Posts Tagged ‘ နီလာမိုးဆွေ ’

နီလာမိုးဆွေ – ပန်းတိုင်းပွင့်စေလို

March 22, 2016
နီလာမိုးဆွေ – ပန်းတိုင်းပွင့်စေလို

  နီလာမိုးဆွေ – ပန်းတိုင်းပွင့်စေလို (မိုးမခ) မတ် ၂၂၊ ၂၀၁၆ ခွင်းနေရင်းနဲ့ကို ကွင်းနေတဲ့ ဒီလောက…။ ကံတရားဆိုတာ သားသမီးနဲ့မိဘလို ရွေးချယ်ခွင့်မပေးခဲ့လေဘူး….။ ဒါပေမဲ့….။ ကံတရားဆိုတာ ဆူးကိုနင်းနေသရွေ့ နတ်သုဒ္ဓါတော့ဖြစ်မလာလေဘူး…။ ကံတရားဆိုတာ ကိုးကွယ်ဆည်းကပ်သင့်တဲ့ ပစ္စေကဗုဒ္ဓ မဟုတ်လေခဲ့ဘူး….။ ကံတရားဆိုတာ ကောင်းကင်မှာကြယ်မစုံသေးရင် ခေါင်းလောင်းသံတိတ် လွယ်အိတ်ချိတ်…။ ဟေ့…ကြည့်စမ်း ဖွားဘက်တော် အသင်္ချေတွေကြောင့် စိမ်းစိမ်းစိုမြက်တွေ မတ်မနိုင်တော့ဘူး..။။ နီလာမိုးဆွေ Tags: နီလာမိုးဆွေ

Read more »

နီလာမိုးဆွေ – ခေတ်

January 5, 2016
နီလာမိုးဆွေ – ခေတ်

နီလာမိုးဆွေ – ခေတ် (မိုးမခ) ဇန်န၀ါရီ ၅၊ ၂၀၁၆ ခေတ်ကြီးကိုက နက္ခတ်အစုံအလင်နဲ့ ဆောင်ပန်း နင်းကြမ်းမလိုဘူး ဆင်သွားရင်လမ်းဖြစ်တဲ့ခေတ်။ ခေတ်ကြီးကိုက ဖန်တီးရှင်တွေကြား ကိုယ့်အရိပ့်ကို ကိုယ်ဆွဲဆန့် နေရောင်ကြားမှာ အတိတ်ဖျောက်နေကျတဲ့ခေတ်။ ခေတ်ကြီးကိုက တောမခြောက်ရပါဘဲ လှည်းနေလှေအောက်မြင်းဇောင်းမကျန် သတ်ကွင်းကိုတိုးဝှေ့ လည်စင်းပေးရတဲ့ခေတ်။ ခေတ်ကြီးကိုက သဘာဝတရားကိုစိန်ခေါ် ပြုန်းတီးလာတဲ့သယံဇာတတွေကြား သူရဲကောင်းဆိုတာ လေထဲမှာသာကျန်ခဲ့တဲ့ခေတ်။ ခေတ်ကြီးကိုက အာဏာတသက် ရတက်ပွေပွေ ပထွေးကိုအဖေခေါ် အိမ်ဦးခန်းတင် ဆီဦးထောပတ်ပူဇော်ပသနေရတဲ့ခေတ်။ ဒီခေတ်ကြီးမှာ ကိုးကွယ်မိတဲ့ အမှန်တရားဆိုတာ ဆေးထိုးမှည့်လိုက်ရတဲ့ ရာသီပေါ်သီးနှံတစ်မျိုးပဲ။ ။ ။ နီလာမိုးဆွေ Tags: နီလာမိုးဆွေ

Read more »

နီလာမိုးဆွေ – အနာဂတ် ပြည်မြန်မာ

October 12, 2015
နီလာမိုးဆွေ – အနာဂတ် ပြည်မြန်မာ

နီလာမိုးဆွေ – အနာဂတ် ပြည်မြန်မာ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၅ ဥသြသံကြားနေရပြီ ကျောက်ချရပ်တန့်ထားသမျှ ခြေအစုံက တုန့်ကနဲ့ တုန့်ကနဲ။ အသစ်အဆန်းတွေနဲ့ ရွေ့လာတဲ့ခေတ်ကြီးထဲမှာ အပြန်လမ်းအတွက် နေဝင်ချိန်နဲ့ နေထွက်ချိန် မသဲကွဲ ခြေလှမ်းတွေက တုန့်ခဲ့ရတာလည်း အခါခါဘဲ။ လူမထွင်း နတ်ထွင်းခဲ့သမျှ အနီစိတ်ကိုခေါက်သိမ်း မဖြောင့်ဖြူးခဲ့တဲ့လမ်းမထက်မှာ အချိန်မတန်ခင် အိမ်မက်တွေကို ရှည်လျားစေခဲ့တယ်။ ခေတ်ကိုက အရောင်မျိုးစုံဖြာထွက် ဝယ်လိုအားထက် ရောင်းလိုအားကများနေမှတော့ ဟောင်းနွမ်းတဲ့ လွယ်အိတ်လေးထဲက တခါသုံးစာအုပ်လေးတွေ ခေါင်းလောင်းသံနဲ့ဝေးခဲ့ပြီ။ ဟော… ဥသြသံလား ဂျိုးကူသံလား စွင့်မိတဲ့နားနောက်မှာ ဇရာအိုရဲ့အပြုံးမျက်နှာ နေရာအနှံမှာ လင်းလက်တောက်ပ သံလွင်ခက်တွေ တရိပ်ရိပ်နဲ့ လောင်းရိပ်မမိဖို့ ဆုခြွေ အနာဂတ်မှာ ခေါင်းလောင်းသံတွေ ဘဝဂ်ညံစေသား။ ။ နီလာမိုးဆွေ illustration...

Read more »

နီ လာ မိုးေ ဆွ – ငြ မ်း

September 29, 2015
နီ လာ မိုးေ ဆွ – ငြ မ်း

နီ လာ မိုးေ ဆွ – ငြ မ်း (မိုးမခ) စက်တင်ဘာ ၂၉၊ ၂၀၁၅ ဖြူလွှလွှ နှင်းပွင့်တွေလယ် ဇရာအိုကြားက အမေ့နှုတ်ခမ်းကို ငေးမော မရိုးနိုင်တဲ့ အိပ်ရာဝင်ပုံပြင်တွေကြား ဆောင်းညတွေကို ခုံမင်မက်မောခဲ့ဖူးတယ်။ ဖောက်ပြန်လာတဲ့ ပထဝီကို အမှောင်ကကြီးစိုး ယုတ်လျော့လာတဲ့ ကမ္ဘာမြေဆွဲအားကြောင့် ခြေမခိုင် ယိမ်းယိုင်လာသမျှ မီးခိုးတိုးတိတ် လျှပ်ရောင်ဝင်းဝင်း မြူခိုးငွေ့ငွေ့ ကမ်းကဝါးဝါး နံရံတွေရဲ့ပင့်သက်ရှိုက်သံတွေကြောင့် အိမ်မက်က ကျူံးထ နွေခေါင်ခေါင်ညတွေမှာ ထန်းလက်နဲ့ ကာလို့မရခဲ့ဘူး။ တပေါက်ပေါက်ကျနေတဲ့ မိုးစက်တွေကြား ရောင်တော်ပြန် အရောင်ပေါင်းစုံနဲ့ ကမ္ဘာမကြေသံက သဲ့သဲ့ ကျစ်ကျစ်ပါအောင်ဆုပ်လိုက်မိတဲ့လက်သီးဆုပ်က ညှိုးငယ်စွာ မျက်လွှာကိုသိမ်း မမှောက်မှားခဲ့ပေမယ့် ကမ္ဘာတုန်အောင် ပလ္လင်လှုပ်ခဲ့တဲ့အကြောင်း နံရံတွေကိုသာ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်