Posts Tagged ‘ နီနီမာ ’

နီနီမာ ● အေဘီရဲဘော်ဝင်းလှိုင်၏မိခင် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းမှတ်တမ်း

May 26, 2017
နီနီမာ ● အေဘီရဲဘော်ဝင်းလှိုင်၏မိခင် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းမှတ်တမ်း

နီနီမာ ● အေဘီရဲဘော်ဝင်းလှိုင်၏မိခင် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းမှတ်တမ်း (မိုးမခ) မေ ၂၆၊ ၂ဝ၁၇ ဒီနေ့မနက် ဈေးသွားတော့ လမ်းတလျှောက်မှာ အဖြူအစိမ်းဝတ်ကလေးတွေနဲ့ မိဘတွေကို တွေ့တယ်။ ဒီစာသင်နှစ်အတွက် ကျောင်းအပ်လက်ခံပြီပဲ။ ကျောင်းအပ်ပြန်လာတဲ့ ကလေးတွေလက်ထဲမှာ ပုံနှိပ်စာအုပ်တထပ်ကြီးကို ကိုင်လို့၊ မိဘ တွေ ကြည့်ရတာလည်း အတော်ကြည်ကြည်လင်လင် ရှိပုံရတယ်။ ကျောင်းအပ်ခ ဘာညာ ဘာမှမပေးရဘူးတဲ့။ ကလေးတွေ ကိုတော့ ပန်းနာမည်အခန်းတွေ ခွဲပြီလားဆိုတော့ ခွဲသေးပါဘူးတဲ့။ ဆရာဆရာမတွေခမျာ အနားကပ်မှသိရတော့ နာမည် မစဉ်းစားအားသေးဘူးထင်ပါရဲ့။ ခါတိုင်းလိုအေဘီစီပါပဲတဲ့။ ဒါနဲ့ ကလေးတယောက်ရဲ့လက်ထဲက ပုံနှိပ်စာအုပ် တထပ်ကြီးကိုကြည့်တော့ ခါတိုင်းလို မှုန်ဝါးဝါးကျင့်တဲ့ စက္ကူသားမျိုး မဟုတ်။ ဖွေးဖြူတောက်ပြောင်တဲ့စက္ကူသားကောင်းကောင်းနဲ့ ပုံနှိပ်စာအုပ်တွေကိုတွေ့ရလို့ ကလေးတွေလိုပဲ ကိုယ်လည်း ပျော်မိတယ်။ ပုံနှိပ်တွေ ဘာသာစုံရလားဆိုတော့...

Read more »

နီနီမာ – မရွတ်ချင်တဲ့ကဗျာ နဲ့ ရွတ်ချင်တဲ့ကဗျာ

March 19, 2015
နီနီမာ – မရွတ်ချင်တဲ့ကဗျာ နဲ့ ရွတ်ချင်တဲ့ကဗျာ

  နီနီမာ – မရွတ်ချင်တဲ့ကဗျာ နဲ့ ရွတ်ချင်တဲ့ကဗျာ (မိုးမခ) မတ် ၁၉၊ ၂၀၁၅ ညက ရှောင်တိမ်းနေရတဲ့ သပိတ်မှောက်ကျောင်းသားလေးတယောက်ရဲ့  စတေးတပ်တချို့ကို ဖတ်မိရင်း ကြေကွဲ..။ ကိုယ့်သားလေးအရွယ်မို့  သူ့မေမေကို သူ..ယုံကြည်ချက်တွေ  မအောင်မြင်မချင်း.. အိမ်မပြန်နိုင်သေးတဲ့ အကြောင်းရေးထားတဲ့ စာတွေကို ဖတ်ရင်း.. စာနာမျက်ရည်တွေဝဲ။ ကဗျာလေးတပုဒ်ကို သွားသတိရမိတယ်..။ ၈၈ အရေးတော်ပုံအပြီးမှာ မဂ္ဂဇင်းတစောင်ထဲမှာပါတဲ့  ဆရာကြီး မောင်လင်းယုန်(ရှမ်းပြည်) ဘာသာပြန်ထားတဲ့ ကဗျာပါ..။ စာပေကင်ပေတိုင်တွေ ဆင်ဆာဖြတ်ပြီး  ငွေမှင်သုတ်ထားတဲ့အောက်ကနေ  ရအောင် ကူးထားမိတာကို မှတ်စုစာအုပ်ထဲမှာ ပြန်ရှာမိတယ်။ William  Barnes ရဲ့ The  mother’s  dream  တဲ့။ ဆရာကြီး မောင်လင်းယုန်က… မေမေ့အိပ်မက်.. လို့ ဘာသာပြန်ထားတယ်..။...

Read more »

နီနီမာ – လည်လည်သွားမယ်…လာကြဟေ့ (၂)

January 5, 2015
နီနီမာ – လည်လည်သွားမယ်…လာကြဟေ့ (၂)

နီနီမာ – လည်လည်သွားမယ်…လာကြဟေ့ (၂) (မိုးမခ) ဇန်န၀ါရီ ၅၊ ၂၀၁၅ …. သရေခေတ္တရာပျူမြို့ ဟောင်းမှာ မြို့ ဝင်ပေါက်တံခါးကြီး  (၃၂)ပေါက်နဲ့  တံခါးငယ် (၃၃)ပေါက်  ရှိတယ်လို့ သမိုင်းဆရာတွေ ရေးထားတာဖတ်ဖူးတယ်..။ တကယ်တော့  သမိုင်းသုတေသီတွေရဲ့  ရှာဖွေ မှန်းဆချက်တွေကလည်း  အသစ်အသစ်တွေ့ ရှိချက်တွေနဲ့ ..အမြဲရှင်သန်ပြောင်းလည်းနေတာမျိုးကိုး..။ဘာပဲဖြစ်ဖြစ်  သရေခေတ္တရာပျူမြို့ ဟောင်းရဲ့  သမိုင်းကတော့   တုတ်ထမ်းပြီး ပြောရတယ်ဆိုတဲ့   ပုဂံရာဇ၀င်ထက်  ရှေးပိုကျတော့.. ပိုပြီးအငြင်းပွါးစရာမှန်းဆချက်တွေ..ဒဏ္ဍာရီတွေလဲ  များမှများပေါ့..။… ခုလို..လက်တွေ့ တူးဖော်ရထားတဲ့  အထောက်အထားတွေ..  ယဉ်ကျေးမှုပစ္စည်းတွေကတော့  အိုးခြမ်းပဲ့ ကလေးတခုကစပြီး  တန်ဖိုးမဖြတ်နိုင်အောင်..  စိတ်ဝင်စားစရာကောင်းလိုက်တာနော်..။ ဒါပေမဲ့ …အခုလက်ရှိတော့  မြို့ တံခါးက (၉)ခုပဲ  တူးဖော်လို့ တွေ့ သေးတယ်တဲ့ ..။အခုတို့မြင်နေရတဲ့  လုလင်ကျော်တံခါးပေါက်ဆိုရင်လဲ  တူးလက်စမို့    မြို့ ကွက်ထဲအထိ  ၀င်နိုင်အောင်  လမ်းမပေါက်သေးဘူး..။ကဲ..ဒါဆိုလဲ  မြို့ ရိုးအပြင်က  မြေနီလမ်းရိုးလေးအတိုင်း  ပတ်ပြီး  ဆက်သွားကြည့်ကြတာပေါ့…။ ဟော…ရှေ့ မှာ သွပ်မိုးထားတဲ့   အဆောက်အဦးကြီးတခုပါလား..။ဝင်ကြည့်ကြစို့..။အဆောက်အဦရဲ့ ရှေ့ မှာ  မြေပုံကားချပ်ရှိတယ်..။ဖတ်ကြည့်လိုက်ဦးမှ..။ အော်…တို့ရောက်နေတာ..ကုန်းအမှတ်(၅၃)တဲ့ ..။...

Read more »

နီနီမာ – လည်လည်သွားမယ်..လာကြဟေ့ (၁)

January 4, 2015
နီနီမာ – လည်လည်သွားမယ်..လာကြဟေ့ (၁)

 နီနီမာ – လည်လည်သွားမယ်..လာကြဟေ့ (၁) (သူ့ဖေ့စ်ဘွတ်) ဇန်န၀ါရီ ၄၊ ၂၀၁၅ ကလေးတို့ရေ…။ကျောင်းပိတ်ရက်..ခြေညောင်းလက်ဆန့်ကြစို့..။ဘယ်ကို ဆန့်ကြမလဲ..။အခုခေတ်စားနေတဲ့ ..အေဒီသုံးရာစု လေးရာစု  ဆီကိုပေါ့…။အိုး..ကလေးတို့က  ဝေးတယ်ထင်တယ်လား..။လာပါကွာ…။ကာလယန္တရားအရ  အလှမ်းဝေးတယ်ဆိုပေမဲ့ ..အဲဒီမှာ…တို့ ဘိုးဘေးတွေရဲ့  အငွေ့အသက်ယဉ်ကျေးမှုတွေ ရှိတယ်….။ မြေလတ်ဒေသ ပြည်မြို့ နဲ့  ၅မိုင်အကွာကို  ရောက်ပြီ..။အဲသမှာ…ကမ္ဘာ့အမွေအနှစ်  သရေခေတ္တရာပျူမြို့ ဟောင်း…လို့  ရေးထိုးထားတဲ့  ကျောက်သားတိုင်ကြီးက… ကံကောင်းလေစွ.. ကံကောင်းလေစွလို့ ..လေပြေအေးအေးထဲမှာ..တေးဆိုညည်းနေတယ်..။. လက်ဝဲဘက်ခပ်လှမ်းလှမ်းမှာ   နေရောင်နွေးနွေးအောက်က ညိုရင့်ရင့် မြို့ ရိုးဟောင်းကြီးတွေ…။ကလေးတို့ရေ..ဟိုမှာ  သရေခေတ္တရာ ပျူမြို့ ဟောင်းရဲ့  လမ်းညွှန်မြေပုံကလေး…။သွားကြည့်ကြစို့..။့ ဟော….တို့ရောက်နေတဲ့  နေရာက  သရေခေတ္တရာမြို့ ဟောင်းထဲကို  ၀င်တဲ့   မြို...

Read more »

နီနီမာ – ကိုယ့်အသက်ကို ဖက်နဲ့ မထုပ်သော်လည်း

July 31, 2014
နီနီမာ – ကိုယ့်အသက်ကို ဖက်နဲ့ မထုပ်သော်လည်း

နီနီမာ – ကိုယ့်အသက်ကို ဖက်နဲ့ မထုပ်သော်လည်း ဇူလိုင် ၃၁၊ ၂၀၁၃     “ဟေ့ … မင်းတို့ အသက်တွေ ဖက်နဲ့ ထုပ်ထားကွ။ ဟားဟားဟားဟား”     “ ခွပ်ခွပ်ခွပ်ခွပ်”                   ကားပေါ်စတက်တက်ချင်း ကြားလိုက်ရတဲ့  အသံကြောင့် ကြက်သီးမွေးညှင်းတွေထသွားအောင် လန့်သွားတယ်။ကိုယ့်ခေါင်းပေါ်တည့်တည့်က အော်သံကြားရာဆီ မျက်စိရောက်သွားမှ     ရင်ဘတ်ထဲမှ တဖျပ်ဖျပ်ခုန်နေသော လိပ်ပြာလေးကို  ကလူကလူလို့ ပြန်ခေါ်မိတော့တယ်။ ကားခေါင်းခန်းဒရိုင်ဘာထိုင်ခုံ အပေါ်ဖက် တီဗီထဲမှ နှုတ်ခမ်းမွေးကားကား  မျက်နှာထားတင်းတင်းနှင့် လူကြမ်းသရုပ်ဆောင်ကြီးရဲ့   မျက်နှာကြီးက  သူ့အသံလိုပင် ခက်ထန်မာကျောလှတယ်။ ရွာသူရွာသားတွေကို ကြိမ်းမောင်း၊ မြင်းခွါသံတဖြောင်းဖြောင်းနဲ့  ထွက်သွားတာကို မြင်လိုက်ရတဲ့  ခဏတာအတွင်းခရီးစဉ်တလျှောက်  ဒီဇာတ်ကားကြီး မပြီးမချင်း  မကြည့်ချင်မြင်လျှက်သား၊...

Read more »

နီနီမာ – “နတ္ထိ ပစ္စယော”

April 26, 2014
နီနီမာ – “နတ္ထိ ပစ္စယော”

“နတ္ထိ ပစ္စယော” နီနီမာ၊ ဧပြီ ၂၆၊ ၂၀၁၄ ညဉ့်ဧ။်  ကင်းခြင်းသည် နေ့ဖြစ်ခြင်းငှာ  ကျေးဇူးပြုသကဲ့ သို့ လည်းကောင်း… တိမ်မည်း ကင်းစင်သော “  လ ” သည် ၀င်းပသော ကောင်းကင်ဖြစ်ခြင်း ငှာ  ကျေးဇူးပြုသကဲ့ သို့  လည်းကောင်း… ရွာသွန်းပြီးစ  မိုးသည် မြေပြင်ကို သန့်စင်ခြင်းငှာ ကျေးဇူး ပြု သကဲ့ သို့  လည်းကောင်း.. နတ္ထိ ပစ္စယော  နတ္ထိ  မရှိ ခြင်းဖြင့်  ပစ္စယော ကျေးဇူး ပြုခြင်း မည်ဧ။်…။ မြတ်ဗုဒ္ဒဧ။်  ပဌာန်းဒေသနာတော်မှ  နတ္ထိပစ္စယော  ကို ဆဌသံဃာယနာ မူ  အိတ်ဆောင် ပဌာန်း  ပါဠိတော်နှင့်  ၂၄ ပစ္စည်း အကျဉ်းစာအုပ်တွင်..ဒီလို...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်