Posts Tagged ‘ မိုနေးသစ် ’

မိုနေးသစ် ● တော

April 13, 2018
မိုနေးသစ် ● တော

မိုနေးသစ် ● တော (မိုးမခ) ဧပြီ ၁၃၊ ၂၀၁၈ ကားမီး​ရောင်​​ကြောင့်​ မျက်​လုံး​တွေ ခဏတာ ပြာ​ဝေသွားခဲ့တယ်​။ အ​ဝေးညရှုခင်း​တွေကို​ ငေး​နေမိ​နေချိန်​ အ​ဝေး​ပြေးကား လမ်းမဖက်​က ကားတစ်​စီး​မောင်းနှင်​လာတာ​ကြောင့်​ အ​တွေးများပြတ်​​တောက်​သွားခဲ့ပါတယ်​။ ကိုယ့်​​မွေးရပ်​​မြေကိုပြန်​လာရ တယ်​ဆို​တော့ ရင်​ထဲမှာလှပ်​ကနဲဖြစ်​ပြီး အတိတ်​ကိုပြန်​လည်​​တွေးမိကာ ရင်​ခုန်​​နေခြင်းလည်း ဖြစ်​ပါတယ်​။ ကွေ့​ကောက်​​နေတဲ့ အတက်​အဆင်းများတဲ့ တာလမ်းမဖက်​ကို က​လေးဘဝ ညည​တွေမှာ ဝရန်​တာဖက်​ထွက်​ရင်း ​စောင့်ကြည့်ခဲ့ပါတယ်။ နေ့ရော ညပါ အီဇူးဇူးကား အဝါကြီး​တွေက သစ်​လုံး​တွေသယ်​​ဆောင်​​နေတဲ့အချိန်​လည်း ​ဖြစ်​ပါတယ်​။ ရွာအ​နောက်​ဖက်​ကပ်​ရက်​မှာ ​တောအုပ်​​တွေရှိခဲ့ပါတယ်​။ ကျွန်းပင်​​တွေ လက်​ညှိုး ထိုးမလွဲရှိနေပါတယ်​။ အများအားဖြင့်​ သက်​တမ်းရင့်​အပင်​ကြီး​တွေဖြစ်​ပါတယ်​။သစ်​​တောကြိုးဝိုင်း​တွေထဲက​နေ သက်​တမ်းရင့်​ကျွန်းပင်​အကြီးကြီး​တွေကို သယ်​​ဆောင်​​နေခြင်းလည်းဖြစ်​ပါတယ်​။ တန်​ဖိုးရှိလှတဲ့သစ်​​တော​တွေ ကျ​နော်​တို့ရွာက​လေးရဲ့အ​နောက်​ဖက်​မှာတည်​ရှိခဲ့ပါတယ်​။ ငယ်​ငယ်​က အ​မေနဲ့​တောထဲထင်း ခုတ်​ထင်း​ခွေခဏခဏလိုက်​ဖူး​တော့ သစ်​ပင်​ကြီးကြီးမားမား​တွေနဲ့ စုံလင်​လှတဲ့​တောအုပ်​ကြီး​တွေရှိခဲ့တယ်​ဆိုတာ သိခဲ့ရပါ တယ်​။...

Read more »

မိုနေးသစ် ● ငါး

March 26, 2018
မိုနေးသစ် ● ငါး

မိုနေးသစ် ● ငါး (မိုးမခ) မတ်လ ၂၆၊ ၂၀၁၈ ငါး​တွေက အကြာကြီး ​ရေငုတ်​ကြတယ်​ ငါး​တွေအ​ကြေးခွံလဲသလား မသိ​ပေမယ့်​ ​ရေထဲက​အောက်​စီဂျင်​ကိုတော့ ခိုးရှူကြတယ်​။ ငါး​တွေမှာ အကယ်​ဒမီမရှိကြဘူး နိုင်​ရာကိုစားတာပဲ တစ်​​နေ့တခြား ငါးစာ​တွေများများလာတယ်​ ငါးမြားချိတ်​​တွေနဲ့ ငါး​​တွေရဲ့​ကောင်းကင်​ကို တည်​​ဆောက်​ထားတယ်​။ ငါး​တွေမှာ ​ရွှေငါး​တွေ မိုး​ပေါ်ကကျလာတာမျိုးမရှိဘူး ဥစစ်​စစ်​က​ပေါက်​ဖွားလာတဲ့ ငါး​တွေ ဒါ​ပေမယ့်​ ငါး​ဆွေမျိုးဆိုတာမရှိဘူး ငါးသူ့လူ ကိုယ့်​ဖက်​သားဆိုတာ မရှိဘူး အမြီးရှိသမျှ ကူးခတ်​ရတာပဲ ကိုယ့်​အစားအစာကို ကိုယ်​တိုင်​ဆန်းစစ်​ရတာပဲ ငါး​တွေမှာ စားပွဲနဲ့ ဇွန်းခရင်း​တွေမရှိဘူး စားပွဲထိုးလည်းမရှိဘူး ငါးအိမ်​​ဖော်​လည်းမရှိဘူး ပိုင်​ဆိုင်​မှုစာရင်းဇယားလည်းမရှိဘူး ငါး​တွေ ​ရေဆန်​တက်​ကြတယ်​ ငါး​တွေ​ရေကူးကြတယ်​ သဘာဝကျကျငါး ဖြစ်​ရတာကိုက ငါး​လေ မို​နေးသစ်​ Tags: မိုနေးသစ်

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်