန်မှာ ငတ်တဲ့လူတွေက ငတ်ကုန်ပြီ” တဲ့ … ဒီကောင် ခွက်ကို အရင်မမော့ဘဲ စကားအရင်ပြောတယ်။ အေးဆေးနေစမ်းပါ လက်ဝဲဝါဒဆိုတာ ဘီယာနဲ့ မြည်းလို့ကောင်းတာ မဟုတ်ဘူး။ ချိစ်တပွဲပေးကွာ။ တတိယကမ္ဘာက တောသားတွေ ချိစ်ကို သကြားဖြူးရတယ် ဘယ်သူပြောလဲ။ လက်ဝဲဖြစ်ဖြစ် လက်ယာဖြစ်ဖြစ် လာသာလာခဲ့ကွာ သကြားတွေဘာတွေ ဖြူးမနေပါနဲ့။ ဘူဇွာဆိုလည်း ဘူဇွာပီပီသသနေစမ်းပါ။ ဘယ်အရာမှ အစစ်မရတာ မင်းတို့ တတိယကမ္ဘာရဲ့ပြဿနာပဲ။ အပိုတန်ဖိုးထုတ်လုပ်မှုဆိုပြီး ဆိုရှယ်လစ်ဘောဂဗေဒနဲ့ အရင်းရှင်ဝါဒကို ဝေဖန်သူက...

Read more »

နရီမင်း ● အထားအသို မှားယွင်းနေသော ဝါကျတကြောင်း

March 3, 2017
နရီမင်း ● အထားအသို မှားယွင်းနေသော ဝါကျတကြောင်း

နရီမင်း ● အထားအသို မှားယွင်းနေသော ဝါကျတကြောင်း (မိုးမခ) မတ် ၃၊ ၂ဝ၁၇ ဆန့်ငင်ဆန့်ငင်ညတွေပေါ် ဆောင့်ကြွားကြွားနံနက်ခင်းတွေ နင်းလျှောက်လာခဲ့ကြပြီ။ ‘နေ’ ရဲ့ အချိန်ကိုက်ပုံနှိပ်မှုမှာ နေ့တ နေ့ဟာ ခပ်ရေးရေး ထင်လာတယ်။ ဟိုး … လွန်ခဲ့တဲ့ အနှစ် ၄ဝ ကျော်က နံနက်ခင်းတခုမှာလိုပဲ ဖျတ်ခနဲ ကျွန်တော် နိုးလာခဲ့တယ်။ “သြော် ဒီနေ့က ကျွန်တော့်မွေးနေ့ပါလား” နေရောင်ပါးလျလျက အခန်းထဲဝေ့ဝိုက် ကျနေတယ်။ ကျွန်တော် အခုမှအသက်ဝင်လာခါစလို၊ “အူဝဲ” လို့ ယောင်အော်မိ မတတ် ဖြစ်သွားတယ်။ (တကယ်က ကျွန်တော် အနှစ် ၄ဝ လုံးလုံး ပြောတတ်သမျှဟာလည်း အဲဒီ “အူဝဲ” ဆိုတာပါပဲ။) လမ်းမဆီကနေ ကျွန်တော့်နာမည် အကြိမ်ကြိမ်...

Read more »

နရီမင်း ● လူငယ်တို့သဘာဝ

February 26, 2017
နရီမင်း ● လူငယ်တို့သဘာဝ

နရီမင်း ● လူငယ်တို့သဘာဝ (မိုးမခ) ဖေဖော်ဝါရီ ၂၆၊ ၂၀၁၇ လူငယ်တို့သဘာဝ ချစ်ကြိုက်ခဲ့ကြတယ်။ လူငယ်တို့သဘာဝလည်း ပျော်ပါးဖူးခဲ့ကြတယ် ဆိုပါတော့။ အဲ့ဒီတုန်းက မဘသ မပေါ်သေးသလို ဗယ်လင်တိုင်းဒေးလည်း တို့ဆီကို ရောက်မလာသေးဘူး။ တခြားအရာတွေလိုပဲ ကွန်ဒုံးနဲ့ တားဆေးတွေ ရှားတဲ့ခေတ်ပါ။ လူငယ်တို့သဘာဝ ရန်ဖြစ်ကြတယ်။ လမ်းသရဲခေတ်လေ။ ချိန်းကြိုး၊ ပုဆိန်သေးသေးလေးနဲ့ သံလက်သီးတွေ ဆောင်ကြတယ်။ ၈၈ အရေးအခင်းဟာ လူငယ်တို့သဘာဝ ရန်ဖြစ်ရာကနေ စခဲ့တယ်ဆိုပါတော့။ လူငယ်တို့သဘာဝ စူးစမ်းချင်ကြတယ်။ ဆေးခြောက်၊ ဆေးပြား၊ ဖန်ဆီဒိုင်း၊ ကိုဒင်းကနေ ကိုကင်း၊ ပက်သဒင်းအထိပေါ့။ ပိုင်ရှင်မဲ့သွားတဲ့ လူငယ်တို့သဘာဝ စူးစမ်းမှုတွေပါပဲ။ လူငယ်တို့သဘာဝ ဆိုးကြ မိုက်ကြရင်း သိုးမည်းတွေ ဖြစ်ခဲ့တယ်လေ။ အခုလို အစွန်းရောက်ဝါဒတွေ ခေါင်းထောင်ထလာချိန်မှာတော့ လူငယ်တို့သဘာဝ...

Read more »

နရီမင်း – “သမိုင်းဝင်နွား”

February 18, 2017
နရီမင်း – “သမိုင်းဝင်နွား”

နရီမင်း – “သမိုင်းဝင်နွား” (မိုးမခ) ဖေဖော်ဝါရီ ၁၈၊ ၂၀၁၇ သူဟာ ပိုင်ရှင်ရှိနွားဖြစ်ကြောင်း နွားက ခလောက်ကလေး ခါခါပြတယ်။ နွားက Tom&Jerry ကာတွန်းကား ကြည့်ထားတော့ လည်ပတ်ရဲ့ အရေးပါပုံကို သိတာကိုး။ လူ သန်းပေါင်း ၅၀ အတွက် ထွန်ယက်ခဲ့ရပါတယ်လို့ မပြောလိုက်ပါနဲ့လား နွားရေ။ မင်းက ငါတို့ ထွန်ယက်ထားတာတွေကိုသာ သခင်ကို မျက်နှာလိုအားရနဲ့ ရောင်းစားလိုက်တာပါ။ မင်းရဲ့ ရုန်းအားဟာ မင်းသခင်ရဲ့ လွတ်မြောက်ရာပေါ့။ သခင်စီးတဲ့လှည်းကို နဖားကြိုးစေရာ ဆွဲရင်း နွားက အိုလာတယ်။ ဒီအသက် ဒီအရွယ်ရောက်တဲ့အထိ နွားက သူ့ကိုယ်သူ သားသတ်ရုံဆီ သွားနေမှန်း မသိရှာခဲ့ဘူး။ ၁၆- ၂- ၂၀၁၇ Tags: နရီမင်း

Read more »

နရီမင်း ● ကျွန်မကို အလှပြင်ပေးသူ

January 18, 2017
နရီမင်း ● ကျွန်မကို အလှပြင်ပေးသူ

နရီမင်း ● ကျွန်မကို အလှပြင်ပေးသူ (မိုးမခ) ဇန်နဝါရီ ၁၈၊ ၂၀၁၇ မနက်ခင်းတခုမှာ ကျွန်မ ခါတိုင်းနေ့တွေလိုပဲ နိုးလာတယ်။ ဒါပေမဲ့ အရင်နေ့တွေနဲ့ မတူတာက ဒီနေ့မှာ ကျွန်မက အပျိုမဟုတ်တော့တာပဲ။ မျက်နှာသစ်မယ်လုပ်တော့ ရေချိုးခန်းထဲက မှန်ကို ကြည့်မိတယ်။ ဘုရား ဘုရား ကျွန်မ အရမ်းအံ့သြသွားတယ်။ မနေ့က မင်္ဂလာဆောင်အပြီးမှာ မျက်နှာပေါ်က မိတ်ကပ်တွေအားလုံး ကျွန်မ ဖျက်ထားပြီးမှ အိပ်ရာဝင်ခဲ့တာပါ။ ဒီမနက် မှန်ထဲမှာ မြင်ရတဲ့ ကျွန်မမျက်နှာက မိတ်ကပ်တွေ အဖွေးသားနဲ့ အကျအန ပြင်ဆင်ထားပါလား။ အဘွားပြောပြဖူးတဲ့ အိပ်ရာဝင် နတ်သမီးပုံပြင်တွေထဲကလို ကျွန်မကို အိပ်နေတုန်း ဘယ်သူများ အလှပြင်ပေးသွားတာပါလိမ့်။ ကျွန်မက စင်ဒရဲလားလေလား။ ပဟေဠိကို အဖြေသိရဖို့ရာ နောက်ညမှာ ကျွန်မဟာ...

Read more »

နရီမင်း ● ပေါ်တင်လိမ်တဲ့ ဆောင်း

January 10, 2017
နရီမင်း ● ပေါ်တင်လိမ်တဲ့ ဆောင်း

နရီမင်း ● ပေါ်တင်လိမ်တဲ့ ဆောင်း (မိုးမခ) ဇန်နဝါရီ ၁၀၊ ၂၀၁၇ အကြာကြီး ပူလောင်ခဲ့သမျှ အေးမြစေရမယ်တဲ့ ဆောင်းဟာ ကတိက၀တ်တွေနဲ့အတူ ရောက်လာခဲ့။ အပူဒဏ်ရာ မိတ်ဖုကြီးတွေကို မိတ်ဖက်ပြုရင်း ယုံစားမိတဲ့ဆောင်းကို ငါတို့ မျှော်ခဲ့ရတယ်။ နွေနွေဆောင်းဆောင်း ခလုတ်နှိပ်ပြောင်းလို့ရတဲ့ အဲကွန်းနဲ့ ဘဝတွေကတော့ ဆောင်းကို မျှော်မတဲ့လား။ အဲကွန်းတွေ ဖွင့်လွန်းတဲ့အခါ အပြင်ကဘဝတွေက ပိုပြီးပူလောင်လို့လာတယ်။ တကယ်တော့ ဆောင်းဟာ ငါတို့ဆီ ရောက်မလာခဲ့ပါဘူး။ အဲကွန်းခန်းထဲ တန်းဝင်သွားတဲ့ ဆောင်းက သူ့ကိုယ်သူတောင် ပူမှန်းအေးမှန်း မသိတော့ဘူးတဲ့လေ။ ကိုယ်တိုင် အအေးကြိုက်တဲ့ဆောင်း ဖွံ့ဖြိုးမှုမိတ်ဖက်တွေရဲ့ဆောင်းအတွက် မိတ်ဖုကြီးတွေက ရန်ဘက်ဖြစ်လာခဲ့ပြီ။ မိတ်ဖုတွေဟာ သူနဲ့မဆိုင်ဘူးလို့ တွင်တွင်ငြင်းရင်းက ဆောင်းဟာ နွေထဲ ပျော်ဝင်သွားလိုက်တာ ညတာရှည်ခြင်းသာ အဖတ်တင်ပါတယ်။ ကတိပျက်တဲ့...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်