Posts Tagged ‘ ဖိုးသံ လူထု ’

ဖိုးသံ(လူထု) – အမေ့ခေါ်သံရေးတဲ့ ကိုဝင်းဖေခေါ် ကိုစွမ်းရည်

February 19, 2017
ဖိုးသံ(လူထု) – အမေ့ခေါ်သံရေးတဲ့ ကိုဝင်းဖေခေါ် ကိုစွမ်းရည်

ဖိုးသံ(လူထု) – အမေ့ခေါ်သံရေးတဲ့ ကိုဝင်းဖေခေါ် ကိုစွမ်းရည် (မိုးမခ) ဖေဖော်ဝါရီ ၁၉ ၊ ၂၀၁၇ ကျွန်တော့်တို့ ကျောင်းသားဘဝတုန်းက- တက္ကသိုလ်ကျောင်းသားဘဝမှာ  ကျောင်းသားခေါင်းဆောင်ဆိုသူတွေကို အင်မတန်လေးစားအထင်ကြီးကြပါတယ်။ လက်နက်ချ သစ္စာဖောက်သွားသူမှအပ ပေါ့။ နောက်ပြီး ကျွန်တော်တို့သတင်းစာတိုက်ဆိုတာကလည်း ကျောင်းသားအရေးမှာ တက်ကြွလှုပ်ရှားသူတွေ အလွန်အဝင်အထွက်များတဲ့ နေရာမဟုတ်လား။ သူတို့ စာအုပ်လာဝယ်ရင်လည်း ဝယ်လို့မို့၊ အယ်ဒီတာခန်းထဲကို ဝင်လာရင်လည်းဝင်လာလို့မို့ အခြေအနေ၊ အရိပ်အကဲလိုက်လို့ သူတို့ကိုကြည့်ရ၊ စကားပြောခွင့်ရှာရ လုပ်တတ်ပါတယ်။ အဲဒီလိုပုဂ္ဂိုလ်တွေထဲမှာမှ ကဗျာရေးလို့နာမည်ရတဲ့ ကိုဝင်းဖေ- ဖြတ်ပြီးပြောပါရစေ။ ကျွန်တော်တို့အိမ်မှာ ကျွန်တော့် အဖေအမေကအစ ကိုဝင်းဖေလို့ပဲသူ့ကိုခေါ်ကြပါတယ်။ မောင်ဝင်းဖေ၊ ကိုဝင်းဖေ စသဖြင့်ပါ။ မောင်စွမ်းရည်လို့ မခေါ်ခဲ့ကြပါဘူး။ ပန်းချီ/ ကာတွန်းဆရာ ကိုဝင်းဖေနဲ့ လူချင်းမှားမှာစိုးတဲ့အခါမှာသာ “ကိုစွမ်းရည် ဝင်းဖေ” ဆိုတာမျိုး ညွှန်းတတ်ကြပါတယ်။...

Read more »

ဖိုးသံ (လူထု) သူတို့နှစ်ယောက်ကို ကျွန်တော်တွေ့ဖူးခဲ့တယ်

April 29, 2015
ဖိုးသံ (လူထု) သူတို့နှစ်ယောက်ကို ကျွန်တော်တွေ့ဖူးခဲ့တယ်

  ဖိုးသံ (လူထု) သူတို့နှစ်ယောက်ကို ကျွန်တော်တွေ့ဖူးခဲ့တယ် (မိုးမခ) ဧပြီ ၂၉ ၊ ၂၀၁၅ ကျွန်တော်နိုင်ငံရေးကိုစပြီးစိတ်ဝင်စားတာမှာ နယ်ချဲ့ဆန့်ကျင်ရေးကစတယ်ဆိုရင်မမှားပါဘူး။ အထူးသဖြင့် ကိုယ့် နိုင်ငံ၊ ကိုယ့်ပြည်သူတွေရဲ့နယ်ချဲ့ဆန့်ကျင်ရေး၊ ကိုလိုနီဘဝကလွတ်မြောက်ရေး၊ လွတ်လပ်ရေးတိုက်ပွဲတွေပါ။ ဒါကြောင့် ကျွန်တော့်ခေါင်းထဲမှာ နယ်ချဲ့ဆန့်ကျင်ရေးတိုက်အတွင်း ပြောင်မြောက်စွာပါဝင်ခဲ့သူတွေဟာ ကျွန်တော့်ဟီးရိုးတွေဖြစ် နေခဲ့ပါတယ်။ အဲဒီလိုမှတ်မိတဲ့အထဲမှာသူတို့ရဲ့သူရဲကောင်းပုံပြင်တွေလည်း အများကြီးပါဝင်ပါတယ်။ မိဘပြောပြတာ၊ စာအုပ်ထဲမှာဖတ်ရတာ၊ နီးစပ်ရာတွေဆီကသိရကြားရတာတွေပေါ့။ ကျွန်တော်ဘာစိတ်စားမှန်းသိလို့ ပြောပြကြတာရော၊ ကျွန်တော်ကိုစံနမူနာယူစေချင်လို့ပြောပြတာရော၊ တခြားကလေးတွေ လူငယ်လေးတွေရဲ့ဘဝအတိုင်းပါပဲ။ “ကမ္ဘာများ၏စစ်ပွဲ” (The World of the Worlds) ဆိုတဲ့ရုပ်ရှင်ကားဟာ ကျွန်တော့်အသက်ငယ်ငယ်လေးမှာ ကျွန်တော့်ဘဝထဲဝင်ရောက်လာတဲ့ ရုပ်ရှင်ကားတကားပါ။ အဲဒီခေတ်တုန်းကမများလှတဲ့ သိပ္ပံပညာအထူးဖန်တီးချက် ရုပ်ရှင်ကားတွေထဲက နာမည်ကြီးကားတကားပေါ့။ လူကြိတ်ကြိတ်တိုးစည်းကားခဲ့တဲ့ဇာတ်ကားတကားပါ။ ဒါပေမဲ့ ကျွန်တော့်အိမ်နဲ့ ကျွန်တော့်အသိုင်းအဝိုင်းမှာတော့ ဒီဇာတ်ကားအကြောင်းပြောကြတယ်ဆိုရင် ဇာတ်ကားအခြေခံထားတဲ့...

Read more »

ဖိုးသံ (လူထု) – မုဒိတာပွားပါတယ်

February 2, 2015
ဖိုးသံ (လူထု) – မုဒိတာပွားပါတယ်

  ဖိုးသံ (လူထု) – မုဒိတာပွားပါတယ် (မိုးမခ) ဖေဖော်ဝါရီ ၀၂၊ ၂၀၁၅  ၁၉၆၃ ခုနှစ်တုန်းက ပြည်တွင်းငြိမ်းချမ်းရေး အတွက် ငါးခရိုင်ချီတက်ပွဲကြီးမှာ ကျရာအခန်းက ပါခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုခရီးက ခရိုင်ပေါင်းများစွာ တိုင်းတွေကိုကျော်ကာ အောင်ပွဲအထိသွားကြမှာ မုဒိတာပွားပါတယ် ရဲဘော်တို့။ မျက်ရည်ယိုဗုံးတွေ မီးသတ်ပိုက်တွေ လက်ကိုင်တုတ်တွေ အဓိကရုဏ်းဖြိုရဲတွေ ရင်ဆိုင်ဖူးပါတယ် ဒါပေမဲ့အခုအခါက ကိုပါကြီးနဲ့ဒေါ်ခင်ဝင်းကို သတ်ထားတဲ့စစ်တပ်နဲ့ရဲ အောင်သောင်းတပ် ကြံ့ဖွတ်တပ် ကျားစွယ်သွေးတိုက်ထား ရှူးတိုက်ထားတဲ့ တပ်တွေကို ခြေတစ်လှမ်း လှမ်းတိုင်း ရင်ဆိုင်နေရတာ မုဒိတာပွားပါတယ် ရဲဘော်တို့။ တက္ကသိုလ်အဓိပတိနဲ့ စကားပြော တက္ကသိုလ်ကောင်စီနဲ့ စကားပြော ဆရာဆရာမတွေနဲ့ စကားပြော ပြဿနာကြုံတိုင်း ပြောဖူးပါရဲ့ ဒါပေမဲ့ အခုလို နားချတယ်ဆိုပြီး နားလှည့်ပါးလှည့် လုပ်မယ့်လူ အမိန့်တော်မြတ်အတိုင်း...

Read more »

ဖိုးသံ (လူထု) – ကျွန်တော်နဲ့ စန္ဒကိန္နရီ

January 28, 2015
ဖိုးသံ (လူထု) – ကျွန်တော်နဲ့ စန္ဒကိန္နရီ

ဖိုးသံ (လူထု) – ကျွန်တော်နဲ့ စန္ဒကိန္နရီ (မိုးမခ)  ၂၈ ဇန်နဝါရီ၊ ၂၀၁၅ ကျွန်တော်က သီချင်းဆိုတတ်သူ မဟုတ်ပါ။  အဆိုလည်း မသင်ဖူး၊ အသံလည်း မကောင်း၊ ယုံပါ၊ ပါရမီလည်း လုံးဝ မပါ ပါဘူး။ ဒါပေမဲ့ ကျွန်တော်က သီချင်းကို ကြိုက်တယ်။  ကြိုက်တဲ့ သီချင်းတွေကို လိုက်မှတ်၊ လိုက်ဆိုတယ်။  လွှတိုက်ရင်း၊ ရေချိုးရင်း၊ ကားမောင်းရင်း၊ ကလေးချော့သိပ်ရင်း အားတိုင်း သီချင်းဟစ်နေ၊ ညည်းနေတတ်ပါတယ်။  သီချင်းတဲ့ ဆိုရင် တကယ့်ကို  “က ပါ တမတ်၊ ရပ်ပါ တကျပ်” ဆိုတဲ့ အစားထဲကပါ။ ကျွန်တော်ဆိုတတ်တဲ့ သီချင်းများကလည်း စုံတယ်လို့ ပြောနိုင်ပါတယ်။  အမေက ရင်ခွင်ထဲထားပြီး နှုတ်တိုက် သင်ပေးခဲ့တဲ့...

Read more »

ဖိုးသံ (လူထု) – ရေးခဲ့ မိတဲ့ ကဗျာ – ဗိုလ်အောင်ကျော်နေ့ ဂုဏ်ပြု

December 16, 2014
ဖိုးသံ (လူထု) – ရေးခဲ့ မိတဲ့ ကဗျာ – ဗိုလ်အောင်ကျော်နေ့ ဂုဏ်ပြု

  ဖိုးသံ (လူထု) – ရေးခဲ့ မိတဲ့ ကဗျာ – ဗိုလ်အောင်ကျော်နေ့ ဂုဏ်ပြု (မာယာအွန်လိုင်းမဂ္ဂဇင်း) ဒီဇင်ဘာ ၁၆၊ ၂၀၁၄ ဗိုလ်အောင်ကျော် (၁၉၁၅-၁၉၃၈) ဘာကြောင့်မှန်း မသိ၊ ထောင်ထဲ ရောက်တော့ ကျွန်တော် ကဗျာ ရူး ရူးခဲ့ပါတယ်။  ထောင်ထဲကို မရောက်မီက အနည်း အပါး ရေးခဲ့ဖူးပေမဲ့ ထောင်ထဲကျမှ သဲကြီးမဲကြီး ရေးမိ ပါတယ်။  ရရာ စာရွက် အတိုအစမှန်သမျှကို စုဆောင်း၊ ခဲတံတိုရအောင် အကြံအဖန် လုပ်ပြီး ရေးတာပါ။  တခါတလေများဆို တနေ့တပုဒ် ဆက်တိုက် ထွက်လာပါတယ်။  ကျွန်တော့် ပရိသတ်ကတော့ တတိုက်ထဲ နေကြတဲ့ ထိန်းသိမ်းခံ နိုင်ငံရေးသမားတွေပါ။  သူတို့က ဖတ်စရာ မရှိလို့လား၊...

Read more »

ဖိုးသံ (လူထု) – ဆင်သွားလမ်းကိုဖောက်ခဲ့ကြတယ်

November 30, 2014
ဖိုးသံ (လူထု) – ဆင်သွားလမ်းကိုဖောက်ခဲ့ကြတယ်

  ဖိုးသံ (လူထု) – ဆင်သွားလမ်းကိုဖောက်ခဲ့ကြတယ် (အလင်းတန်းဂျာနယ်) နိုဝင်ဘာ ၃၀၊ ၂၀၁၄     ဆရာကြီး သခင် ကိုယ်တော်မှိုင်း ဈာပန သို့ လွမ်းသူ့ပန်းခြင်းနှင့်အတူ ရောက်ရှိ လာသော ဒေါ်မေသန်းတင်, လူထုဒေါ်အမာ, သခင်အုန်းဖေ, ဆရာကြီး ရွှေဥဒေါင်း နှင့် မောင်ချစ်ခင် (ရဲဘော် ဖိုးသံချောင်း)။ သြဂုတ် ၅၊ ၁၉၆၄ ၁၉၆၅ ခုနှစ်မှာ ထင်ပါတယ်။ အနှစ်ငါးဆယ်တင်းတင်းပြည့်ပြီပေါ့။ အထက် ဗမာနိုင်ငံ စာရေးဆရာအသင်းက မန္တလေး ကျုံး အနောက်ဘက် ဓမ္မ ဗိမာန်မှာ စာဆိုတော်နေ့ စာပေဟောပြော ပွဲလုပ်တော့ “ဗမာစာ အရေးအသားသစ်” ဆိုတဲ့ စာတမ်း ကို ဖတ်ကြားခဲ့ပါတယ်။ စာတန်းရဲ့...

Read more »

ဖိုးသံ (လူထု) – သူများ လက်ပိုက်နေချိန်မှာ လက်ရုံးတန်းကြသူတွေ

November 19, 2014
ဖိုးသံ (လူထု) – သူများ လက်ပိုက်နေချိန်မှာ လက်ရုံးတန်းကြသူတွေ

  ဖိုးသံ (လူထု) – သူများ လက်ပိုက်နေချိန်မှာ လက်ရုံးတန်းကြသူတွေ နိုဝင်ဘာ ၁၉ ၊ ၂၀၁၄ အာဏာရှင် ဆိုတာ အရှင် မထွက်ဘူးတဲ့ အမေ့ရဲ့စကား မှန်လှပါကလား နှစ်များစွာသမိုင်းက သက်သေပြ နေလေရဲ့။ အမေကြုံဖူးတဲ့ ဇာဘုရင်၊ ဟစ်တလာ မူဆိုလိုနီ၊ ဘာတစ်စတာ ကမ္ဘာကျော် အာဏာရှင်တွေ သေကာမှ ပြတ်တော့တာပဲလေ။ ကိုယ့်အနီးအနားက ချန်ကေရှိတ်၊ ငိုဒင်ဇင် ကစ်တီကာချွန်၊ ဆိုဟာတို ဆိုတာတွေကလည်း သေမှ ဒါမှမဟုတ် ကော်ထုတ်မှ ပြုတ်တော့တာ။ ဥပဒေကိုနာခံ လူထုဆန္ဒ လိုက်လျောလို့ ကိုယ့် သျှောင် ကိုယ်ဆွဲပြီး နန်းပေါ်က ဆင်းတဲ့ အာဏာရှင် ဘုရားချေးထက် ရှားပါတယ်။ အဲဒီလို အာဏာရှင်ကို သူဆင်ထားတဲ့ ထောင်ချောက်...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်