Posts Tagged ‘ ရိုဟင်ဂျာ ’

မလေးမူးယစ်အမှု ထိပ်တန်း သံသယတရားခံဟာ လူကုန်ကူးဂိုဏ်းခေါင်းဆောင်လို့လည်း စွပ်စွဲခံနေရ

June 22, 2018
မလေးမူးယစ်အမှု ထိပ်တန်း သံသယတရားခံဟာ လူကုန်ကူးဂိုဏ်းခေါင်းဆောင်လို့လည်း စွပ်စွဲခံနေရ

မလေးမူးယစ်အမှု ထိပ်တန်း သံသယတရားခံဟာ လူကုန်ကူးဂိုဏ်းခေါင်းဆောင်လို့လည်း စွပ်စွဲခံနေရ (Myanmar NOW) မိုးမခ၊ ဇွန် ၂၂၊ ၂၀၁၈မလေးရှားနိုင်ငံတွင် သိမ်းဆည်းရမိသည့် မူးယစ်ဆေးများနှင့် ပတ်သက်သည်ဟု ရဲက ယူဆ ထားသူ မောင်မောင်ကို ဇွန် ၆ ရက်နေ့က ရန်ကုန်၊ ဆိပ်ကမ်းမြို့နယ် တရားရုံးတွင် တွေ့ရစဉ် (ဓာတ်ပုံ – အောင်ငြိမ်းချမ်း/Myanmar Now) (ရန်ကုန်) — မြန်မာနိုင်ငံမှာ သမိုင်းဝင် ရွေးကောက်ပွဲကြီးတစ်ခုအတွက် စိတ်လှုပ်ရှား တက်ကြွနေကြချိန်၂ဝ၁၅ မေလအတွင်း နိုင်ငံတကာမှာ ကြောက်မက်ဖွယ် သတင်း တစ်ပုဒ် ပျံ့နှံ့ခဲ့ပါတယ်။ အဲဒါကတော့ မြန်မာ့အိမ်နီးချင်း ထိုင်းနဲ့ မလေးရှား နယ်စပ်က ထူထပ်လှတဲ့ တောတွင်း တစ်နေရာမှာ လူကုန်ကူးဂိုဏ်းတွေအသုံးပြုခဲ့တဲ့ လျှို့ဝှက်စခန်း ၂၈ ခုကို...

Read more »

သားကြီးမောင်ဇေယျ – သာလီစွ ရခိုင်ပြည်နယ် (မိုးမခ) ဇွန် ၅၊ ၂၀၁၈

June 5, 2018
သားကြီးမောင်ဇေယျ – သာလီစွ ရခိုင်ပြည်နယ်  (မိုးမခ) ဇွန် ၅၊ ၂၀၁၈

Photo – DVB သားကြီးမောင်ဇေယျ – သာလီစွ ရခိုင်ပြည်နယ်  (မိုးမခ) ဇွန် ၅၊ ၂၀၁၈ တဖက်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဘင်္ဂလီတွေ ဘူးသီးတောင် ဂူတာပြင် ကျေးရွာမှာ တိတ်တဆိတ် ပြန်ဝင်နေပြီ ။ ဒီသတင်းကို အင်တာနက် လူမှုကွန်ယက် ပေါ်မှာ တွေ့လိုက်ရတော့ ရုတ်တရက် အံသြသွာပါးတယ်၊ စိုးလည်း စိုးရိမ်သွားပါတယ်။ မှတ်မှတ်ရရ မေလ ၂၂ ရက်နေ့မှာပါ။ ဒီသတင်း လူမှုကွန်ယက်ပေါ်တက်လာပြီး မရှေးမနှောင်းပဲ DVB သတင်းခန်းမှာ ဆွေးနွေးငြင်းခုန်တဲ့ အသံတွေ ထွက်လာပါတယ်။ သတင်းမှန်ရဲ့လား၊ သတင်းရင်းမြစ်က သေချာရဲ့လား။ နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်သလဲ။ စတဲ့ စတဲ့ မေးခွန်းတွေ တသီကြီးထွက်ပေါ်လာပါတယ်။ ဘူးသီးတောင် ပြည်နယ်လွှတ်တော်အမတ် က ပြောတယ်...

Read more »

သားကြီးမောင်ဇေယျ – ရခိုင်ပြည်နယ်အရေးနဲ့ ငြိမ်းချမ်းရေးသတင်းစာအသုံးအနှုံး 

May 3, 2018
သားကြီးမောင်ဇေယျ – ရခိုင်ပြည်နယ်အရေးနဲ့ ငြိမ်းချမ်းရေးသတင်းစာအသုံးအနှုံး 

သားကြီးမောင်ဇေယျ – ရခိုင်ပြည်နယ်အရေးနဲ့ ငြိမ်းချမ်းရေးသတင်းစာအသုံးအနှုံး  (မိုးမခ) မေ ၃၊ ၂၀၁၈ မြန်မာနိုင်ငံကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ သံတမန်အဖွဲ့ဟာ ဒီကနေ့(၁/၅/၁၈) မနက် ၉ နာရီခွဲက ရခိုင်ပြည်နယ် စစ်တွေလေဆိပ်ကိုရောက်ရှိလာပြီး အကြမ်းဖက်မှုတွေဖြစ်ပေါ်ခဲ့တဲ့ မောင်တော ဒေသကို ရဟတ်ယာဉ်နဲ့ ထွက်ခွာသွားပါတယ်။ကိုဝဏ္ဏ ခွာညိုရဲ သတင်းကို DVB newsroom ကွန်ယက်မှာ ဖတ်လိုက်ရတော့ သြော် . . သူတို့ကိုယ်တိုင် လာကြည့်ကြပြီကိုး လို့ စိတ်ထဲမှာဖြစ်ပေါ်မိပါတယ်။ ရခိုင်ပြည်နယ်အရေးဟာ မြန်မာပြည်ရဲ့ ပုံရိပ်ကို အတော်ထိခိုက်ခဲ့တယ်လို့ သတင်းသမားတွေ၊ နိုင်ငံရေးသမားတွေက မကြာခဏ မှတ်ချက်ပေးလေ့ရှိပါတယ်။ အထူးသဖြင့် ဒီမိုကရေစီ သွေးနုသားနု အချိန်မှာ ခုလို အဖြစ်မျိုးဖြစ်ခဲ့တာကြောင့် မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတိုးတက်မှုတွေ တုန့်ဆိုင်းသွားခဲ့ရပါတယ်။ ဒီအရေးကို...

Read more »

ဗိုလ်ထက်မင်း – လမ်းခုလတ် ၂၀၁၇၊ အမျိုးသားရင်ကြား ကွဲအက်ရေးဆီသို့လား (၄)

February 15, 2018
ဗိုလ်ထက်မင်း – လမ်းခုလတ် ၂၀၁၇၊ အမျိုးသားရင်ကြား ကွဲအက်ရေးဆီသို့လား (၄)

ဗိုလ်ထက်မင်း – လမ်းခုလတ် ၂၀၁၇၊ အမျိုးသားရင်ကြား ကွဲအက်ရေးဆီသို့လား (၄) (မိုးမခ) ဖေဖော်ဝါရီ ၁၅၊ ၂၀၁၈ အမျိုးသားရင်ကြား ကွဲအက်ရေး ရှောင်ကျဉ် ပြီး ရဲဘော်ရဲဘက်စိတ်နဲ့စိန်ခေါ်မှုတွေကိုကျော်လွှားကြစို့ – အပိုင်း(၄) ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆက်ဆံရေး ၂၇။ မြန်မာနိုင်ငံရေးအခင်းအကျင်းဟာ နက်တထက်နက်၊ ရှုတ်ထွေးပွေလီလာကာ စိန်ခေါ်မှုတွေ ပြည့်နှက်နေတာမို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဒီလို အရေးကြီးလာတဲ့အချိန်ကာလမှာ တပ်မတော်ထိပ်ပိုင်းတာဝန်ရှိသူများအနေနဲ့ နီးနီးကပ်ကပ် ၀ိုင်းရံပေး မသင့်ဖူးလား၊ ဘာတွေစိုးရိမ်ကြောင့်ကျဖြစ်နေရတာလဲ၊ စိန်ခေါ်မှုအချို့ကိုတပ်မတော်က ၀င်ရှင်းပေးရင် မကောင်းပေဘူးလား၊ ဘယ်ချိန်ထိစောင့်ကြည့်ဦးမှာလဲ၊ အစိုးရနဲ့တပ်မတော် ဆက်ဆံရေး ကွန်ယက်ပိုခိုင်အောင် အမျိုးသားရင်ကြားစေ့ရေး ပိုပြီးစေ့နိုင်အောင် ဘယ်လိုတွေ ရှောင်ကျဉ် သတိထားပြီး နည်းလမ်းတွေ မရှာကြဖူးလား၊ စတာတွေသုံးသပ်တင်ပြသွားပါမယ်။ ၂၈။ ၂၀၁၅ ရွေးကောက်ပွဲပြီး တပ်မတော်က...

Read more »

ဗိုလ်ထက်မင်း – လမ်းခုလတ် ၂၀၁၇၊ အမျိုးသားရင်ကြား ကွဲအက်ရေးဆီသို့လား (၃)

February 14, 2018
ဗိုလ်ထက်မင်း – လမ်းခုလတ် ၂၀၁၇၊ အမျိုးသားရင်ကြား ကွဲအက်ရေးဆီသို့လား (၃)

Photo – Reuters ဗိုလ်ထက်မင်း – လမ်းခုလတ် ၂၀၁၇၊ အမျိုးသားရင်ကြား ကွဲအက်ရေးဆီသို့လား (၃) (မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၁၈ အမျိုးသားရင်ကြားကွဲအက်ရေး ရှောင်ကျဉ် ပြီး ရဲဘော်ရဲဘက်စိတ်နဲ့စိန်ခေါ်မှုတွေကို ကျော်လွှားကြစို့ – အပိုင်း(၃) စိန်ခေါ်မှုတွကို ဘယ်လို ကျော်ကြမလဲ ၁၇။ ရှေးဦးစွာ ရခိုင်ပြည်နယ်အရေးအခင်းဟာ နိုင်ငံတကာက ဖိအားများစွာပေးခဲ့တာ၊ ပေးနေဆဲ၊ ဖြစ်ပြီး ထပ်မံပေးတော့မည့် အရိပ်လက္ခဏာများမြင်တွေ့နေရပါတယ်။ ထွက်ပြေးသွားတဲ့ ဘင်္ဂါလီများကို ဇွန် ၂၃ ရက်နေ့ ပြန်လည်လက်ခံပေးဖို့ နှစ်နိုင်ငံသဘောတူညီချက် သတ်မှတ်ထားပေမဲ့ ပြန်မ၀င်သေးဘဲဖြစ်နေပါတယ်။ သူတို့အကြောင်းပြတာကတော့ ဘင်္ဂါလီများ လုံခြုံစွာစိတ်ချရမှု မရှိသေးတဲ့အပြင် UNHCR လိုမျိုး ပါဝင်ပတ်သက်ခွင့် တောင်းဆိုနေပါတယ်။ ဒါ့အပြင် UN နဲ့  NGO အဖွဲ့အစည်းများ...

Read more »

စိန်ဝင်း (MJI) ● အင်းဒင်ရယ် မင်းကြောင့်

February 11, 2018
စိန်ဝင်း (MJI) ● အင်းဒင်ရယ် မင်းကြောင့်

စိန်ဝင်း (MJI) ● အင်းဒင်ရယ် မင်းကြောင့် (မိုးမခ) ဖေဖော်ဝါရီ ၁၁၊ ၂ဝ၁၈ ရိုက်တာရဲ့ အင်းဒင်လူသတ်မှု သတင်းထွက်တော့ သတင်းသမားတွေအကြား ငြင်းစရာပွက်ကုန်တယ်။ ဒီတစ်ခေါက်မှာ တစ်ခြားအသိုင်းအဝိုင်းက ဝင်ပြောတာ၊ ဆွမ်းကြီးဝိုင်းလောင်းတာ အတော်နည်းတယ်လို့ ထင်တယ်။ သတင်းသမားတွေကြားတော့ အချက်အလက်ပေါ် အခြေပြုဆွေးနွေးတာကနေ မီးတွေမြင့်လာပြီး သတင်းလိုက်တဲ့သတင်း သမားတွေ၊ သတင်းရင်းမြစ်တွေကို သစ္စာဖောက်ကောင်တွေ ရှင်းပစ်လို့ ပြောသူပြော၊ အဲဒီလိုပြောသူတွေကို တန်ပြန်ပြီး ကြေးအိုးပွဲသေး ငတုံးကောင်တွေလို့ ပြောသူပြောနဲ့ မြိုင်လှတယ်။ (၁) အဓိက နှစ်ဘက်ငြင်းမှုမှာ အမှန်တရားဦးစားပေးသူနဲ့ national interest နိုင်ငံတော်အကျိုးစီးပွားဦးစားပေးလိုင်းက ကွဲသွားကြတယ်။ တကယ်တော့ ဒီလိုငြင်းခုံကြမှုက မဆန်းလှပါဘူး။ စနိုးဒန်းအမှု အမေရိကန်ထောက်လှမ်းရေးရဲ့ တကမ္ဘာလုံးနဲ့ဆိုင်တဲ့ လျို့ဝှက်ဖိုင်တွေ ဖော်ထုတ်လိုက်တော့ အမေရိကန်မှာ အရပ်ရပ်အလွှာလွှာမှာ...

Read more »

အောင်ခိုင်မြင့် – ၂၀၁၇ ဒိုင်ယာရီ အတွေးအမြင် စစ်တမ်း

January 3, 2018
အောင်ခိုင်မြင့် – ၂၀၁၇ ဒိုင်ယာရီ အတွေးအမြင် စစ်တမ်း

အောင်ခိုင်မြင့် – ၂၀၁၇ ဒိုင်ယာရီ အတွေးအမြင် စစ်တမ်း (မိုးမခ) ဇန်န၀ါရီ ၃၊ ၂၀၁၈ ( ၁ ) လောကကြီးတွင် မွေးဖွားကြီးပြင်း နေထိုင်အသက်ရှင်သန်သောအခါ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အတိတ်ကာလ အချိန်များကို လက်ပြနှုတ်ဆက်ရင်း သင်ခန်းစာများရယူကာ ရောက်ရှိလာမည့်အနာဂတ်ကို မလွဲမသွေလက်ကမ်းကြိုဆိုကြရမှာ ဖြစ်တယ် ။ ကမ္ဘာကြီးတွင် ဆက်သွယ်ရေး နည်းပညာအသစ်များ ၊ စီးပွားရေး အခွင့်အလမ်းများနည်းတူ ပြဿနာများလည်း ယူဆောင်လာတတ်ရာ အတွေးအခေါ်အယူအဆများ ၊ မူဝါဒများဟာ ခေတ်နဲ့ အညီ လိုက်လျောညီထွေ ရှိဖို့ အထူးလိုအပ်ပါတယ် ။ ပြည်သူ့ အစိုးရနည်းတူ အတိုက်အခံပါတီများအနေနဲ့ လည်း တိုင်းပြည်နဲ့ လူထုကို အကျိုးပြုမဲ့ နိုင်ငံရေး ၊စီးပွားရေး ၊နိုင်ငံခြားရေး စတဲ့...

Read more »

အောင်ဒင် – နိုင်ငံတကာ ဖိအားများကို နည်းလမ်းတကျ တုန့်ပြန်ကြဖို့

December 3, 2017
အောင်ဒင် – နိုင်ငံတကာ ဖိအားများကို နည်းလမ်းတကျ တုန့်ပြန်ကြဖို့

အောင်ဒင် – နိုင်ငံတကာ ဖိအားများကို နည်းလမ်းတကျ တုန့်ပြန်ကြဖို့ (ခေတ်ရနံ့မဂ္ဂဇင်း၊ ဒီဇင်ဘာ၊ ၂၀၁၇) မိုးမခ၊ ဒီဇင်ဘာ ၃၊ ၂၀၁၇ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုတွေဟာ ဆက်လက် မြင့်မားနေဆဲဖြစ်ပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရများကတင် ဖိအားပေးနေတာမဟုတ်ပဲ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂနိုင်ငံများမှာ အခြေစိုက်တဲ့ အရပ်ဘက်အဖွဲ့အစည်းများ၊ ကျောင်းသားအဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများ၊ ဘာသာရေးအဖွဲ့အစည်းများကပါ ပြည်သူလူထုအခြေပြု လှုပ်ရှားမှုများ (Grassroots Campaigns) ပြုလုပ်ပြီး မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုတွေ စတင်ပြုလုပ်နေပါပြီ။ ဒီ ဖိအားပေးမှုတွေကို ကျနော်တို့ မြန်မာနိုင်ငံက စနစ်တကျ ရင်ဆိုင်တုန့်ပြန်နိုင်ကြဖို့ ဒီဆောင်းပါးနဲ့ အကြံပြုချင်ပါတယ်။ လက်ရှိ နိုင်ငံတကာဖိအားနှင့် ရှေ့အလားအလာများ ကျနော်တို့ မြန်မာနိုင်ငံမှာက နိုင်ငံတကာသတင်းတွေကို အပြည့်အဝ...

Read more »

ထွန်းအောင်ကျော် – ဒေါ်အောင်ဆန်းစုကြည် အခက်အခဲစိန်ခေါ်မှုများကို ကျော်လွှားနိုင်ပါ့မလား

November 21, 2017
ထွန်းအောင်ကျော် – ဒေါ်အောင်ဆန်းစုကြည် အခက်အခဲစိန်ခေါ်မှုများကို ကျော်လွှားနိုင်ပါ့မလား

ထွန်းအောင်ကျော် – ဒေါ်အောင်ဆန်းစုကြည် အခက်အခဲစိန်ခေါ်မှုများကို ကျော်လွှားနိုင်ပါ့မလား (မိုးမခ) နိုဝင်ဘာ ၂၁၊ ၂၀၁၇ နိုင်ငံခြားတိုင်းပြည်များACကလူမျိုးတုံးသတ်ဖြတ်မှုဟုပြစ်တင်စွပ်စွဲခံနေရမှု နှင့်မိမိတိုင်းပြည်တွင်း ရှိသူများက ဗုဒ္ဓဘာသာကို သစ္စာဖောက်ဖျက်သူအဖြစ် စွပ်စွဲမှုများအကြားတွင် သူမသည်သူမ၏ တိုတောင်းသော အုပ်ချုပ်မှုကာလ အတွင်း ညပ်နေ ခဲ့သည်။ ရွေးကောက်ပွဲအနိုင်ရပြီး ၂နှစ်တာကာလနီးပါးရှိလာခဲ့ချိန်တွင် မြန်မာနိုင်ငံ၏ အာဏာအရှိဆုံး ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်သည် စစ်တပ်နှင့်အမျိုးသားရေးဗုဒ္ဓဝါဒီတို့က တဖက် မူဆလင်ထကြွမှုနှင့် နိုင်ငံတကာဖိအားက တဖက်တို့အကြား တွင်ကြားညှပ်နေခဲ့သည်။ အနောက်တိုင်း ဒီမိုကရေစီနိုင်ငံတို့အနေနှင့် မြန်မာနိုင်ငံကို ဒီမိုကရေစီနိုင်ငံအဖြစ်သို့ ပြောင်းလဲလာခြင်းကိုလိုချင်သလား သို့မဟုတ် စစ်အုပ်ချုပ်ရေး ပြန်လည်ခေါင်းထောင် လာခြင်းကို လိုချင်သလားဆိုသည်ကိုစဉ်းစားကြဖို့ လိုပေသည်။ ရှုပ်ထွေးလှသည့်ရိုဟင်ဂျာပြဿနာကို ဂဃဏန နားလည်မှုမရှိပါက ထိုအချက်သည် စစ်အုပ်ဝါဒဆီသို့ ပြန်လည်သွားသည့် ရွေးချယ်မှုကို ဖိတ်ခေါ်သလိုဖြစ်စေပေလိမ့်မည်။ ဖြည့်စွက်ပြောရလျှင်...

Read more »

အောင်ဒင် – နိုင်ငံတကာဖိအားများနှင့် မြန်မာနိုင်ငံ

November 14, 2017
အောင်ဒင် – နိုင်ငံတကာဖိအားများနှင့် မြန်မာနိုင်ငံ

Malaysia Prime Minister Najib Razak, Myanmar State Counsellor Aung San Suu Kyi, Thailand Prime Minister Prayut Chan-o-cha and Vietnam Prime Minister Nguyen Xuan Phuc join hands during a family photo before the opening session of the 31st Association of Southeast Asian Nations (Asean) Summit in Manila Photo: Aaron Favila/EPA အောင်ဒင် – နိုင်ငံတကာဖိအားများနှင့် မြန်မာနိုင်ငံ (မိုးမခ)...

Read more »

ထွန်းအောင်ကျော် (၇၄ မျိုးဆက်) – ဘူးလက်လှဆွေ ဟောပြောချက်အပေါ် ဝေဖန်သုံးသပ်ချက်

November 10, 2017
ထွန်းအောင်ကျော် (၇၄ မျိုးဆက်) – ဘူးလက်လှဆွေ ဟောပြောချက်အပေါ် ဝေဖန်သုံးသပ်ချက်

ထွန်းအောင်ကျော် (၇၄ မျိုးဆက်) – ဘူးလက်လှဆွေ ဟောပြောချက်အပေါ် ဝေဖန်သုံးသပ်ချက် (မိုးမခ) နိုဝင်ဘာ ၁၀၊ ၂၀၁၇ဆောင်းဦးရာသီ ရောက်လာလို့ ညနေပိုင်း စောင်လေးခြုံပြီး ကွေးနေတုံး တူမောင်ဖြစ်သူ မောင်ထူးတယောက် အိမ်ကို ရောက်လာပါတယ်။ မောင်ထူး။ “ လေးလေး လေးလေး ဘယ်အချိန်ရှိပြီလဲ ညနေအိပ်နေရင် သွေးတိုးနေမှာပေါ့” စာရေးသူ။ ဟကောင်လေးရ။ အေးလို့ ကွေးနေတာ၊ မင်းက ဘာများအရေးကြီးနေလို့လဲ။ ဇိမ်ပျက်တယ်ကွာ။ မောင်ထူး။ ဟာလေးလေးကလဲ အရေးကြီးမှလာရမှာလား။ ဒီနေ့မြို့ထဲမှာ တပ်မတော်ထောက်ခံပွဲ သွားလေ့လာပြီး ပြန်လာတာ လေးလေးက အကြားအမြင်များတော့ ကျနော်သိချင်တာလေးတွေ မေးချင်လို့။ စာရေးသူ။ အံမာ၊ မင်းက နိုင်ငံရေးတွေ ဘာတွေ စိတ်ဝင်စားနေပြီလား။ မင်းအင်္ဂလိပ်စာ တိုဖယ်ဖြေဖို့ လုပ်နေတယ်ဆို အခု...

Read more »

ဇင်လင်း ● အမျိုးသားသွေးစည်းညီညွတ်ရေးခိုင်မာမှ ရခိုင်ပြည်နယ်အရေး စိန်ခေါ်မှုကို ကျော်ဖြတ်နိုင်မည်

November 2, 2017
ဇင်လင်း ● အမျိုးသားသွေးစည်းညီညွတ်ရေးခိုင်မာမှ ရခိုင်ပြည်နယ်အရေး စိန်ခေါ်မှုကို ကျော်ဖြတ်နိုင်မည်

ဇင်လင်း ● အမျိုးသားသွေးစည်းညီညွတ်ရေးခိုင်မာမှ ရခိုင်ပြည်နယ်အရေး စိန်ခေါ်မှုကို ကျော်ဖြတ်နိုင်မည် (မိုးမခ) နိုဝင်ဘာ ၂၊ ၂၀၁၇ လတ်တလော ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ ပြဿနာဟာ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ ကြိုးပမ်းနေတဲ့ မြန်မာနိုင်ငံအတွက် မြွေပူရာ ကင်းမှောင့်လို့ ဆိုရမယ့် အနေအထားပါပဲ။ ရခိုင်ပြည်နယ်မှာ ထပ်မံ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးကြတဲ့ ရိုဟင်ဂျာမူစလင် ဒုက္ခသည် အရေအတွက်ဟာ အခုအခါ ၆ သိန်းကျော်သွားပြီလို့ ကုလသမဂ္ဂက အောက်တိုဘာ ၂၅ ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာမူဆလင်တွေအပေါ် အကြမ်းဖက်မှု အမြန်အဆုံးသတ်ဖို့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေး အထူးကိုယ်စားလှယ် Ms.Yanghee Lee အပါအ၀င် ကုလသမဂ္ဂကျွမ်းကျင်သူ ၇ ဦးက တိုက်တွန်းတဲ့ ကြေညာချက်ကို...

Read more »

ဖြိုးသီဟချို (Myanmar Now) ● မောင်တောပြန်ရန် မဝံ့မရဲဖြစ်နေသော ဟိန္ဒူဘာသာဝင်များ

October 23, 2017
ဖြိုးသီဟချို (Myanmar Now) ● မောင်တောပြန်ရန် မဝံ့မရဲဖြစ်နေသော ဟိန္ဒူဘာသာဝင်များ

ဖြိုးသီဟချို (Myanmar Now) ● မောင်တောပြန်ရန် မဝံ့မရဲဖြစ်နေသော ဟိန္ဒူဘာသာဝင်များ (မိုးမခ) အောက်တိုဘာ ၂၃၊ ၂၀၁၇ မောင်တော (Myanmar Now) — “ဒါဟာ မွတ်စလင်တိုင်းပြည်၊  ဒါဟာ မွတ်စလင်ပြည်နယ်။ ဒါဟာ ရိုဟင်ဂျာပြည်နယ်” စသည့် ကြွေးကြော်သံများ ကြားနေရသည့် အချိန်ထိ မောင်တော (၄)ရပ်ကွက်တွင် နေထိုင်သူ ဟိန္ဒူဘာသာဝင် ကိုရှုဘောင်းမှာ ထိတ်လန့် တုန်လှုပ်မှု မဖြစ်သေးပေ။   မောင်တောဒေသတွင်ရှိကြသည့် ဟိန္ဒူနှင့် မွတ်စလင်တို့မှာ ကိုးကွယ်သည့် ဘာသာကွဲသော်လည်း ရုပ်ဆင်းသွင်ပြင်၊ ပြောဆိုသည့်စကား တူညီကြသဖြင့် ဤသို့ ကြွေးကြော်မှုအတွက် ပြဿနာမရှိနိုင်ဟု သူယူဆသည်။   မောင်တောမြို့ အထက်တန်းကျောင်း အမှတ် ၁ တွင် ဖွင့်လှစ်ထားသော  ဒုက္ခသည်စခန်းအတွင်း...

Read more »

ဇင်လင်း – အနာဂတ် မြန်မာနိုင်ငံ တည်ငြိမ်ရေး နှင့် ရခိုင်အကြမ်းဖက်မှု ပြဿနာ

October 20, 2017
ဇင်လင်း – အနာဂတ် မြန်မာနိုင်ငံ တည်ငြိမ်ရေး နှင့် ရခိုင်အကြမ်းဖက်မှု ပြဿနာ

ဇင်လင်း – အနာဂတ် မြန်မာနိုင်ငံ တည်ငြိမ်ရေး နှင့် ရခိုင်အကြမ်းဖက်မှု ပြဿနာ (မိုးမခ) အောက်တိုဘာ ၂၀၊ ၂၀၁၇ ရခိုင်ပြည်နယ် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်သည် နိုင်ငံတကာသတင်းစာများတွင် ဖေါ်ပြနေသည့် မျှတမှုမရှိသော သတင်းများကြောင့် အခြေအနေ ပိုမိုရှုပ်ထွေးလာနေပေသည်။ အထူးသဖြင့် နာမည်ကြီး သတင်းဌာနကြီးများကပင်လျှင် သတင်းကျင့်ဝတ်ကို ချိုးဖေါက်ကာ ဘက်လိုက်ရေးသားနေကြသဖြင့်လည်း နိုင်ငံတကာ သံတမန်နယ်ပယ်အတွင်းမှာပင် မျက်ကန်းရမ်းဆ ပြောဆိုစွပ်စွဲမှုများ ဖြစ်ပေါ်လျှက်ရှိသည်။ ကုလသမဂ္ဂအစည်းအဝေးများအတွင်း၌လည်း ရခိုင်ကိစ္စကို အကြောင်းပြု၍ မြန်မာနိုင်ငံအား ကန့်ကွက်သူများနှင့် ထောက်ခံကြသူများဟူ၍ အုပ်စုကွဲမှုများ ဖြစ်ပေါ်လျှက်ရှိသည်။ ထို့ကြောင့် လက်ငင်းသံတမန်ရေးရာ ကိစ္စများကို လိမ်မာပါးနပ်စွာ ကိုင်တွယ်ဖြေရှင်းရန် မြန်မာနိုင်ငံ အစိုးရအပေါ် တာဝန် ကျရောက်လျှက်ရှိသည်။ မြန်မာနိုင်ငံအား အထူးကန့်ကွက်ပြောဆိုနေသော နိုင်ငံမှာ ဘင်္ဂလားဒက်ရှ်နိုင်ငံဖြစ်ပြီး၊ ၎င်းအား ကျောထောက်နောက်ခံပေးသည်မှာ Organization...

Read more »

ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ – (၄)

October 12, 2017
ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ – (၄)

ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ – (၄) (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၇ ကြိုတင်ပြင်ဆင်ထားသင့်သည့်ခံစစ်စည်းနဲ့ ရေရှည်ဆွဲထားသင့်သည့် မဟာဗျူဟာစီမံချက် (သို့မဟုတ်)အစိုးရနဲ့တပ်မတော်တို့က ကျောချင်းကပ်ပြီး ဘယ်လိုဖြေရှင်းကြရင်ကောင်းမလဲ ၃၆။ နယ်စပ်ခြံစည်းရိုးခတ်ရာမှာ ဟိန္ဒူအမျိုးသမီးတွေဖမ်းခေါ်ထားတဲ့  အကြမ်းဖက် ARSA အဖွဲ့က ဘယ်လို ကျော်ဖြတ်ခေါ်ထုတ်သွားနိုင်သလဲဆိုတာ စုံစမ်း မေးမြန်းပြီး နောက်တခါ ဒီလိုနည်းနဲ့ကျော်လို့ မရအောင် ခိုင်ခန့်စွာတည်ဆောက်ရပါမည်။ နယ်စပ်ကို လှည့်ကင်းနဲ့ စစ်ဆေးတာမျိုးပုံမှန် လုပ်တာအပြင် အရပ်ဝတ်နဲ့ လှည့်လည်ပြီး မသင်္ကာစရာတွေ့ပါက စက်နဲ့ လှမ်းခေါ်ရင် လုံခြုံရေးအဖွဲ့က ကားနဲ့ချက်ခြင်းရောက်လာတာမျိုး လေ့ကျင့်သင့်ပါတယ်။ ခြံစည်းရိုး တလျှောက် လုံခြုံရေးဆိုင်ရာ လုပ်ပိုင်ခွင့်တခုခု ထုတ်ပြန်နိုင်ဖို့ လွှတ်တော်မှာ ဆွေးနွေးပြီး ညဘက်ချဉ်းကပ်လာမှုကို လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံး...

Read more »

ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ – အပိုင်း(၂)

October 6, 2017
ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ – အပိုင်း(၂)

ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ – အပိုင်း(၂) (မိုးမခ) အောက်တိုဘာ ၆၊ ၂၀၁၇ ပထမလက်မဲနဲ့ဒုတိယလက်မဲ ၁၄။ ဘယ်သူတွေက ဖန်တီးနိုင်သလဲ။ နောက်ကွယ်က ကြိုးကိုင်သူ လက်မဲတွေက ဘယ်သူတွေလဲ၊ စဉ်စားကြည့်လိုက်ရင် ခပ်ရေးရေး ပေါ်ထွက်လာပါတယ်။ နိုင်ငံရေးနဲ့ စစ်ရေးဟန်ချက်ညီဖို့  Strategic Plan ရေးဆွဲနိုင်ဖို့ Strategy Thinking Thought ရှိရမှာ ဖြစ်လို့ ဥာဏ်ပညာထက်မြက်ပြီး ပညာအရည်အချင်းမြှင့်တဲ့ ဒေါက်တာဝါကာအူဒင် သာဖြစ်နိုင်ပြီး ပထမလက်မဲ အဖြစ် သရုပ်ဆောင်ပီသစွာ နိုင်ငံတကာထိုးဖေါက်နိုင်စွမ်း လုပ်ခဲ့သလို လုံခြုံရေးအမြင်ရှိကာ စီမံချက်ချနိုင်သူ၊ စစ်ရေးအရ သမာရိုးကျစစ်ကို မသုံးဘဲ ပျောက်ကျားစစ်ကို ညွှန်ပြနိုင်သူဖြစ်ပါတယ်။ ဒါတွေတတ်မြောက်ဖို့ ဆော်ဒီဗိုလ်ချုပ် အန်နဝါအဆာကီ (ဥက္ကဌ၊ အရှေ့ အလယ်ပိုင်း မဟာဗျူဟာလေ့လာရေးဗဟိုဌာန)က...

Read more »

ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ (၁)

October 4, 2017
ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ (၁)

ဗိုလ်ထက်မင်း – ရခိုင်၊ ဘင်္ဂလီအရေးနဲ့ လက်မဲကြီးများ (၁) (မိုးမခ) အောက်တိုဘာ ၄၊ ၂၀၁၇ ၁။ မြန်မာနိုင်ငံရေးဇာတ်ခုံမှာ လွှမ်းမိုးထားတဲ့ အင်အားစုကြီး (၃) ရပ်ဖြစ်တဲ့ နိုင်ငံရေးပါတီအင်အားစု၊ တပ်မတော်၊နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ နိုင်ငံရေးနယ်ပယ်မှာ တဖွဲ့နဲ့တဖွဲ့ အပြိုင်အဆိုင် အင်အား ပြိုင်ဆိုင်ကြပါတယ်။ တချို့နိုင်ငံရေးဖြစ်စဉ်တွေမှာ အင်အားစုကြီး (၂) ရပ် ပူးပေါင်းသွားကြပြီး ကျန်အင်အားစုကြီး တစ်ရပ်ကို ရင်ဆိုင်ကြသလို တခါတရံကြတော့လည်း နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွါး၊ အမျိုးသားလုံခြုံရေးကိစ္စတွေမှာ မည်သူ့တိုက်တွန်းမှူမှ မပါဘဲ အင်အားစုကြီး (၃) ရပ်စလုံး အလိုလို အံ့သြစွာ ပူးပေါင်းသွားကြတဲ့ သမိုင်းဖြစ်စဉ်တွေလည်းရှိပါတယ်။ အဲဒီလို ပူးပေါင်းသွားတဲ့ ဖြစ်စဉ်တွေထဲမှာ အားအကောင်းဆုံး ဖြစ်စဉ်ကတော့ ဖက်ဆစ်ဂျပန်ကို တော်လှန်တဲ့ သမိုင်းဖြစ်စဉ်ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းဦးစီး...

Read more »

ဇာနီကြီး – မလေးရှားအစိုးရ (၂၀၁၇) နဲ့ မြန်မာကို စွက်ဖက်မှု

October 3, 2017
ဇာနီကြီး – မလေးရှားအစိုးရ (၂၀၁၇) နဲ့ မြန်မာကို စွက်ဖက်မှု

ဇာနီကြီး – မလေးရှားအစိုးရ (၂၀၁၇) နဲ့ မြန်မာကို စွက်ဖက်မှု (မိုးမခ) အောက်တိုဘာ ၃၊ ၂၀၁၇ ရခိုင်-ဘင်္ဂလား အရေးအခင်းမှာ မြန်မာဘက်က တရုပ်၊ အိန္နိယ၊ ရုရှား တို့ရပ်တည်ပေးပြီး၊ ဘင်္ဂလားဒေ့ခ်ျဘက်က အာရပ် ၅၇နိုင်ငံနဲ့ အာရပ်ရင်းနှီးမြှတ်နှံမှုကို မှီခိုရတဲ့ အင်္ဂလိပ်၊ ပြင်သစ်တို့ဖြစ်ပါတယ်။ အရှေ့တောင်အာရှ အာဆီယံနိုင်ငံများမှာတော့ မွတ်ဆလင်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားက ဘာမှမပြောဘူး။ စင်ကာပူကတော့ အကြမ်းဖက်သမားများ ထောင်ချောက်မရောက်ဖို့ သတိပေးတယ်။ အာဆီယံမှာ မြန်မာအစိုးရကို ပြင်းထန်စွာသတိပေးတဲ့ ၀န်ကြီးချုပ် နာဂျစ် နဲ့ မလေးရှားအစိုးရ အကြောင်း Aljazeera အာရပ်သတင်းဌာန ဆောင်းပါးကိုးကား ရေးလိုက်ပါတယ်။ ဒီဆောင်းပါးကတော့ အမေရိကန်အစိုးရက မလေးရှားပြည်သူပိုင်ငွေကို ပြန်ပေးဖို့ တောင်းဆိုချက်အကြောင်းဖြစ်ပါတယ်။ ၂၀၀၉ ခုနှစ်ကတည်းက မလေးရှားဝန်ကြီးချုပ်...

Read more »

အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအကြောင်း အမျိုးသမီး ၃ ဦး ဖွင့်ပြော

September 29, 2017
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအကြောင်း အမျိုးသမီး ၃ ဦး ဖွင့်ပြော

 မောင်တောဒေသခံတို့ကို ဖမ်းဆီးသတ်ဖြတ်သူတို့မှာ မျက်နှာဖုံးစွပ် ရိုဟင်ဂျာများဖြစ်ကြောင်း Reuters သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည် ပုံစာ – မောင်တောမြို့နယ်တွင် အစုလိုက်အပြုံလိုက်တူးဖော်ရရှိသည့် ရုပ်အလောင်းများကို စက်တင်ဘာ ၂၇ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံများ – ဖြိုးသီဟချို/Myanmar Now)   အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအကြောင်း အမျိုးသမီး ၃ ဦး ဖွင့်ပြော Myanmar Now၊ (မိုးမခ) စက်တင်ဘာ ၂၉ ၊ ၂၀၁၇ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ် မြှုပ်နှံမှုများမှာ ရိုဟင်ဂျာ အကြမ်းဖက်သမားတို့၏ လက်ချက်ဖြစ်သည်ဟု  ကိုယ်တွေ့ကြုံခဲ့ရသော အမျိုးသမီးများက ပြောဆိုကြောင်း Reuters  သတင်းဌာနက စက်တင်ဘာ ၂၈ ရက်နေ့တွင် ရေးသားလိုက်သည်။ ဘင်္ဂလားဒေ့ရှ်တွင် ခိုလှုံနေသော ထိုအမျိုးသမီးတို့ကို သြဂုတ်လကုန်ပိုင်းက မေးမြန်းရာ ၎င်းတို့၏...

Read more »

စိန်ဝင်း ● မြန်မာ့ပုံရိပ် ကမ္ဘာ့မီဒီယာမှာ ဘယ်လိုပြောင်းမလဲ

September 7, 2017
စိန်ဝင်း ●  မြန်မာ့ပုံရိပ် ကမ္ဘာ့မီဒီယာမှာ ဘယ်လိုပြောင်းမလဲ

စိန်ဝင်း ●  မြန်မာ့ပုံရိပ် ကမ္ဘာ့မီဒီယာမှာ ဘယ်လိုပြောင်းမလဲ (မိုးမခ) စက်တင်ဘာ ၇၊ ၂၀၁၇ ဘူးသီးတောင် မောင်တော ပဋိပက္ခနဲ့ပတ်သက်ပြီး သီတဂူဆရာတော်ကြီးရဲ့ တရားပွဲတခုမှာ ဟောပြောထားတဲ့ ဗီဒီယိုအတိုလေးကို ကြည့်လိုက်မိတော့ မြန်မာတွေအကြား ယုံမှားမှုတွေ ဘယ်လောက်တောင် အမြစ်တွယ်နေတယ်ဆိုတာ သိလိုက်ရတယ်။ ဒီအရေးအခင်းနဲ့ပတ်သက်ပြီး နိုင်ငံတကာသတင်းဌာနတွေရဲ့ သတင်းတင်ဆက်ပုံကို နာကြည်းခံစားချက်တွေ ဖြစ်နေတာကို နားလည်လို့ရပါတယ်။  ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာ သတင်းတွေမှာ ပျောက်ဆုံးနေတဲ့အချက်တွေရှိနေတာမို့ပါ။  အဲဒီအကျိုးဆက်က နိုင်ငံတကာသတင်းမီဒီယာတွေ ဘက်လိုက်တယ်၊ မတရားဘူးဆိုတာမြင်ယုံတင်မကဘဲ တချို့က ကုလားတွေ ၀ယ်ထားတာဆိုတဲ့ အပြောတွေပါတွေ့ရတာပါ။  သာမန်လူတွေ ပြောတာက လျစ်လျူရှုလိုက်လို့ ရပေမယ့် ဆရာတော်က “ဘီဘီစီကို မူဆလင်က ၀ယ်ထားတယ်” လို့ဆိုတဲ့အခါ ကိုယ်နဲ့လည်း မဆိုင်ပေမယ့် ဒီစာကို ရေးဖြစ်ပါတော့တယ်။  ဆရာတော်ထင်တာ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်