Posts Tagged ‘ မွန် ’

အောင်ထက်ဦး (Myanmar Now) ● ပိတ်ကားပေါ်ရောက်ဖို့ခက်နေတဲ့ တိုင်းရင်းသားရုပ်ရှင်များ

August 21, 2018
အောင်ထက်ဦး (Myanmar Now) ● ပိတ်ကားပေါ်ရောက်ဖို့ခက်နေတဲ့ တိုင်းရင်းသားရုပ်ရှင်များ

အောင်ထက်ဦး (Myanmar Now) ● ပိတ်ကားပေါ်ရောက်ဖို့ခက်နေတဲ့ တိုင်းရင်းသားရုပ်ရှင်များ (မိုးမခ) သြဂတ်စ် ၂၁၊ ၂၀၁၈ (ရန်ကုန်) — ကချင်စကားပြောရုပ်ရှင်ဇာတ်လမ်း ‘မနောမြေမှကျောက်စိမ်းကမ္ဘာ’ ဟာ ပြိုင်ဘက် ၃ဝ ကျော်လောက်ကို ကျော်ဖြတ်ပြီး ၂ဝ၁၆ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အထူးဆုရခဲ့ပါတယ်။ ကချင်ပြည်နယ်ဖားကန့်က ကျောက်စိမ်းအလုပ်သမားတွေဘဝကို ရိုက်ကူးထားတဲ့ ကချင်စကားပြော ဗမာစာတန်းထိုး ဒီဇာတ်ကားရဲ့ ဒါရိုက်တာကတော့ သူ့အောင်မြင်မှုအတွက် အပြည့်အဝ မပျော်နိုင်ပါဘူး။ ထူးချွန်ဆုသာရခဲ့ပေမဲ့ သူ့ရုပ်ရှင်ကို မြို့ကြီးတွေက ရုပ်ရှင်ရုံတွေမှာ အခုအချိန်အထိ ပြသခွင့်မရသေးဘူးလို့ ဒါရိုက်တာ JZ ဒေါင်လွဏ်းကပြောပါတယ်။ “(ကျွန်တော်က) တိုင်းရင်းသားဖြစ်နေလို့လား။ (ရုပ်ရှင်က) မကောင်းလို့ဆိုလည်း ဘာလို့ အကယ်ဒမီ ပေးနေသေးလဲ” လို့ အကယ်ဒမီရပြီး တစ်နှစ်ကျော်ကြာတဲ့အထိ ရုံတင်ခွင့်မရခဲ့တဲ့ သူ့ဇာတ်လမ်းအတွက်...

Read more »

လောအယ်စိုး – ကောင်းကင်ပြာအောက်မှိုင်းညို့နေသော ဒေါနမြေ

August 21, 2018
လောအယ်စိုး – ကောင်းကင်ပြာအောက်မှိုင်းညို့နေသော ဒေါနမြေ

Paw Oo Thet လောအယ်စိုး – ကောင်းကင်ပြာအောက်မှိုင်းညို့နေသော ဒေါနမြေ (မိုးမခ) သြဂုတ် ၂၁၊ ၂၀၁၈ ဝမ်းသာအားရနှင့် ခုန်ပေါက်ပြီး စာပို့သမားကို ဖက်၍နမ်းချင်စိတ်ကို မနည်းထိန်းချုပ်လိုက်ရသည်။ “ကျေးဇူးတင်လိုက်တာဗျာ။ ဆရာသမား လက်ဖက်ရည်သောက်” “ဟေ့၊ ညီလေး စာပွဲထိုး ဒီဆရာကို ဆေးလိပ်တပွဲချပေးလိုက်” နှုတ်မှလည်း “အစ်ကိုကြီးရေ ကျေးဇူးတင်ပါတယ်” ဟု ထပ်ကာထပ်ကာ ကျွန်တော်ပြောမိနေသည်။ ခက်ခက်ခဲခဲကြိုးစား၍ဖြေဆိုပြီးနောက် အောင်စာရင်းထွက်သောအခါ ဘဝသစ်ကိုရောက်ပြီဟေ့ဟူသော အောင်မြင်ခြင်း မာန်ဝင်ခဲ့ဖူးသည်။ စာမေးပွဲကို နှစ်ကြိမ်တိတိဖြေဆိုပြီးမှ ဆယ်တန်းကိုကျွန်တော်အောင် မြင်ခဲ့သည်။ ပြင်းထန်သော ရည်မှန်းချက်နှင့် နိုင်ငံတကာဆက်ဆံရေး ပညာ (International Relation IR)ကို သင်ယူလိုခဲ့သော ကျွန်တော်စာကြည့်စားပွဲရှေ့တည့်တည့်တွင် (IR) ဟူသော နှစ်လုံးသောအင်္ဂလိပ် အက္ခရာကိုရေးထားပြီ နံရံတွင် ကပ်ကာ...

Read more »

ဇင်လင်း ● ဒီမိုကရေစီနိုင်ငံထူထောင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့လိုမည်

August 20, 2018
ဇင်လင်း ● ဒီမိုကရေစီနိုင်ငံထူထောင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့လိုမည်

ဇင်လင်း ● ဒီမိုကရေစီနိုင်ငံထူထောင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့လိုမည် (မိုးမခ) သြဂတ်စ် ၂၀၊ ၂၀၁၈ ၂၀၁၈ ခုနှစ် ဩဂုတ်တွင် ကျရောက်သည့် ရှစ်လေးလုံးအရေးတော်ပုံ နှစ် (၃၀) ပြည့်အခါသမယ၌ လူထုအတွင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ ပြောဆိုဆွေးနွေးမှုအသံ အတော်ကျယ်လောင်လာသည်ကို တွေ့ရသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ပြည်သူလူထု လိုလားသည့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းရေး လမ်းခရီး တွင် အဟန့် အတားဖြစ်နေသည်ဟု ပြောဆိုဝေဖန်လာကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးကိစ္စတွင် အဓိကအချက် မှာ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ အပါအ၀င် နိုင်ငံရေးအင်အားစုများအကြား အချင်းချင်း အပြန် အလှန် ယုံကြည်မှု အားနည်းနေခြင်းကြောင့် ဖြစ်သည်ဟု...

Read more »

မောင်ကြူးရင့် ● တော်လှန်သောအလွမ်း

August 19, 2018
မောင်ကြူးရင့် ● တော်လှန်သောအလွမ်း

မောင်ကြူးရင့် ● တော်လှန်သောအလွမ်း (မိုးမခ) သြဂတ်စ် ၁၉၊ ၂၀၁၈ မငိုတတ်ပေမယ့် လွမ်းမိတယ် မလွမ်းတတ်ပေမယ့် ငိုမိတယ် ခင်လွန်း အတိတ်ရွက်ကြွေတောကြီးဆိုတာ လွမ်းမောစရာတွေအပြည့်ပါလား ဝေးပုံဆန်း ချစ်သူတွေ အနှစ်နှစ်ဆယ်ဝေးကြ ခေတ်ကြီးတခေတ်ခြားထားသလို ဝေးကြ နေ့နဲ့ည ခြားထားသလို ဝေးကြ ကမ္ဘာနှစ်ခြမ်းခြားထားသလို ဝေးကြ တယောက်သွေးနဲ့ တယောက်ကတော့ ပန်းသီးတလုံးရဲ့ချိုမြတဲ့အသားလို တသားထဲနီးကြ သူတို့ကဗျာနဲ့ သူတို့ချစ်ခြင်းမေတ္တာက ကျောက်သားလိုမာတဲ့သလင်း တေးသီတဲ့ရေစီးကြောင်းထဲ ငြိမ်ရပ်နေတဲ့ရေ အမြင့်မားဆုံးသစ္စာ မွန်းတည့်လို သန့်စင်တဲ့မီး ကောင်းကင်ပြာအရောင် ကဲ ဒီအလွမ်းကို တော်လှန်သောအလွမ်းလို့မပြောရရင် ဘာအလွမ်းလို့ ပြောရမှာလဲ မောင်ကြူးရင့် ၁၈၊ ၈၊ ၂၀၁ Tags: မွန်, မောင်ကြူးရင့် Related posts နိုလှိုင်း ● ပြန်​ရာမဲ့...

Read more »

အေးငြိမ်း ● အမှားထောက်ပြခြင်း အနုပညာ

August 19, 2018
အေးငြိမ်း ● အမှားထောက်ပြခြင်း အနုပညာ

အေးငြိမ်း ● အမှားထောက်ပြခြင်း အနုပညာ (မိုးမခ) သြဂတ်စ် ၁၉၊ ၂၀၁၈ (၁) အဖိုးနည်းလျှင် အိုးကွဲသာ ရလိမ့်မည် ကျွန်တော် ယခုလ ၁၅ ရက်နေ့မှ ၁၇ ရက်နေ့ထိ QEHS Internal Auditor Course (ISO 9001, ISO 14001, ISO 45001) သွားတက်သည်။ TÜV SÜD-PSB ၌ ဖြစ်၏။ ဈေးကြီးသဗျို့။ ၃ ရက်သင်တန်းကို မြန်မာငွေနှင့် ဆယ်သိန်းလောက် ပေးရ သည်။ သို့သော်လည်း တန်ပါသည်။ သင်တန်းနေရာက Furama River Front Hotel, မနက်စာ၊ နေ့လည်စာ၊ နေ့ခင်းလဖက်ရည် သုံးကြိမ်ကျွေးတာဆိုတော့ အစားအသောက်တင် တနေ့ကို ၈၀၊...

Read more »

မောင်စွမ်းရည် – “ရှစ်လေးလုံးအရေးတော်ပုံကဗျာ”

August 18, 2018
မောင်စွမ်းရည် – “ရှစ်လေးလုံးအရေးတော်ပုံကဗျာ”

ပန်းချီ စောငို မောင်စွမ်းရည် – “ရှစ်လေးလုံးအရေးတော်ပုံကဗျာ” (မိုးမခ) သြဂုတ် ၁၈၊ ၂၀၁၈ ဒို့မြန်မာပြည် ပြည်သူစည်းရုံး၊ ရှစ်လေးလုံးကား နှစ် ၃၀ ပင် တိုင်ခဲ့ပြီ။ ရှမ်း, ချင်း, ကချင်, ကရင်, ကယား မွန်, မြန်မာ, တရုတ်, ကုလား ကျောင်းသား ရဟန်း၊ ဘန်းရွက်သီလရှင် မျက်မမြင်ရော၊ မျက်မြင်ရော တူတဇင်ရော၊ ပေါက်ပြားရော လေးရော,မြားရော၊ တုတ်ဒါးရော တောရော,မြို့ပါ၊ ဗမာ တပြည်လုံး ခြိမ့်ခြိမ့်ချုံးခဲ့၊ မဆုံးနေ့ည ကြွေးကြော်ကြပြီ…. ဒီလိုဟစ်ကြွေး၊ သွေးစည်းခဲ့ပြီ…. – စစ်အာဏာရှင် -အလိုမရှိ -အလိုမရှိ – တပါတီစနစ် -တိုက်ဖျက်ပစ် -တိုက်ဖျက်ပစ် – ဒီမိုကရေစီရရှိရေး -ဒို့အရေး -ဒို့အရေး...

Read more »

ညိုထက်ညို – လွမ်းတနွမ်းလျ

August 16, 2018
ညိုထက်ညို – လွမ်းတနွမ်းလျ

လွမ်းတနွမ်းလျ  ညိုထက်ညို (မိုးမခ) သြဂုတ် ၁၆၊ ၂၀၁၇   တကယ်က ကျွန်တော်ဘာစာအုပ်မှ မယ်မယ်ရရ မဖတ်ဖြစ်တာကြာပါပြီ။ ဖတ်ရလောက်အောင်လည်း ကိုယ့်ဘေးမှာ စာအုပ်တွေမရှိ။ ကိုယ်ကလည်း စာအုပ်တွေနှင့်ဝေးရာသို့ ရောက်နေပြန်သည်။ လွန်ခဲ့သောသုံးလေးလက အဖေဆုံးပြီးကတည်းက စိတ်တွေကလည်း ဟိုရောက်ဒီရောက် ဖြစ်နေသည်။ ဒီလိုနှင့် ကျွန်တော်စာအုပ်တွေမဖတ်ဖြစ်တာကြာပါပြီ။ ဒီနေ့တော့ ဘေးမှာရှိသော အဖေနောက်ဆုံးထားသွားသည့်စာအုပ်ပုံလေးထဲက စာအုပ်တစ်အုပ် ကောက်ယူ ကြည့်မိပါသည်။ စာအုပ်ကလေးလေးငါးအုပ်ကို စုပုံထားသည့် ဒီစာအုပ်ပုံထဲကစာအုပ်ကလေးများမှာ အဖေနောက်ဆုံးဝယ်သွားသောစာအုပ်ကလေးများ ဖြစ်ပုံရပါ သည်။ ဒီစာအုပ်ကလေးများကို အဖေကျွန်တော့်ဆီမှာ ခြောက်လလောက်လာနေခဲ့စဉ်ဖတ်ရန် မြန်မာနိုင်ငံမှ မိုင်ထောင်ချီဝေးသောခရီးလမ်းကိုဖြတ်သန်း၍ သယ် ယူလာခဲ့ခြင်းဖြစ်ပါ သည်။ ကျွန်တော့်လက်ထဲမှာပါလာသည့် စာအုပ်ကလေးက ‘စိတ်ကူးချိုချို’ စာပေမှ တတိယအကြိမ်မြောက်အဖြစ် ထုတ်ဝေသည့်‘ ဂျာနယ်ကျော်မမလေး၏ဘဝပုံရိပ်များ ’ ဆိုသည့်စာအုပ် ဖြစ်ပါသည်။...

Read more »

မွန်းအောင်နှင့် နှစ် ၃၀ မြောက် ၈၈၈၈ အခမ်းအနား ကနေဒါတွင် ကျင်းပ

August 16, 2018
မွန်းအောင်နှင့် နှစ် ၃၀ မြောက် ၈၈၈၈ အခမ်းအနား ကနေဒါတွင် ကျင်းပ

  မွန်းအောင်နှင့် နှစ် ၃၀ မြောက် ၈၈၈၈ အခမ်းအနား ကနေဒါတွင် ကျင်းပ ကျော်ဟုန်း ( မိုးမခမီဒီယာ) ၊ သြဂုတ် ၁၆၊ ၂၀၁၈ နှစ် ၃၀ မြောက် ၈၈၈၈ လူထုအရေးတော်ပုံ အခမ်းအနားကို ကနေဒါရောက် ABSDF ကျောင်းသားရဲဘော် များက သြဂတ်စ် ၁၁ ၊ ၂၀၁၈ စနေနေ့မှာ 487 Alexander st , Vancouver , Canada ရှိ Japanese Language School ခန်းမဆောင်မှာ စုပေါင်းကျင်းပခဲ့ပါတယ်။ ၈၈၈၈ အခမ်းအနားကို နေ့လယ် ၁ နာရီမှာ အခမ်းအနားမှူး ကိုဌေးအောင်မှ စတင်ဖွင့်လှစ်ပေးပြီး ကိုတင်နွယ်မှ အလေးပြုခြင်း...

Read more »

ဆွေဝင်း (Myanmar Now) ● တစ်နှစ်မှာ အကျဉ်းသား ၃ဝဝ လောက် သေခဲ့တယ် (အင်တာဗျူး)

August 15, 2018
ဆွေဝင်း (Myanmar Now) ● တစ်နှစ်မှာ အကျဉ်းသား ၃ဝဝ လောက် သေခဲ့တယ် (အင်တာဗျူး)

ဆွေဝင်း (Myanmar Now) ● တစ်နှစ်မှာ အကျဉ်းသား ၃ဝဝ လောက် သေခဲ့တယ် (အင်တာဗျူး) (မိုးမခ) သြဂတ်စ် ၁၅၊ ၂၀၁၈ မြန်မာ-အိန္ဒိယနယ်စပ် ရဲဘက်စခန်းများတွင် အကျဉ်းသားတို့ကြုံတွေ့ခဲ့ရသော အခြေအနေဆိုးများအကြောင်းကို အငြိမ်းစား ထောင်အရာရှိတစ်ဦးက ပြောပြထားသည်။ ၁၉၉၁ တွင် ဖွင့်လှစ်ခဲ့သော စစ်ကိုင်းတိုင်းဒေသကြီး ကဘော်ချိုင့်ဝှမ်းရှိ ဘဝသစ် စိုက်ပျိုးထုတ်လုပ်မှုစခန်း ခေါ် ရဲဘက်စိုက်ပျိုးရေးစခန်းများသည် အကျဉ်းထောင်လောကတွင် နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သည်။ ကလေးမြို့နှင့် တမူးမြို့ရှိ တောတောင်များတွင် ထိုစခန်းများ စတင်ဖွင့်လှစ်ချိန်မှစ၍ အစာရေစာ ပြတ်လပ်မှု၊ ရာသီဥတုပြင်းထန်မှု၊ ဆေးဝါးကုသခွင့်မရမှု တို့အပြင် ညှင်းပန်းနှိပ်စက်မှုဒဏ်များကြောင့် အကျဉ်းသား ရာနှင့်ချီ နှစ်စဉ် သေဆုံးခဲ့သည်။ ထိုစခန်းများဖွင့်လှစ်ရာတွင် ပါဝင်ပြီး၊ စခန်းအချို့တွင် ကိုယ်တိုင် တာဝန် ထမ်းဆောင်ခဲ့သူတစ်ဦးမှာ...

Read more »

ဇင်လင်း – ရှစ်လေးလုံး အရေးတော်ပုံ၏ ရည်မှန်းချက်ကို မျက်ခြည်မပြတ်ဖို့လိုသည်

August 15, 2018
ဇင်လင်း  – ရှစ်လေးလုံး အရေးတော်ပုံ၏ ရည်မှန်းချက်ကို မျက်ခြည်မပြတ်ဖို့လိုသည်

ဇင်လင်း  – ရှစ်လေးလုံး အရေးတော်ပုံ၏ ရည်မှန်းချက်ကို မျက်ခြည်မပြတ်ဖို့လိုသည် (မိုးမခ) သြဂုတ် ၁၅၊ ၂၀၁၈ သမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံကြီးဖြစ်ပွားခဲ့သည်မှာ ယခုနှစ် သြဂုတ်လတွင် နှစ်ပေါင်း (၃၀) ပြည့်ပေပြီ။ ဤ အရေး တော်ပုံကို မြန်မာ့ မျက်မှောက်သမိုင်း၏ အချိုး အကွေ့ကြီး အဖြစ်မှတ်တမ်းတင်ကြသည်။ အဘယ်ကြောင့်နည်း။ လူထု အရေးတော်ပုံကြီးကြောင့် စစ်အာဏာရှင်စနစ်၏ အရေးကြီး အစိပ်အပိုင်းများကို ခုတ်ဖြတ်ဖယ်ရှင်းနိုင်ခဲ့သည်။ တပါတီ အာဏာရှင်စနစ်ကို ဖြိုလှဲနိုင်ခဲ့သည်။ အာဏာရှင် ထိပ်သီးအချို့ကို အာဏာထိုင်ခုံထက်မှ ဆွဲချနိုင်ခဲ့သည်။ လွတ်လပ်ရေး၊ တရားမျှတရေးနှင့် တန်းတူရေးဆိုသည့် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးဆိုင်ရာ အတွေးအခေါ် အသိအမြင်များကို အရေး တော်ပုံက ရှင်သန် ပြန့်ပွားစေခဲ့သည်။ စစ်အာဏာရှင်စနစ်ကို စိန်ခေါ်အန်တုနိုင်စွမ်းရှိသော လူထုခေါင်းဆောင် တဦးကို လည်း...

Read more »

လောအယ်စိုး – ရေဆန်ကို ကူးခတ်သည့် အဖေ့သမီး (သို့မဟုတ်) ဒေါ်အေးအေးဝင်း

August 15, 2018
လောအယ်စိုး – ရေဆန်ကို ကူးခတ်သည့် အဖေ့သမီး (သို့မဟုတ်) ဒေါ်အေးအေးဝင်း

The Associated Press reporter Aye Aye Win with her dad picture behind. (Photo: Khin Mg Win / The Associated Press) လောအယ်စိုး – ရေဆန်ကို ကူးခတ်သည့် အဖေ့သမီး (သို့မဟုတ်) ဒေါ်အေးအေးဝင်း (မိုးမခ) သြဂုတ် ၁၅၊ ၂၀၁၈ ကောင်းကင်ယံတစ်ခုလုံး သုန်သုန်မှိုင်းမှိုင်း၊ မိုးကဖွဲဖွဲလေး ရွာလိုက် တိတ်လိုက် နှင့် ထိုနေ့က ရန်ကုန်မြို့၏ရာသီဥတုဖြစ်သည်။ တီဗွီကင်မရာကြီးကြီးကို ထမ်းလျက် မစ္စတာရာမဒါက ကျွန်တော့်အရှေ့က တီဗွီကင်မရာ၏သုံးချောင်းထောက် (Tri Pod) ကို ပခုံးပေါ်ထမ်း လျက် အနောက်က လှမ်းလှမ်းမှ ကျွန်တော်လိုက်ခဲ့၏။ ဆယ်စုနှစ် နှစ်ခုကျော်အချိန်များ...

Read more »

ဝင်းအောင်ကြီး(မောင်အောင်မွန်)- သတင်းမဂ္ဂဇင်းမျက်နှာဖုံးနှင့် မမီးမီးပုံ

August 14, 2018
ဝင်းအောင်ကြီး(မောင်အောင်မွန်)- သတင်းမဂ္ဂဇင်းမျက်နှာဖုံးနှင့် မမီးမီးပုံ

၈-၈-၈၈ ရောင်းစားသူများ…. ကောင်းစားသူများနှင့် သေသွားသူများ (၁၄) သတင်းမဂ္ဂဇင်းမျက်နှာဖုံးနှင့် မမီးမီးပုံ ဝင်းအောင်ကြီး(မောင်အောင်မွန်) (မိုးမခ) သြဂုတ် ၁၄၊ ၂၀၁၈ (၁) သတင်းမဂ္ဂဇင်း ဤမျက်နှာဖုံးအတွက်ကြောင့် ရောင်းမလောက် နေ့ချင်း (၃) ကြိမ်ထပ်ရိုက်ရ၏။ (၂) သတင်းထောက် ကိုတင်မောင်လတ်ယူလာသော ယာယီကျောင်းသားသမဂ္ဂအမှုဆောင်စာရင်းနှင့် ဓာတ်ပုံများကို အယ်ဒီတာ (၄) ယောက်ကြည့်ရင်း ဆွေးနွေးကြသည်။ ကျောင်းသားကို ရှေ့တန်းတင်မည်။ အုံကြွလာသည့် ပြည်သူတရပ်လုံးပါရမည်။ (၃) ကျောင်းသားဟူသည် ဗိုလ်အောင်ကျော်မှသည် ခေတ်အဆက်ဆက်၊ 7 July ၊ မှိုင်းရာပြည့်၊ ဦးသန့်အရေး အခင်း၊ RIT၊ တံတားနီ၊ UG အဖြစ်လှုပ်ရှားနေသော ABFSU စသဖြင့်၊ အခြားမြို့ကြီး မြို့ငယ်များတွင်လည်း တိုက်ပွဲဝင်ကြရင်းအသက်ပေးသွားသူများအားလုံးကို ကိုယ်စားပြုသည့်စကားလုံး Unknown Soldiers...

Read more »

ညိုထက်ညို ● ၁ နာရီ ၃၈

August 12, 2018
ညိုထက်ညို ● ၁ နာရီ ၃၈

ညိုထက်ညို ● ၁ နာရီ ၃၈ (မိုးမခ) သြဂတ်စ် ၁၂၊ ၂၀၁၈ Auckland လေဆိပ်တွင် wheel chair service ရယူသည့် သက်ကြီးအရွယ် ခရီးသည်များ နားနေရန် စီစဉ်ထားသည့် ခုံတန်းလျား ကလေးတွင် ထိုင်ရင်း ကျန်နေခဲ့သည့် အဖေ့ ကို ရက်ငါးဆယ် လောက်အကြာတွင် ရေဝေးသုဿာန် အအေးခန်း ဝင်ဝင်ချင်းတွင်ရှိသည့် သင်္ဂြိုဟ်တော့မည့် အလောင်းများကို ပြင်ဆင်ရန် ခေတ္တထားသည့် အခန်းကလေးတွင် အလောင်း စင်ပေါ် လဲလျောင်းလျက် အနေအထားဖြင့် ကျွန်တော် ပြန်တွေ့ရပါသည်။ အဖေ့အလောင်း ဘေးပတ်လည်တွင် ရေများ ရွှဲအိုင်လျက် အဖေ့ လက်ဖျားခြေဖျား ကလေးများတွင် ရေခဲမှုန်ကလေး များက ကပ်နေကြပါသည်။ အဖေ့အလောင်း ကို ပြင်ဆင်ပေးနေသည့်...

Read more »

မောင်အဉ္စန ● မြန်မာ့နည်း မြန်မာ့ဟန် ငြိမ်းချမ်းရေး – အပိုင်း (၅)

August 11, 2018
မောင်အဉ္စန ● မြန်မာ့နည်း မြန်မာ့ဟန် ငြိမ်းချမ်းရေး – အပိုင်း (၅)

မောင်အဉ္စန ● မြန်မာ့နည်း မြန်မာ့ဟန် ငြိမ်းချမ်းရေး – အပိုင်း (၅) (မိုးမခ) သြဂတ်စ် ၁၁၊ ၂၀၁၈ ● ဖွံ့ဖြိုးရေးနှင့် နိုင်ငံရေးအဖြေ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) အခြေခံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – (၂၁)ရာစု ပင်လုံ တတိယအစည်းအဝေးကို ၂၀၁၈ ခု၊ ဇူလိုင်လ (၁၁)ရက်မှ (၁၆)ရက်နေ့ထိ (၆)ရက်တိုင် နေပြည်တော်(ကြပ်ပြေး)ရှိ MICC-2 မှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ ဒီတကြိမ်(၂၁)ရာစုပင်လုံအစည်းအဝေးကြီးကို ၂၀၁၇ ခု၊ နိုဝင်ဘာလမှာ (၆)လ တကြိမ်ကျင်းပရမယ့်ဟာကို ၂၀၁၈ ခု၊ ဇူလိုင်လရောက်မှ တနှစ်ကျော်လွန်ပြီးနောက် ကျင်းပနိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။ ဘာကြောင့် တနှစ်ကျော်အချိန်ယူခဲ့ရတာလဲ…။ အဓိကအားဖြင့် (၂၁)ရာစုပင်လုံ ဒုတိယအစည်းအဝေးမှာ ထစ်ဆို့နေတဲ့ Package Deal သူ့ဘက်ကိုယ့်ဘက်...

Read more »

လှကျော်ဇော – ဖေဖေရဲ့မင်းသားကြီး

August 11, 2018
လှကျော်ဇော – ဖေဖေရဲ့မင်းသားကြီး

၂၃-၁-၁၉၇၂-ဒေဝီ့မင်္ဂလာပွဲမှာတွေ့ရတဲ့ဖေဖေနဲ့မေမေ လှကျော်ဇော – ဖေဖေရဲ့မင်းသားကြီး ကျွန်မဆက်၍ရေးချင်သောဖေဖေအကြောင်းများ ဆောင်းပါးအမှတ်(၄၈) (မိုးမခ) သြဂုတ် ၁၁၊ ၂၀၁၈ ၁၉၅၈- ခုနှစ်လောက်ကစလို့ ဖေဖေ ငြိမ်းချမ်းရေးအဖွဲ့ထဲဝင်လှုပ်ရှားခဲ့စဉ်ကတည်းက တောက်လျှောက် ဖေဖေနဲ့အလွန်ရင်းနှီးခဲ့တဲ့ ရဲဘော်ကြီးဦးသန့်စင် ခေါ် ဦးအောင်ဇေဟာ တော်ဘုရားကလေးဆိုတဲ့ နောက် ဆုံးဘုရင်သီပေါမင်းရဲ့မြေးတော်ပါ။ ဖေဖေတို့ကတော့…. မင်းသားကြီး ….လို့ခေါ်ပါတယ်။   ဆရာကြီးမှိုင်းက ဖေဖေတို့ကို သူတို့ တို့ဗမာအစည်းအရုံးအတွက် နယ်လှည့်စည်းရုံးရေးဆင်းတုန်းက သခင်ထိပ်တင်ကိုယ်တော်ကြီးကို ထိပ်ဆုံးကနေရာပေးထားရကြောင်း၊ ကျေးလက်လူထုကလည်း မင်းသား ပါလာတယ်ဆိုရင် သိပ်ထောက်ခံကြကြောင်း၊ ဒါ့ကြောင့် “မင်းတို့လည်း ဂရုစိုက်ကြ၊  တော်ဘုရားလေးကို ရှေ့တင်ပြီး စည်းရုံးရေးဆင်းကြလို့ မှာဖူးကြောင်း၊ တကယ်လည်း နယ်တွေစည်းရုံးရေးဆင်းတဲ့အခါ သီပေါ မင်းမြေးတော်ပါလာတယ်ဆိုတဲ့သတင်းကြောင့် ရွာတွေကလူထုတွေ တက်လာကြကြောင်း….. စတာတွေ ကို ဖေဖေကသူ့စာအုပ်မှာ ရေးထားတာတွေ့ရပါတယ်။ ...

Read more »

မိုးကျော်အောင် – ထိုနံရံပြိုလဲအောင် ငါတို့သံပြိုင်တေးဆိုခဲ့ကြပေါ့

August 9, 2018
မိုးကျော်အောင် – ထိုနံရံပြိုလဲအောင် ငါတို့သံပြိုင်တေးဆိုခဲ့ကြပေါ့

ထိုနံရံပြိုလဲအောင် ငါတို့သံပြိုင်တေးဆိုခဲ့ကြပေါ့ မိုးကျော်အောင် (မိုးမခ) သြဂုတ် ၉၊ ၂၀၁၈ လွန်ခဲ့တဲ့ နှစ် ၃၀ ဆီက ဒီကနေ့လိုညမျိုးမှာ ကျနော်တို့မိတ်ဆွေသူငယ်ချင်းတစုဟာ ခမ်းနားကြီးကျယ်လှတဲ့ သမိုင်းဖြစ်ရပ်ကြီးတခုရဲ့တစွန်းတစကို တို့ထိပါဝင်ဖို့ အစပြုခဲ့ကြပါတယ်။ ပျဉ်းမနားမြို့ ရှစ်လေးလုံး လူထုလှုပ်ရှားမှုအရေးတော်ပုံရဲ့ဇာတ်လမ်းအစဟာ အဲဒီနေ့ည ဘီအိုစီရပ်က “ပန်းရိုးမ“ ကဖေးကနေ အစပြုမြစ်ဖျား ခံခဲ့တယ်ဆိုရင် မှားမယ်မထင်ပါဘူး။ လွန်ခဲ့တဲ့ နှစ် ၃၀၊ အဲဒီနေ့မနက် (၈-၈-၈၈ မနက်) က ပန်းရိုးမဆိုင်မှာ အချိန်နဲ့အမျှဝင်ထွက်စားသောက်နေလို့ ရင်းနှီးကျွမ်းဝင်နေတဲ့ ရန်ကုန် ဝိဇ္ဖာ-သိပံ္ပကျောင်းသား ကိုဖုန်းမြင့် ကျနော့်ဆီရောက်လာပါတယ်။ သူနဲ့အတူပါလာတဲ့ အရပ်ပုပြတ်ပြတ်ကျောင်းသားတယောက်နဲ့လည်း မိတ်ဆက်ပေးပါတယ်။ ရန်ကုန် ဝ/သ ကျောင်းသား ကိုစိန်ရွှေပါ။ သူတို့က စကားတီးတိုးပြောလာပါတယ်။ ဒီနေ့(၈-၈-၈၈) ပျဉ်းမနားမှာ လူထုလှုပ်ရှားမှုမဖြစ်သေးလို့ စိတ်ထဲခံပြင်းနေကြတဲ့အကြောင်း၊...

Read more »

“(အောင်ရဲထွေးကို) ဒီသုံးယောက် မသတ်ဘူးလို့ ဘယ်သူပြောတာလဲ”

August 9, 2018
“(အောင်ရဲထွေးကို) ဒီသုံးယောက် မသတ်ဘူးလို့ ဘယ်သူပြောတာလဲ”

“(အောင်ရဲထွေးကို) ဒီသုံးယောက် မသတ်ဘူးလို့ ဘယ်သူပြောတာလဲ” အောင်ရဲထွေးရန်ပွဲ၌ အနီးကပ်ဆုံးရှိခဲ့သူနှင့် တွေ့ဆုံခြင်း Myanmar NOW (မိုးမခ) သြဂုတ် ၉၊ ၂၀၁၈ (Facebook ဟာသရုပ်သံတိုများကြောင့် လူသိများလာခဲ့သည့် အောင်ရဲထွေးပြီးခဲ့သည့်နှစ် နှစ်သစ်ကူး ပါတီရန်ပွဲကြောင့် သေဆုံးခဲ့ပြီးနောက် အမျိုးသားသုံးဦးကိုရဲကထိန်းသိမ်းခဲ့ပြီး လူသတ်မှုဖြင့် လနှင့်ချီကာ စစ်ဆေးခဲ့သည်။ ပြီးခဲ့တဲ့လက ၎င်းတို့သုံးဦး စွဲချက်မတင်မီပြန်လွတ်လာခဲ့ပြီးနောက် နိုင်ငံတော်သမ္မတအပါအ၀င် နိုင်ငံအနှံ့မှ လူအများ၏ ဝေဖန်မှုများ၊ အငြင်းအခုံများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။ ကိုအောင်ရဲထွေးသေဆုံးသည့်ညက အခင်းဖြစ်ပွားရာ ရန်ကုန် သုဝဏ္ဏ ပေါ်ဆန်းမွှေးလမ်းပေါ်ရှိ The One Entertainment တွင် နှစ်သစ်ကူးပါတီဆင်နွဲသည့် ရာနှင့်ချီသောလူများအနက်မှ အခင်းဖြစ်ပွားခဲ့သည့်နေရာနှင့် အနီးကပ်ဆုံးတွင်ရှိခဲ့သူတစ်ဦးနှင့် အဆက်အသွယ်ရခဲ့ပါသည်။ ထိုစဉ်ကမျက်မြင်တွေ့ရှိခဲ့သူ ကိုချမ်းကျော်ကို Myanmar Now ကတွေ့ဆုံမေးမြန်းရန် အကြိမ်ကြိမ် ကမ်းလှမ်းခဲ့သည်ကို...

Read more »

ဝင်းအောင်ကြီး (မောင်အောင်မွန်) – ၈၈၈၈ ရောင်းစားသူများ၊ ကောင်းစားသူများနှင့် သေသွားသူများ (၄)

August 9, 2018
ဝင်းအောင်ကြီး (မောင်အောင်မွန်) – ၈၈၈၈ ရောင်းစားသူများ၊ ကောင်းစားသူများနှင့် သေသွားသူများ (၄)

ဝင်းအောင်ကြီး (မောင်အောင်မွန်) – ၈၈၈၈ ရောင်းစားသူများ၊ ကောင်းစားသူများနှင့် သေသွားသူများ (၄)  RIT ကျောင်းသားညှိသည့်မီး နိုင်ငံအနှံ့ပြန့်သွား (မိုးမခ) သြဂုတ် ၉၊ ၂၀၁၈ (၁) ဧရာဝတီမြစ်ကိုသိရန် မြစ်ဝကျွန်းပေါ်၊ မြစ်ဆုံသာမက မေခနှင့်မလိခ အထိလိုက်ကြည့်မှပြည့်စုံမည်။ ချင်းတွင်းမြစ် ပူးပေါင်းလာပုံကိုလည်း ချန်ထား၍မရ။ စနစ်တကျလေ့လာ ဘက်စုံကနေကြည့်ကြရပါမည်။ (၂) ၈-၈-၈၈ အရေးအခင်း၊ ဖုန်းမော်နေ့ စသည်တို့ကို မွေးဖွားပေးလိုက်သော နေရာက ရန်ကုန်စက်မှုတက္ကသိုလ် (RIT) ၊ နေ့က ၁၉၈၇ ခု၊ စက်တင်ဘာလ ၅ ရက်နေ့၊ သူတို့ထုတ်၍ သုံးစွဲနေကြသည့် ငွေစက္ကူများကို တရားမ၀င်ကြေညာလိုက်ပြန်ပြီ။ ကျောင်းလခ၊ အဆောင်ခ၊ ယုတ်စွအဆုံး လက်ဖက်ရည်ဖိုးပင် မကျန်လောက်အောင် ဖြစ်သွားရသည့် အခြေအနေကြောင့် ရန်ကုန်စက်မှုတက္ကသိုလ်...

Read more »

ရှစ်လေးလုံးမှာကတည်းက ဘာမှမဖြစ်ချင်ခဲ့တဲ့ ကိုမင်းကိုနိုင်

August 8, 2018
ရှစ်လေးလုံးမှာကတည်းက ဘာမှမဖြစ်ချင်ခဲ့တဲ့ ကိုမင်းကိုနိုင်

ရှစ်လေးလုံးမှာကတည်းက ဘာမှမဖြစ်ချင်ခဲ့တဲ့ ကိုမင်းကိုနိုင် Myanmar NOW – အင်တာဗျူး။ (မိုးမခ) သြဂုတ် ၈၊ ၂၀၁၈ ၁၉၆၂ မတ်လ တွင် ဗိုလ်ချုပ်ကြီးနေ၀င်းဦးဆောင်သော စစ်တပ်က ပါလီမန်ဒီမိုကရေစီအစိုးရကို ဖြုတ်ချပြီး နိုင်ငံတော်အာဏာကိုသိမ်းကာ စစ်အုပ်ချုပ်ရေးစနစ်ကို မြန်မာပြည်တွင် စတင် အကောင်အထည်ဖော်ခဲ့သည်။ စစ်တပ်အာဏာသိမ်းသည့် ထိုခုနှစ်တွင် ကိုပေါ်ဦးထွန်း (ခေါ်) ကိုမင်းကိုနိုင်အား မွေးဖွားခဲ့သည်။ ကိုမင်းကိုနိုင်သည် အသက် ၂၄ နှစ်အရွယ်တွင် ဦးနေ၀င်းဦးဆောင်သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို ဆန့်ကျင်သည့် ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံတွင် ထင်ရှားသည့် လူထုခေါင်းဆောင်တစ်ဦးအဖြစ် ပေါ်ထွက်လာခဲ့သူဖြစ်သည်။ ၁၉၈၈ စစ်တပ်ပြန်လည်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်ပေါင်းမြောက်မြားစွာ နိုင်ငံရေးအကျဉ်းသားအဖြစ် ဖြတ်သန်းခဲ့ရသော ကိုမင်းကိုနိုင်သည် ယခုအခါတွင် အသက် ၅၆ နှစ်ရှိပြီဖြစ်ကာ၊ မြန်မာပြည်သူများကြားတွင် သူသည် သြဇာအရှိန်အ၀ါကြီးမားနေဆဲဖြစ်သော...

Read more »

အလင်းလက် – အာဏာရှင်တွေမကြိုက်တဲ့ ကဗျာဆရာ

August 8, 2018
အလင်းလက် – အာဏာရှင်တွေမကြိုက်တဲ့ ကဗျာဆရာ

အလင်းလက် – အာဏာရှင်တွေမကြိုက်တဲ့ ကဗျာဆရာ (မိုးမခ) သြဂုတ် ၈၊ ၂၀၁၈ (၁)   ဟစ်္စပန်းနစ်အမေရိကလို့ ခေါ်တဲ့ စပိန်စကားပြောတဲ့ လက်တင်အမေရိက တိုက်မှာထင်ရှားတဲ့ ကဗျာဆရာကြီးသုံးဦးရှိပါတယ်။ ကဗျာဆရာကြီးဒီလာကရုစ် (စပိန်ကိုလိုနီခေတ်) ရူဗင်ဒါရီယို (ခေတ်သစ်ကဗျာခေတ် ကို ဦးဆောင်သူ)နဲ့ ပါဗလိုနီရူဒါ တို့ဖြစ်ပါတယ်။ “နီရူဒါဟာ ကြီးမြတ်တဲ့ ကဗျာလူဆိုးကြီး”လို့ ၁၉၅၆ စာပေနိုဗယ်ဆုရှင် လက်တင် အမေရိကန်စာရေးဆရာကြီး ဂျူအန်ရာမွန်ရီမင်းနိစ် ကဆိုခဲ့ပါတယ်။ (၂) လွန်ခဲ့တဲ့ (၄၄) နှစ် ခန့်က ချီလီအာဏာသိမ်းပွဲပြီးနောက် ရက်အနည်းငယ်ကြာမှာ ကွယ်လွန်သွားခဲ့တဲ့ နေရူဒါ သေဆုံးရခြင်းဟာ ယခင်ယူဆထားသလို ဆီးကြိတ်ကင်ဆာကြောင့် မဟုတ်ကြောင်းကို အပြည်ပြည်ဆိုင်ရာစုံစမ်းစစ်ဆေးရေးမှူးများက သံသယ၀င်လျက်ရှိပြီး ရာဇ၀တ်မှုကြောင့် သေဆုံးရခြင်း ဖြစ်နိုင်ခြေကို ဖယ်ထုတ်ထားခြင်းမရှိကြောင်း ရိုက်တာသတင်းဌာနက ၂၀၁၇ အောက်တိုဘာ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်