Posts Tagged ‘ ရန်လိုကျွဲ ’

ရန်လိုကျွဲ ● ငွေစက္ကူမှာ ဘာပုံထည့်ရင် သင့်တော်မလဲ

January 4, 2018
ရန်လိုကျွဲ ● ငွေစက္ကူမှာ ဘာပုံထည့်ရင် သင့်တော်မလဲ

ရန်လိုကျွဲ ● ငွေစက္ကူမှာ ဘာပုံထည့်ရင် သင့်တော်မလဲ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၈ မြန်မာငွေစက္ကူတွင် ခြင်္သေ့နှင့် ဆင်တို့ ကြီးစိုးနေသည့် သက်တမ်းရှည်ကြာလှပြီ။ ငွေစက္ကူသစ် ဖန်တီးထုတ်ဝေမည်ဆိုပါက မည်သည့်အသွင်ဖြင့် ထွက်လာမည်နည်း။ နိုင်ငံအသီးသီး၏ ငွေစက္ကူတွင် ထိုနိုင်ငံ၏ အမြတ်တနိုးထားမှု၊ဂုဏ်ပြုမှု၊ ဂုဏ်ယူမှု၊ လေးစားမှုတို့ကိုတွေ့နိုင်သည်။ ဤအချက်ကို အခြေခံပြီးသကာလ နေ့စဉ်သုံး ငွေစက္ကူအရေး စိတ်ဝင်စားသူမှန်သမျှမိမိဆန္ဒကို ထုတ်ဖော်ပြောဆိုသင့်၊ ရေးသားသင့်ကြသည်။ မကြာသေးမီကပင် အစိုးရက ‘ပြည်သူနှင့်အတူ’ဟု  ကြွေးကြော် ဖိတ်ခေါ်ထားသည် မဟုတ်လော။ ထိုဖိတ်ခေါ်ချက်အရဆိုလျှင် အစိုးရသည် နိုင်ငံ့ရေးရာတို့တွင် ပြည်သူ၏ စိတ်ကူးစိတ်သန်း၊ ဆန္ဒအာသီသ၊ ပူးပေါင်းဆောင်ရွက်မှုကို ရလိုသည်ဟုယူဆနိုင်သည်။ ယခုအစိုးရသက်တမ်း သို့မဟုတ် လာမည့် အစိုးရသက်တမ်းတွင် ငွေစက္ကူအသစ်တစ်မျိုး ထုတ်ဝေကောင်း ထုတ်ဝေလိမ့်မည်။ ထုတ်ဝေဖြစ်ပါက ဒီဇိုင်းအသစ်...

Read more »

ရန်လိုကျွဲ ● ဂြိုဟ်သားနှင့် စကားပြောခြင်း (သရော်စာ)

December 27, 2017
ရန်လိုကျွဲ ● ဂြိုဟ်သားနှင့် စကားပြောခြင်း (သရော်စာ)

ရန်လိုကျွဲ ● ဂြိုဟ်သားနှင့် စကားပြောခြင်း (သရော်စာ) (မိုးမခ) ဒီဇင်ဘာ ၂၇၊ ၂၀၁၇ အကြံပေးဆရာ ရန်လိုကျွဲ အင်္ဂါဂြိုဟ်သို့ အလည်အပတ်ရောက်နေသည်။ အင်္ဂါဂြိုဟ်အကြောင်း မပြောခင် ခရီးစဉ်အကြောင်း အရင်ပြောရမည်။ ကုန်ကျစရိတ် များပြားလှသော ဤခရီးကို ရန်လိုကျွဲ အဘယ်ကြောင့် သွားနိုင်သနည်းဟု သိလိုကြမည် ဖြစ်သောကြောင့် အနည်းငယ် ရှင်းပြပါမည်။ ဆောင်းထိဆောင်းမိဒေသတွင် လုပ်ကိုင်သည့် လုပ်ငန်းရှင်တစ်ဦးကို အကြံကောင်းများ ပေးမိပြီးနောက်ပိုင်း ထိုလုပ်ငန်းရှင် အကြီးအကျယ် ကြီးပွားလာရာမှ ဤခရီးစဉ် အစပြုလာခြင်းဖြစ်သည်။ ထိုလုပ်ငန်းရှင်ကို ရွှေအကြီးအကျယ်ထွက်သော ဆောင်းထိဆောင်းမိဒေသတွင် အစိုးရနှင့် ဖက်စပ်လုပ်ကိုင်ခွင့် ရနိုင်မည့်နည်းလမ်းများကို အကြံပေးမိသည်။ များမကြာမီ အနှီလုပ်ငန်းရှင်လုပ်ပိုင်ခွင့် အတော်များများ ရသွားသည်။ ပိုမို ကြီးပွားလိုပါက အစိုးရထံ ပေးသွင်းရမည့် ရွှေပမာဏ အများအပြားကို...

Read more »

ရန်လိုကျွဲ ● ဆတ်သားခြောက်လုပ်ငန်းကို စိတ်ဝင်စားကြသလား (သရော်စာ)

December 25, 2017
ရန်လိုကျွဲ ● ဆတ်သားခြောက်လုပ်ငန်းကို စိတ်ဝင်စားကြသလား (သရော်စာ)

ရန်လိုကျွဲ ● ဆတ်သားခြောက်လုပ်ငန်းကို စိတ်ဝင်စားကြသလား (သရော်စာ) (မိုးမခ) ဒီဇင်ဘာ ၂၅၊ ၂၀၁၇ လပ်ကီး လက်ဖက်ရည်ဆိုင်အတွင်း ကျောက်ချထိုင်နေတတ်သူများထဲတွင် ကာတွန်းဆရာသီဟ (စခန်းသစ်) လည်း ပါဝင်သည်။ လပ်ကီးတွင် ပုံမှန်ထိုင်ရသည့် အကြောင်းရင်းမှာ လပ်ကီးကောင်း၊ ကံကောင်းစေရန်အတွက် ဖြစ်သည်ဟု ကာတွန်းဆရာက ဆို၏။ ကိုသီဟ အဘယ်ကြောင့် ကံကောင်းခြင်းကို တောင့်တနေရသနည်း။ ရှင်းပါမည်။ ● သူဌေးဖြစ်ချင်သူ ကိုသီဟသည် တစ်ခုသောမိုးဥတု၏တစ်နေ့သ၌ စီးပွားရေးအတိုင်ပင်ခံ ရန်လိုကျွဲထံသို့ ရောက်လာသည်။ “တွက်ခြေကိုက်တဲ့ အလုပ်အကိုင်တစ်ခုလောက် လုပ်ချင်တယ်” ဟု ကာတွန်းဆရာက ဆို၏။ ကိုသီဟ နေရာမှန် ရောက်လာခြင်းဖြစ်ကြောင်း၊ အောင်မြင်သော လုပ်ငန်းရှင်ဖြစ်လိုသူ ၅၅၅ ယောက်ထက်မနည်းကို ဤ အတိုင်ပင်ခံရုံးခန်းအတွင်း အကြံကောင်း ဉာဏ်ကောင်း များပြားစွာ ...

Read more »

ရန်လိုကျွဲ ● ဘုရားအလှူခံ ကန်ထရိုက်

December 19, 2017
ရန်လိုကျွဲ ● ဘုရားအလှူခံ ကန်ထရိုက်

ရန်လိုကျွဲ ● ဘုရားအလှူခံ ကန်ထရိုက် (မိုးမခ) ဒီဇင်ဘာ ၁၉၊ ၂၀၁၇ ဒုက္ခသီရိမြို့လယ် စီးပွားရေးရပ်ကွက်ရှိ အတိုင်ပင်ခံ ဆရာကျွဲ၏ရုံးခန်းသို့ လူငယ်ခြေတက်လေး နိုဝင်ဘာမိုက်ခဲ ရောက်လာ သည်။ ကြီးပွားတိုးတက်လိုသော နိုဝင်ဘာမိုက်ခဲ ဆရာကျွဲထံ ရောက်လာရခြင်းမှာ စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်လိုသော ကြောင့်ဖြစ်သည်။ ”ဘယ်လိုလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံရင်ကောင်းမလဲ ဆရာ့ဆီက အကြံဉာဏ်တောင်းချင်ပါတယ်” ဟု နိုဝင် ဘာမိုက်ခဲက ဆိုလာ၏။ သူ့အမေးကို ဖြေဆိုရမည်ဆိုပါက သူ့ငွေထုပ် မည်မျှကြီးမားသနည်း၊ မည်သည့်လုပ်ငန်းများကို တတ်ကျွမ်းနားလည်သနည်းဆိုသည်တို့ကို ဦးစွာပထမ သိဖို့လိုသည်မဟုတ်လော။ သူ၏ငွေထုပ်ကို သူနားလည်သည့်နယ်ပယ်တွင် ရင်းနှီးမြှုပ်နှံပါက ပိုမိုအလုပ်ဖြစ်မည်ဟု ဆရာကျွဲ ယူဆသည်။ ”ရင်းနှီးမြှုပ်နှံမှုလုပ်မယ်ဆိုရင် မောင်ရင်ရဲ့ငွေပမာဏက ဘယ်လောက်ရှိသလဲ” ဆရာကျွဲ၏မေးခွန်းကို နိုဝင်ဘာမိုက်ခဲ မဖြေ။ သူ့မှာ ငွေမည်မျှရှိမှန်း တွက်ချက်မထားသောကြောင့်...

Read more »

ရန်လိုကျွဲ ● လူငယ်လေးတစ်ယောက်၏ ငွေထုပ်ထမ်းခြင်း အိပ်မက်

December 16, 2017
ရန်လိုကျွဲ ● လူငယ်လေးတစ်ယောက်၏ ငွေထုပ်ထမ်းခြင်း အိပ်မက်

ရန်လိုကျွဲ ● လူငယ်လေးတစ်ယောက်၏ ငွေထုပ်ထမ်းခြင်း အိပ်မက် (မိုးမခ) ဒီဇင်ဘာ ၁၆၊ ၂၀၁၇ အောင်မြင်သည့် သတင်းသမားတစ်ယောက် အလုပ်ထွက်လိုက်လေပြီ။ အနှီလူငယ်လေး ပြာသိုကြည်တင်မှာ ဒုက္ခသီရိမှ အထင်ကရ မော်ကွန်းသတင်းစာတွင် ကာလအတန်ကြာလုပ်ကိုင်ပြီးမှ စာနယ်ဇင်းလောကကို ကျောခိုင်းသွားခြင်းပင်။ မော်ကွန်းက အထူးအားထားရသော မီးခဲလေး အဘယ်ကြောင့် အလုပ်ထွက်ရသနည်း။ နာမည်ပျက်နေသည့် အမြင်ကပ် ဥပဒေ ပုဒ်မ ၉၉ (ဃ) ဖြင့် အချုပ်ခန်းထဲ ဆွဲထည့်ခံရမည်ကို စိုးရိမ်ခြင်းကြောင့်လော၊ ချစ်သူရည်းစားတစ်ယောက် ရရှိရေး အတွက် အချိန်ပြည့် ကြိုးပမ်းအားထုတ်လိုသောကြောင့်လော၊ အိမ်ထောင်ဘက်နှင့် ရန်ဖြစ်လာသော အယ်ဒီတာက ခေါင်းခေါက်လိုက်သောကြောင့်လော။ ထိုသို့ တွေးတောနေစဉ်မှာပင် စီးပွားရေးအတိုင်ပင်ခံ ရန်လိုကျွဲ၏ ရုံးခန်းသို့ ဧည့်သည်တစ်ယောက် ရောက်လာသည်။ တိုက်ဆိုင်သည်ဟု ဆိုရမည်။ ထိုဧည့်သည်မှာ...

Read more »

ရန်လိုကျွဲ ● စင်္ကာပူကိုနှစ် (၂၀) အတွင်း ကျော်တက်နိုင်သည့် နည်းလမ်းများ

December 13, 2017
ရန်လိုကျွဲ ● စင်္ကာပူကိုနှစ် (၂၀) အတွင်း ကျော်တက်နိုင်သည့် နည်းလမ်းများ

ရန်လိုကျွဲ ● စင်္ကာပူကိုနှစ် (၂၀) အတွင်း ကျော်တက်နိုင်သည့် နည်းလမ်းများ (မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၁၇ ဆရာကျွဲ၏ အတိုင်ပင်ခံလုပ်ငန်းရုံးသို့ ယနေ့ ရောက်လာသူမှာ ထောက်လှမ်း ရေးအရာရှိတစ်ဦး ဖြစ်သည်။ ထောက်လှမ်းရေးဟူသောကြောင့် ဆရာကျွဲလည်း အနည်းငယ် သွေးတိုး၊ မူးမော်သလို ဖြစ်သွား၏။ သူကောင်းသားတို့က ဒုက္ခသီရိတွင် လွန်စွာ တန်ခိုးထက်ပြီး နှစ်ပေါင်းများစွာ ထင်ရာစိုင်းခဲ့ကြခြင်းကြောင့် ပြည်သူ့ အကြောက်တော်ဘွဲ့ ရရှိထားသူများတည်း။ ဆရာကျွဲလည်း ပြည်သူ ထဲက ပြည်သူတစ်ဦးမို့ ထောက်လှမ်းရေးဆိုလျှင် ရွံကြောက် ဖြစ်ခဲ့ဖူး လေရာ ကိုယ့်ရှေ့ ထောက်လှမ်းရေး ရောက်လာသည် ဟူသောကြောင့် စက္ကန့် အနည်းငယ်ခန့် ကတုန်ကယင်ဖြစ်သွားမိသည်။ ထို့နောက် ဆရာကျွဲ သတိပြန်ကပ်၊ အားတင်းကာ ပြုံးပြပြီး နှုတ်ဆက်လိုက်သည်။...

Read more »

ရန်လိုကျွဲ ● အာလာဒင် မီးခွက်စောင့်နတ်ရဲ့ ဒီမိုကရေစီ

November 30, 2017
ရန်လိုကျွဲ ● အာလာဒင် မီးခွက်စောင့်နတ်ရဲ့ ဒီမိုကရေစီ

ရန်လိုကျွဲ ● အာလာဒင် မီးခွက်စောင့်နတ်ရဲ့ ဒီမိုကရေစီ (မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၇ ဒုက္ခသီရိနေပြည်တော်တွင် ပြာသိုကြည်တင်နှင့် မယ်သောကြာဟူသော လင်မယားနှစ်ယောက် ရှိသည်။ တစ်ခုသောညနေခင်း သူတို့နှစ်ဦး လေညင်းခံလမ်းလျှောက်ထွက်စဉ် လမ်းဘေးပလက်ဖောင်းအနီး မီးခွက်တစ်လုံးကို အမှတ်မထင် တွေ့ကြလေသည်။ သောက်ပြီးသား ဆေးလိပ်တိုမှအစ ဘီယာဘူးခွံအထိ လွှင့်ပစ်လေ့မရှိဘဲ အိမ်နံရံကြွက်လျှောက်တန်းတွင် တန်းစီ သိမ်း ထား တတ်သူ ပြာသိုကြည်တင်က ထိုမီးခွက်ကို ကောက်ယူ လိုက်သည်။ “ကိုပြာရယ်၊ ဒီမီးခွက်ကြီး ကောက်မလာစမ်းပါနဲ့။ အိမ်မှာလည်း ရှင့်ရဲ့ပစ္စည်းအဟောင်းအစုတ်တွေ ထားစရာနေရာ မရှိတော့ ဘူး” “သြော်…ငါ့မိန်းမကလည်းကွာ၊ အစိုးရသစ်လက်ထက်မှာ မီး အဆက်မပြတ်ပျက်နေတာ။ ဒီမီးခွက်က သေချာပေါက် အသုံး တည့်မှာကွ။ အနည်းဆုံးတော့ ငါ့အတွက် ဆေးလိပ်ပြာခွက်လုပ်လို့ရမှာပါ။ ရှေးဟောင်းပစ္စည်းဆိုရင်လည်းရောင်းပြီး...

Read more »

ရန်လိုကျွဲ ● စင်္ကာပူကိုနှစ် (၂၀) အတွင်း ကျော်တက်နိုင်သည့် နည်းလမ်းများ (၁)

June 29, 2017
ရန်လိုကျွဲ ● စင်္ကာပူကိုနှစ် (၂၀) အတွင်း ကျော်တက်နိုင်သည့် နည်းလမ်းများ (၁)

ရန်လိုကျွဲ ● စင်္ကာပူကိုနှစ် (၂၀) အတွင်း ကျော်တက်နိုင်သည့် နည်းလမ်းများ (၁) (မိုးမခ) ဇွန် ၂၉၊ ၂၀၁၇ ဆရာကျွဲ၏ အတိုင်ပင်ခံလုပ်ငန်းရုံးသို့ ယနေ့ ရောက်လာသူမှာ ထောက်လှမ်း ရေးအရာရှိတစ်ဦး ဖြစ်သည်။ ထောက်လှမ်းရေးဟူသောကြောင့် ဆရာကျွဲလည်း အနည်းငယ် သွေးတိုး၊ မူးမော်သလို ဖြစ်သွား၏။ သူကောင်းသားတို့က ဒုက္ခသီရိတွင် လွန်စွာ တန်ခိုးထက်ပြီး နှစ်ပေါင်းများစွာ ထင်ရာစိုင်းခဲ့ကြခြင်းကြောင့် ပြည်သူ့ အကြောက်တော်ဘွဲ့ ရရှိထားသူ များတည်း။ ဆရာကျွဲလည်း ပြည်သူ ထဲက ပြည်သူတစ်ဦးမို့ ထောက်လှမ်းရေးဆိုလျှင် ရွံကြောက် ဖြစ်ခဲ့ဖူးလေရာ ကိုယ့်ရှေ့ ထောက်လှမ်းရေး ရောက်လာသည်ဟူသောကြောင့် စက္ကန့်အနည်းငယ်ခန့် ကတုန်ကယင်ဖြစ်သွားမိသည်။ ထို့နောက် ဆရာကျွဲ သတိပြန်ကပ်၊ အားတင်းကာ ပြုံးပြပြီး နှုတ်ဆက်လိုက်သည်။ ”တွေ့ရတာ...

Read more »

ရန်လိုကျွဲ ● သတင်းသမားဘဝမှ လုပ်ငန်းရှင်ဘဝသို့ ….

February 22, 2017
ရန်လိုကျွဲ ● သတင်းသမားဘဝမှ လုပ်ငန်းရှင်ဘဝသို့ ….

ရန်လိုကျွဲ ● သတင်းသမားဘဝမှ လုပ်ငန်းရှင်ဘဝသို့ …. (မိုးမခ) ဖေဖော်ဝါရီ ၂၂၊ ၂၀၁၇ ဆရာကျွဲနှင့်သားများ အတိုင်ပင်ခံ လုပ်ငန်းရုံးသည် ဒုက္ခသီရိနေပြည်တော်၏ အအောင်မြင်ဆုံး စီးပွား ရေးလုပ်ငန်းငါးခု စာရင်းတွင် ငါးနှစ်ဆက်တိုက် ထိပ်ဆုံးမှ ရပ်တည်နေသည်။ စွန့်ဦးတီထွင်လုပ်ငန်းရှင် ဖြစ်လိုသူများ၊ ရင်းနှီးမြှုပ်နှံမှု တိုး ချဲ့လိုသူများ၊ စီးပွားပိုမိုဖွံ့ဖြိုးလိုသူများသည် ဆရာကျွဲကို ချဉ်း ကပ် အကူအညီတောင်းကြသည်။ တချို့ကလည်း လူမှုရေး၊ နိုင်ငံရေးဆိုင်ရာ အကျပ်အတည်းတွေ့သဖြင့် ရောက်လာကြ သည်။ ရပ်နီးရပ်ဝေးမှ အကြံဉာဏ် လိုအပ်သူ၊ အိုင်ဒီယာ လိုအပ်သူများ ပြားလွန်းသဖြင့် အလုပ်ခန်းဖွင့်ပြီး အကျိုးဆောင် ပေးနေရသည် မှာ ငါးနှစ်ငါးမိုး ရှိလာပြီဖြစ်သည်။ ဆရာကျွဲက သားတော်မောင်နှစ်ယောက်ကို ရုံးမန်နေဂျာများအဖြစ် ခန့်ထားသည်။ ရက်ချိန်းယူထားသူ၊ ရုတ်တရက်...

Read more »

ရန်လိုကျွဲ ● ပေါ်ပြူလာခေါင်းဆောင် ပါတီပြောင်းခြင်း (သရော်စာ)

October 21, 2016
ရန်လိုကျွဲ ● ပေါ်ပြူလာခေါင်းဆောင် ပါတီပြောင်းခြင်း (သရော်စာ)

ရန်လိုကျွဲ ● ပေါ်ပြူလာခေါင်းဆောင် ပါတီပြောင်းခြင်း (သရော်စာ) (မိုးမခ) အောက်တိုဘာ ၂၁၊ ၂၀၁၆ ပြည်သူ့ပါတီသည် ယမန်နှစ်ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို ရှုံးနိမ့်သဖြင့် အတိုက်အခံပါတီဘဝသို့ ရောက်ရှိနေသည်။ ပြည်သူ့ပါတီဟုခေါ်ရခြင်းမှာ ပြည်သူပိုင်အဆောက်အအုံ၊ ဘဏ္ဍာငွေတို့ကို အသုံးပြုပြီး တည်ထောင်ခဲ့သည့်ပါတီဖြစ်သော ကြောင့်ပင်။ ပြိုင်ဘက် ပေါ်ပြူလာပါတီကို အာဏာလွှဲပေးလိုက်ရသဖြင့် အိမ်နိမ့်စံဘဝရောက်သွားသော ပြည်သူ့ပါတီသည် မကြာသေး မီက ပါတီညီလာခံပြုလုပ်ပြီး ရွေးကောက်ပွဲ အရှုံးအကြောင်းကို အလေးအနက် သုံးသပ်ကြသည်။ ပါတီကို လူကြိုက်နည်းသောကြောင့် ခွက်ခွက်လှန် ရှုံးနိမ့် ခြင်းဖြစ်သည်ဟု တစ်ယောက်ကတင်ပြရာ  အပြင်းအထန် ကန့် ကွက် ကြလေသည်။ “ပြည်သူက ငါတို့ကို ချစ်တယ်၊ လူကြိုက်နည်းစရာအကြောင်း လုံးဝမရှိဘူး” ဟု အများအပြားက ဝိုင်း ပြောသဖြင့် အဆိုပါဆွေးနွေးသူမှာ ညီလာခံကာလတစ်လျှောက်...

Read more »

ရန်လိုကျွဲ ● 7PAY သတင်းစာ အမှုဖွင့်ခံရခြင်း၏ ကောင်းကျိုးများ

August 26, 2016
ရန်လိုကျွဲ  ● 7PAY သတင်းစာ အမှုဖွင့်ခံရခြင်း၏ ကောင်းကျိုးများ

ရန်လိုကျွဲ  ● 7PAY သတင်းစာ အမှုဖွင့်ခံရခြင်း၏ ကောင်းကျိုးများ (မိုးမခ) သြဂတ်စ် ၂၆၊ ၂၀၁၆ ၂၀၁၆-သြဂုတ်လထုတ်၊ မော်ကွန်း မဂ္ဂဇင်း အမှတ် (၃၇) မှ သရော်စာ ဆောင်းပါး ဖြစ်ပါသည်။ ဒုက္ခသီရိနိုင်ငံ၏ အပြောင်းအလဲများသည် ဗိုလ်ချုပ်ကြီးအေး ချမ်းသာယာရေးတို့ ရေးဆွဲထားသည့် ဇာတ်ညွှန်းအတိုင်း တဖြည်း ဖြည်း အကောင်အထည်ပေါ်လျက်ရှိသည်ဟု ဆိုရမည်။ နိုင်ငံ၏သမိုင်းကိုပြန်ကြည့်လျှင် ပုလိပ်တပ်ဖွဲ့ကြီးကို ပါ လေရာ သို့မဟုတ် ပလေရာအဖြစ် အမြဲတမ်း တွေ့ရပေမည်။ ဒုက္ခသီရိနိုင်ငံရေးလောကအတွင်း လူတွင်ကျယ်၊ လူစွမ်း ကောင်း၊ လူတော်လူကောင်း၊ လူမတော် လူမကောင်း၊  လူမျိုးကြီး ဝါဒီ၊ လူမစွမ်းနတ်မခံရသူ၊ လူလွန်မသား စသဖြင့် အမျိုးမျိုး အထွေထွေသော လူအပေါင်းတို့  ကြီးစိုး၏။ ရံဖန်ရံခါ...

Read more »

ရန်လိုကျွဲ ● ဒုက္ခသီရိကို အနိုင်ကျင့်ခြင်း

July 13, 2016
ရန်လိုကျွဲ ● ဒုက္ခသီရိကို အနိုင်ကျင့်ခြင်း

ရန်လိုကျွဲ ● ဒုက္ခသီရိကို အနိုင်ကျင့်ခြင်း (မိုးမခ) ဇူလိုင် ၁၃၊ ၂၀၁၆ ၂၀၁၆ မတ်လထုတ်၊ မော်ကွန်းမဂ္ဂဇင်း အမှတ် (၃၃) မှ သရော်စာ ဆောင်းပါးဖြစ်ပါသည်။ သတင်းထောက်အဖြစ် ရပ်တည်ခြင်းကြောင့်  ကြီးပွားချမ်းသာစရာ အကြောင်း မရှိသော်လည်း အလွန်တရာ မျက်နှာပွင့်လှ၏။ သတင်းထောက်ဟူသည် ဘယ်နေရာရောက်ရောက် ဒီလူက ဖြစ်ကြောင်းကုန်စင် ရင်ဖွင့်၊ ဟိုလူကလက်ဆွဲပြီး စကားပြော၊ သတင်းပေး ပြီး သတင်းရေးခိုင်းသည့် ဖြစ်ရပ်များနှင့် ကျင့်သားရနေသည့် သတ္တဝါဟု ဆိုရမည်။ သူတို့၏ အခက်အခဲ အထွေထွေကို စာနယ်ဇင်းတွင် ပါဝင်လာရေး အတွက် သတင်းထောက်တို့ကို အားကိုးကြခြင်းပေတည်း။ သတင်းထောက်ရန်လိုကျွဲကတော့ ထိုသို့ အားကိုးရှာသူတို့ ကို ကျေးဇူးတင်၏။ သူတို့ထံမှရသော အချက်အလက်၊ ရင်ဖွင့် ပြောစကားများကို...

Read more »

ရန်လိုကျွဲ ● အမျိုးသားပြည့်တန်ဆာတို့ကို နှိမ်နင်းရခက်ခဲသည့် အကြောင်းရင်း (သရော်စာ)

July 10, 2016
ရန်လိုကျွဲ ● အမျိုးသားပြည့်တန်ဆာတို့ကို နှိမ်နင်းရခက်ခဲသည့် အကြောင်းရင်း (သရော်စာ)

ရန်လိုကျွဲ ● အမျိုးသားပြည့်တန်ဆာတို့ကို နှိမ်နင်းရခက်ခဲသည့် အကြောင်းရင်း (သရော်စာ) (မိုးမခ) ဇူလိုင် ၁၀၊ ၂၀၁၆ (ဒုက္ခသီရိ၏ ဖြစ်ရပ်မှန်များထဲမှ တချို့ကို အကျဉ်းချုပ် ရေးသား ဖော်ပြလိုက်ပါသည်) အခုတလော ဒုက္ခသီရိ နေပြည်တော်၏ ပုလိပ်တပ်ဖွဲ့ အခြေအနေမကောင်းဟု ဆိုရမည်။ ပြက္ဒဒိန်တွင် ရက်ရာဇာ၊ ပြဿဒါး မည်သို့ပင် သတ်မှတ်ထားစေကာမူ ပုလိပ်အဖွဲ့အတွက်တော့ မည်သည့်နေ့မဆို ပြဿ ဒါးနေ့ ဖြစ်နေတတ်သည်။ ဆန္ဒပြကျောင်းသားဆယ်ဂဏန်းခန့်ကို ရုံးထုတ်စဉ်က တရားရုံးဝန်းကျင်တွင် ရဲတပ်ရင်း တစ်ခုစာလောက် အင်အားပြမှု ကြောင့် အများပြည်သူ ထိတ်လန့်တကြား ဖြစ်ရသည်။ လူဆိုးဗိုလ်ကို သွားရောက်ဖမ်းဆီးသော ရဲနှစ်ယောက်တစ်ပိုင်းမှာ အနှီလူဆိုးဗိုလ်၏ ဓားချက်မိပြီး အသီးသီး  ဒဏ်ရာ ရသွားခြင်းကြောင့် အများပြည်သူ ထိတ်လန့်တကြား ဖြစ်ရပြန်၏။ ထိုသို့...

Read more »

ရန်လိုကျွဲ – ငရဲပြည်နယ်စပ်ရောက် သတင်းထောက် (သရော်စာ)

February 2, 2016
ရန်လိုကျွဲ – ငရဲပြည်နယ်စပ်ရောက် သတင်းထောက် (သရော်စာ)

ရန်လိုကျွဲ – ငရဲပြည်နယ်စပ်ရောက် သတင်းထောက် (သရော်စာ) (မိုးမခ) ဖေဖော်ဝါရီ ၂၊ ၂၀၁၆ မိတ်ဆွေသတင်းသမားများ လတ်လျားလတ်လျား ခရီးသွားနေကြသည်မှာ မနာလိုစရာကောင်းလှသည်။ ခရီးကို ဖြောင့် ဖြောင့်မသွား။ ဘယ်မြို့မှာ ဘာစားနေတဲ့ပုံဆိုပြီး အင်တာနက်တွင် သူတို့ကြွားလုံးထုတ်သည်ကို မြင်ရတိုင်းမေတ္တာပွားရ သည်မှာလည်း မကြာခဏ။ သတင်းထောက်ရန်လိုကျွဲကမူ ဒုက္ခသီရိတိုင်းမ်ရုံးခန်းတွင် ရုံးထိုင်တာဝန်ကျနေသည်မှာ ကြာပြီ၊ တိုက်ကလည်း ဘယ်ကိုမျှမလွှတ်၊ ဤအတောအတွင်း တကူးတက ဖိတ်ခေါ်သူလည်းမရှိသည့်ဘဝကြောင့် ကိုယ့်ကိုယ်ကိုယ် သနားပြီး မှိုင်နေမိသည်။ သူတော်ကောင်းကို နတ်ကောင်းနတ်မြတ်တို့ စောင့်ရှောက်သည်ဟုဆိုရလေမလား …လေ့လာရေး ခရီးစဉ်တစ်ခု သွားရမည့်အခွင့်အရေးသည် လှလှပပ မှိုင်တွေနေသောသတင်းထောက်ရှေ့သို့ ဆိုင်းမဆင့် ဗုံမဆင့် ပေါ်လာ လေသည်။ ကိုရီးယားမင်းသမီး ခင်သန္တာသက် တစ်နေ့တ၌ ရုံးတွင် အလုပ်များချင်ယောင်ဆောင်နေစဉ် အလန်းစားအမျိုးသမီး တစ်...

Read more »

ရန်လိုကျွဲ – သတင်းထောက် ဆိုက်ကားနင်းခြင်း (သရော်စာ)

December 27, 2015
ရန်လိုကျွဲ – သတင်းထောက် ဆိုက်ကားနင်းခြင်း (သရော်စာ)

ရန်လိုကျွဲ – သတင်းထောက် ဆိုက်ကားနင်းခြင်း (သရော်စာ) (မိုးမခ) ဒီဇင်ဘာ ၂၇၊ ၂၀၁၅ ယခုဖော်ပြပါ ဖြစ်ရပ်မှာ ဒုက္ခသီရိ ဟူသော တိုင်းပြည်တွင် အမှန်တကယ်ပေါ်ပေါက်ခဲ့သော ဖြစ်ရပ်မှန်များ ဖြစ်သည်။ ဒုက္ခသီရိနေပြည်တော်တွင် ဝဋ်ကြွေးရှိသူများသာ သတင်းသမားဖြစ်ရသည်ဟုဆိုချင်တော့သည်။ သတင်းသမား၏ ဝင်ငွေ မှာ နည်းလွန်းသောကြောင့်စီးပွားဖြစ်စရာအကြောင်း လုံးဝမရှိ။ သတင်းစုံစမ်း မေးမြန်းရသည်မှာလည်းလွယ်ကူလှသည် မဟုတ်။ မင်းတို့မေးတာ ဖြေမိရင် ငါအထောင်းခံရမှာပေါ့ဟု ဆိုကာအစိုးရအရာရှိတို့က သတင်းသမားဆိုလျှင် ဝေးဝေး ရှောင်ချင်သည်။ အရာရှိမင်းတို့ထံမှ တရားဝင်ပြောဆိုချက်၊ အတည်ပြုချက်၊ မှတ်ချက်များမရရှိနိုင်သဖြင့် သတင်းရေးသား ထုတ်လွှင့်ရသည်မှာ မကြာခဏဆိုသလိုပင်မပြည့်မစုံရှိလှကြောင်း သတင်းသမားတို့၏အခက်အခဲများ စာဖတ်သူတို့သိနိုင်စေရန် ကြုံတုန်း ရင်ဖွင့်လိုက်ပါ၏။ ဒုက္ခသီရိတပ်မတော်ကြီးမှ အရာရှိများဆိုလျှင် မေးမြန်းရ ပိုခက်ခဲကြောင်းသတင်းထောက်တိုင်းက ညည်းတွားကြ၏။ သတင်းထောက်တို့၏ညည်းတွားသံကျယ်လောင်လွန်းသောကြောင့် ထင်၏၊ တစ်ခါတွင်...

Read more »

ရန်လိုကျွဲ – ရန်ကုန်မြို့မှ စီးပွားရေးအတိုင်အပင်ခံ (ဒုတိယပိုင်း ဇာတ်သိမ်း)

December 6, 2015
ရန်လိုကျွဲ – ရန်ကုန်မြို့မှ စီးပွားရေးအတိုင်အပင်ခံ (ဒုတိယပိုင်း ဇာတ်သိမ်း)

ရန်လိုကျွဲ – ရန်ကုန်မြို့မှ စီးပွားရေးအတိုင်အပင်ခံ (ဒုတိယပိုင်း ဇာတ်သိမ်း) (မိုးမခ) ဒီဇင်ဘာ ၆၊ ၂၀၁၅ ပြီးခဲ့သော ဇာတ်လမ်းအကျဉ်း ============== ကြီးပွားချမ်းသာလိုသော မော်ကွန်းမဂဇင်းဝိုင်းတော်သားတို့က  စီးပွားရေးဆိုင်ရာအကြံပေးချက်များ အလုအယက် တောင်း ကြသဖြင့်    ရန်လိုကျွဲလည်း အကြံဉာဏ်များ ဗုံးပေါလအော ပေးလိုက်သည်။ သတင်းထောက်သက်ဦးမွန်က စားသုံးခွန်ကောက်သော်လည်း တံဆိပ်ခေါင်းမကပ်သော စားသောက်ဆိုင်များအကြောင်း အခွန်ဌာနသို့ တိုင်ကြားပြီး ဒဏ်ကြေးငွေ ခွဲဝေယူခြင်း၊ စာမူခ များများရရှိရန် အစားအသောက်အကြောင်း ရေးသားဖွဲ့နွဲ့ခြင်း စသည့် ဝင်ငွေတိုးဖွယ်ရာ နည်းလမ်းများ ရရှိသွားသည်။ အယ်ဒီတာ ကျော်ဇေယျာထွန်းက စာအုပ်ဖြန့်ချိရေးဆိုင် ဖွင့်ပြီး ရောင်းရငွေအများစုကို စာအုပ်တိုက်ပိုင်ရှင်တို့ထံ အပ်နှံခြင်း မပြုဘဲ လှည့်ပတ်သုံးစွဲခြင်းဖြင့် တိုက်ဆောက် ကားစီးနည်းဟူသော နိဿရည်းကို သဘောကျပြီး ချက်ချင်းအကောင် အထည်ဖော်လိုက်သည်။...

Read more »

ရန်လိုကျွဲ – ငါးကြင်းဆီနဲ့ ငါးကြင်းကြော်ခြင်း (သရော်စာ)

December 2, 2015
ရန်လိုကျွဲ – ငါးကြင်းဆီနဲ့ ငါးကြင်းကြော်ခြင်း (သရော်စာ)

 ရန်လိုကျွဲ – ငါးကြင်းဆီနဲ့ ငါးကြင်းကြော်ခြင်း (သရော်စာ) (မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၅ ခုတလော အယ်ဒီတာမင်းတို့က သတင်းထောက် ရန်လိုကျွဲကို အထူးအော်ဟစ် ငေါက်ငမ်းနေကြသည်။ “မင်းရေးတဲ့ ထူးမ ခြားနားသတင်းတွေကို ဘယ်သူတွေဖတ်မှာလဲ” ဟု အယ်ဒီတာချုပ်က ဆူသည်။ “အလုပ်ချိန် နောက်ကျတာ တစ်လကို အကြိမ် ၂၀ ရှိနေပြီ၊ သတိထားပါ” ဟု လက်ထောက်အယ်ဒီတာက လက်ထောက်ပြီး လှမ်းသတိပေးသည်။ ခေါင်းပေါ်က ဆံပင်အထိ လာခလုတ်တိုက်သူလည်း ရှိ၏။ မင်းရဲ့ ဆေးဆိုးပန်းရိုက်ခေါင်းက ကြည့်ရဆိုးလိုက်တာကွာ ဟု အယ်ဒီတာတစ်ယောက်က မှတ်ချက်ပြု၏။ ရုံးတွင်းစည်းကမ်းချက်တွင် “သတင်းထောက်တို့ ဆံပင်ဆေးဆိုးခွင့်မရှိ” ဟူသောအချက် ဖြည့်စွက်ရန်ပင် သူက ကြိုးပမ်း လိုက်သေး၏။ သို့သော်လည်း အသက် ၄၀...

Read more »

ရန်လိုကျွဲ – နိုင်ငံရေးသမားကိုပဲ အစိုးရက ဦးစားပေးမှာလား

December 1, 2015
ရန်လိုကျွဲ – နိုင်ငံရေးသမားကိုပဲ အစိုးရက ဦးစားပေးမှာလား

 ရန်လိုကျွဲ – နိုင်ငံရေးသမားကိုပဲ အစိုးရက ဦးစားပေးမှာလား (မိုးမခ) ဒီဇင်ဘာ ၁၊ ၂၀၁၅ ၂၀၁၅ အဝင်တွင် နိုင်ငံရေးသမား အများအပြား အံ့အားသင့်သွားစေသည့် ကြေညာချက်တစ်စောင် နေပြည်တော်မှ ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုကြေညာချက်တွင်   စစ်တပ်က စစ်တန်းလျားပြန်မည်၊  အခြေခံဥပဒေ အသစ်ပြန်ရေးမှ သင့်တော်မည်၊ ရွေးကောက်ပွဲ ကော်မရှင်ကို ကြားလူများဖြင့် ပြန်ဖွဲ့ပေးပါမည်၊ ငွေစက္ကူတွင် ခြင်္သေ့ရုပ်ထည့်မိသဖြင့် တောင်းပန်ပါသည် စသည့် စသည့် အချက်များ မပါဝင်ဘဲ ဘာကြောင့် အံ့သြနေကြသနည်း။ နိုင်ငံရေးသမား အများအပြား အံ့သြကြရခြင်းမှာ နေပြည်တော်က ဖွဲ့ပေးတော်မူသည့် ကော်မတီတစ်ခု၏ အဖွဲ့ဝင် ၂၈ ဦး စာရင်းတွင် သူတို့အမည်ကို မျှော်လင့်မထားဘဲ တွေ့လိုက်ကြရခြင်းကြောင့်ပင်။ ဟုတ်သည်၊ မည်မျှအထိ အရာရောက်မည်မှန်း မသိရသည့် ...

Read more »

ရန်လိုကျွဲ – ၀န်ကြီးများလည်း စစ်ရေးအတွေ့အကြုံ ရှိရမည် (သရော်စာ)

November 29, 2015
ရန်လိုကျွဲ – ၀န်ကြီးများလည်း စစ်ရေးအတွေ့အကြုံ ရှိရမည် (သရော်စာ)

 ရန်လိုကျွဲ – ၀န်ကြီးများလည်း စစ်ရေးအတွေ့အကြုံ ရှိရမည် (သရော်စာ) (မိုးမခ) နိုဝင်ဘာ ၂၉၊ ၂၀၁၅ သမ္မတသည်   စစ်ရေးအတွေ့အကြုံ ရှိရမည်လို့ ၂၀၀၈ အခြေခံဥပဒေက ဆိုပါတယ်။ ဒါဟာ စစ်ရေးအတွေ့အကြုံ မရှိသူ၊ စစ်ထဲမ၀င်ဖူးသူတွေကို မြန်မာပြည်မှာ သမ္မတဖြစ်ခွင့် အော်တိုမစ်တစ် ပိတ်ပင်ထားတဲ့ သဘောပါပဲလို့ တချို့က သုံးသပ်တယ်။ ဒီအခြေခံဥပဒေနဲ့ဆိုရင် ရွှေရည်စိမ်ဒီမိုကရေစီပဲ ဖြစ်လာလိမ့်မယ်လို့ အဆိုးမြင်ကြ တယ်။ ဒီလေးငါးနှစ်အတွင်း ခလုတ်အတိုက်အခံရဆုံးထဲမှာ မြန်မာပြည်ရဲ့ အခြေခံဥပဒေ ထိပ်ဆုံးကပါတယ်လို့ ထင်ပါတယ်။ အရင်စစ်အစိုးရလည်း ဒီလူတွေပဲ၊ လက်ရှိ စည်းကမ်းရှိတဲ့ဒီမိုကရေစီအစိုးရမှာလည်း ဒီလူတွေပဲဆိုတော့  အာဏာ ဖက် တွယ်ထားချင်တဲ့ ဗိုလ်ချုပ်ကြီးတွေဟာ  ရေရှည်လုပ်စားနိုင်၊ ဗိုလ်ကျနိုင်ဖို့ ၂၀၀၈ အခြေခံဥပဒေကို ညစ်တီးညစ်ပတ်နည်းများ စုံစုံလင်လင်သုံးပြီး  ဖန်တီးခဲ့ကြတာလို့...

Read more »

ရန်လိုကျွဲ – မြန်မာပြည် ရေငတ်တုန်း ရေတွင်းထဲကျခြင်း (သရော်စာ)

November 28, 2015
ရန်လိုကျွဲ – မြန်မာပြည် ရေငတ်တုန်း ရေတွင်းထဲကျခြင်း (သရော်စာ)

ရန်လိုကျွဲ – မြန်မာပြည် ရေငတ်တုန်း ရေတွင်းထဲကျခြင်း (သရော်စာ) (မိုးမခ) နိုဝင်ဘာ ၂၈၊ ၂၀၁၅ ● ရေငတ်တုန်း ရေတွင်းထဲကျတဲ့ မြန်မာပြည် အငြိမ်းစား ချိုကုပ်ဒူးကြီးသည် ဒုက္ခသီရိနေပြည်တော်တွင် စိတ်အေးချမ်းသာစွာနေထိုင်လျက်ရှိကြောင်း ယခင့်ယခင်ကာလ သတင်းတို့က ဆိုသည်။ သို့သော်… ယနေ့ အချိန်တွင်မူ ထိုသို့ မဟုတ်မူကြောင်း သူ၏လက်ထောက်အဖြစ် တာဝန်ယူခဲ့သူများက မီဒီယာတွင် အခိုင်အမာ ပြောဆိုနေကြသည်။ အငြိမ်းစားလျှက်ရှိသော်လည်း  တိုင်းရေးပြည်ရာများကို စောင့်ကြည့်ပြီး စိုးရိမ်လျှက်ရှိကြောင်း၊  ရတက်မအေးဖွယ် ပြည်ရေး ပြည်ရာကြောင့် စာဖတ်ပျက်နေကြောင်း စသဖြင့် စသဖြင့် အတည်ပေါက် ပြောဆိုကုန်ကြလေ၏။ အနှီ အားကိုးရသူ လက်ထောက်ကြီးတို့၏ ပြောဆိုချက် မည်မျှမှန်ကန်သည်ကိုသိရှိနိုင်ရန် ချိုကုပ်ဒူးကြီးနှင့် တွေ့ဆုံမေးမြန်းမှဖြစ်မည်ဟုဆုံးဖြတ်ပြီးသကာလ နေသာလေသာသောတစ်နေ့တွင် သတင်းထောက် ရန်လိုကျွဲ ဒုက္ခသီရိနေပြည်တော်သို့...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်