Posts Tagged ‘ မင်းကိုနိုင် ’

မင်းကိုနိုင် – “နောက်တန်း အစွန်လူ” 

January 27, 2018
မင်းကိုနိုင် – “နောက်တန်း အစွန်လူ” 

  မင်းကိုနိုင် – “နောက်တန်း အစွန်လူ”  (မိုးမခ) ဇန်န၀ါရီ ၂၇၊ ၂၀၁၈ (သူ့ဖေ့စ်ဘွတ်က ယူပါတယ်) ဟိုနေ့က အမျိုးသမီး ဘောလုံးပွဲတစ်ခု သုဝဏ္ဏကွင်းမှာ ဗိုလ်လုကြတယ်။ အသက် ၁၃ နှစ်အောက်ဆိုတော့ ကလေးမလေးတွေပွဲလို့ ခေါ်နိုင်မှာပေါ့။ ပြိုင်ကြရမှာက အညာဒေသက အသင်းနဲ့ ဟိုးတောင်ပေါ်က အသင်း ဗိုလ်လုပွဲ တက်ကြတာ။ တာဝန်ရှိတစ်ယောက်က ပြောပြတယ်။ ဒီကလေးမတွေ ရန်ကုန်ကို မရောက်ဖူးသူများတယ်။ နေရာစုံ လိုက်ပို့ ပေးတာပျော်နေကြတာပဲတဲ့။ နောက်တစ်ယောက်က ပြောပြတယ်။ ဆုတွေ ဘာတွေရမယ်ဆိုတာလည်း သေချာမသိပါဘူး။ ရှုံးပြီး မထွက်ရရင် ဆက်ကန်နေရမယ်ဆိုတော့ ကြိုးစားကန်နေကြတာပဲတဲ့။ ဟုတ်တယ် သတိထားမိတယ်။ သူတို့ပြိုင်ပွဲက မြင်နေကျ ပွဲတွေလို မဟုတ်ဘူး။ ပရီမီယာလိဂ်၊ ချန်ပီယံလိဂ်တို့လို နာမည်ကြီးတွေလည်း...

Read more »

မင်းကိုနိုင် – တရားတဲ့ဝါဒ

January 31, 2017
မင်းကိုနိုင် – တရားတဲ့ဝါဒ

Art – Than Htay Maung   မင်းကိုနိုင် – တရားတဲ့ဝါဒ (မိုးမခ) ဇန်န၀ါရီ ၃၁၊ ၂၀၁၇လေဆိပ်မှာသေနတ်သံကြား ပြည်တော်ပြန်တယောက် သွေးအိုင်ထဲလဲကျသွားတာ ဖိလစ်ပိုင်မှာလည်းရှိခဲ့တာပဲ အမိမြေကိုပြန်ခြေချစ အကွီနိုကို လုပ်ကြံခဲ့သူသမ္မတမားကို့စ်ဟာ ဖိလစ်ပိုင်အပြောင်းအလဲကို ဟန့်တားနိုင်ခဲ့ပါသလား ရွေးကောက်ပွဲမှာအကွီနို့ဇနီးကိုရှုံူး အာဏာပါ ဆုံးပြီး နိုင်ငံက ထွက်ပြေးခဲ့ရမဟုတ်လား။ “ကျနော့်မှာအိပ်မက်တခုရှိတယ်” ဆိုတဲ့ဂန္ဓဝင်မိန့်ခွန်းကို ကဗျာလိုရွတ်ဆိုခဲ့သူ မာတင်လူသာကင်းဂျူနီယာ… သူ့ကိုသေနတ်နဲ့ချောင်းပစ်တော့ကော သူယုံတဲ့ အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးကို ဖျက်ဆီးနိုင်ခဲ့ကြပါသလား အာဖရိကန်နွယ်ဖွားအိုဘားမားက အမေရိကန်ပြည်ထောင်စုရဲ့အမြင့်ဆုံးရာထူးကို နှစ်ကြိမ်တောင် တက်ယူပြခဲ့သေးမဟုတ်လားဘုရားကျောင်းမှာ ဝတ်ပြုဖို့လာတဲ့ဂန္ဓီကြီးကို ခြောက်လုံးပြူးးနဲ့တေ့ဖြုတ်ခဲ့ပေမယ့် သူရဲ့အကြမ်းမဖက်ရေးဝါဒကိုသာအိန္ဒိယဟာ မြတ်နိုးပန်ဆင်ပြခဲ့မဟုတ်လား သမိုင်းတလျောက်မှာ သက်သေပြစရာများပါဘိ “တရားတဲ့ဝါဒကို လုပ်ကြံလို့ရရိုးလား” မင်းကိုနိုင် ၃၀ ၁ ၂၀၁၇ လှိုင်မြို့နယ် ၂ရပ်ကွက် စာပေဟောပြောပွဲ...

Read more »

မင်းကိုနိုင် – တီးတိန်လမ်း

December 18, 2015
မင်းကိုနိုင် – တီးတိန်လမ်း

  မင်းကိုနိုင် – တီးတိန်လမ်း  (သူ့ဖေ့စ်ဘွတ်) မိုးမခ၊ ဒီဇင်ဘာ ၁၈၊ ၂၀၁၅ ချင်းပြည်နယ် တီးတိန်နယ်စပ် ကိုးမိုင်စခန်းနေရာဟာ  နယ်ချဲ့အင်္ဂလိပ်တပ်များ ချင်းပြည်နယ် သိမ်းဖို့အလာ အဲဒီဒေသက ချင်းခေါင်းဆောင် ဗိုလ်ခိုင်ကမ်း ဦးဆောင်ပြီးတော့ ခုခံခဲ့တဲ့နေရာ။  တီးတိန်ကလာကြိုတဲ့ကားက တောင်ပေါ်လမ်းပြင်လို့  ယန္တယားယဉ်တွေ အားလပ်ချိန်မှ ဖွင့်ပေးတာမို့ နောက်ကျ နေတာစောင့်ရင်း ရေးဖြစ်တဲ့ ပန်းချီပါ။  လအနည်းငယ်အတွင်းရေကြီးစဉ်က မျောပါလာတဲ့ ထင်းတုံးတွေ ကြည့်ရင်း လေးကြိမ်မြောက် ချင်းပြည်နယ်  ခရီးစဉ်ကို မှတ်တမ်းတင်ပါတယ်။ လာကြိုတဲ့ကားမောင်းသူဟာ ဘူမိဗေဒဘွဲ့ရ လူငယ်ပါ။  နာမည်က ထေါင်ရှန်း။ အလုပ်အကိုင်ရှားတဲ့အခက် အခဲကြောင့် ဒူဘိုင်းကနေ ကျန်းမာရေးကြောင့် အဆင်မပြေ ပြန်လာ။ အရှေ့တောင်အာရှနိုင်ငံ အချို့မှာလည်း  အလုပ်လုပ်ခဲ့ဖူးသူပါ။  သာမန်အားဖြင့် သုံးနာရီကျော်ကျော်မောင်းရတဲ့ ခရီးကို  ဒီတခေါက်တော့ ခုနှစ်နာရီကျော်မောင်းရ ပါတယ်။  ခွက်ထဲကို ကျောက်ခဲတွေ ထည့်လှုပ်သလို တဂျိန်းဂျိန်း မြည်အောင် လှုပ်ခါနေတဲ့ ကားကို...

Read more »

မင်းကိုနိုင် – ပြေးခဲ့ပါ ကလေး

November 24, 2015
မင်းကိုနိုင် – ပြေးခဲ့ပါ ကလေး

    မင်းကိုနိုင် – ပြေးခဲ့ပါ ကလေး (သူ့ဖေ့စ်ဘွတ်) ။ (မိုးမခ) နိုဝင်ဘာ ၂၄၊ ၂၀၁၅   ပြေးခဲ့ပါ ကလေး ထမင်းတလုပ် တုတ်တချက်နဲ့ဝေးရာ မင်းကို ညှင်းမည့်လက်တွေ တုပ်မည့်ကြိုးတွေနဲ့ဝေးရာ ခြံဝင်းအပြင်မှာ လွတ်မြောက်ရာရှိမယ် ပြေးခဲ့ပါကလေး … ဩော် – ဒါပေမယ့် ကလေးရဲ့ ခြေထောက်လေးတွေက လွတ်အောင်ပြေးနိုင်ပါ့မလား … ။   ပြေးခဲ့ပါ ကလေး မီးပွိုင့်နဲ့ ဝေးရာ ရောင်းလက်စ စံပယ်ကုံးလေးပါ ယူခဲ့ ဒါပေမယ့် ကားအန္တရာယ် ကလေးရဲ့ ခြေထောက်လေးတွေက လွတ်အောင်ပြေးနိုင်ပါ့မလား … ။   ပြေးခဲ့ပါ ကလေး မင်းရဲ့ ကျောင်းလွယ်အိတ်လေးလည်းယူခဲ့ ကိုယ်ကျိုး စီးပွား လောင်မီးကျသွားတဲ့ မင်းတို့တောင်ယာကြားက ပြေးခဲ့...

Read more »

မင်းကိုနိုင် – နွားကြီး… သေသွားပြီ !!!

November 23, 2015
မင်းကိုနိုင် – နွားကြီး… သေသွားပြီ !!!

  မင်းကိုနိုင် – နွားကြီး… သေသွားပြီ !!! (သူ့ဖေ့စ်ဘွတ်) မိုးမခ၊ နိုဝင်ဘာ ၂၃၊ ၂၀၁၅   မြက်ပင်တွေတောင်၊ ခေါင်းမထောင်ခင်  နေ၀င်လေအေး၊ မိုးလေးညိုယုံ ချည်တိုင်ကို လွမ်းတတ်တဲ့ နွားကြီး… သေသွားပြီ . သခင်မ မျက်နှာ မမြင်ရ ရက်ကြာလို့ နာတာရှည် လွမ်းနေကြောင်း ဖိနပ်ဟောင်း တရံလို ဇာတ်ကြောင်း ပြန်ချင်တဲ့ နွားကြီး…သေသွားပြီ . “ ချို(ဂျို)နဲ့ သားရေ မကျန်စေနဲ့ ခုတ်ဟဲ့ ထစ်ဟဲ့ အရက်ငှဲ့လေ ” ကေတီဗီ မာဆတ်တွေကြား သက်သတ်လွတ်စားပြီး စားမြုံ့ပြန်တတ်တဲ့ နွားကြီး… သေသွားပြီ . “ အားနာပါတယ်..ရှင် ” ဒီသံစဉ်ကြားဖို့ အရေး ထောင်ဂဏန်းတန် ကဒ်ပြေးဝယ် ဆက်သွယ်မှုဧရိယာပြင်ပ မကြာခဏရောက်ခဲ့တဲ့ နွားကြီး…သေသွားပြီ...

Read more »

မင်းကိုနိုင် – အိုးဝေလို့ ထ တွန်တဲ့ နေ့

November 8, 2015
မင်းကိုနိုင် – အိုးဝေလို့ ထ တွန်တဲ့ နေ့

  မင်းကိုနိုင် – အိုးဝေလို့ ထ တွန်တဲ့ နေ့ (မိုးမခ) နိုဝင်ဘာ ၈၊ ၂၀၁၅     ဒီနေ့ဟာ သူရဲကောင်းတို့အရိုးတွေ အိုးဝေ လို့ ထတွန်တဲ့နေ့   တရားဖက်က ထူသမျှအလံတိုင်းဟာ ဂုဏ်သိက္ခာသမိုင်းနဲ့   ဆန့်ကျင်ဖက်တွေ ကြိုက်တဲ့အလံတက်ခဲ့ ကြိုက်တဲ့အသံထွက်လှည့်   ဒီနေ့ဟာ သူရဲကောင်းတို့အရိုးတွေ အိုးဝေ လို့ ထတွန်တဲ့နေ့။   Tags: မင်းကိုနိုင် Related posts ဘောလုံးသမား သူငယ်ချင်းများ (0) မင်းကိုနိုင် အင်တာဗျူး ကောက်နုတ်ချက် – NLD ၊ ရွေးကောက်ပွဲ၊ ပြည်သူလူထု (0) မင်းကိုနိုင် – “ အမေ့ တမ်းချင်း...

Read more »

မင်းကိုနိုင် အင်တာဗျူး ကောက်နုတ်ချက် – NLD ၊ ရွေးကောက်ပွဲ၊ ပြည်သူလူထု

October 26, 2015
မင်းကိုနိုင် အင်တာဗျူး ကောက်နုတ်ချက် – NLD ၊ ရွေးကောက်ပွဲ၊ ပြည်သူလူထု

  မင်းကိုနိုင် အင်တာဗျူး ကောက်နုတ်ချက် – NLD ၊ ရွေးကောက်ပွဲ၊ ပြည်သူလူထု (ဇာနီကြီး)၊ မိုးမခ ၊ အောက်တိုဘာ ၂၆၊ ၂၀၁၅ (ယခင်အပတ် RFA အင်တာဗျူးကနေ ကူးယူ ကောက်နုတ်ဖော်ပြပါတယ်)   ၁၉၈၈ ရှစ်လေးလုံး ကျောင်းသားခေါင်းဆောင် နဲ့ ထောင်နှစ်၂၀ကျော် ကျခံခဲ့သူ၊ သမ္မတဦးသိန်းစိန်လက်ထက် ထောင်မှလွတ်မြောက်လာသူ၊ လက်ရှိနိုင်ငံရေးလှုပ်ရှားသူတစ်ဦး။ သူဟာ ကဗျာစာပေများနဲ့ ထောင်သွင်းအကျဉ်းကျကာလ နှစ်၂၀ကျော်ကို စိတ်ဝိညာဉ်လွတ်လပ်စွာ ကုန်လွန်ခဲ့တယ်။ အခု ထောင်ကကလွတ်လာပြီးဘဝကို လည်း ၈၈ပွင်းလင်းအဖွဲ့အဖြစ် ငြိမ်းချမ်းရေး၊ ဥပဒေစိုးမိုးရေး၊ ဒိမိုကရေစီရေးတို့ကို ဦးဆောင်လှုပ်ရှားနေသူ ဖြစ်ပါတယ်။   အခု ၂၀၁၅ ရွေးကောက်ပွဲမှာ အင်အယ်ဒီအဖွဲ့က မင်းကိုနိုင်တို့အဖွဲ့ကို အမတ်လောင်းများအဖြစ် ရွေးချယ်မယ်၊ ပူးပေါင်းပါ ဆိုလို့ ပူးပေါင်းတဲ့အခါ ယခင်ကိုယ်စားလှယ် ဦးပြုံးချိုကလွဲပြီး တယောက်မှ အမတ်လောင်းအဖြစ်...

Read more »

မင်းကိုနိုင် – 🐝ယင်ကောင်🐝

October 25, 2015
မင်းကိုနိုင် – 🐝ယင်ကောင်🐝

  မင်းကိုနိုင် – 🐝ယင်ကောင်🐝  (သူ့ဖေ့စ်ဘွတ်) မိုးမခ၊ အောက်တိုဘာ ၂၅၊ ၂၀၁၅ ကမ္ဘာကျော် ကိုင်ရို ရေမြောင်းထဲ သေရတာကို မရယ်ရက်ဖူး အမေ . ထပ်တရာပန်းလေးတွေ ရနံ့မကောင်းရှာတာ ကြောင်ရုပ်ဆိုးလေးကို… မွေးချင်သူ မရှိတာ ပြဿ     နာ အဖြစ် ထားရအောင်ပါ . ပြဿ     နာ သမား ကြာသပတေးသားအတွက် ပီယ ယတြာ ပဉ္စပွတ်နံ မန်ကျည်းသားကို ကျားရုပ်လေး ထုပေးပါ အမေရာ . နေ့ခင်းဆိုရင် သူ့လောက် မျက်စိလျင်တာမရှိ ည မီးထိန်ထိန်အောက် သူ့လောက် ကန်းတာမရှိတဲ့ အကောင် (အဲဒါ….)  ဘာကောင်လဲ အမေ…။ ။ ....

Read more »

မင်းကိုနိုင် – “ မွေးနေ့လက်ဆောင် ”

October 18, 2015
မင်းကိုနိုင် – “ မွေးနေ့လက်ဆောင် ”

  မင်းကိုနိုင် – “ မွေးနေ့လက်ဆောင် ” (သူ့ဖေ့စ်ဘွတ်) မိုးမခ၊ အောက်တိုဘာ ၁၉ ၊ ၂၀၁၅ . ဘတ်ဒေးကိတ် ဘယ်ဆိုင်က မှာရမလဲ မေးတဲ့အခါ ကျောင်းထဲ သပိတ်ကာလ လှည်းတန်းဈေးက အမေအိုတယောက် ကျွေးခဲ့သော ငှက်ပျောသီးပိန်ပိန်လေးကိုပဲ စားချင် . မွေးနေ့လက်ဆောင် ဘယ်အ၀တ်အထည်ကြိုက်လဲ မေးတဲ့အခါ တို့အရေးကာလ မိုးထဲရေထဲ ၊ ဖားဥစွဲအောင် မလဲတမ်းဆင်ခဲ့တဲ့ လည်ကတုံးအဖြူကိုပဲ ပြေးမြင် . မွေးနေ့လက်ဆောင် ဘယ်အသုံးအဆောင် ရွေးမလဲ မေးတဲ့အခါ မေတ္တာတူမျှ မူလတန်းလက်ရေးနဲ့ ကလေးပန်းချီတွေပဲ ခုံမင် . မွေးနေ့လက်ဆောင် ဘယ်ဆုတောင်း ပြည့်ချင်လဲ မေးတဲ့အခါ . “ မေတ္တာနှင့် အိပ်ယာဝင် မေတ္တာနှင့် အိပ်ယာထ...

Read more »

မင်းကိုနိုင် – “ အမေ့ တမ်းချင်း ”

September 17, 2015
မင်းကိုနိုင် – “ အမေ့ တမ်းချင်း ”

မင်းကိုနိုင် – “ အမေ့ တမ်းချင်း ” (သူ့ဖေ့စ်ဘွတ်) မိုးမခ၊ စက်တင်ဘာ ၁၇၊ ၂၀၁၅ မနေ့က အမေ့မွေးနေ့။ မတွေ့ဖြစ်တာ ကြာပြီဖြစ်တဲ့ ကျနော်တို့မောင်နှမ လေးယောက် အမေ့အိမ်မှာ ဆုံကြဖို့ မအားကြတဲ့ကြားက ကတိတည်ခဲ့ကြပါတယ်။ မိသားစု ပြန်ဆုံတဲ့ အမေ့မွေးနေ့ပွဲဟာ ညနေစောင်းထိ ဘာမှ မထူးခြားသေးပါဘူး။ သားသမီးတွေက အဖေနဲ့အမေကို ကန်တော့မယ်။ မိဘတွေက ဆုတောင်းပေးမယ်။ . ညနေစောင်းလာတဲ့အခါမှာတော့ အမေက သားသမီးတွေကို မွေးဖွားခဲ့တဲ့ အတွေ့အကြုံကိုပြောပြရင်း အခုလို ညနေစောင်းပြီဆိုရင် အဖေရော အမေပါ ကြောက်ခဲ့ရတဲ့ ညနေ စောင်းတွေအကြောင်းကို ပြောပြပါတယ်။ ကျနော်တို့မှာ မကြီး ၊ မငယ်၊ ကျနော်နဲ့ ညီမလေးအပါအ၀င် မောင်နှမ လေးယောက်ပဲရှိတယ်လို့...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်