Posts Tagged ‘ မင်းကိုနိုင် ’

မင်းကိုနိုင် ● အောင်စာရင်းဆိုတာ ကျိန်စာမဟုတ်

June 29, 2017
မင်းကိုနိုင် ● အောင်စာရင်းဆိုတာ ကျိန်စာမဟုတ်

မင်းကိုနိုင် ● အောင်စာရင်းဆိုတာ ကျိန်စာမဟုတ် (မိုးမခ) ဇွန် ၂၉၊ ၂၀၁၇ ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။ သားနှင့်သမီးရေ …. စာမေးပွဲ မအောင်လို့အသက်ကို အလွယ်စွန့်ခဲ့ရသူတွေရှိသလို၊ အသက်ကို ခက်ခက်ခဲခဲ မွေးပြီး စာမေးပွဲအောင်အောင်ဖြေခဲ့ကြသူတွေအကြောင်း ပြောချင်လို့ စာရေးလိုက်တယ်။ ၁၀ တန်း အောင်စာရင်းထွက်တိုင်း နားစွင့် ရင်မောရတယ်။ စာမေးပွဲဆိုတာကို ဘယ်လိုသဘောထားကြသလဲ။ လူ့ဘ၀မှာ စာမေးပွဲတွေ ဘယ်လောက်တောင် ဖြေရမလဲ၊ အောင်စာရင်းတွေ ဘယ်လောက်တောင်မျှော်ရမလဲ။ တို့အသိုင်းအ၀ိုင်းမှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေအပေါ် သဘောထားက အန္တရာယ်ကြီးတဲ့ အနေ အထားရောက် နေပြီလား။ သေမင်းရဲ့ အချက်ပေးခေါင်းလောင်းသံကို ကလေးတွေ ခံစားရကုန်ပြီလား။ အဓိကကတော့ ဖိအားတွေပဲ။ မိဘ နဲ့ ပတ်ဝန်းကျင်ကကလေးတစ်ယောက်ကို ဘယ်လောက်ဖိအားတွေ ပေးထားလို့လဲ။ တစ်ကြိမ်မရရင်...

Read more »

မင်းကိုနိုင် ● ညီမလေးကို ထိန်းတဲ့နေ့

June 23, 2017
မင်းကိုနိုင် ● ညီမလေးကို ထိန်းတဲ့နေ့

မင်းကိုနိုင် ● ညီမလေးကို ထိန်းတဲ့နေ့ (မိုးမခ) ဇွန် ၂၃၊ ၂၀၁၇ ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။ ကြည့် … ဟိုမှာ နွေနှောင်းစံပယ်တွေ လုပ်ပုံ မိုးဦးမြင်ရုံနဲ့ ညဝတ်စုံတွေ ဖရိုဖရဲ အိပ်ရာထဲထား ဒုန်းပြေးသွားကြတာ။ လာ…ညီမလေး ဖားကလေးတွေလို တို့လည်းမိုးရေချိုးကြမယ် အမေဆူမယ်..လား နွေမှာ သားပိုက်ကောင်တွေ၊ ဆောင်းမှာ နှံကောင်လေးတွေ ဒီလိုပဲ ခုန်ဆွ ခုန်ဆွ လုပ်ကြတာ “ကျန်းမာရေးအတွက်” လို့ ပြောလိုက်မှာပေါ့။ လူဟာ… ကုက္ကိုပွင့်တွေလို၊ လဲမှို့ပွင့်တွေလို သတ္တိကောင်းဖို့လိုတယ်လို့ ကိုကို ထင်တယ်ကွ။ ကြည့်…ဟိုမှာ သူတို့အမြင့်ကြီးတက်ပြီး လေထီးခုန်ကြတယ်လေ၊ ခရေတွေဆို ခုန်ချရင်း မြေကြီးကို ရေမွှေးတောင် ဆွတ်ပေးသွားသေး။ ဒီထင်းချောင်းဟာ နန်းတော်ဟောင်းရဲ့ ခေါင်မိုးကွ၊ သူပြောပြတာက...

Read more »

မင်းကိုနိုင် ● နယ်စည်းမထား ဓားသမားများ

June 14, 2017
မင်းကိုနိုင် ● နယ်စည်းမထား ဓားသမားများ

မင်းကိုနိုင် ● နယ်စည်းမထား ဓားသမားများ (မိုးမခ) ဇွန် ၁၄၊ ၂ဝ၁၇ ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။ “အမေရေ ဟိုဘက်အခြမ်းက လူတွေလာကုန်ပြီ။ ဓားတွေကိုင်ပြီး လာနေကြပြီ လုပ်ပါဦး”။ ကျနော့်အော်သံကြောင့် အမေခမျာထိပ်ပျာပြီး ထလာ၏။ လွန်ခဲ့သောရက်ပိုင်းကပင် လမ်းဟိုဘက်အခြမ်းနှင့် ဒီဘက်အခြမ်း ကလေးကိစ္စ ခွေးကိစ္စနှင့် အခန့်မသင့် ဖြစ်ခဲ့မဟုတ်လား။ ခု ဓားတွေကိုင်ပြီး လာနေကြပြီဆိုတော့။ “ဟဲ့…ဘယ်နှစ်ယောက်လောက်ရှိလဲ” အမေ့ အမေးကြောင့် ကျနော်သေချာရေကြည့်သည်။ “ ငါးယောက်၊ ခြောက်ယောက် အမေ၊ အားလုံး ဓားတွေ ကိုင်လာတယ်” “ဟဲ့ တားကြပါဦး။ ဒီလူနဲ့ လူတွေ ဖြစ်စရာလား” ကျနော်တို့သားအမိအသံကြောင့် ဆွမ်းကျွေးအတွက် ချက်ပြုတ်ရန် ပြင်ဆင်နေသူအားလုံး ထရပ်ကြည့် လိုက်ကြသည်။ ကျနော်တို့အိမ်ရှေ့ ဟိုဘက်အခြမ်းမှ...

Read more »

မင်းကိုနိုင် ● အကောင်းဆုံး လက်ဆောင်

June 10, 2017
မင်းကိုနိုင် ● အကောင်းဆုံး လက်ဆောင်

မင်းကိုနိုင် ● အကောင်းဆုံး လက်ဆောင် (မိုးမခ) ဇွန် ၁၀၊ ၂၀၁၇ ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။  ကျနော်ငယ်စဉ် နို့မပြတ်နိုင်သေးခင် အမေကပြောသည်။ နို့ဖြတ်ရမယ်၊ အဲဒီအတွက် သားကို လက်ဆောင်ပြန်ပေးမယ်တဲ့။ ဘယ်လိုဟာမျိုးလည်းတော့ မပြော၊ သားကြိုက်မှာပါဟုတော့ အာမခံသည်။ ကျနော်လည်း အမေ့နို့ချိုအစား ကော်ဖီကိုသာ မဲ့ရှုံ့ရှုံ့သောက်ရတော့သည်။ များမကြာမီ ကျွန်တော်လိုချင်နေသော လက်ဆောင်ကို အနှီးပိတ်ထဲတွေ့ရတော့သည်။ ကျွန် တော်သေချာမှတ်မိတာ တစ်ခုရှိသည်။ လပေါင်းများစွာ ကြာသည်အထိ အမြဲတမ်း လက်မကလေးစုပ်ကာ တိတ်တဆိတ် နေတတ်သော၊ ကျနော်ချော့မြူလျှင် လက်ကလေးတစ်ဖက်မြှောက်တက် တုံ့ပြန်သော်လည်း ကျန်တစ်ဖက် လက်မကလေး စုပ်ကာ ပျော်နေတတ် သောညီမလေး။ ထိုကာလများက အမေပေးသမျှထဲ ကျနော့်အတွက် အကောင်းဆုံးလက်ဆောင် ဖြစ်ခဲ့ပါ၏။ လူတိုင်းလက်ဆောင်ရဖူးကြစမြဲ၊ အသင်လည်း...

Read more »

မင်းကိုနိုင် ● မြက်ခင်းပေါ်က ဘွဲ့နှင်းသဘင်

June 7, 2017
မင်းကိုနိုင် ● မြက်ခင်းပေါ်က ဘွဲ့နှင်းသဘင်

မင်းကိုနိုင် ● မြက်ခင်းပေါ်က ဘွဲ့နှင်းသဘင် (မိုးမခ) ဇွန် ၇၊ ၂ဝ၁၇ ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။ ကျနော်ငယ်စဉ်က တက္ကသိုလ်ကျောင်းတစ်ခုအကြောင်းထူးဆန်းသည့်အရသာနှယ်ကြားဖူးသည်။ ဘွဲ့နှင်းသဘင်ကိုခန်းမထဲ မကျင်းပ မြက်ခင်းပြင်၌သာ ဘွဲနှင်းသည့်ကျောင်းတဲ့။ မိုးတွေ၊ ဘာတွေ ရွာရင် ဘယ်နှယ့်လုပ်မလဲဟု မေးရာမိုးလေကင်းတဲ့ရာသီမှာ လုပ်တာပေါ့တဲ့။ ယခု ထိုကျောင်းသို့ရောက်ပြီ။ မိုးတွေ သဲသဲ ရွာနေ၏။ ညခရီးလည်း ဖြစ်သည်။ အမှောင်ထဲမှာ ကားက ကျော်မောင်းပြီးမှပြန်ကွေ့ရှာရာ စိုက်ပျိုးရေး၊ သစ်တော၊ မွေးမြူရေဆေးတက္ကသိုလ် ဆိုင်းဘုတ်တွေ တစုတည်း တွေ့တော့သည်။ညမီးနှင့် လျှပ်စီးများအောက် သုတေသနပျိုးခင်းများထင်ရော့၊ စိုက်ခင်းတွေ ပင်ပျိုတွေဆီ ငေး ရင်း ဤတက္ကသိုလ်ကျောင်း၏ သမိုင်းထဲကပုံရိပ်တွေကို အမြန်ရစ်ကြည့်နေမိပါသည်။ စိုက်ပျိုးရေးကောလိပ်သက်တမ်းပါ ထည့်တွက်လျှင် နှစ်ပေါင်း ၉ဝ ကျော်ခဲ့ပြီ။ လူဆိုလျှင်...

Read more »

မင်းကိုနိုင် ● လဝန်းမျက်နှာ ကြည့်တိုင်းသာ

June 5, 2017
မင်းကိုနိုင် ● လဝန်းမျက်နှာ ကြည့်တိုင်းသာ

မင်းကိုနိုင် ● လဝန်းမျက်နှာ ကြည့်တိုင်းသာ (မိုးမခ) ဇွန် ၅၊ ၂ဝ၁၇ ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူသည်။ `ငါအခု ဇာတ်​လမ်း​တွေကို မခံစားချင်​​တော့ဘူး။ ဒါ​ကြောင့်​ ဝတ္ထု​တွေကို မဖတ်​​တော့တာ´ ကျ​နော်​ မျက်​လုံးလှန်​ကြည့်​သည်​တွင်​ သူမက `ဘာလဲ ဝတ္ထုဆိုတာ ဇာတ်​လမ်းနဲ့ဖွဲ့ထားတာမဟုတ်​လို့ ဘာလဲ၊ ငါ့ကိုပြန်​​ပြောပါဦး´ ဟု ​မေးခွန်းထုတ်​သည်​။ ကျ​နော်​ မ​ဖြေဘဲ `နင်​က ဘာ​တွေဖတ်​ချင်​လို့လဲ´ ဟုသာ တိုးတိုးပြန်​​ပြောမေးရာ သူမ ​ခေတ္တစဉ်းစားသည်​။ ပြီးမှ … `ကြီးကျယ်​တယ်​လို့​တော့ မထင်​နဲ့ဟာ။ ခရီးတစ်​ခု​ပေါ့ ဘယ်​လိုသွားရလဲဆိုတဲ့ ခရီးသွားနည်းမျိုး​ပေါ့။ ဒါကိုပဲ စိတ်​ဝင်​စား တယ်​၊ ငါဆိုလိုတာ နင်​နားလည်​မှာပါ´ ကျ​နော်​ ​ခေါင်းယမ်းလျက်​ ပြုံးပြလိုက်​ပြီး `ငါ ရိုးရိုးပဲ နားလည်​တယ်​။ ​ဒေသန္တရ...

Read more »

မင်းကိုနိုင် ● သောကြာနေ့ ညနေ .. တနင်္လာနေ့ နံနက်

May 20, 2017
မင်းကိုနိုင် ● သောကြာနေ့ ညနေ .. တနင်္လာနေ့ နံနက်

မင်းကိုနိုင် ● သောကြာနေ့ ညနေ .. တနင်္လာနေ့ နံနက် (မိုးမခ) မေ ၂၀၊ ၂၀၁၇ ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။ သောကြာနေ့ ညနေဖြစ်သည်။ ချစ်သူနှင့် ညနေစာ အတူစား၊ လျှောက်လည်ရန်ချိန်းထားသူ လူငယ်က တက်ကြွနေစဉ် ကျနော့်သူငယ်ချင်းက ခုလိုပြော၏။ “တို့ငယ်ငယ်တုန်းက သောကြာညနေကို သိပ်မုန်းတာကွ” ထိုစကားကို လူငယ် နားရှင်းပုံ မပေါ်ပါ။ကျနော်နှင့် သူငယ်ချင်းတို့မှာ ၁၉၈၀ လွန်နှစ်များက လူငယ်များဖြစ်သည်ကိုတော့ သတိပြုစေချင်ပါသည်။ ကျနော်တို့စကားဝိုင်းကို သက္ကရာဇ် ၂၀၀၀ ပြည့်လုနီးအချိန်မွေးခဲ့သည့် ဆယ်ကျော်သက် ဆယ့်လ ရှစ်နှစ်အရွယ်လူငယ်က မျက်စိလည်နေသည်။ “ဘာဆိုင်လို့လဲ၊ သောကြာညနေဆိုတာ လွှတ်ကဲရမှာလေ” “ခုခေတ်တော့ ဟုတ်တာပေါ့၊ တို့တုန်းက ဘာမှမရှိတာ၊ ကိုယ့်ရည်းစားနဲ့ အကြာကြီးခွဲရမှာပဲဆိုပြီး မုန်းတာပေါ့ကွ၊...

Read more »

မင်းကိုနိုင် ● လေယာဉ်ပျံ မြင်လျှင်

May 15, 2017
မင်းကိုနိုင် ● လေယာဉ်ပျံ မြင်လျှင်

မင်းကိုနိုင် ● လေယာဉ်ပျံ မြင်လျှင် (မိုးမခ) မေ ၁၅၊ ၂၀၁၇ ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။ မိန်းကလေးတစ်ယောက် အရပ်အမောင်းကောင်း၊ ရုပ်ရည်ပြေပြစ်သည်မြင်သော် လေယာဉ်မယ် လုပ်ပါလားဟု တိုက်တွန်း ခဲ့ကြတာ ကျွန်တော်ငယ်စဉ်က မကြာခဏ တွေ့ဖူးသည်။ မိန်းမသားနှင့် လေယာဉ်ပျံတွဲစဉ်းစားလျှင် လေယာဉ်မယ်သာ မြင်ဖူးသည်မို့ လေယာဉ်မယ်လုပ်ဖို့ပဲစဉ်းစားခြင်းက အခြေအနေတစ်ရပ်ထဲတွင်နေလျက် စဉ်းစားခြင်းမျိုး ဖြစ်သည်။ ယခု ခေတ်တွင်တော့ လေယာဉ်မှူး လုပ်ပါလားဟု တိုက်တွန်းလေ့ရှိကြပြီ။ အမျိုးသမီးလေယာဉ်မှူးတွေကို မြင်သိနေကြပြီကိုး။ တကယ်တော့ အမျိုးသမီးလေယာဉ်မှူးတွေရှိလာခြင်းမှာအခြေအနေတစ်ရပ်အပေါ် ကျော်၍ ဖောက်ထွက်စဉ်းစားသူတို့ ရှိခဲ့ခြင်းက စသည်။ ဆိုလိုသည်မှာ အတွေးအခေါ်အရ လက်ရှိအခြေအနေဖြင့် မရောင့်ရဲ့ခဲ့သူများကြောင့်ပင်။ အမျိုးသမီး ဆိုတာ လေယာဉ်ပေါ်မှာဆိုရင် လေယာဉ်မယ်ဘ၀နဲ့ပဲ အမှုထမ်းရမလား၊ လေယာဉ်မောင်းလို့ ဘာကြောင့် မရရရမှာလဲ...

Read more »

မင်းကိုနိုင် ● ရပ်နေသော ကျောက်တုံး

May 2, 2017
မင်းကိုနိုင် ● ရပ်နေသော ကျောက်တုံး

မင်းကိုနိုင် ● ရပ်နေသော ကျောက်တုံး (မိုးမခ) မေ ၂၊ ၂၀၁၇ ကိုမင်းကိုနိုင်၏ လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူဖော်ပြပါသည်။ ကျနော် ၉ တန်းဖြေပြီး နွေရာသီမှာ အဖေက ကြက်တောင်ရိုကသင်တန်းတက်စေသည်။ သင်တန်းဆင်းတော့ ကျနော်တို့ ဆယ်ကျော်သက်တွေမှာ အတောင်ပေါက်စ အကောင်ဗလောင်လေးတွေလို တဖျပ်ဖျပ်ခုန်နေကြသည်။ လူကြီးတွေက ပြိုင် ပွဲစီစဉ်ပေး၏။ ပြိုင်ပွဲသာဆိုရသည် ဘာဆုမှချီးမြှင့်မည်မဟုတ်။ ကြက်တောင်ဗူး ကလေးတွေရလျှင်ပင်ကံကောင်း။ တကယ် က လက်ရည်စမ်းသည့်သဘော၊ကျနော်တို့ ချာတိတ်တွေ ချာတိတ်မတွေက ဟန်တကြွကြွရှိကြပြီ။ အခက်အခဲက လူကြီးတွေရင်ဆိုင်နေရ၏။ ပွဲစဉ်ဇယားဆွဲတော့ ကျား/မ အမျိုးအစားမညီ။ သင်တန်းတက်ကြကတည်းက မိန်းကလေးကနည်းနေတာဆိုတော့ ကျားနှစ်ယောက်ကွဲလွဲစွာ ပြဿနာမရှိပေမယ့်၊ ကျား/မနှစ်ယောက်တွဲ ပွဲစဉ်အတွက် ကျားတွေအများကြီးပိုနေ၏။ လူငယ်တွေက ပွဲဝင်ချင်လှပြီ။ ဘာလုပ်ရမှန်းမသိသည့်အခါ ကြုံရာမရသည့် အဆုံး၊ လူကြီး...

Read more »

မင်းကိုနိုင် ● တိမ်ကလေးရဲ့ အတွေး

April 8, 2017
မင်းကိုနိုင် ● တိမ်ကလေးရဲ့ အတွေး

 မင်းကိုနိုင် ● တိမ်ကလေးရဲ့ အတွေး (မိုးမခ) ဧပြီ ၈၊ ၂၀၁၇ (ကိုမင်းကိုနိုင် လူမှုကွန်ရက်စာမျက်နှာပေါ်မှ ပြန်လည်ကူးယူပါသည်။) ခုတလော ဥသြကလေးသံမကြား ဘယ်များပျောက်နေလဲ “သီချင်းဆိုပြိုင်ပွဲကထွက်ရလို့ စိတ်ထိခိုက်မှိုင်နေတာ အမေရဲ့ သားတွေ့ခဲ့တယ်” “ပြိုင်ပွဲတခုကထွက်ရတာများ လောကထဲကထွက်ရတာမှမဟုတ်တာ ခု သူဘယ်နားမှာလဲ” “လယ်ကွက်ထဲကျကျန်ခဲ့တဲ့ ကျွဲခလောက်ဘေးမှာအမေ” “ဟဲ့တိတိကျကျပြောစမ်းပါ့ အဲ့ဒိကျွဲခလောက်က ဘယ်နားမှာလဲ” “ဥသြထိုင်မှိုင်နေတဲ့ညာဘက်မှာပေါ့” …….,,…… လူတွေပြောကြတယ်လေ “ဟင်းရည်များများထည့်ပေးပါ” “ဟိုဘက်နည်းနည်းတိုးစမ်းပါ”တဲ့ မတိကျလည်းရတာပဲ မဟုတ်လား အဲလိုသားက အထွန့်တက်တော့ အမေဆူတာပေါ့ “နင်ဟာတော်တော်ဆိုးဆိုးပဲ” အဲ…..ပြောရင်းနဲ့ အမေလည်း မတိကျပြန်ဘူး တွတ်ပီသေနတ်လည်း မတိကျဘူးလေ လောကဓံကို တွတ်ပီလို သဘောထားပြီး သူပစ်လိုက်တိုင်း ရပ်နေမယ်… ရမလား….. …….,,,,,…..,,,.. အစွယ်ချန်ရအောင် ဆင်မဟုတ် အရေချန်ဖို့လည်း ကျားမဟုတ်...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်