Posts Tagged ‘ ဖိုးသံ (လူထု) ’

ဖိုးသံ (လူထု) – အဖေ့ရုပ်ရည်

March 16, 2015
ဖိုးသံ (လူထု) – အဖေ့ရုပ်ရည်

လူထုဦးလှ (ဖွား ၁၉ ဇန်နဝါရီ၊ ၁၉၁၀ –  ဆုံး ၀၇ သြဂုတ်၊ ၁၉၈၂) ======================= ဖိုးသံ (လူထု) – အဖေ့ရုပ်ရည် (မိုးမခ) မတ်လ ၁၆၊ ၂၀၁၅   အိမ်နဲ့၊ ဇာတိမြေနဲ့ ခွဲခွာရတာကြာတော့ တခါတလေမှာ ကိုယ့်အိမ်သားတွေ၊ အပေါင်းအသင်း  မိတ်ဆွေတွေ၊ လုပ်ဖော်ကိုင် ဖက်တွေ၊ ကျောင်းနေဖက်တွေ၊ ထောင်ကျဖက်တွေ၊ ကိုကိုးကျွန်းမှာအတူနေခဲ့တဲ့သူတွေ စသဖြင့် အမျိုးအစားခွဲပြီး တဦးချင်း ရဲ့ရုပ်ရည်တွေကိုပြန်တွေးတော စဉ်းစားမိပါတယ်။  မကြာခဏပါ။ အဲဒီလိုစဉ်းစားတယ်ဆိုရာမှာ အိမ်သားတွေဆိုပြီးစလိုက်ရင် အဖေက ထိပ်ဆုံးကပါပဲ။ အခုအခါမှာ အဖေ့ရုပ်ရည်ကို ပြန်စဉ်း စားလိုက်တော့ …. ။ ဖြတ်ပြောပါ့မယ်။  ကျွန်တော်ထောင်ကထွက်လာပြီးတော့ ကျွန်တော်ထိုင်နေကျ လက်ဘက်ရည်ဆိုင်ပိုင်ရှင်၊ အဖေနဲ့သက်တူ ရွယ်တူလောက်...

Read more »

ဖိုးသံ (လူထု) – ကျွန်တော့်ဖခင် လူထုဦးလှ

January 20, 2015
ဖိုးသံ (လူထု) – ကျွန်တော့်ဖခင် လူထုဦးလှ

  ဖိုးသံ (လူထု) – ကျွန်တော့်ဖခင် လူထုဦးလှ (လူထု ကြီးပွားရေး စာမျက်နှာမှ)၊ ဇန်န၀ါရီ ၂၀၊ ၂၀၁၅   လူထုဦးလှ (၁၉၁၀-၁၉၈၂)၊ လူထုဒေါ်အမာ (၁၉၁၅-၂၀၀၈) မိသားစု ကျွန်တော့်အဖေ မရှိတော့မှ ကျွန်တော့်အဖေရဲ့ တန်ဖိုးကို ပိုသိလာကြသူတွေ မနည်းဘူးလို့ ထင်ပါတယ်။  ဒီအထဲမှာ ကျွန်တော်လည်း ပါတယ်လို့ဆိုရင် ရမယ်လို့ ထင်ပါတယ်။  အခုပြန်တွေးလိုက်တော့ တကယ်လို့သာ အဖေ မရှိခဲ့ရင် လူထုသတင်းစာ၊ လူထုဂျာနယ်ဆိုတာ ရှိမှာမဟုတ်ဘူး (ကျွန်တော်မီသလောက်ကို ပြောတာပါ)။  ဒါဆိုရင် အထက်ဗမာပြည်က တိုးတက်သူတွေ၊ တိုးတက်တဲ့ စာပေသမားတွေနဲ့ သူတို့လှုပ်ရှားမှုတွေဟာ အခုလိုသမိုင်းမျိုး ကျန်ခဲ့ပါ့မလား စဉ်းစားစရာပါ။ အဖေရေးတာတွေဟာ ပျော့တယ်၊ မပြတ်သားဘူးလို့ ဆိုချင်တဲ့သူတွေ ရှိခဲ့ပါတယ်။  ဒါပေမဲ့...

Read more »

ဖိုးသံ (လူထု) – ဘိုလိုတော့ခ် ရောဂါ

January 12, 2015
ဖိုးသံ (လူထု) – ဘိုလိုတော့ခ် ရောဂါ

ဖိုးသံ (လူထု) – ဘိုလိုတော့ခ် ရောဂါ ဇန်န၀ါရီ ၁၂၊ ၂၀၁၅ (သူ့ဖေ့စ်ဘွတ်ခ်) ဒီနေ့ ဗမာပြည်က စာပေလောကမှာ ထင်ထင်ရှားရှား တွေ့မြင်နေရတဲ့ ၀မ်းနည်းစရာကိစ္စတခုကတော့ ဗမာစာ စာမျက်နှာ တွေပေါ်မှာ အင်္ဂလိပ်စာတွေ ဗရနှံ့ကျဲနေတာပါပဲ။  ဆွမ်းဆန်ထဲ ကြွက်ချေးရောတာလိုပဲ အကျည်းတန်လှပါတယ်။  ဒီလို ယို သူမရှက် မြင်သူရှက် စာမျက်နှာတွေကိုကြည့်ရင်း ဒါတွေကို နိုင်ငံခြားသားတွေများမြင်ရင် ဘယ်လိုများပြောကြမှာပါလိမ့်ရယ် လို့ မကြာခဏ ခေါင်းထဲမှာ အတွေးပေါ်မိပါတယ်။  “ခင်ဗျားတို့ ဗမာစကားဟာ ဒါလောက်ဆင်းရဲသလား၊ ဒီ စကားလုံးလေးတွေ လောက်ကိုတောင်မှ ကိုယ့်ဘာသာစကားနဲ့ မရှိဘူးလား” စသဖြင့် အမေးခံရမှာကို တွေးရှက်မိပါတယ်။  ဒီအထဲမှာ အင်္ဂလိပ်စာလုံးပေါင်းမှားတာတွေကလည်း မနည်းလှတော့ နှစ်ခါပြန်ရှက်ရတာပေါ့။ ရုပ်ရှင်မင်းသမီး အင်တာဗျူးကအစ နိုင်ငံတကာရေးရာအလယ် သဘောတရားအသစ်တွေ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်