Posts Tagged ‘ ဘင်္ဂလီ ’

သားကြီးမောင်ဇေယျ – သာလီစွ ရခိုင်ပြည်နယ် (မိုးမခ) ဇွန် ၅၊ ၂၀၁၈

June 5, 2018
သားကြီးမောင်ဇေယျ – သာလီစွ ရခိုင်ပြည်နယ်  (မိုးမခ) ဇွန် ၅၊ ၂၀၁၈

Photo – DVB သားကြီးမောင်ဇေယျ – သာလီစွ ရခိုင်ပြည်နယ်  (မိုးမခ) ဇွန် ၅၊ ၂၀၁၈ တဖက်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဘင်္ဂလီတွေ ဘူးသီးတောင် ဂူတာပြင် ကျေးရွာမှာ တိတ်တဆိတ် ပြန်ဝင်နေပြီ ။ ဒီသတင်းကို အင်တာနက် လူမှုကွန်ယက် ပေါ်မှာ တွေ့လိုက်ရတော့ ရုတ်တရက် အံသြသွာပါးတယ်၊ စိုးလည်း စိုးရိမ်သွားပါတယ်။ မှတ်မှတ်ရရ မေလ ၂၂ ရက်နေ့မှာပါ။ ဒီသတင်း လူမှုကွန်ယက်ပေါ်တက်လာပြီး မရှေးမနှောင်းပဲ DVB သတင်းခန်းမှာ ဆွေးနွေးငြင်းခုန်တဲ့ အသံတွေ ထွက်လာပါတယ်။ သတင်းမှန်ရဲ့လား၊ သတင်းရင်းမြစ်က သေချာရဲ့လား။ နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်သလဲ။ စတဲ့ စတဲ့ မေးခွန်းတွေ တသီကြီးထွက်ပေါ်လာပါတယ်။ ဘူးသီးတောင် ပြည်နယ်လွှတ်တော်အမတ် က ပြောတယ်...

Read more »

သားကြီးမောင်ဇေယျ – ရခိုင်ပြည်နယ်အရေးနဲ့ ငြိမ်းချမ်းရေးသတင်းစာအသုံးအနှုံး 

May 3, 2018
သားကြီးမောင်ဇေယျ – ရခိုင်ပြည်နယ်အရေးနဲ့ ငြိမ်းချမ်းရေးသတင်းစာအသုံးအနှုံး 

သားကြီးမောင်ဇေယျ – ရခိုင်ပြည်နယ်အရေးနဲ့ ငြိမ်းချမ်းရေးသတင်းစာအသုံးအနှုံး  (မိုးမခ) မေ ၃၊ ၂၀၁၈ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ သံတမန်အဖွဲ့ဟာ ဒီကနေ့(၁/၅/၁၈) မနက် ၉ နာရီခွဲက ရခိုင်ပြည်နယ် စစ်တွေလေဆိပ်ကိုရောက်ရှိလာပြီး အကြမ်းဖက်မှုတွေဖြစ်ပေါ်ခဲ့တဲ့ မောင်တော ဒေသကို ရဟတ်ယာဉ်နဲ့ ထွက်ခွာသွားပါတယ်။ကိုဝဏ္ဏ ခွာညိုရဲ သတင်းကို DVB newsroom ကွန်ယက်မှာ ဖတ်လိုက်ရတော့ သြော် . . သူတို့ကိုယ်တိုင် လာကြည့်ကြပြီကိုး လို့ စိတ်ထဲမှာဖြစ်ပေါ်မိပါတယ်။ ရခိုင်ပြည်နယ်အရေးဟာ မြန်မာပြည်ရဲ့ ပုံရိပ်ကို အတော်ထိခိုက်ခဲ့တယ်လို့ သတင်းသမားတွေ၊ နိုင်ငံရေးသမားတွေက မကြာခဏ မှတ်ချက်ပေးလေ့ရှိပါတယ်။ အထူးသဖြင့် ဒီမိုကရေစီ သွေးနုသားနု အချိန်မှာ ခုလို အဖြစ်မျိုးဖြစ်ခဲ့တာကြောင့် မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတိုးတက်မှုတွေ တုန့်ဆိုင်းသွားခဲ့ရပါတယ်။ ဒီအရေးကို...

Read more »

ဒုရဲမှူးမိုးရန်နိုင်ကို မယုံကြည်ထိုက်သည့်သက်သေအဖြစ် လျှောက်ထားမှုကို တရားရုံးက ပယ်ချ

May 3, 2018
ဒုရဲမှူးမိုးရန်နိုင်ကို မယုံကြည်ထိုက်သည့်သက်သေအဖြစ် လျှောက်ထားမှုကို တရားရုံးက ပယ်ချ

ဒုရဲမှူးမိုးရန်နိုင်ကို မယုံကြည်ထိုက်သည့်သက်သေအဖြစ် လျှောက်ထားမှုကို တရားရုံးက ပယ်ချ ထက်ခေါင်လင်း/Myanmar Now  ။ (မိုးမခ) မေ ၃၊ ၂၀၁၈ ဧပြီ ၂ ရက်နေ့က တရားရုံးတွင် တွေ့ရသော သတင်းထောက် ကိုဝလုံး ရန်ကုန် (Myanmar Now) — ရိုက်တာသတင်းထောက် ၂ ဦးအမှုတွင် ဒုတိယရဲမှူး မိုးရန်နိုင်သည် မယုံ ကြည်ထိုက်သည့် သက်သေဖြစ်ကြောင်း တရားလို၏ လျှောက်ထားမှုကို အင်းစိန်မြို့နယ် တရားသူကြီးက မေ ၂ ရက်နေ့ ရုံးချိန်းတွင် ပယ်ချလိုက်ပြီး ဆက်လက်စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။ သတင်းထောက် ၂ ဦးဖြစ်သည့် ကိုဝလုံး (ခ) ကိုသက်ဦးမောင်၊ ကိုကျော်စိုးဦးတို့ကို အရေးယူနိုင်ရန် ထောင်ချောက်ဆင် ဖမ်းခဲ့သည်ဟု ဒုရဲမှူးက တရားခွင်တွင်...

Read more »

မောင်အဉ္စန ● မြန်မာ့နည်း မြန်မာ့ဟန် ငြိမ်းချမ်းရေး – အပိုင်း (၃)

April 25, 2018
မောင်အဉ္စန ● မြန်မာ့နည်း မြန်မာ့ဟန် ငြိမ်းချမ်းရေး – အပိုင်း (၃)

မောင်အဉ္စန ● မြန်မာ့နည်း မြန်မာ့ဟန် ငြိမ်းချမ်းရေး – အပိုင်း (၃) (မိုးမခ) ဧပြီ ၂၅၊ ၂၀၁၈ ● ဖက်ဒရယ်ဒီမိုကရေစီနှင့် နိုင်ငံရေးဆန္ဒ   တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) ကိုအခြေခံပြီး နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင် (Framework for Political Dialogue – FPD) တွေရေးသားပြုစုကာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပပြုလုပ်ကြရာ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ထဲ ဆွေးနွေးရေးပုံသဏ္ဌာန်သုံးမျိုးသုံးစားရှိတာကို တွေ့ရမှာဖြစ်ပါ တယ်။ ● ဆွေးနွေးပွဲအမျိုးအစား (၃) မျိုး ၁။ NCA အခန်း(၅) ပါ နိုင်ငံရေးလမ်းပြမြေပုံအဆင့်(၇)ဆင့်အနက် အဆင့်(၃)အရ “အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ” ကျင်းပခြင်း၊ ၂။ FPD လုပ်ငန်းလမ်းညွှန် (ToR)အရ “လုပ်ငန်းကော်မတီများအဆင့် ဆွေးနွေးပွဲများ” ကျင်းပပြုလုပ်ခြင်းနဲ့...

Read more »

မောင်ခိုင်အောင် (စစ်တွေ) – ကျွန်တော်နှင့်လွှတ်တော် (၁)

April 10, 2018
မောင်ခိုင်အောင် (စစ်တွေ)  – ကျွန်တော်နှင့်လွှတ်တော် (၁)

Photo – DMG News Online မောင်ခိုင်အောင် (စစ်တွေ)  – ကျွန်တော်နှင့်လွှတ်တော် (၁)  (Development Media Group Online Journal မှ ကူးယူဖော်ပြပါသည်) (မိုးမခ) ဧပြီ ၁၀၊ ၂၀၁၈ နေပြည်တော်မှာ လွှတ်တော်များ ပြန်လည်အသက်ဝင်လာခဲ့ပြီ။ ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၏ ဆဋ္ဌမပုံမှန်အစည်းအဝေးများကို အောက်တိုဘာ ၁၇ ရက်နေ့ စတင်ခဲ့ သည်။ ဆောင်းဦးရောက်ခဲ့သော်လည်း ဆောင်းရိပ်ဆောင်းငွေ့များ ပီပီပြင်ပြင် မတွေ့ရသေး။ မိုးရိပ်လေရိပ်သန်းသော နေ့ရက်များပင် ရှိခဲ့သေးသည်။ နေပြည်တော်မှ မိုင်ထောင်ချီဝေးသော အရပ်များတွင်ကား မြန်မာနိုင်ငံသို့ ဦးတည်သော မုန်တိုင်းများ အစပျိုးနေသည်။ ဒီမိုကရေစီနှင့် အခွင့်အရေးကို မြတ်နိုးသူများကိုယ်တိုင် ဒီဇိုင်းဆင်ထားသော လူလုပ်မုန်တိုင်းအတုများ ဖြစ်နေသည်။ စစ်အာဏာစနစ်၏ အ...

Read more »

ဗိုလ်ထက်မင်း – လမ်းခုလတ် ၂၀၁၇၊ အမျိုးသားရင်ကြား ကွဲအက်ရေးဆီသို့လား (၆)

February 18, 2018
ဗိုလ်ထက်မင်း – လမ်းခုလတ် ၂၀၁၇၊ အမျိုးသားရင်ကြား ကွဲအက်ရေးဆီသို့လား (၆)

Ex- Senior General Than Shwe’s grandson posted to Facebook a note signed by U Thein Sein, Snr Gen Than Shwe and Daw Aung San Suu Kyi. Photo: Supplied ဗိုလ်ထက်မင်း – လမ်းခုလတ် ၂၀၁၇၊ အမျိုးသားရင်ကြား ကွဲအက်ရေးဆီသို့လား (၆) (မိုးမခ) ဖေဖော်ဝါရီ ၁၇၊ ၂၀၁၈ အမျိုးသားရင်ကြားကွဲအက်ရေး ရှောင်ကျဉ် ပြီး ရဲဘော်ရဲဘက်စိတ်နဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားကြစို့  – အပိုင်း (၆) အမျိုးသားရင်ကြား မကွဲအက်ရေး နိုင်ငံတော်အတိုင်ပင်ခံအား တိုက်တွန်းချက် နိုင်ငံရဲစီးပွါးရေးမှာ အဓိကအကောင်အထည်ဖေါ်ရမည့်...

Read more »

ဗိုလ်ထက်မင်း – လမ်းခုလတ် ၂၀၁၇၊ အမျိုးသားရင်ကြား ကွဲအက်ရေးဆီသို့လား (၅)

February 17, 2018
ဗိုလ်ထက်မင်း – လမ်းခုလတ် ၂၀၁၇၊ အမျိုးသားရင်ကြား ကွဲအက်ရေးဆီသို့လား (၅)

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံသံဃာ့နာယကဂိုဏ်းချုပ် ဆရာတော်ကြီးအား ဖူးမြော်ကြည်ညို။ (ထိုင်း) ဖေဖော်ဝါရီ – ၁၆ ဗိုလ်ထက်မင်း – လမ်းခုလတ် ၂၀၁၇၊ အမျိုးသားရင်ကြား ကွဲအက်ရေးဆီသို့လား (၅) (မိုးမခ) ဖေဖော်ဝါရီ ၁၇၊ ၂၀၁၈ အမျိုးသားရင်ကြားကွဲအက်ရေး ရှောင်ကျဉ်ပြီး ရဲဘော်ရဲဘက်စိတ်နဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားကြစို့ – အပိုင်း(၅) အမျိုးသားရင်ကြား မကွဲအက်ရေး တပ်ချုပ်အား တိုက်တွန်းချက် ၃၅။ တပ်ချုပ်အနေနဲ့ တပ်တွင်သဘာဝနေထိုင်မှုစည်းကမ်းတကျ အထူးသဖြင့် အထက်အရာရှိ အကြီးအကဲ မျက်စိစပါးမွှေးစူးမည့် သွားလာနေထိုင်တာမျိုး ရှောင်ကြဉ်ထိမ်းသိမ်းရမယ်ဆိုတာ နားလည်လောက်ပါတယ်။ စာရေးသူ တပ်ခွဲမှူးဘ၀တုံးက ချွေးနဲစာနဲ့ Sunny Pickup တစီးဝယ်ထားမိပြီး စစ်သည်များ အုပ်ချုပ်ရေးအဆင်ပြေစေဖို့ လုပ်ကိုင်ပေးရတဲ့စေတနာ နားမလည်တဲ့ မနာလိုစိတ်ဖြစ်ပွားလာခဲ့တဲ့ တပ်ရင်းမှူးတစ်ဦးနဲ့ ကြုံခဲ့ပြီးပါပြီး၊ ဒီတော့ကာ...

Read more »

ဗိုလ်ထက်မင်း – လမ်းခုလတ် ၂၀၁၇၊ အမျိုးသားရင်ကြား ကွဲအက်ရေးဆီသို့လား (၄)

February 15, 2018
ဗိုလ်ထက်မင်း – လမ်းခုလတ် ၂၀၁၇၊ အမျိုးသားရင်ကြား ကွဲအက်ရေးဆီသို့လား (၄)

ဗိုလ်ထက်မင်း – လမ်းခုလတ် ၂၀၁၇၊ အမျိုးသားရင်ကြား ကွဲအက်ရေးဆီသို့လား (၄) (မိုးမခ) ဖေဖော်ဝါရီ ၁၅၊ ၂၀၁၈ အမျိုးသားရင်ကြား ကွဲအက်ရေး ရှောင်ကျဉ် ပြီး ရဲဘော်ရဲဘက်စိတ်နဲ့စိန်ခေါ်မှုတွေကိုကျော်လွှားကြစို့ – အပိုင်း(၄) ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆက်ဆံရေး ၂၇။ မြန်မာနိုင်ငံရေးအခင်းအကျင်းဟာ နက်တထက်နက်၊ ရှုတ်ထွေးပွေလီလာကာ စိန်ခေါ်မှုတွေ ပြည့်နှက်နေတာမို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီလို အရေးကြီးလာတဲ့အချိန်ကာလမှာ တပ်မတော်ထိပ်ပိုင်းတာဝန်ရှိသူများအနေနဲ့ နီးနီးကပ်ကပ် ၀ိုင်းရံပေး မသင့်ဖူးလား၊ ဘာတွေစိုးရိမ်ကြောင့်ကျဖြစ်နေရတာလဲ၊ စိန်ခေါ်မှုအချို့ကိုတပ်မတော်က ၀င်ရှင်းပေးရင် မကောင်းပေဘူးလား၊ ဘယ်ချိန်ထိစောင့်ကြည့်ဦးမှာလဲ၊ အစိုးရနဲ့တပ်မတော် ဆက်ဆံရေး ကွန်ယက်ပိုခိုင်အောင် အမျိုးသားရင်ကြားစေ့ရေး ပိုပြီးစေ့နိုင်အောင် ဘယ်လိုတွေ ရှောင်ကျဉ် သတိထားပြီး နည်းလမ်းတွေ မရှာကြဖူးလား၊ စတာတွေသုံးသပ်တင်ပြသွားပါမယ်။ ၂၈။ ၂၀၁၅ ရွေးကောက်ပွဲပြီး တပ်မတော်က...

Read more »

ဗိုလ်ထက်မင်း – လမ်းခုလတ် ၂၀၁၇၊ အမျိုးသားရင်ကြား ကွဲအက်ရေးဆီသို့လား (၃)

February 14, 2018
ဗိုလ်ထက်မင်း – လမ်းခုလတ် ၂၀၁၇၊ အမျိုးသားရင်ကြား ကွဲအက်ရေးဆီသို့လား (၃)

Photo – Reuters ဗိုလ်ထက်မင်း – လမ်းခုလတ် ၂၀၁၇၊ အမျိုးသားရင်ကြား ကွဲအက်ရေးဆီသို့လား (၃) (မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၁၈ အမျိုးသားရင်ကြားကွဲအက်ရေး ရှောင်ကျဉ် ပြီး ရဲဘော်ရဲဘက်စိတ်နဲ့စိန်ခေါ်မှုတွေကို ကျော်လွှားကြစို့ – အပိုင်း(၃) စိန်ခေါ်မှုတွကို ဘယ်လို ကျော်ကြမလဲ ၁၇။ ရှေးဦးစွာ ရခိုင်ပြည်နယ်အရေးအခင်းဟာ နိုင်ငံတကာက ဖိအားများစွာပေးခဲ့တာ၊ ပေးနေဆဲ၊ ဖြစ်ပြီး ထပ်မံပေးတော့မည့် အရိပ်လက္ခဏာများမြင်တွေ့နေရပါတယ်။ ထွက်ပြေးသွားတဲ့ ဘင်္ဂါလီများကို ဇွန် ၂၃ ရက်နေ့ ပြန်လည်လက်ခံပေးဖို့ နှစ်နိုင်ငံသဘောတူညီချက် သတ်မှတ်ထားပေမဲ့ ပြန်မ၀င်သေးဘဲဖြစ်နေပါတယ်။ သူတို့အကြောင်းပြတာကတော့ ဘင်္ဂါလီများ လုံခြုံစွာစိတ်ချရမှု မရှိသေးတဲ့အပြင် UNHCR လိုမျိုး ပါဝင်ပတ်သက်ခွင့် တောင်းဆိုနေပါတယ်။ ဒါ့အပြင် UN နဲ့  NGO အဖွဲ့အစည်းများ...

Read more »

ဗိုလ်ထက်မင်း – လမ်းခုလတ် ၂၀၁၇၊ အမျိုးသားရင်ကြား ကွဲအက်ရေးဆီသို့လား

February 11, 2018
ဗိုလ်ထက်မင်း – လမ်းခုလတ် ၂၀၁၇၊ အမျိုးသားရင်ကြား ကွဲအက်ရေးဆီသို့လား

ဗိုလ်ထက်မင်း – လမ်းခုလတ် ၂၀၁၇၊ အမျိုးသားရင်ကြား ကွဲအက်ရေးဆီသို့လား အမျိုးသားရင်ကြား ကွဲအက်ရေး ရှောင်ကျဉ်ပြီး ရဲဘော်ရဲဘက်စိတ်နဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားကြဖို့ အပိုင်း (၁) (မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂၀၁၈ ၁။ ပြည်သူလူထုက ယုံကြည်အားကိုးလို့ ရွေးချယ်တင်မြှောက်လိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားရင်ကြားစေ့ရေး ကိုင်စွဲပြီးတပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ထိတွေ့ဆက်ဆံကာ ငြိမ်းချမ်းရေး တည်ဆောက်ကြိုးပမ်းနေပါတယ်။ အမျိုးသားရင်ကြားစေ့ရေး ဆိုတာက အတိတ်က ဖြစ်ပျက်ခဲ့တဲ့ဖြစ်စဉ်တွေကို သင်ခန်းစာဖေါ်ထုတ်ပြီး ပစ္စုပ္ပန်ကာလမှာ လက်စားချေခြင်းနှင့် အမုန်းတရား၊ အာဃာတတရား အလျဉ်းလုံးဝမထားဘဲ သင်ပုန်းချေကာ ငြိမ်းချမ်းရေး (သို့) နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ ဒီမိုကရေစီဖေါ်ဆောင်ဖို့ စည်းလုံးခြင်းရဲ့အင်အားတည်ဆောက်တဲ့ မဟာဗျူဟာဆိုင်ရာ တွေးခေါ်မျော်မြင်မှုပင် ဖြစ်ပါတယ်။ ဒါပေမဲ့ ၂၀၁၇ခုနှစ် စောစောပိုင်းမှပင် ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းကာလထိ ပါတီ၊...

Read more »

စိုးရာဇာထွန်း ● ပဋိပက္ခအလွန် ယ‌နေ့မိတ္ထီလာ

January 19, 2018
စိုးရာဇာထွန်း ● ပဋိပက္ခအလွန် ယ‌နေ့မိတ္ထီလာ

စိုးရာဇာထွန်း ● ပဋိပက္ခအလွန် ယ‌နေ့မိတ္ထီလာ (မိုးမခ) ဇန်နဝါရီ ၁၉၊ ၂၀၁၈ ပဋိပက္ခဒေသဖြစ်ခဲ့တဲ့ မိတ္ထီလာဟာ ရာခိုင်နှုန်းပြည့်နီးပါး ‌အေးချမ်း‌နေပါပြီ။ ကုန်‌‌ရောင်းကုန်သွယ်မှု‌တွေ ပုံမှန်လည်ပတ်၊ မူစလင်ဆိုင်၊ ဗမာဆိုင် မခွဲခြားဘဲ ‌ဈေး‌ရောင်း၊ ‌ဈေးဝယ်၊ သွားလာလှုပ်ရှား‌‌နေကြပါတယ်။ ဆိုင်ကယ်ကယ်ရီဆွဲ‌နေသူ‌တွေ၊ ‌ဘောလုံးကန်‌‌နေကြသူ‌တွေ၊ နာမည်ကျော် မိတ္ထီလာကန်‌‌ဘောင်‌‌ပေါ် လမ်း‌လျှောက်‌‌နေကြသူတွေကို ‌တွေ့ရပါတယ်။ အ‌ခြေအ‌နေ‌တွေ တည်ငြိမ်လာဖို့ မိတ္ထီလာမှာရှိတဲ့ အဖွဲ့အစည်း ‌ခေါင်း‌ဆောင်‌‌တွေ၊ ဘာသာ‌‌ရေး‌ခေါင်း‌ဆောင်‌‌တွေက ခက်ခက် ခဲခဲတည်‌‌ဆောက်ခဲ့ကြရတယ်လို့ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ မိတ္ထီလာတာဝန်ခံ ဦးထိန်းမင်းခိုင်က ဆိုပါတယ်။ “မိတ္ထီလာမှာ ၂ဝ၁၃ ပဋိပက္ခ အကြီးကြီးဖြစ်တယ်၊ လူ‌တွေ‌သေတယ်၊ အိုးအိမ်‌‌တွေ ဆုံးရှုံးတယ်၊ စီးပွား‌ရေး ပျက်စီးသွားတယ်။ အဲ့ဒီလိုမျိုး အဖြစ်အပျက်မျိုးကို မိတ္ထီလာသူ၊ မိတ္ထီလာသားအ‌နေနဲ့ ဒီဟာကို‌တော့...

Read more »

ခိုင်မြတ်ကျော် (နိရဉ္စရာ) – မြန်မာအစိုးရကို အကြံပြုချင်ပါတယ်

January 14, 2018
ခိုင်မြတ်ကျော် (နိရဉ္စရာ) – မြန်မာအစိုးရကို အကြံပြုချင်ပါတယ်

  ခိုင်မြတ်ကျော် (နိရဉ္စရာ) – မြန်မာအစိုးရကို အကြံပြုချင်ပါတယ် (မိုးမခ) ဇန်န၀ါရီ ၁၄၊ ၂၀၁၈ အခု အင်းဒင်ရွာ လူသတ်မှုနဲ့ ပတ်သက်ပြီး တပ်မတော်က ဖော်ထုတ် ဖမ်းဆီးအရေးယူတဲ့ အပေါ်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုလိုက်ပြီး စုံစမ်းဖော်ထုတ်မှုဟာ နောက်နောင် ဥပဒေမဲ့ လုပ်ရပ်မဖြစ်ရန် တွန်းအားပေးသလို ဖြစ်စေကြောင်း ပြောကြားခဲ့ပါတယ်။ ဒီလိုဖော်ထုတ် အရေးယူမူအပေါ် နိုင်ငံတကာကလည်း ကြိုဆိုကြတာကို တွေ့ရပါတယ်။ ဒီနေရာမှာ ပြောလိုတာက မောင်တောမြို့နယ် မြောက်ပိုင်းမှာ ဟိန္ဒူလူမျိုး ၁၀၀ ကျော် အသတ်ခံခဲ့ရတာတွေ ရှိသလို မြိုလူမျိုး ၈ ယောက် အပါအ၀င် ရခိုင်တွေ၊ သက္ကမ (ဒိုင်းနက်) လူမျိုးတွေ၊ မြန်မာအစိုးရနဲ့ ပူးပေါင်း...

Read more »

ဇင်လင်း – အနာဂတ် မြန်မာနိုင်ငံ တည်ငြိမ်ရေး နှင့် ရခိုင်အကြမ်းဖက်မှု ပြဿနာ

October 20, 2017
ဇင်လင်း – အနာဂတ် မြန်မာနိုင်ငံ တည်ငြိမ်ရေး နှင့် ရခိုင်အကြမ်းဖက်မှု ပြဿနာ

ဇင်လင်း – အနာဂတ် မြန်မာနိုင်ငံ တည်ငြိမ်ရေး နှင့် ရခိုင်အကြမ်းဖက်မှု ပြဿနာ (မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၁၇ ရခိုင်ပြည်နယ် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်သည် နိုင်ငံတကာသတင်းစာများတွင် ဖေါ်ပြနေသည့် မျှတမှုမရှိသော သတင်းများကြောင့် အခြေအနေ ပိုမိုရှုပ်ထွေးလာနေပေသည်။ အထူးသဖြင့် နာမည်ကြီး သတင်းဌာနကြီးများကပင်လျှင် သတင်းကျင့်ဝတ်ကို ချိုးဖေါက်ကာ ဘက်လိုက်ရေးသားနေကြသဖြင့်လည်း နိုင်ငံတကာ သံတမန်နယ်ပယ်အတွင်းမှာပင် မျက်ကန်းရမ်းဆ ပြောဆိုစွပ်စွဲမှုများ ဖြစ်ပေါ်လျှက်ရှိသည်။ ကုလသမဂ္ဂအစည်းအဝေးများအတွင်း၌လည်း ရခိုင်ကိစ္စကို အကြောင်းပြု၍ မြန်မာနိုင်ငံအား ကန့်ကွက်သူများနှင့် ထောက်ခံကြသူများဟူ၍ အုပ်စုကွဲမှုများ ဖြစ်ပေါ်လျှက်ရှိသည်။ ထို့ကြောင့် လက်ငင်းသံတမန်ရေးရာ ကိစ္စများကို လိမ်မာပါးနပ်စွာ ကိုင်တွယ်ဖြေရှင်းရန် မြန်မာနိုင်ငံ အစိုးရအပေါ် တာဝန် ကျရောက်လျှက်ရှိသည်။ မြန်မာနိုင်ငံအား အထူးကန့်ကွက်ပြောဆိုနေသော နိုင်ငံမှာ ဘင်္ဂလားဒက်ရှ်နိုင်ငံဖြစ်ပြီး၊ ၎င်းအား ကျောထောက်နောက်ခံပေးသည်မှာ Organization...

Read more »

ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ – ၇

October 19, 2017
ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ – ၇

    ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ – ၇ (မိုးမခ) အောက်တိုဘာ ၁၉ ၊ ၂၀၁၇ခြုံငုံသုံးသပ်ချက်(နိဂုံးချုပ်) ၇၁။ သုတေသနဆောင်းပါးရေးနေစဉ်မှာပင် မောင်းတောမြို့ ဘင်္ဂလီရပ်ကွက်အတွင်း မီးလောင်တဲ့ ဖြစ်စဉ်၊ ဘင်္ဂလားဒေရှ်ဘက်ခြမ်းက အစွန်းရောက်များက ဘင်္ဂလီတွေကို လက်နက်တပ်ဆင်ပေးဖို့တောင်းဆိုတာ၊ ဘင်္ဂလားဒေ့ခ်ျက  မြန်မာပြည်မှ ထွက်ပြေးသူတွေဟာ အထောက်အထားမပြနိုင်လို့ အားလုံး လက်ခံဖို့တောင်းဆိုတာ၊ အမေရိကန်လွှတ်တော်ကြားနာပွဲမှာ US AID က လူသားချင်းစာနာမှုထောက်ပံ့ရေးတွေ ရခိုင်ဒေသခံတွေက လက်မခံတာကို တင်ပြတဲ့ ဖြစ်စဉ်၊ အကြမ်းဖက် ARSA က ငြိမ်းချမ်းရေးတွေ့ဆုံမှု စကားကမ်းလှမ်းတာ စတာတွေကြောင့် စိုးရိမ်နေရပြီး သတိထားကိုင်တွယ်ကာ ကျောခြင်းကပ် စည်းလုံးညီညွှတ်ဖို့ အထူးလိုအပ်ပါတယ်။   နောက်ပိုင်း လူသားချင်းစာနာစိတ်နဲ့ထောက်ပံ့ပေးမည့် NGO,INGO, UN, USAID တို့ဝင်ခွင့်ပြုရေး...

Read more »

ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ -၆

October 18, 2017
ဗိုလ်ထက်မင်း –  ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ -၆

ဗိုလ်ထက်မင်း –  ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ -၆ (မိုးမခ) အောက်တိုဘာ ၁၈၊ ၂၀၁၇ တပ်မတော် နဲ့ (ကြံ့ခိုင်ရေးပါတီ၊ အမျိုးသားရေးဝါဒီ၊ မျိုးချစ်တွေ) ကို ပတ်သက်နေတယ်၊ တပ်မတော်ကို နိုင်ငံတကာနဲ့ဖိနေတယ်၊ လက်မည်းတွေအဖြစ် သံသယတွေရှင်းလင်းသွားအောင် ထိပ်သီးနှစ်ဦးအပေါ် အကြံပြုတင်ပြချက် ၆၂။ လက်ရှိဆောင်းပါးကို အချောသတ်နေစဉ်မှာပင် State Leader ဒေါ်အောင်ဆန်းစုကြည်နဲ့တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့အပေါ် ဖိအားပေးနိုင်တဲ့ ထူးခြားဖြစ်စဉ်နှစ်ရပ် ထွက်ခဲ့လို့စာရေးသူ အကြပ်ရိုက်သွားခဲ့ရပါတယ်။ ယခင် အား/ကာ ဝန်ကြီး ဦးတင့်ဆန်းရဲ့သား ဖြိုးကိုကိုတင့်ဆန်းတို့ အား နေပြည်တော်လေဆိပ်မှာ လက်နက်ခဲယမ်းများနဲ့မူးယစ်ဆေးဝါးများနဲ့အတူ ၂၁ပင်လုံ ညီလာခံအပြီး ဖမ်းမိတဲ့ သတင်းနဲ့ အနောက်နိုင်ငံများ(အီးယူ)က တပ်မတော် ထိပ်တန်းခေါင်းဆောင်များကို ဆက်ဆံရေး ယာယီရပ်ဆိုင်းမယ် ဆိုပြီး အရေးယူတဲ့ သတင်းများ...

Read more »

ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ – ၅

October 17, 2017
ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ – ၅

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း (၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ – ၅ (မိုးမခ) အောက်တိုဘာ ၁၇၊ ၂၀၁၇ ဒီလိုဖြစ်စဉ်ရဲ့နောက်ကွယ်မှာ သံသယဖြစ်နိုင်ဖွယ်ရှိနေကြတဲ့ (အစိုးရ/ တပ်မတော်) ဘက်၂ဘက်ရဲ့ သဘောထား အမြင်တွေအပေါ် ဖြေရှင်းချက်၊ ၅၂။ လူမှုမီဒီယာနယ်ပယ်မှာ အစိုးရဘက်တော်သားများနဲ့ တပ်မတော်ဘက်ရပ်တည်သူများဟာ တဖက်နဲ့ တဖက် အပြန်အလှန်စွပ်စွဲကာ သံသယစကားများကြောင့် ထိပ်သီးနှစ်ဦးအဖို့ အနေကြပ်မျက်နှာပူရပြီး စည်းလုံး ညီညွှတ်ရမည့်အချိန်မှာ သံသယစိတ်တွေကို သင်ပုန်းချေဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ သူတို့ရဲ့ဆန္ဒအတိုင်းဆိုရင် စာရေးသူ သုံးနှုံးနေတဲ့ နောက်ကွယ်က လက်မဲကြီးအဖြစ် ထပ်တပ်ရမလိုဖြစ်ပါက ပြည်သူလူထု နှလုံးလေဟပ်သွားနိုင်တာမို့ သူတို့တွေအားလုံး တင်းမာမှုတွေ...

Read more »

ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ – (၄)

October 12, 2017
ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ – (၄)

ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ – (၄) (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၇ ကြိုတင်ပြင်ဆင်ထားသင့်သည့်ခံစစ်စည်းနဲ့ ရေရှည်ဆွဲထားသင့်သည့် မဟာဗျူဟာစီမံချက် (သို့မဟုတ်)အစိုးရနဲ့တပ်မတော်တို့က ကျောချင်းကပ်ပြီး ဘယ်လိုဖြေရှင်းကြရင်ကောင်းမလဲ ၃၆။ နယ်စပ်ခြံစည်းရိုးခတ်ရာမှာ ဟိန္ဒူအမျိုးသမီးတွေဖမ်းခေါ်ထားတဲ့  အကြမ်းဖက် ARSA အဖွဲ့က ဘယ်လို ကျော်ဖြတ်ခေါ်ထုတ်သွားနိုင်သလဲဆိုတာ စုံစမ်း မေးမြန်းပြီး နောက်တခါ ဒီလိုနည်းနဲ့ကျော်လို့ မရအောင် ခိုင်ခန့်စွာတည်ဆောက်ရပါမည်။ နယ်စပ်ကို လှည့်ကင်းနဲ့ စစ်ဆေးတာမျိုးပုံမှန် လုပ်တာအပြင် အရပ်ဝတ်နဲ့ လှည့်လည်ပြီး မသင်္ကာစရာတွေ့ပါက စက်နဲ့ လှမ်းခေါ်ရင် လုံခြုံရေးအဖွဲ့က ကားနဲ့ချက်ခြင်းရောက်လာတာမျိုး လေ့ကျင့်သင့်ပါတယ်။ ခြံစည်းရိုး တလျှောက် လုံခြုံရေးဆိုင်ရာ လုပ်ပိုင်ခွင့်တခုခု ထုတ်ပြန်နိုင်ဖို့ လွှတ်တော်မှာ ဆွေးနွေးပြီး ညဘက်ချဉ်းကပ်လာမှုကို လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံး...

Read more »

ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ – (၃)

October 8, 2017
ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ – (၃)

A Myanmar soldier stands near a township in Rakhine State, September 27, 2017. Soe Zeya Tun/Reuters ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ – (၃)  (မိုးမခ) အောက်တိုဘာ ၈၊ ၂၀၁၇ အနောက်နိင်ငံများရဲ့ မဟာဗျုဟာ အကြံအစီက ဘာလဲ ၂၆။ အနောက်နိုင်ငံတွေ (အထူးသဖြင့် အမေရိကန်နဲ့ ဗြိတိန်)ဟာ မြန်မာနိုင်ငံကို စိတ်ကြိုက်ချယ်လှယ်နိုင်လို့ရ ၊ မရ စမ်းသပ်ချင်ပါတယ်။ အထူးသဖြင့် လက်ရှိအခြေခံဥပဒေအရ တပ်မတော်က အမျိုးသားရေးဦးဆောင်မှု အခန်းကဏ္ဏမှာ ပါဝင်နေတာကို မနှစ်မြို့ဘဲ ဒေါ်အောင်ဆန်းစုကြည်က အုပ်ချုပ်ရေးအာဏာ အပြည့်အဝရစေဖို့ ဘင်္ဂလီကိစ္စကို အသုံးချလိုက်တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့ပြောသလို...

Read more »

ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ – အပိုင်း(၂)

October 6, 2017
ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ – အပိုင်း(၂)

ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ – အပိုင်း(၂) (မိုးမခ) အောက်တိုဘာ ၆၊ ၂၀၁၇ ပထမလက်မဲနဲ့ဒုတိယလက်မဲ ၁၄။ ဘယ်သူတွေက ဖန်တီးနိုင်သလဲ။ နောက်ကွယ်က ကြိုးကိုင်သူ လက်မဲတွေက ဘယ်သူတွေလဲ၊ စဉ်စားကြည့်လိုက်ရင် ခပ်ရေးရေး ပေါ်ထွက်လာပါတယ်။ နိုင်ငံရေးနဲ့ စစ်ရေးဟန်ချက်ညီဖို့  Strategic Plan ရေးဆွဲနိုင်ဖို့ Strategy Thinking Thought ရှိရမှာ ဖြစ်လို့ ဥာဏ်ပညာထက်မြက်ပြီး ပညာအရည်အချင်းမြှင့်တဲ့ ဒေါက်တာဝါကာအူဒင် သာဖြစ်နိုင်ပြီး ပထမလက်မဲ အဖြစ် သရုပ်ဆောင်ပီသစွာ နိုင်ငံတကာထိုးဖေါက်နိုင်စွမ်း လုပ်ခဲ့သလို လုံခြုံရေးအမြင်ရှိကာ စီမံချက်ချနိုင်သူ၊ စစ်ရေးအရ သမာရိုးကျစစ်ကို မသုံးဘဲ ပျောက်ကျားစစ်ကို ညွှန်ပြနိုင်သူဖြစ်ပါတယ်။ ဒါတွေတတ်မြောက်ဖို့ ဆော်ဒီဗိုလ်ချုပ် အန်နဝါအဆာကီ (ဥက္ကဌ၊ အရှေ့ အလယ်ပိုင်း မဟာဗျူဟာလေ့လာရေးဗဟိုဌာန)က...

Read more »

ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ (၁)

October 4, 2017
ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ (၁)

ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ (၁) (မိုးမခ) အောက်တိုဘာ ၄၊ ၂၀၁၇ ၁။ မြန်မာနိုင်ငံရေးဇာတ်ခုံမှာ လွှမ်းမိုးထားတဲ့ အင်အားစုကြီး (၃) ရပ်ဖြစ်တဲ့ နိုင်ငံရေးပါတီအင်အားစု၊ တပ်မတော်၊နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ နိုင်ငံရေးနယ်ပယ်မှာ တဖွဲ့နဲ့တဖွဲ့ အပြိုင်အဆိုင် အင်အား ပြိုင်ဆိုင်ကြပါတယ်။ တချို့နိုင်ငံရေးဖြစ်စဉ်တွေမှာ အင်အားစုကြီး (၂) ရပ် ပူးပေါင်းသွားကြပြီး ကျန်အင်အားစုကြီး တစ်ရပ်ကို ရင်ဆိုင်ကြသလို တခါတရံကြတော့လည်း နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွါး၊ အမျိုးသားလုံခြုံရေးကိစ္စတွေမှာ မည်သူ့တိုက်တွန်းမှူမှ မပါဘဲ အင်အားစုကြီး (၃) ရပ်စလုံး အလိုလို အံ့သြစွာ ပူးပေါင်းသွားကြတဲ့ သမိုင်းဖြစ်စဉ်တွေလည်းရှိပါတယ်။ အဲဒီလို ပူးပေါင်းသွားတဲ့ ဖြစ်စဉ်တွေထဲမှာ အားအကောင်းဆုံး ဖြစ်စဉ်ကတော့ ဖက်ဆစ်ဂျပန်ကို တော်လှန်တဲ့ သမိုင်းဖြစ်စဉ်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းဦးစီး...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်