Posts Tagged ‘ နီဇူလိုင် ’

နီဇူလိုင် ● ရုပ်ပုံလွှာမှတဆင့် ….

June 26, 2017
နီဇူလိုင် ● ရုပ်ပုံလွှာမှတဆင့် ….

နီဇူလိုင် ● ရုပ်ပုံလွှာမှတဆင့် …. (မိုးမခ) ဇူလိုင် ၂၆၊ ၂ဝ၁၇ လွတ်လပ်ရေးတွက်၊ တိုက်ပွဲရက်တွင် အသက်ဆုံးရ၊ သခင်ဗဟိန်း စိမ်းစိမ်းမြေ့မြေ့၊ အောက်မေ့စိတ်မှန်း တမ်းတညွတ်ညွတ်၊ လွမ်းဆွတ်ဆွတ်မိ ။     ။ (ဒဂုန်တာရာ၏ လီနင်ဂူ ကဗျာမှ) +++ “ရဲဘော်ဗဟိန်း” လို့  ခပ်သော့သော့ လက်ရေးစာလုံးတွေနဲ့ ရေးထားတဲ့ ထုံးဖြူဖြူ အုတ်ဂူဟောင်းတခုပုံနဲ့အတူ သခင်ဗ ဟိန်းရဲ့အုတ်ဂူကို ဟိန်းရာပြည့်အမီ ပြန်လည်တွေ့ရှိပြီဆိုတဲ့သတင်းကို ဖတ်လိုက်ရတယ်။ ၁၉၉ဝ ခုနှစ်တဝိုက်မှာစစ်ထောက်လှမ်းရေးတွေက သူ့အုတ်ဂူကို မန္တလေး ရွာဟိုင်းသုသာန်ကနေ တိတ်တဆိတ် လျှို့ဝှက် ပြောင်းရွှေ့လို့ပျောက်ဆုံးနေရာကနေအခုတော့…ကြာနီကန်သုသာန်မှာ ပြန်တွေ့ရပြီတဲ့။ သက်မဲ့ရုပ်အလောင်းတောင်မရှိနိုင်တော့မယ့် အရိုးစုသာ ကြွင်းကျန်နိုင်တော့မယ့် လူသားတယောက်ကို မြှုပ်နှံထားတဲ့ အုတ်ဂူတခုကို စစ်အာဏာရှင် တွေဟာဘာကြောင့်များသူရဲဘောကြောင်ကြောင်ကြောက်လန့်တကြား ခိုးကြောင်ခိုးဝှက်ရွှေ့ပြောင်းခဲ့ကြတာပါလိမ့် ……။ ၁၃ဝဝ...

Read more »

နီဇူလိုင် ● ငါတို့သည် ကိုနေဝင်းများဖြစ်သည်

January 30, 2017
နီဇူလိုင် ● ငါတို့သည် ကိုနေဝင်းများဖြစ်သည်

နီဇူလိုင် ● ငါတို့သည် ကိုနေဝင်းများဖြစ်သည် (မိုးမခ) ဇန်နဝါရီ ၃၀၊ ၂၀၁၇ နိုင်ငံတော်ကို သေနတ်ကိုင်လူဆိုးတွေဝိုင်းထားတယ် လူဆိုးတွေကို ငါတို့ပြန်ဝိုင်းထားတယ် ငါတို့လက်ထဲမှာ ရရာလက်နက် အုတ်နီခဲတွေ စွဲကိုင်လျက်..။ နီဇူလိုင် ၂၉.၁.၁၇ Tags: နီဇူလိုင်

Read more »

နီဇူလိုင် ● မြို့ ကလေးကတဲ့ ပြဇာတ်

July 13, 2016
နီဇူလိုင် ● မြို့ ကလေးကတဲ့ ပြဇာတ်

  နီဇူလိုင် ● မြို့ ကလေးကတဲ့ ပြဇာတ် (မိုးမခ) ဇူလိုင် ၁၃၊ ၂၀၁၆ အခန်း (၁) ရီရီဝေ မြို့ကလေးမှာ နေပါတယ်.. ပေကျံစုတ်ချာနေတဲ့ တဲကလေးတလုံးမှာပေါ့..။ အခန်း (၂) ရီရီဝေဟာ မနက်စာညစာ … အလျဉ်မီအောင်ရှာရင်း တ၀မ်းတခါးအတွက်.. လမ်းသလားရင်း လင်ကောင်မပေါ်ရှာတဲ့ ကလေးတွေ တယောက်ပြီး တယောက်မွေးခဲ့ရတယ်။ အခန်း (၃) တနေ့တော့ မြို့ ကလေးမှာ အနီးအနားက မြို့ရွာတွေလိုပဲ လှုပ်လှုပ်ရွရွ ကျီးလန့်စာစားလို့ …။ ချောက်ထဲကျဖို့ လက်တ၀ါးအလိုမှာ ၀င်ဝင်ကယ်နေကျ.. ကယ်တင်ရှင်ကြီးများဟာ ဘွားခနဲ.. မိုးပေါ်က ကျလာတယ်…။ အခန်း (၄) သူတို့ယာယီ စခန်းချရာ စာသင်ကျောင်းကလေးဆီ ရီရီဝေ ရောက်ရောက်လာတတ်တယ်..။ နေ့လည်ခင်းမှာ...

Read more »

နီဇူလိုင် – စိုးစိတ်

March 1, 2016
နီဇူလိုင် – စိုးစိတ်

နီဇူလိုင် – စိုးစိတ် (မိုးမခ) မတ် ၁၊ ၂၀၁၆ အယ်နီညို တို့မြေတွေကိုကျူးကျူးကျော်ကျော် သူပိုင်မြေလို့..ဆိုင်းဘုတ်လာစိုက်တယ်..။ အယ်နီညို တို့မြေဆီသယံဇာတတွေခမ်းခြောက်.. တောတောင်တွေပျောက်အောင် သူဘယ်လို .ဘယ်အချိန်မှာ.စုပ်ယူလိုက်ပါလိမ့်..။ အယ်နီညို သူ့ကြောင့် တို့မြေမှာ တို့တွေနေစရာမရှိတော့ပဲ တွင်းနက်ကြီးထဲမှာဆင်းရဲခြင်းနဲ့အတူ ကျူးကျော်တွေဖြစ်ရတယ်..။ တို့အပေါ်မှာ မွဲတေခြင်း မြေစာတွေပိပိကျလို့..။ အယ်နီညို သူဟာ..ပိုင်စိုးပိုင်နင်း ရာသီစောင့်နတ်သမီးလေးရဲ့  အလင်းကိုလဲဖျက်တယ်..။ ရာသီစောင့်နတ်သမီးလေးကတော့ တို့အတွက်လို့ ပြောတာပဲလေ အယ်နီညိုကို.. ရင်ကြားစေ့ဖို့ကြိုးစားတယ်..။ ငြိမ်းချမ်းရေးသပြေခက်ကို လက်ကမ်းတယ်..။ မေတ္တာသုတ်ရွတ်ပြတယ်..။ ဒါပေမဲ့.. အယ်နီညို သူက မုန်ယိုတဲ့ဆင်ရိုင်းပဲ သူက..စစ်ဦးဘီလူးပဲ မေတ္တာသုတ်ကို နင်းချေ ငြိမ်းချမ်းရေးသပြေခက်ကို ပုတ်ချ..။ ရင်ကြားစေ့ဖို့တွေ..ဘာတွေလဲ နားမလည်ရှာဘူး..။ သူ့မှာက အစွယ်ပဲအားကိုးရှိတော့ အစွယ်ပဲထုတ်ပြတတ်တယ်။ တို့တွေမှာသာ ကျွမ်းပြန် သောကတွေလျှံလို့..။...

Read more »

နီဇူလိုင် – မြို့ ကလေးနဲ့ တို့အရေး

August 5, 2015
နီဇူလိုင် – မြို့ ကလေးနဲ့ တို့အရေး

  နီဇူလိုင် – မြို့ ကလေးနဲ့ တို့အရေး (မိုးမခ) သြဂတ်စ် ၅၊ ၂၀၁၅ မြို့ကလေးမှာ အဲဒီနေ့က ခြိမ်း၍မရွာသောမိုး ရုံတင်နေတယ်…။ တတိုင်းပြည်လုံးက မြို့တွေလိုပဲ ပြိုတော့မယ့်မိုးတွေက ခြိမ်းလို့ ရွာစေချင်ပေမဲ့ ရွာမရွာ..ဘယ်သူမှ ကြိုမသေချာခဲ့ဘူး..။ မြို့ ကလေးဟာ ကုမ္မာရီ ၀ံသာနုခေတ်ကစလို့ ခေတ်အဆက်ဆက် ရဲရဲလက် သတ္တိ မီးခဲတွေထွက်ခဲ့တယ်။ ဘိနပ်ချွတ် ဦးသိန်းမောင်လို နယ်ချဲ့ ကို စစ်အာဏာရှင်ကို အရေခွံဆွဲခွာမယ့် ပွဲတိုင်းမှာ မြို့သမိုင်းဟာ မရိုင်း အာဇာနည်တွေ အပြိုင်းအရိုင်းပေါ်ခဲ့တယ်။ အဲဒီနေ့က အထက ကျောင်းတော်ကြီးဆီက ဒေါင်းတွန်သံတွေ.. စကြားရတယ်..။ အိုးဝေ..အိုးဝေ မိုးတွေ ရွာပြီဟေ့ လမ်းမ လမ်းသွယ်တွေ ကြားမှာ ခေတ်အဆက်ဆက်က သီးခြားဖွဲ့တည်ခဲ့ကြတဲ့.. မိုးရေစီးကြောင်းတွေဟာ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်