Posts Tagged ‘ လက်ပံတောင်းတောင် ’

ပြည်တွင်းပြည်ပအလှူရှင်များကို ရွှေည၀ါဆရာတော်က အသိအမှတ်ပြုစကားပြောကြား

January 12, 2013
ပြည်တွင်းပြည်ပအလှူရှင်များကို ရွှေည၀ါဆရာတော်က အသိအမှတ်ပြုစကားပြောကြား

ပြည်တွင်းပြည်ပအလှူရှင်များကို ရွှေည၀ါဆရာတော်က အသိအမှတ်ပြုစကားပြောကြား မိုးမခအထောက်တော် ၀၀၂၊ ဇန်န၀ါရီ ၁၂၊ ၂၀၁၃ လက်ပံတောင်းတောင်အကြမ်းဖက်နှိမ်နင်းမှုကြောင့် မီးလောင်ဒဏ်ရာရရှိသူ ရဟန်းသံဃာတော်များ ဆေးကုသနိုင်ရေး တယောက်တလက်ဝိုင်းဝန်းလှူဒါန်းကြသော ပြည်တွင်း ပြည်ပရှိ မြန်မာမိသားစုများ၊ အလှူရှင်များကို အသိအမှတ်ပြုကြောင်း၊ သာဓုအနုမော် ခေါ်ကြောင်း ရွှေည၀ါဆရာတော်က မိန့်ကြားလိုက်သည်။ ဇန်န၀ါရီလဆန်းပိုင်းက ထိုင်းနိုင်ငံအတွင်း တရားအလှူများပြုလုပ်ပြီး န၀ါကမ္မလက်ခံရရှိသည်တို့ကို လက်ပံတောင်းတောင် မီးလောင်သံဃာတော်များအတွက် ဆေးကုသစရိတ်အဖြစ် အလှူပြုလုပ်ခဲ့ပြီး မှော်ဘီရှိ ရွှေည၀ါတောရကျောင်းတိုက်သို့ ပြန်လည်ရောက်ရှိခဲ့သည့် ရွှေည၀ါဆရာတော် ဦးပညာသီဟက အမေရိကန်ပြည်ထောင်စု၊ ကနေဒါပြည်တို့က ဆရာတော်များ၊ မြန်မာမိသားစုများ စုဆောင်းလှူဒါန်းကြသော ဆေးကုသရေးအလှူငွေများကို ဇန်န၀ါရီ ၉  ရက်က ရန်ကုန်ဆေးရုံကြီးရှိ မီးလောင်သံဃာတော်များထံ ကိုယ်တိုင်သွားရောက် လှူဒါန်းခဲ့သည်။ ဆရာတော်နှင့်အတူ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုမင်းဇေယျာလည်း အတူလိုက်ပါပြီး ၎င်းတို့မှတဆင့် လှူဒါန်းငွေများကို...

Read more »

SF Burmese Community အလှူရှင် ၆၇ ဦးမှ အလှူငွေ ဒေါ်လာ ၄ထောင်၊ လက်ပံတောင်း ရဟန်းရှင်လူအတွက် လှူမည်

December 24, 2012
SF Burmese Community အလှူရှင် ၆၇ ဦးမှ အလှူငွေ ဒေါ်လာ ၄ထောင်၊ လက်ပံတောင်း ရဟန်းရှင်လူအတွက် လှူမည်

SF Burmese Community အလှူရှင် ၆၇ ဦးမှ အလှူငွေ ဒေါ်လာ ၄ထောင်၊ လက်ပံတောင်း ရဟန်းရှင်လူအတွက် လှူမည် မိုးမခ၊ ဒီဇင်ဘာ ၂၄၊ ၂၀၁၂ လက်ပံတောင်းတောင်အရေးတွင် ထိခိုက်ဒဏ်ရာရသူ ရဟန်းရှင်လူတို့အား ကျန်းမာရေးကူညီမှု အထောက်အကူဖြစ်စေရေး ဆန်ဖရန်ဘေးဧရိယာ မြန်မာမိသားစုများ၏ အများစုပေါင်းအလှူအဖြစ် ကောက်ခံရရှိသော အလှူငွေကို ရန်ကုန်မြို့ရှိ နာရေးကူညီမှုအသင်း (ရန်ကုန်)မှတဆင့် ပေးအပ် လှူဒါန်းမည်ဖြစ်သည်။ ရက်သတ္တပတိ ၂ ပတ်အကြာ အလှူရှင် ၆၇ ဦးထံက အများစုပေါင်းအလှူငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၀၀၀ ကောက်ယူနိုင်ခဲ့သည်ဟု သိရသည်။ လက်ရှိတွင် လက်ပံတောင်းတောင် ထိခိုက်ဒဏ်ရာရ ရဟန်းသံဃာများကို မန္တလေး၊ မုံရွာမြို့က သံဃာတော်များ၊ ပြည်သူလူထုက ၀ိုင်းဝန်းကူညီစောင့်ရှောက်မှုပေးခြင်း၊ ပြည်တွင်း ပြည်ပရှိ...

Read more »

လက်ပံတောင်းတောင် ထိခိုက်ဒဏ်ရာရ ရဟန်းရှင်လူများအတွက် ရွှေည၀ါဆရာတော် ဆက်လက်နှိုးဆော်

December 24, 2012
လက်ပံတောင်းတောင် ထိခိုက်ဒဏ်ရာရ ရဟန်းရှင်လူများအတွက် ရွှေည၀ါဆရာတော် ဆက်လက်နှိုးဆော်

  လက်ပံတောင်းတောင် ထိခိုက်ဒဏ်ရာရ ရဟန်းရှင်လူများအတွက် ရွှေည၀ါဆရာတော် ဆက်လက်နှိုးဆော် မိုးမခအထောက်တော် ၀၀၂၊ ဒီဇင်ဘာ ၂၄၊ ၂၀၁၂ အစိုးရက နိုဝင်ဘာ ၂၉ ၊ လက်ပံတောင်းတောင် သပိတ်စခန်းကို အကြမ်းဖက်ဖြိုခွဲရာမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ သံဃာတော်များကို တိုက်ရိုက်ဝန်ချတောင်းပန်ခဲ့ခြင်းကြောင့် အဆိုပါအကြမ်းဖက်မှုတွင် အစိုးရမှာ တာဝန်ရှိကြောင်း ၀န်ခံပြီးဖြစ်သည့်အတွက် ထိုအကြမ်းဖက်မှုများတွင် ထိခိုက်ဒဏ်ရာရသူ ရဟန်းရှင်လူများ လုံးဝ သက်သာပျောက်ကင်းအောင်အထိ အပြည့်အ၀ တာဝန်ယူ ကုသမှု၊ ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ပေးရန် လက်ရှိတွင်ပင် အရေးတကြီး လိုအပ်နေသည်ဟု ရွှေည၀ါဆရာတော်က မိုးမခသို့ မိန့်ကြားသည်။ ထိုအရေးအခင်းနှင့် ပတ်သက်ပြီး မြန်မာပြည်အနှံ့ ဆန္ဒထုတ်ဖော်သူများကို ဖမ်းဆီးခြင်း၊ ကန့်သတ်ခြင်း၊ တရားစွဲဆိုခြင်းများ ပြုလုပ်နေခြင်းတို့ကို ရပ်ဆိုင်းသင့်ပြီး၊ ကိုယ်ထိလက်ရောက် အကြမ်းဖက်မှု ကျူးလွန်သော၊ အမိန့်ပေးစေခိုင်းသော...

Read more »

လက်ပံတောင်းတောင်၊ ကြေးနီစီမံကိန်းနှင့် ဒေသခံမြန်မာတို့ နောက်ခံဖြစ်ရပ်များ

December 20, 2012
လက်ပံတောင်းတောင်၊ ကြေးနီစီမံကိန်းနှင့် ဒေသခံမြန်မာတို့ နောက်ခံဖြစ်ရပ်များ

လက်ပံတောင်းတောင်၊ ကြေးနီစီမံကိန်းနှင့် ဒေသခံမြန်မာတို့ နောက်ခံဖြစ်ရပ်များ Motion DVD Magazine Vol 1 က ရုပ်သံဆောင်းပါး ကောက်နုတ်ချက် SF Burmese Community Organizers & Friends က ထပ်ဆင့်မျှဝေသည် မိုးမခရုပ်သံ၊ ဒီဇင်ဘာ ၂၀၊ ၂၀၁၂ နိုဝင်ဘာ ၂၉ ၊ ၂၀၁၂ မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကန့်ကွက်သပိတ်စခန်းကို အစိုးရက အကြမ်းဖက်ဖြိုခွဲလို့ ရဟန်း ရှင်လူများ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ယခုထက်ထိ လက်ပံတောင်းတောင် အကြမ်းဖက်မှုကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး၊ သမ္မတရုံးဝန်ကြီးက နိုင်ငံတော်ကိုယ်စား သံဃာတော်များကို တိုက်ရိုက်တောင်းပန်ခဲ့ပါတယ်။ စာဖတ်သူများအနေနဲ့ ဦးပိုင်ရဲ့ ၀က်မှေး ၀မ်ပေါင် ကြေးနီစီမံကိန်းနဲ့ ဒေသခံမြန်မာတို့ရဲ့ အရင်းခံ မကြေလည်မှုများ၊ ပဋိပက္ခများကို...

Read more »

ကြံ့ဖွံ့အစိုးရက လက်ပံတောင်းတောင်သံဃာတွေကို တိုက်ရိုက်တောင်းပန်ဟု ဆို

December 16, 2012
ကြံ့ဖွံ့အစိုးရက လက်ပံတောင်းတောင်သံဃာတွေကို တိုက်ရိုက်တောင်းပန်ဟု ဆို

ကြံ့ဖွံ့အစိုးရက လက်ပံတောင်းတောင်သံဃာတွေကို တိုက်ရိုက်တောင်းပန်ဟု ဆို  (ဓာတ်ပုံ မောင်ဘဦး၊ မန္တလေး၊ ဖေ့စ်ဘွတ်က တဆင့်ယူပါတယ်) ဒီဇင်ဘာ ၁၅၊ ၂၀၁၂။ လက်ပံတောင်းတောင်သပိတ်စခန်းဖြိုခွဲမှုတွင် မီးလောင်ဒဏ်ရာရရှိခဲ့သော ရဟန်း သံဃာတော်များနှင့် သာမဏေများကို ပြည်ထောင်စုအစိုးရ(ကိုယ်စား) သမ္မတရုံး ၀န်ကြီးဦလှထွန်းနှင့်အစိုးရအဖွဲ့က တောင်းပန်သည့်ပွဲကို ဒီဇင်ဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၅၅ မိနစ်က မန္တလေးမြို့၊ မန္တလေးတောင်ခြေရှိ မဟာအတုလဝေယံ (အတုမရှိ) ကျောင်းတွင် ကျင်းပပြုလုပ်ရာ တောင်းပန်မှုကို သံဃာတော်များက လက်ခံတော်မူသည်။ အခမ်းအနားတွင် ပြည်ထောင်စုအစိုးရ (ကိုယ်စား) သမ္မတရုံးဝန်ကြီး ဦလှထွန်း၊ မြန်မာနိုင်ငံရဲချုပ် ကျော်ကျော်ထွန်း၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာဖေသက်ခင်၊ မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးရဲမြင့်၊ စစ်ကိုင်းတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးသာအေး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့လူမှုရေးရာဝန်ကြီးဒေါက်တာဝင်းလှိုင်နှင့် အစိုးရအဖွဲ့ဝင်များ၊...

Read more »

လက်ပံတောင်းအကြမ်းဖက်မှုက ဒဏ်ရာပြင်းထန်သူ အရှင်ဦးတိက္ခဥာဏ ဘန်ကောက်သို့ ပင့်

December 12, 2012
လက်ပံတောင်းအကြမ်းဖက်မှုက ဒဏ်ရာပြင်းထန်သူ အရှင်ဦးတိက္ခဥာဏ ဘန်ကောက်သို့ ပင့်

လက်ပံတောင်းအကြမ်းဖက်မှုက ဒဏ်ရာပြင်းထန်သူ အရှင်ဦးတိက္ခဥာဏ ဘန်ကောက်သို့ ပင့် မိုးမခအထောက်တော် ၀၀၃၊ ဒီဇင်ဘာ ၁၂၊ ၂၀၁၂ နိုဝင်ဘာ ၂၉ ၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ကန့်ကွက်ဆန္ဒပြသည့် သပိတ်စခန်းကို အစိုးရက အကြမ်းဖက်ဖြိုခွဲခဲ့ရာတွင် ပြင်းထန်စွာ ဒဏ်ရာရရှိသော သံဃာတော်တပါးဖြစ်သည့် အရှင်ဦးတိက္ခဥာဏ (သက်တော် ၆၀ ခန့်) အား ထိုင်းနိုင်ငံ၊ ဘန်ကောက်ရှိ ဆေးရုံကြီးတွင် ဆေးကုသရန် ဒီဇင်ဘာ ၁၃ ရက်တွင် ပင့်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။ သံဃာတော်နှင့်အတူ မိသားစုဝင်အချို့နှင့် မြန်မာပြည်မှ ဆရာဝန်ကြီးတဦးလည်း ပါဝင်မည်ဟု ဆိုသည်။ အရှင်ဦးတိက္ခဥာဏ မှာ အငြင်းပွားနေသော ကြေးနီစီမံကိန်းနယ်မြေတွင်းက လယ်တီဆရာတော်ကြီး၏ ကျောင်းတော်မှာ သီတင်းသုံးနေထိုင်သော သံဃာတော်တပါးဖြစ်သည်ဟု သိရသည်။ ဆရာတော်၏ မိသားစုဝင်များက နိုင်ငံကူးလက်မှတ်ရအောင်...

Read more »

လက်ပံတောင်းတောင် သံဃာတော်များ ကျန်းမာရေးစောင့်ရှောက်မှုအလှူ – ရွှေည၀ါဆရာတော် တရားပွဲကျင်းပမည်

December 11, 2012
လက်ပံတောင်းတောင် သံဃာတော်များ ကျန်းမာရေးစောင့်ရှောက်မှုအလှူ – ရွှေည၀ါဆရာတော် တရားပွဲကျင်းပမည်

လက်ပံတောင်းတောင် သံဃာတော်များ ကျန်းမာရေးစောင့်ရှောက်မှုအလှူ – ရွှေည၀ါဆရာတော် တရားပွဲကျင်းပမည် မိုးမခဓာတ်ပုံသတင်း၊ ဒီဇင်ဘာ ၁၁၊ ၂၀၁၂ လာမည့် ဒီဇင်ဘာ ၁၆၊ တနင်္ဂနွေနေ့၊ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၊ စေတနာ နာရေးကူညီမှုအသင်း၏ စီစဉ်မှုဖြင့်၊ ၀ပ်ဆိုင်းမွန်း မြန်မာဘုန်းတော်ကြီးကျောင်းတွင် ညနေ ၇ နာရီ ခွဲမှ ၉ နာရီ ခွဲအထိ မြန်မာပြည်က ရွှေည၀ါဆရာတော် တရားဟောမည်ဖြစ်ကြောင်း၊ လက်ပံတောင်းတောင် ဆန္ဒပြပွဲအရေးအခင်းတွင် ထိခိုက်ဒဏ်ရာရသူ ရဟန်းသံဃာတော်များ ဆေးဝါးကုသရန် ရည်ရွယ်ဟောပြောမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်ကို တွေ့ရသည်။ Tags: လက်ပံတောင်းတောင် Related posts ကြံ့ဖွံ့အစိုးရက လက်ပံတောင်းတောင်သံဃာတွေကို တိုက်ရိုက်တောင်းပန်ဟု ဆို (0) ပြည်တွင်းပြည်ပအလှူရှင်များကို ရွှေည၀ါဆရာတော်က အသိအမှတ်ပြုစကားပြောကြား (0) သလ္လာဝတီတိုင်းသတင်းစာမျက်နှာနဲ့...

Read more »

ဂဠုန်နီဆရာတော်၏ လက်ပံတောင်းတောင် အရေး အပေါ် သဘောထား

December 10, 2012
ဂဠုန်နီဆရာတော်၏ လက်ပံတောင်းတောင် အရေး အပေါ် သဘောထား

ဂဠုန်နီဆရာတော်၏ လက်ပံတောင်းတောင် အရေး အပေါ် သဘောထား မိုးမခ ရုပ်သံ၊ ဒီဇင်ဘာ ၁၀၊ ၂၀၁၂ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအကြမးဖက်ဖြိုခွဲမှုနှင့်ပက်သက်ပြီး မန္တလေးမြို့၊မဟာဓမ္မိကာရာမကျောင်းတိုက်၊ငွေငါးကျောင်း၊  ဂဠုန်နီဆရာတော် ဦးကာဝိယ၏ သဘောထားအမြင် အရှင်ပညာနန္ဒ (ပြည်ပရောက်မြန်မာရဟန်းတော်များအဖွဲ့၊ နယူးယောက်) မှ တဆင့် ရယူသည်။ > Tags: လက်ပံတောင်းတောင် Related posts ကြံ့ဖွံ့အစိုးရက လက်ပံတောင်းတောင်သံဃာတွေကို တိုက်ရိုက်တောင်းပန်ဟု ဆို (0) ပြည်တွင်းပြည်ပအလှူရှင်များကို ရွှေည၀ါဆရာတော်က အသိအမှတ်ပြုစကားပြောကြား (0) သလ္လာဝတီတိုင်းသတင်းစာမျက်နှာနဲ့ ဖေ့စ်ဘွတ်တွေကပြောတဲ့ လက်ပံတောင်းတောင် အကြမ်းဖက်မှုအပြီး မြင်ကွင်း (1) လွန်ခဲ့တဲ့ ၅ နှစ်က ဒေါ်မာမာအေးရဲ့ ရွှေဝါရောင်အရေးတော်ပုံ သီချင်း ခေတ်မီနေဆဲ (1) လက်ပံတောင်းတောင်အကြမ်းဖက်မှုက ထိခိုက်ဒဏ်ရာရသူ ရဟန်းရှင်လူများ ပြောကြားချက် (2)

Read more »

လက်ပံတောင်းတောင်အကြမ်းဖက်မှုက ထိခိုက်ဒဏ်ရာရသူ ရဟန်းရှင်လူများ ပြောကြားချက်

December 9, 2012
လက်ပံတောင်းတောင်အကြမ်းဖက်မှုက ထိခိုက်ဒဏ်ရာရသူ ရဟန်းရှင်လူများ ပြောကြားချက်

လက်ပံတောင်းတောင်အကြမ်းဖက်မှုက ထိခိုက်ဒဏ်ရာရသူ ရဟန်းရှင်လူများ ပြောကြားချက် မိုးမခရုပ်သံ၊ ဒီဇင်ဘာ ၉ ၊ ၂၀၁၂ လက်ခံရရှိတဲ့ ရုပ်သံမှတ်တမ်းကို တင်ဆက်လိုက်ပါတယ်။ ကြာမြင့်ချိန် ၃၇ မိနစ်၊ http://www.youtube.com/watch?v=0HltgSRbh8M&feature=youtu.be Tags: လက်ပံတောင်းတောင် Related posts ကြံ့ဖွံ့အစိုးရက လက်ပံတောင်းတောင်သံဃာတွေကို တိုက်ရိုက်တောင်းပန်ဟု ဆို (0) ပြည်တွင်းပြည်ပအလှူရှင်များကို ရွှေည၀ါဆရာတော်က အသိအမှတ်ပြုစကားပြောကြား (0) သလ္လာဝတီတိုင်းသတင်းစာမျက်နှာနဲ့ ဖေ့စ်ဘွတ်တွေကပြောတဲ့ လက်ပံတောင်းတောင် အကြမ်းဖက်မှုအပြီး မြင်ကွင်း (1) လွန်ခဲ့တဲ့ ၅ နှစ်က ဒေါ်မာမာအေးရဲ့ ရွှေဝါရောင်အရေးတော်ပုံ သီချင်း ခေတ်မီနေဆဲ (1) လက်ပံတောင်းတောင်စီမံကိန်းရပ်တန့်ရေး သပိတ်စခန်းများ အစိုးရအကြမ်းဖက်ဖြိုခွဲပြီ (20)

Read more »

ဒီဇင်ဘာ ၈ နယူးယောက်မြန်မာဒီမိုကရေစီ အင်အားစုများ ဆန္ဒပြပွဲ သဘောထားထုတ်ပြန်

December 8, 2012
ဒီဇင်ဘာ ၈ နယူးယောက်မြန်မာဒီမိုကရေစီ အင်အားစုများ ဆန္ဒပြပွဲ သဘောထားထုတ်ပြန်

ဒီဇင်ဘာ ၈ နယူးယောက်မြန်မာဒီမိုကရေစီ အင်အားစုများ ဆန္ဒပြပွဲ သဘောထားထုတ်ပြန် လက်ပံတောင်းတောင်အရေး၊ အမေရိကန်ရောက် မြန်မာ့အရေးလှုပ်ရှားသူများ တစုတစည်းတည်းရှိ မိုးမခအထောက်တော် ၀၀၂၊ ဒီဇင်ဘာ ၈၊ ၂၀၁၂ (photo – Letpadaung Protest before Regime’s crackdown)              လာမည့် ဒီဇင်ဘာ ၈ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုအရှေ့ခြမ်း မြို့နယ်ကြီး ၂ ခုဖြစ်သော ၀ါရှင်တန်မက်ထရို နှင့် နယူးယောက်မြို့တော်ရှိ မြန်မာ့ဒီမိုကရေစီအင်အားစုများက မြန်မာအစိုးရ သံရုံးများရှေ့တွင် လက်ပံတောင်းတောင်အရေး ကန့်ကွက်ဆန္ဒပြမှုများ တပြိုင်နက်တည်း ပြုလုပ်ကြမည်ကို တွေ့ရှိရသည်။ နယူးယောက်မြို့တော် မြန်မာအရေးလှုပ်ရှားသူများက ၀ါရှင်တန်မက်ထရို မြန်မာမိသားစုများ၊ ဆန်ဖရန်ဘေးဧရိယာ မြန်မာမိသားစုများနှင့် ထပ်တူ...

Read more »

ဝါရှင်တန်ဒီစီ မက်ထရို မြန်မာကွန်မြူနီတီ လက်ပံတောင်းတောင်အရေး ဆန္ဒပြမည်

December 8, 2012
ဝါရှင်တန်ဒီစီ မက်ထရို မြန်မာကွန်မြူနီတီ လက်ပံတောင်းတောင်အရေး ဆန္ဒပြမည်

ဝါရှင်တန်ဒီစီ မက်ထရို မြန်မာကွန်မြူနီတီ လက်ပံတောင်းတောင်အရေး ဆန္ဒပြမည် မိုးမခရွာဆော်ကြီး၊ ဒီဇင်ဘာ ၇၊ ၂၀၁၂ “လူ့အခွင့်အရေး အကြမ်းဖက်မှုအား ပြင်းပြင်းထန်ထန် ရှုတ်ချကြစို့” ဟု ကြွေးကြော်သံဖြင့် အောက်ပါအတိုင်း ဖိတ်ခေါ်ထားသည်ကို တွေ့ရှိရသည်။ ဆန်ဖရန်စစ္စကို ဘေးဧရိယာ မြန်မာ့အရေးလှုပ်ရှားသူများ နှင့် နယူးယောက် မြန်မာ့အရေးလှုပ်ရှားသူများကလည်း ၀ါရှင်တန်ဒီစီ မက်ထရို မြန်မာမိသားစုများ၏ ရပ်တည်ချက်ကို ထောက်ခံကြောင်း၊ အတူတကွ သဘောထားပါကြောင်း အကြောင်းကြားအပ်ပါသည်။ (Photo –ဒီဇင်ဘာ (၆)ရက်၊ ယနေ့ နေ့လည် (၁)နာရီက မန္တလေးမြို့ အိမ်တော်ရာစေတီတွင် အထက်မြန်မာပြည်သံဃာတော်များဦးဆောင်၍ လက်ပန်းတောင်းအရေးနှင့်ပတ်သက်ပြီး တောင်းဆိုချက် (၅)ချက်တောင်းဆိုကာ ထိုင်သပိတ်စတင်ခဲ့ကြောင်း ) “အမေရိကန်ပြည်ထောင်စု ပြည်နယ်မြို့ အသီးသီးမှ မြန်မာပြည်ဖွား တိုင်းရင်းသားများ...

Read more »

လွန်ခဲ့တဲ့ ၅ နှစ်က ဒေါ်မာမာအေးရဲ့ ရွှေဝါရောင်အရေးတော်ပုံ သီချင်း ခေတ်မီနေဆဲ

December 6, 2012
လွန်ခဲ့တဲ့ ၅ နှစ်က ဒေါ်မာမာအေးရဲ့ ရွှေဝါရောင်အရေးတော်ပုံ သီချင်း  ခေတ်မီနေဆဲ

လွန်ခဲ့တဲ့ ၅ နှစ်က ဒေါ်မာမာအေးရဲ့ ရွှေဝါရောင်အရေးတော်ပုံ သီချင်း ခေတ်မီနေဆဲ မိုးမခ ပြန်လည်ဆန်းသစ်၊ ဒီဇင်ဘာ ၅၊ ၂၀၁၂ ၂၀၀၇ စက်တင်ဘာ မြန်မာတပြည်လုံးက ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေရဲ့ ဒီမိုကရေစီအရေးတောင်းဆိုတဲ့ ရွှေဝါရောင်တော်လှန်ရေးမှာ အာဏာရှင်စစ်အစိုးရက သံဃာတော်တွေကို ရက်ရက်စက်စက် နှိမ်နှင်း ဖြိုခွဲခဲ့တယ်။ အဲသည်တုန်းက ဂီတအနုပညာရှင် မာမာအေးက အသဲနာ ကမ္ဘာမကြေဆိုတဲ့ ခေါင်းစဉ်ပေးပြီး ရွှေဝါရောင်သံဃာတော်တွေကို ဂုဏ်ပြုကြည်ညိုတဲ့ သီချင်းနဲ့ ပူဇော်ခဲ့တယ်။ အခု အဲသည်သီချင်းရုပ်သံကို မိုးမခက ပြန်လည်တင်ဆက်လိုက်ပါတယ်။ လက်ရှိအစိုးရနဲ့ ဟိုတုန်းက စစ်အစိုးရ ဘာကွာခြားသလဲ။ ပြန်တွေးကြည့်ရအောင်။ Tags: လက်ပံတောင်းတောင် Related posts ကြံ့ဖွံ့အစိုးရက လက်ပံတောင်းတောင်သံဃာတွေကို တိုက်ရိုက်တောင်းပန်ဟု ဆို (0) ပြည်တွင်းပြည်ပအလှူရှင်များကို ရွှေည၀ါဆရာတော်က အသိအမှတ်ပြုစကားပြောကြား...

Read more »

လက်ပံတောင်းတောင် အရေးအခင်းအပေါ် ဆန်ဖရန်စစ္စကိုဘေးဧရိယာ မြန်မာ့အရေးလှုပ်ရှားသူများ၏ သဘောထား ကြေညာ

December 3, 2012
လက်ပံတောင်းတောင် အရေးအခင်းအပေါ် ဆန်ဖရန်စစ္စကိုဘေးဧရိယာ မြန်မာ့အရေးလှုပ်ရှားသူများ၏ သဘောထား ကြေညာ

လက်ပံတောင်းတောင် အရေးအခင်းအပေါ် ဆန်ဖရန်စစ္စကိုဘေးဧရိယာ မြန်မာ့အရေးလှုပ်ရှားသူများ၏ သဘောထား ကြေညာချက်။ နေ့စွဲ ဒီဇင်ဘာ ၂၊ ၂၀၁၂။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ရှိ ကာကွယ်ရေးဝန်ကြီးဌာနနှင့် တရုတ်ကုမ္မဏီတို့၏ ဖက်စပ် ကြေးနီစီမံကိန်းကို ဒေသခံပြည်သူများနှင့် ရဟန်းသံဃာများ၊ ကျောင်းသား လူငယ်များက ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြနေသည့် သပိတ်စခန်းများကို နိုဝင်ဘာ ၂၉ ၊ ၂၀၁၂ နံနက်တွင် ကြံ့ဖွှံ့အစိုးရ၏ လက်နက်ကိုင်တပ်ဖွဲ့များက အကြမ်းဖက်တိုက်ခိုက်ခြင်း၊ မီးလောင်တိုက်သွင်းပြီး ဖြိုခွဲဖျက်စီးခဲ့သည်။ ထိုကဲ့သို့သော အစိုးရ၏ အစွန်းရောက်အကြမ်းဖက်မှုကြောင့် ရဟန်းသံဃာနှင့် ပြည်သူ ၁၀၀ နီးပါး မီးလောင်ဒဏ်ရာများ ရရှိခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ဖမ်းဆီးခံရခြင်း၊ ထွက်ပြေးတိမ်းရှောင်နေရခြင်းတို့ ဖြစ်ပွားခဲ့သည်။ ထိုသို့ မြန်မာအစိုးရနှင့် ၎င်းလက်နက်ကိုင်တပ်ဖွဲ့များ၏ လုပ်ရပ်ကို ဆန်ဖရန်ဘေးဧရိယာ မြန်မာအရေးလှုပ်ရှားသူများက ပြင်းထန်စွာ...

Read more »

သလ္လာဝတီတိုင်းသတင်းစာမျက်နှာနဲ့ ဖေ့စ်ဘွတ်တွေကပြောတဲ့ လက်ပံတောင်းတောင် အကြမ်းဖက်မှုအပြီး မြင်ကွင်း

December 2, 2012
သလ္လာဝတီတိုင်းသတင်းစာမျက်နှာနဲ့ ဖေ့စ်ဘွတ်တွေကပြောတဲ့ လက်ပံတောင်းတောင် အကြမ်းဖက်မှုအပြီး မြင်ကွင်း

သလ္လာဝတီတိုင်းသတင်းစာမျက်နှာနဲ့ ဖေ့စ်ဘွတ်တွေကပြောတဲ့ လက်ပံတောင်းတောင် အကြမ်းဖက်မှုအပြီး မြင်ကွင်း ဓာတ်ပုံသတင်းကောက်နုတ်ချက်၊ ဒီဇင်ဘာ ၂၊ ၂၀၁၂  (၂၀၁၂ ဒီဇင်ဘာ ၁၊ ၂၀၁၂ မှ ၂၀၁၂ နိုဝင်ဘာ ၂၉  အထိ)             ဒုရဲမှူးကြီး တင်ထွန်း က ဖြေကြားနေစဉ် … (ကိုနေမျိုးဇင်၏ ရေးသားချက် …) ပြီးခဲ့တဲ့ တရက်က ဖြစ်ခဲ့တဲ့ လက်ပံတောင်း တောင်ဖြစ်စဉ် ကို ကျနော် မြင်တွေ့ခဲ့ရတာတွေ၊ နယ်ခံ ကျေးရွာသားတွေ ပြောပြချက်တွေ၊ ရဲ ခရိုင်မှူး တုန့်ပြန်ပုံတွေ၊ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာက တုန့်ပြန်ပုံတွေ၊ လက်ရှိနောက်ဆုံး နိုင်ငံတော် သမ္မတ ရုံးက ချက်ချင်း ပြင်ဆင်ဖွဲ့စည်း ထုတ်ပြန်ပေးလိုက်တဲ့...

Read more »

လက်ပံတောင်းတောင်စီမံကိန်းရပ်တန့်ရေး သပိတ်စခန်းများ အစိုးရအကြမ်းဖက်ဖြိုခွဲပြီ

November 29, 2012
လက်ပံတောင်းတောင်စီမံကိန်းရပ်တန့်ရေး သပိတ်စခန်းများ အစိုးရအကြမ်းဖက်ဖြိုခွဲပြီ

လက်ပံတောင်းတောင်စီမံကိန်းရပ်တန့်ရေး သပိတ်စခန်းများ အစိုးရအကြမ်းဖက်ဖြိုခွဲပြီ သလ္လ၀တီတိုင်းသတင်း၊ ဖေ့စ်ဘွတ်၊ ကောက်နုတ်ချက်၊ နိုဝင်ဘာ ၂၉၊ ၂၀၁၂ ပြည်တွင်းရှိ သတင်းဂျာနယ်များ၊ နိုင်ငံသားသတင်းထောက်များနှင့် သတင်းအဖွဲ့များ၏ ၎င်းတို့ဖေ့စ်ဘွတ်များတွင် တင်ဆက်ပေးပို့နေသော သတင်းဓာတ်ပုံများအရ လက်ပံတောင်းတောင် သပိတ်စခန်းများကို ယနေ့နံနက် အရုဏ်မတက်ခင်ကတည်းက အစိုးရ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက် ဖြိုခွဲနေပြီဟု သတင်းများ ရရှိသည်။ ထိုအထဲမှာ သလ္လာဝတီတိုင်းသတင်းစာမျက်နှာက တင်ဆက်မှုများကို ကောက်နုတ်လိုက်ပါသည်။ ဓာတ်ပုံကတော့ Eleven Media ဓာတ်ပုံများ ဖြစ်သည်။ လွန်ခဲ့သည့် တပတ်ကျော်က လွှတ်တော်တွင် ကြေးနီတောင်စီမံကိန်းအရေးကို စုံစမ်းရေး ကော်မရှင်ဖွဲ့စည်းမည်ဟု အတည်ပြုခဲ့ခြင်း၊ အစိုးရကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါစီမံကိန်းကို ၎င်းတို့၏ ဦးပိုင်ကုမ္မဏီနှင့် တရုတ်ကုမ္ပဏီတို့ ဖက်စပ် အကောင်အထည်ဖော်ရန် စီမံရာတွင် ဒေသခံတို့၏ လူနေမှု ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုများကို မှားယွင်းတွက်ချက်မှု...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်