Posts Tagged ‘ ဘင်္ဂါလီ ’

မောင်မိုးသူ – အတိုက်ခံရတာက ငါတို့အပစ်ခံရတာကလည်း ငါတို့ပဲ …….

October 21, 2017
မောင်မိုးသူ – အတိုက်ခံရတာက ငါတို့အပစ်ခံရတာကလည်း ငါတို့ပဲ …….

မောင်မိုးသူ – အတိုက်ခံရတာက ငါတို့အပစ်ခံရတာကလည်း ငါတို့ပဲ …….  (ကုမုဒြာဂျာနယ်၊ ရန်ကုန်) မိုးမခ၊ အောက်တိုဘာ ၂၁၊ ၂၀၁၇ မောင်မိုးသူ အသက် ၈၁ နှစ် ရှိပါပြီ။ နှစ်ပေါင်း ၆၀ လောက် စာနယ်ဇင်း၊ အဓိက အားဖြင့် သတင်းစာ၊ ဂျာနယ်များမှာ အယ်ဒီတာ့ ဆောင်းပါးရေးသူအဖြစ် လုပ်ကိုင်ဖူးပါတယ်။ မောင်မိုးသူ မန္တလေးက မန်းခေတ် သတင်းစာတိုက်မှာ အလုပ်လုပ်ရစဉ် နိုင်ငံတကာသတင်းရယူမှုကို မန္တလေးမှာရှိတဲ့ လူထုတိုက်လိုတယ်လီပရင်တာ လည်းမရှိ၊ ရန်ကုန်တိုက်ခွဲထားပြီး လူထုစိန်ဝင်းတို့လည်းမထားနိုင်လေတော့ နိုင်ငံတကာသတင်းကို BBC World New တို့ နာရီပိုင်း အင်္ဂလိပ်ဘာသာနဲ့ထုတ်လွှင့်တာကို နားထောင်ပြီး သတင်း အချက်အလက်တွေ စုစည်းပြီးမှ နိုင်ငံတကာသတင်းတွေရေးခဲ့ရတာဖြစ်ပါတယ်။ မောင်မိုးသူတို့ မန်းခေတ်သတင်းစာတိုက်ကသုံးနိုင်တဲ့ ရေဒီယိုကြီးကလည်း...

Read more »

ဇင်လင်း – အနာဂတ် မြန်မာနိုင်ငံ တည်ငြိမ်ရေး နှင့် ရခိုင်အကြမ်းဖက်မှု ပြဿနာ

October 20, 2017
ဇင်လင်း – အနာဂတ် မြန်မာနိုင်ငံ တည်ငြိမ်ရေး နှင့် ရခိုင်အကြမ်းဖက်မှု ပြဿနာ

ဇင်လင်း – အနာဂတ် မြန်မာနိုင်ငံ တည်ငြိမ်ရေး နှင့် ရခိုင်အကြမ်းဖက်မှု ပြဿနာ (မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၁၇ ရခိုင်ပြည်နယ် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်သည် နိုင်ငံတကာသတင်းစာများတွင် ဖေါ်ပြနေသည့် မျှတမှုမရှိသော သတင်းများကြောင့် အခြေအနေ ပိုမိုရှုပ်ထွေးလာနေပေသည်။ အထူးသဖြင့် နာမည်ကြီး သတင်းဌာနကြီးများကပင်လျှင် သတင်းကျင့်ဝတ်ကို ချိုးဖေါက်ကာ ဘက်လိုက်ရေးသားနေကြသဖြင့်လည်း နိုင်ငံတကာ သံတမန်နယ်ပယ်အတွင်းမှာပင် မျက်ကန်းရမ်းဆ ပြောဆိုစွပ်စွဲမှုများ ဖြစ်ပေါ်လျှက်ရှိသည်။ ကုလသမဂ္ဂအစည်းအဝေးများအတွင်း၌လည်း ရခိုင်ကိစ္စကို အကြောင်းပြု၍ မြန်မာနိုင်ငံအား ကန့်ကွက်သူများနှင့် ထောက်ခံကြသူများဟူ၍ အုပ်စုကွဲမှုများ ဖြစ်ပေါ်လျှက်ရှိသည်။ ထို့ကြောင့် လက်ငင်းသံတမန်ရေးရာ ကိစ္စများကို လိမ်မာပါးနပ်စွာ ကိုင်တွယ်ဖြေရှင်းရန် မြန်မာနိုင်ငံ အစိုးရအပေါ် တာဝန် ကျရောက်လျှက်ရှိသည်။ မြန်မာနိုင်ငံအား အထူးကန့်ကွက်ပြောဆိုနေသော နိုင်ငံမှာ ဘင်္ဂလားဒက်ရှ်နိုင်ငံဖြစ်ပြီး၊ ၎င်းအား ကျောထောက်နောက်ခံပေးသည်မှာ Organization...

Read more »

ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ – (၃)

October 8, 2017
ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ – (၃)

A Myanmar soldier stands near a township in Rakhine State, September 27, 2017. Soe Zeya Tun/Reuters ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ – (၃)  (မိုးမခ) အောက်တိုဘာ ၈၊ ၂၀၁၇ အနောက်နိင်ငံများရဲ့ မဟာဗျုဟာ အကြံအစီက ဘာလဲ ၂၆။ အနောက်နိုင်ငံတွေ (အထူးသဖြင့် အမေရိကန်နဲ့ ဗြိတိန်)ဟာ မြန်မာနိုင်ငံကို စိတ်ကြိုက်ချယ်လှယ်နိုင်လို့ရ ၊ မရ စမ်းသပ်ချင်ပါတယ်။ အထူးသဖြင့် လက်ရှိအခြေခံဥပဒေအရ တပ်မတော်က အမျိုးသားရေးဦးဆောင်မှု အခန်းကဏ္ဏမှာ ပါဝင်နေတာကို မနှစ်မြို့ဘဲ ဒေါ်အောင်ဆန်းစုကြည်က အုပ်ချုပ်ရေးအာဏာ အပြည့်အဝရစေဖို့ ဘင်္ဂလီကိစ္စကို အသုံးချလိုက်တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူတို့ပြောသလို...

Read more »

ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ – အပိုင်း(၂)

October 6, 2017
ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ – အပိုင်း(၂)

ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ – အပိုင်း(၂) (မိုးမခ) အောက်တိုဘာ ၆၊ ၂၀၁၇ ပထမလက်မဲနဲ့ဒုတိယလက်မဲ ၁၄။ ဘယ်သူတွေက ဖန်တီးနိုင်သလဲ။ နောက်ကွယ်က ကြိုးကိုင်သူ လက်မဲတွေက ဘယ်သူတွေလဲ၊ စဉ်စားကြည့်လိုက်ရင် ခပ်ရေးရေး ပေါ်ထွက်လာပါတယ်။ နိုင်ငံရေးနဲ့ စစ်ရေးဟန်ချက်ညီဖို့  Strategic Plan ရေးဆွဲနိုင်ဖို့ Strategy Thinking Thought ရှိရမှာ ဖြစ်လို့ ဥာဏ်ပညာထက်မြက်ပြီး ပညာအရည်အချင်းမြှင့်တဲ့ ဒေါက်တာဝါကာအူဒင် သာဖြစ်နိုင်ပြီး ပထမလက်မဲ အဖြစ် သရုပ်ဆောင်ပီသစွာ နိုင်ငံတကာထိုးဖေါက်နိုင်စွမ်း လုပ်ခဲ့သလို လုံခြုံရေးအမြင်ရှိကာ စီမံချက်ချနိုင်သူ၊ စစ်ရေးအရ သမာရိုးကျစစ်ကို မသုံးဘဲ ပျောက်ကျားစစ်ကို ညွှန်ပြနိုင်သူဖြစ်ပါတယ်။ ဒါတွေတတ်မြောက်ဖို့ ဆော်ဒီဗိုလ်ချုပ် အန်နဝါအဆာကီ (ဥက္ကဌ၊ အရှေ့ အလယ်ပိုင်း မဟာဗျူဟာလေ့လာရေးဗဟိုဌာန)က...

Read more »

ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ (၁)

October 4, 2017
ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ (၁)

ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ (၁) (မိုးမခ) အောက်တိုဘာ ၄၊ ၂၀၁၇ ၁။ မြန်မာနိုင်ငံရေးဇာတ်ခုံမှာ လွှမ်းမိုးထားတဲ့ အင်အားစုကြီး (၃) ရပ်ဖြစ်တဲ့ နိုင်ငံရေးပါတီအင်အားစု၊ တပ်မတော်၊နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ နိုင်ငံရေးနယ်ပယ်မှာ တဖွဲ့နဲ့တဖွဲ့ အပြိုင်အဆိုင် အင်အား ပြိုင်ဆိုင်ကြပါတယ်။ တချို့နိုင်ငံရေးဖြစ်စဉ်တွေမှာ အင်အားစုကြီး (၂) ရပ် ပူးပေါင်းသွားကြပြီး ကျန်အင်အားစုကြီး တစ်ရပ်ကို ရင်ဆိုင်ကြသလို တခါတရံကြတော့လည်း နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွါး၊ အမျိုးသားလုံခြုံရေးကိစ္စတွေမှာ မည်သူ့တိုက်တွန်းမှူမှ မပါဘဲ အင်အားစုကြီး (၃) ရပ်စလုံး အလိုလို အံ့သြစွာ ပူးပေါင်းသွားကြတဲ့ သမိုင်းဖြစ်စဉ်တွေလည်းရှိပါတယ်။ အဲဒီလို ပူးပေါင်းသွားတဲ့ ဖြစ်စဉ်တွေထဲမှာ အားအကောင်းဆုံး ဖြစ်စဉ်ကတော့ ဖက်ဆစ်ဂျပန်ကို တော်လှန်တဲ့ သမိုင်းဖြစ်စဉ်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းဦးစီး...

Read more »

ဇင်လင်း – ထိလွယ်ရှလွယ် စကားလုံးများနှင့် ဖြေရှင်း၍ မရနိုင်သည့် ရခိုင်ပြည်နယ်အရေး စိန်ခေါ်မှု

September 30, 2017
ဇင်လင်း – ထိလွယ်ရှလွယ် စကားလုံးများနှင့် ဖြေရှင်း၍ မရနိုင်သည့် ရခိုင်ပြည်နယ်အရေး စိန်ခေါ်မှု

ဇင်လင်း – ထိလွယ်ရှလွယ် စကားလုံးများနှင့် ဖြေရှင်း၍ မရနိုင်သည့် ရခိုင်ပြည်နယ်အရေး စိန်ခေါ်မှု  (မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၁၇ ရခိုင်ပြည်နယ်အရေးကိစ္စသည် လက်ရှိမြန်မာအစိုးရ၏ ၁၈ လသက်တမ်းအတွင်း ထိပ်တန်းဦးစားပေး စိန်ခေါ်မှု တစ်ရပ် ဖြစ်လာသည်။ ရခိုင်ပြည်နယ်အတွင် အကြမ်းဖက်မှုများ မပေါ်ပေါက်မီကပင် ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပြန်လည် ဖော်ဆောင်ရေးကို အစိုးရက အထူးအလေးပေးဆောင်ရွက်ခဲ့ကြောင်း တွေ့ရသည်။ ထို့ပြင် ရခိုင်ဒေသအတွင်း နေထိုင်ကြသော လူမှုအသိုက်အဝန်းများ အချင်းချင်း အကြား၌လည်း သဟဇာတဖြစ်ထွန်းမှု မြှင့်တင် ရေးကို အစိုးရက ကြိုးပမ်းဆောင်ရွက်ခဲ့သည်။ အမုန်းတရားနှင့် အကြောက်တရား ဖိစီးမှုများသည် လတ်တလော ရခိုင် ပြည်နယ် ပြဿနာ၏ အဓိက အကြောင်းရင်းဖြစ်သည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က စက်တင်ဘာလ ၁၉...

Read more »

စမ်းချောင်းဘိုဘိုနဲ့ ရခိုင်ဒေသရောက် အင်တာဗျူး – Myanmar Now

September 30, 2017
စမ်းချောင်းဘိုဘိုနဲ့ ရခိုင်ဒေသရောက် အင်တာဗျူး – Myanmar Now

ရခိုင်ပဋိပက္ခဒေသကို ကိုယ်တိုင်သွားရောက်လေ့လာခဲ့တဲ့ သူပုန်ကျောင်းသားဟောင်းနဲ့ ဆက်သွယ်မေးမြန်းခြင်း စမ်းချောင်းဘိုဘိုနဲ့ ရခိုင်ဒေသရောက် အင်တာဗျူး – Myanmar Now (မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၁၇ ရန်ကုန်၊  စမ်းချောင်းမြို့နယ်မှာနေထိုင်တဲ့၊ စမ်းချောင်းဘိုဘိုလို့ လူသိများတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း၊   ABSDF သူပုန်ကျောင်းသားဟောင်း ကိုဘိုဘိုဟာ မြန်မာပြည်သူအများအပြားလိုပဲ ရခိုင်အရေးကြောင့် စိတ်တွေလှုပ်ရှားခဲ့ရတဲ့သူဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ရန်ကုန်ကသွားတဲ့ အကူအညီပေးရေးအဖွဲ့တွေနဲ့ တွဲပြီး ရခိုင်ပြည်နယ် စစ်တွေ၊  ဘူးသီးတောင်၊  မောင်တောမြို့တွေကို ကင်မရာတစ်လုံးနဲ့လှည့်လည်ပြီး သွားရောက်လေ့လာခဲ့ပါတယ်။ သူ့ခရီးစဉ် အတွေ့အကြုံတွေအကြောင်း  Myanmar Now ကို ပြောပြထားပါတယ်။ မေး။   ။ ကိုဘိုဘိုက မီဒီယာသမားလည်းမဟုတ်ဘူး။ သတင်းထောက်လည်းမဟုတ်ဘူး။ ဘာ့ကြောင့် ရခိုင်ကို...

Read more »

ဒေါ်အောင်ဆန်းစုကြည်၏ စက်တင်ဘာ ၁၉ မိန့်ခွန်း ဘာသာပြန်

September 21, 2017
ဒေါ်အောင်ဆန်းစုကြည်၏ စက်တင်ဘာ ၁၉ မိန့်ခွန်း ဘာသာပြန်

ဒေါ်အောင်ဆန်းစုကြည်၏ စက်တင်ဘာ ၁၉ မိန့်ခွန်း ဘာသာပြန် (နိုင်ငံတော်အတိုင်ပင်ခံရုံး ဖေစ့်ဘွတ်) မိုးမခ၊ စက်တင်ဘာ ၂၁၊ ၂၀၁၇ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံတော် အစိုးရမှဆောင်ရွက်လျက် ရှိသည့် အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများနှင့် စပ်လျဉ်း၍ သံတမန်များအား အသိပေးပြောကြားချက် (အလွတ်သဘော ဘာသာပြန်ဆိုချက်) နေပြည်တော် စက်တင်ဘာ ၁၉ ယမန်နှစ်က ရွေးကောက်တင်မြောက်ပြီးခါစ မြန်မာနိုင်ငံအစိုးရသစ်ရဲ့ ကိုယ်စားလှယ်အနေနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောကြားခဲ့တုန်းကကျွန်မတို့အစိုးရအနေနဲ့ ကုလသမဂ္ဂ ပဋိဉာဉ်စာချုပ်ပါ ရည်ရွယ်ချက်တွေနဲ့ အခြေခံမူတွေအပေါ်မှာ ထားရှိတဲ့ ယုံကြည်မှုတွေကို ထပ်လောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။ နိုင်ငံများအနေနဲ့ ပိုမိုငြိမ်းချမ်းပြီး ကြွယ်ဝတဲ့ ကမ္ဘာ၊ လူသားများအားလုံးအတွက် ပိုမိုကြင်နာ မေတ္တာထားသောနေရာ တစ်နေရာအဖြစ် ဝိုင်းဝန်းတည်ထောင်နေတဲ့ ယုံကြည်ချက်နဲ့ ကျွန်မတို့...

Read more »

မောင်မောင်စိုး ● အသစ်မြင် မြန်မာပြည်ငြိမ်းချမ်းရေး – အပိုင်း (၇)

September 17, 2017
မောင်မောင်စိုး ● အသစ်မြင် မြန်မာပြည်ငြိမ်းချမ်းရေး – အပိုင်း (၇)

မောင်မောင်စိုး ● အသစ်မြင် မြန်မာပြည်ငြိမ်းချမ်းရေး – အပိုင်း (၇) (ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သုံးသပ်ချက်) (မိုးမခ) စက်တင်ဘာ ၁၇၊ ၂၀၁၇ ● ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နိုင်ငံတကာ မြန်မာပြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် စတင်ကထဲက နိုင်ငံတကာ၏ စိတ်ဝင်စားမှု ကူညီမှုကို ရရှိခဲ့သည်။ နဝတ/နအဖ ခေတ် နောက်ပိုင်း၂၀၀၈ အခြေခံဥပဒေနှင့် အထွေထွေရွေးကောက်ပွဲများ ကျင်းပခြင်း၊ အတိုက်ခံနိုင်ငံရေးပါတီများ တိုင်းရင်းသား ပါတီများ ရွေးကောက်ပွဲ အခင်းအကျင်းတွင် ပါဝင်လာခြင်းကလည်း မြန်မာပြည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အား နိုင်ငံတကာက စိတ်ဝင်စားစေသည့်အချက်ဖြစ်သည်။ သမတဦးသိန်းစိန်လက်ထက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ဥရောပနိုင်ငံများက ငြိမ်းချမ်းရေးရံပုံငွေ ထောက် ပံ့ခြင်းနှင့် နည်းပညာအကူအညီပေးခြင်းတို့ကို MPC အား၎င်း တိုင်းရင်းသားအဖွဲ့များအားNGO များမှတဆင့်၎င်း ပေးအပ်ခဲ့ သည်။ အလားတူပင် ဂျပန်အစိုးရ၏ နိပွန်းဖေါင်ဒေးရှင်းကလည်း...

Read more »

မောင်လူရေး – ကပ္ပပြဿနာ

September 15, 2017
မောင်လူရေး – ကပ္ပပြဿနာ

  မောင်လူရေး – ကပ္ပပြဿနာ (မိုးမခ) စက်တင်ဘာ ၁၅၊ ၂၀၁၇ ၁ ယူအန်အတွင်းရေးမှူးသည် အခန်းထဲ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ဆုံးဖြတ်ချက်ကို ပိုင်ပိုင်ချလိုက်သည်။ သက်ပြင်းကြီးကို မှုတ်ထုတ်လိုက်ပြီး နှုတ်ထွက်စာရေးကာ စားပွဲပေါ်တင် ဖန်တုံးလေးနှင့်ဖိပြီး ထွက်သွားတော့သည်။ လမ်းပေါ်ရောက်တော့ ဖင်ကလေးကော့ကော့ ကော့ကော့နှင့် လေကလေးချွန်ကာ ခေါင်းကလေးမော့မော့ပြီး ခပ်သော့သော့လျှောက်နေသည်။ယန်ဟီးလီသည် မှန်ရှေ့တွင် နှုတ်ခမ်းကလေးကို စုဝိုင်းပြီး နှုတ်ခမ်းနီတောင့်ဖြင့် တချက်တည်း တပတ်လုံး ဝှိုက်ဆွဲလှုပ်ပြီးသကာလ အလှပြင်သည့်အလုပ်ကို အပြီးသတ်ကာ လက်ကိုင်အိပ်လှလှကလေးကို ဖြတ်ကနဲဆွဲကာ ခပ်သွက်သွက်ထွက်လိုက်လေပြီ။ သီချင်းညည်းသံပင် သဲ့သဲ့ကြားလိုက်ရသေးသည်။ ဝီရသူ။ ချထားသည့်မျက်လွှာကို ဖြည်းညှင်းစွာဖွင့်၍ စာအံသံများကို နားစွင့်ပြီး စာအံကျောင်းပေါ်မှ ဆင်းသွားသည်။ လန့်ခုန်လိုက်သော ကျီးတကောင်ကို စေ့စေ့ကြည့်ပြီး တိုက်ပေါက်ဘက်တည့်တည့် လျှောက်ထွက်သွားလေတော့သည်။ တူရကီဝန်ကြီးချုပ်သည် လုပ်လက်စအစည်းအဝေးကို...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်