Posts Tagged ‘ လင်းသက်ငြိမ် ’

လင်းသက်ငြိမ် ● အေးစက်သောသတ္တုများ

May 22, 2018
လင်းသက်ငြိမ် ● အေးစက်သောသတ္တုများ

လင်းသက်ငြိမ် ● အေးစက်သောသတ္တုများ (မိုးမခ) မေ ၂၂၊ ၂၀၁၈ မနေ့က ဘာဖြစ်သွားမှန်းမသိလိုက်ဘူး ဒီနေ့လည်း ဘာဖြစ်ဦးမယ် မသိသေးဘူး မာလိန်မှူးမှောက်နေတော့ ရေစီးက သဘောင်္ကို သယ်ဆောင်တယ် ဦးတည်ရာမဲ့ မီးခိုးငွေ့လား ညကြီးထဲက ချောင်းဆိုးသံလား ပုလင်းတလုံး ကျကွဲသံဟာ အခန်းထဲကနေ အပြင်ကို တိုးထွက်သွား ဆိုလက်စတေး ဘယ်လိုဆုံးရမလဲ ရှူနေတဲ့လေကို ဘယ်လိုမှုတ်ထုတ်လိုက်သလဲ ကိုယ်မသိပဲ အရာရာဖြစ်ပျက်နေလိုက်ကြတာ ဆံပင်လေးကိုသပ်နေရင်း ကြီးပြင်းလာတယ် ကြီးပြင်းလာရင်း ဆံပင်တွေကိုသပ်နေတယ် ပေါင်မုန့်တွေများစွာ ငါ့ကိုစားသုံးပြီးပေါ့ ဝက်ပေါင်ခြောက်တွေကော ကော်ဖီမစ်တွေကော ငါ အစားသုံးခံရင်း ရုပ်ရှင်တွေဆက်ကြည့်နေ ဖန်သားပြင်ကြီးထဲ ဘယ်သူ ငါ့ကိုထည့်သွားတာလဲ တိတ်ဆိတ်တဲ့ညဟာ မီးရထားတစင်းလို အရှိန်နဲ့ခုတ်မောင်း အမှောင်ကိုဆွဲဖွင့်နေတဲ့ အလင်းရောင်မှာ စိတ်က လူကို ဆွဲထူတယ် ပြီးရင်လည်း...

Read more »

လင်းသက်ငြိမ် ● မပို့ဖြစ်တဲ့စာ

April 15, 2018
လင်းသက်ငြိမ် ● မပို့ဖြစ်တဲ့စာ

လင်းသက်ငြိမ် ● မပို့ဖြစ်တဲ့စာ (မိုးမခ) ဧပြီ ၁၅၊ ၂၀၁၈ သူတို့ရဲ့ချစ်မေတ္တာက သိပ်ကြွပ်ဆတ်လွန်းတာပဲ အမေရယ် ကျနော်နင်းထားမိတာ မုန့်လေပွေတစ်ချပ်များလား ဘဝဟာ ပျော်စရာကြီးလို့ သူတို့ပြောကြတယ် ကျနော့်အငေးတွေမှာ ပျော်စရာတွေပါလို့လား ဘဝဟာ ကြေကွဲစရာတွေချည်းပါပဲတဲ့ သူတို့ကိုလည်း ကျနော်ပြုံးမိပြန်တယ် အစွန်းတွေဟာ နေရာအနှံ့ အနက်ကြီးတွေ ကိုယ့်ဦးခေါင်းကို ဘယ်သူ့ဆီပုံအပ်လိုက်ရမလဲ နေပူလွန်းသော နေ့များ မိုးရွာလွန်းသော ညများ ပင်လယ်ကိုမမြင်ဖူးခဲ့တဲ့ ကျနော် လမ်းမကြီးစီးဆင်းနေပုံကို ငေးမော အလင်းတွေ လှိုင်းလိုလူးလို့ မြို့ကြီးဟာ ခိုစီးဖို့မဟုတ်ခဲ့ဘူး ကိုယ့်ကိုယ်ကာယဟာ ကိုယ့်ရဲ့မနက်စာ ညစာ ကိုယ့်အချိန်အကြောင်း ကိုယ်တွေးမိလေ ညပိုနက်လေပဲ အဆင်မပြေမှုတွေကို ကျနော်မဆောင်းပါရစေတော့နဲ့ ညညအမေ လန့်လန့်နိုးနေတာ အဝေးက ကျနော့်အိပ်မက်ဆိုးတွေကြောင့်လား အနာတွေကိုပြပြီးတောင်းနေတဲ့ သူတောင်းစားလို ကျနော့်ကဗျာတွေဟာ သိက္ခာမဲ့နေပြီလား...

Read more »

လင်းသက်ငြိမ် ● ငါ အားလုံးကို သတိရ​နေမိတယ်

April 3, 2018
လင်းသက်ငြိမ် ● ငါ အားလုံးကို သတိရ​နေမိတယ်

လင်းသက်ငြိမ် ● ငါ အားလုံးကို သတိရ​နေမိတယ်​ (မိုးမခ) ဧပြီ ၃၊ ၂၀၁၈ ဘာဖြစ်​လို့လဲ။ ငါ အားလုံးကို သတိရ​နေမိတယ်​။ ကိုင်​ရုံကိုင်​ကြည့်​ပြီး မဝယ်​ယူဖြစ်​ခဲ့တဲ့ ဖိနပ်​က​လေးကစလို့၊ စုတ်​ပြဲသွားတဲ့ ဂျင်း​ဘောင်းဘီက​လေး တစ်​ထည်​အထိ ငါ သတိရ​နေမိတယ်​။ မ​နေ့ကငါ့အခန်း​ဘေးမှာ သီချင်းလာဆို​နေတဲ့ငှက်​က​လေးကို လည်း သတိရတယ်​။ ​လေနဲ့အတူ ငါ့အခန်းထဲဝင်​ဝင်​လာတတ်​တဲ့ သရက်​ပွင့်​​ခြောက်​က​လေး​တွေကိုလည်း ငါ သတိရ​နေမိ တယ်​။ ဘာဖြစ်​လို့လဲ။ အ​ဝေးမြို့က​လေးက ငါ့သူငယ်​ချင်း​တွေကိုလည်း သတိရတယ်​။ ငါ့ စိတ်​​ပေါ်ဒဏ်​ရာ​တွေ ထွင်းထု​ပေးခဲ့တဲ့တစ်​ချိန်​က ငါ့သူငယ်​ချင်းကို​တောင်​မှ ငါ သတိရ​နေမိတယ်​။ ငါ စိတ်​လက်​ညစ်​ညူးစွာ ထိုင်​ခဲ့ဖူးတဲ့လက်​ဖက်​ရည်​ဆိုင်​က​လေး၊ ည​နေခင်း​တွေမှာ ငါတစ်​​ယောက်​တည်း သွားသွားငို​ကြွေး​လေ့ရှိတဲ့ ​တောင်​ကုန်းထက်​က ​စေတီက​လေး၊ ငါ့ကို​တွေ့တိုင်း အမြဲတမ်းအား​ပေးဆုံးမတတ်​တဲ့ စာအုပ်​ဆိုင်​က​လေးက ဆရာမအားလုံးကို ငါ...

Read more »

လင်းသက်ငြိမ် ● သွေးညှီနံ့နဲ့ ပန်းပွင့်​များ

March 28, 2018
လင်းသက်ငြိမ် ● သွေးညှီနံ့နဲ့ ပန်းပွင့်​များ

လင်းသက်ငြိမ် ● သွေးညှီနံ့နဲ့ ပန်းပွင့်​များ (မိုးမခ) မတ်လ ၂၈၊ ၂၀၁၈ (၁) လူ့အလို စစ်က မလိုက်နိုင်ဘူးတဲ့ ငြိမ်းချမ်းရေးဆိုတာ ချိုနဲ့လားလို့ ခလေးတွေက​တောင်​ မေးကုန်ကြပြီ တံဆိပ်ရိုက်လို့ကောင်းတဲ့ ချိုးဖြူငှက် သံလွင်ခက် ကြည့်​​ကောင်းတဲ့ဆိုင်းဘုတ်​ကြီး​တွေနဲ့ ချိုးဖြူငှက် သံလွင်ခက် လူကြိုက်နည်းတဲ့ အနုပညာဆိုတာ ငြိမ်းချမ်းရေးနဲ့ကဗျာ တကယ်တော့ အကုန်လုံး လေဖမ်းဒန်းစီး​နေကြတာပါပဲ။ တုံးခုန် ဇယ်ခတ်တွေနဲ့ အိမ်ထဲက ပစ္စည်းလေးတွေ ပြောင်သလင်း​ခါ ကုန်​ပေါ့ ကိုယ့်အချင်းချင်းအတွက် ထက်မြတဲ့ သွားတွေမှာ သွားရည်တမြားမြား တစ်ယောက်သွေးနဲ့ တစ်ယောက် ခြေထောက် ဆေးရတာ ညှီစော်မနံသေးဘူးလားတဲ့ ချိုင်းထောက်နဲ့ ကလေးတစ်ယောက်က မေးနေတယ်။ (၂) စကားဝိုင်းရဲ့ ဇွန်းသံပန်းကန်သံများအပြီး လက်နက်ကြီး ဆယ့်လေးချက်တိတိ ပစ်လိုက်တယ် လက်ခုပ်သံတွေနဲ့ အောင်မြင်စွာ...

Read more »

လင်းသက်ငြိမ် ● မယုံကြည်​ရခြင်းများ

February 17, 2018
လင်းသက်ငြိမ် ● မယုံကြည်​ရခြင်းများ

လင်းသက်ငြိမ် ● မယုံကြည်​ရခြင်းများ (မိုးမခ) ဖေဖော်ဝါရီ ၁၇၊ ၂၀၁၈ မယုံကြည်​ရခြင်းဟာ ​နေ​ရောင်​ထိုးကျ​နေတဲ့ သဲ​သောင်​ပြင်​လို တလက်​လက်​ ငါ့ဘယ်​ဘက်​နံ​ဘေးကထွက်​လာတယ်​ ငါ့ညာဘက်​နံ​ဘေးကထွက်​လာတယ်​ ငါ့အ​ရှေ့အ​နောက်​ကထွက်​လာတယ်​ ငါ့​တောင်​​မြောက်​ဝဲယာကထွက်​လာတယ်​ ငါ့အုပ်​ချုပ်​သူဆီကထွက်​လာတယ်​ ငါ့ချစ်​သူဆီကထွက်​လာတယ်​ ငါ့မိတ်​​ဆွေ​တွေဆီကထွက်​လာတယ်​ မယုံကြည်​ရခြင်းကို မယုံကြည်​ရခြင်းက ခရီးဦးကြိုပြုလို့ မယုံကြည်​ရခြင်းကိုမယုံကြည်​ရခြင်းက လက်​ဖက်​ရည်​​ခေါ်တိုက်​တယ်​ မယုံကြည်​ရခြင်းဟာ မယုံကြည်​ရခြင်း​တွေနဲ့ ပြိုင်​တူစီးဆင်းသွားကြ​လေရဲ့ မယုံကြည်​ရခြင်းနဲ့ မယုံကြည်​ရခြင်းတို့ ပြိုင်​တူတိုက်​ခတ်​​ကြတယ်​ မယုံကြည်​ရခြင်း​က မယုံကြည်​ရခြင်း​တွေနဲ့ မှီတင်း​နေထိုင်​ပြီး မယုံကြည်​ရခြင်းနဲ့ မယုံကြည်​ရခြင်းတို့ သံဝါသပြုကြတယ်​ ဘယ်​​နေရာကြည့်​ကြည့်​ မယုံကြည်​ရခြင်းများ ဘာသံကိုပဲကြားကြား မယုံကြည်​ရခြင်းများ အမှန်​တရားဆိုတာလည်း မယုံကြည်​ရဘူးတဲ့ အသိပညာ​ဆိုတာ​တွေလည်း မယုံကြည်​ရဘူးတဲ့ ကိုယ့်​ရှင်​သန်​မှုကိုယ်​ လှမ်း​ခေါ်ကြည့်​​တော့ မယုံကြည်​ရ​ခြင်း​တွေပဲ ​ပြေးထွက်​လာကြတယ်​ အပျက်​အပျက်​နဲ့ အိုင်​ထွန်း​နေတဲ့ ​သွေး​တွေ အရူးအမူး ကခုန်​​နေကြတဲ့ မယုံကြည်​ရခြင်း​တွေရဲ့ ​​တေးသွား​က...

Read more »

လင်းသက်ငြိမ် ● နေဝင်​ရီတ​ရော

February 6, 2018
လင်းသက်ငြိမ် ● နေဝင်​ရီတ​ရော

လင်းသက်ငြိမ် ● နေဝင်​ရီတ​ရော (မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂၀၁၈ တ​နေကုန်​စာ​တွေချည်း ဖတ်​​နေလို့ ​ကျော​တွေ​အောင့်​၊ မျက်​စိ​တွေ​ညောင်းသလို ဖြစ်​လာတာနဲ့ စာအုပ်​ကိုချ ပြီးအ​ကြောဆန့် ကာ ခြံထဲ လမ်းဆင်း​ လျှောက်​​နေရင်း ခံတွင်းချဉ်​လာတာနဲ့ လက်​ဖက်​ရည်​​သောက်​ဖို့ စိတ်​ကူးရမိတယ်​။ တ​နေကုန်​ ခုတင်​​ပေါ်လဲ​နေတဲ့အတွက်​ ထိုင်းမှိုင်း​နေတဲ့ အာရုံ​ကြောတွေကို အလုပ်​​ပေးဖို့စိတ်​ကူးပြီး ဆိုင်​ကယ်​ကို မယူ​တော့ပဲမြို့ထဲကို ​ခြေလျှင်​ထွက်​လာမိတယ်​။ အချိန်​က ည​နေခင်းကို​ခြေတ​ဖက်​လှမ်း​နေပြီ။ နေ​ရောင်​ခြည်​က​တော့ ​ပျောက်​တိ​ပျောက်​ကြား လမ်းမ​ပေါ်ထိုးကျ ​နေ​သေးရဲ့။ အရင်​က ဆိုင်​ကယ်​နဲ့ပဲ အပြင်​ထွက်​​လေ့ ရှိ​တော့ လမ်းနံ​ဘေးကအိမ်​​တွေရဲ့ အ​နေအထား​တွေနဲ့ ခြံဝင်း​တွေကို ​သေချာမကြည့်​ဖြစ်​ခဲ့ဘူး။ အခု​တော့ အရင်​က ​တောက်​ပ​နေတဲ့တိုက်​အိမ်​ကြီး​တွေလည်း မှိန်​​ဖျော့လို့။ ခြံစည်းရိုးအသစ်​ကြီး​တွေကလည်း နွယ်​ပင်​​တွေတက်​ပြီး အို​ဟောင်းလို့။ ဓာတ်​မီးတိုင်​တ​ချို့ယိုင်​နှဲ့ပြီး တိမ်း​စောင်း​နေသလို လမ်း​ပေါ်က ချိုင့်​ခွက်​​တွေ...

Read more »

လင်းသက်ငြိမ် ● အိမ်စာ

January 22, 2018
လင်းသက်ငြိမ် ● အိမ်စာ

လင်းသက်ငြိမ် ● အိမ်စာ (မိုးမခ) ဇန်နဝါရီ ၂၂၊ ၂၀၁၈ ကိုယ်ထိုင်နေတဲ့အကိုင်းကိုမှ ခုတ်ခုတ်ချနေရတဲ့ ခေတ်ပဲ သဒ္ဓါတရားကို အသံထွက်ကြော်ငြာဖို့ အလှူခံမဏ္ဍပ်ရှိနေခဲ့ပြီ သောက်သုံးဟာ မကျဘူး တင်နေတယ် သစ်ပင်ခွဆုံပေါ်က သစ်ကိုင်းခြောက်တခုလို တင်နေတယ် ငွေနံ့ရရင် ငါ့အမြီးက နှံ့လာသလားပဲ ခွေးစိတ်ပေါက်ရတာ အဆင်ပြေမယ့် ကမ္ဘာလား ခက်တဲ့အကြောင်းက ရိုးအီနေတဲ့ လှည်းဝင်ရိုးသံပဲ ကလီရှေးနဲ့ အနာဖေးမတက်လို လွယ်လိုက်တာမှ သိပ်လွယ် သေဖို့ရယ် ခွေဖို့ရယ် ဓားချက်ချင်းတူပေမယ့် သံချပ်ကာမပါတဲ့ရင်က ပိုနာရတာပဲ ဒဏ်ရာဆိုတာကလည်း ပိုက်ဆံတောင်းတဲ့ ခွက်တခွက်ပဲမဟုတ်လား ဒဏ်ရာများများ ခွက်များများနဲ့ သူတောင်းစားလေး ကြွလာပြီ ချစ်လှချည်ရဲ့ဆိုတဲ့တယောက်လည်း အရင်တစ်ယောက်အချိုးနဲ့ပဲ ရင်ကိုထိုးဖောက်သွား တစ်ခြမ်းသေနေတဲ့ ဥယျာဉ်တော်မှာ ငါမနေပျော်လိုတော့ဘူး ဖြစ်နိုင်ရင် မြစ်ရေထဲ မျက်ရည်တွေနဲ့ ခုန်ဆင်းပစ်လိုက်ချင်ပြီ...

Read more »

လင်းသက်ငြိမ် ● အိမ်

December 21, 2017
လင်းသက်ငြိမ် ● အိမ်

လင်းသက်ငြိမ် ● အိမ် (မိုးမခ) ဒီဇင်ဘာ ၂၁၊ ၂၀၁၇ စိန်ပန်းပင်တွေ ဝဲယာယှက်သိုင်းနေတဲ့လမ်းကလေးထဲ ကားသည် ဝင်ရောက်လာခဲ့ပြီ။ ရနံ့တွေ ရှူရှိုက်ချင်ပေမယ့်လည်း အဲယားကွန်းဖွင့်ထားတော့ ကားတံခါးကို ဖွင့်လို့မရပေ။ ဒါ ကျနော့်မြို့ဖြစ်သည်။ ကြိုဆိုပါ၏ဆိုင်းဘုတ်သည် ကားမီးရောင်မှာ တလက်လက်။ ဒေါင်းမြူးချောင်းတံတားကို အသစ်ပြုပြင်နေတာမြင်ရသည်။ ကျည်ဆံရာတွေရှိတယ်လို့ ပြောကြတဲ့ တံတား အဟောင်းအစား သံဖရိန်သစ်ကြီးများနဲ့ အစားထိုးထားကြသည်။ ကားသည် ရှောင်လမ်းမှ တဖြည်းဖြည်းမောင်းဝင်လာခဲ့ပြီး မြို့ထဲကို ဝင်ရောက်လာခဲ့သည်။ ဂိတ်ဆုံးအထိစီးရမှာဖြစ်ပေမယ့်လည်း ကျနော်မတ်တပ်ထရပ်မိသည်။ အထုပ်အပိုးတွေကို စင်ပေါ်ကချမိသည်။ ကျနော်လျှောက်ဖူးတဲ့လမ်းတို့သည် ကျနော့်ကိုပြန်ကြည့်နေကြသည်ဟု ထင်မိသည်။ ကားဂိတ်ကိုရောက်တော့ အဖေလာကြိုနေသည်။ အအေးဓာတ်ကို ရှူရှိုက်မိသည်။ အဖေ့ဆိုင်ကယ်နောက်မှာထိုင်ပြီး အိမ် ကိုပြန်လာခဲ့သည်။ လျှပ်စစ်မီးရောင်များ ဟိုတစ ဒီတစ။ လမ်းသည် မညီမညာ။ ဆိုင်ကယ်မီးရောင်တွင်...

Read more »

လင်းသက်ငြိမ် ● အဝတ်​​လျှော်​​နေတဲ့အ​မေ

December 14, 2017
လင်းသက်ငြိမ် ● အဝတ်​​လျှော်​​နေတဲ့အ​မေ

လင်းသက်ငြိမ် ● အဝတ်​​လျှော်​​နေတဲ့အ​မေ (မိုးမခ) ဒီဇင်ဘာ ၁၄၊ ၂၀၁၇ ငြီး​ငွေ့ဖွယ်​​နေ့လည်​ခင်းများ၏ အလယ်​တည့်​တည့်​တွင်​ကျွန်​​တော်​ ​ရောက်​ရှိ​နေခဲ့သည်​မှာ ရက်​​ပေါင်းငါးဆယ်​​ကျော်​ခန့်​ရှိ​ပေပြီ။မိုးတဖွဲဖွဲကျ​နေ​သော်​လည်း အိုက်​စပ်​မှုကို မတွန်းလှန်​နိုင်​သည့်​ အချည်းအနှီး မိုး​ရေများသည်​ မြေသား​ပေါ် ဟိုဒီ​ ​ပြေးလွှား စီးဆင်း​နေကြသည်​။အိပ်​ယာက နိုးနိုးခြင်း လက်​ဖက်​ရည်​ ဆိုင်​တစ်​ခုထဲ ကျွန်​​တော့်​ကိုယ်​ကျွန်​​တော်​ ထိုးထည့်​ လိုက်​​ပေမယ့်​ လက်​ဖက်​ရည်​ခွက်​ကိုဝိုင်းအုံ​နေသည့်​ ယင်​​ကောင်​​တွေလို လူ​တွေရဲ့ အကြည့်​များ အုံခဲလာသည်​ဟု ခံစားရ၍ စက်​ဆုပ်​စွာ ပြန်​ထွက်​လာခဲ့သည်​။အလုပ်​လက်​မဲ့လူတစ်​​ယောက်​သည်​လင်​မရှိတဲ့မိန်းမလို ​ဝေဖန်​မှုဖြစ်​ဖြစ်​ ဆုံးမသြဝါဒပဲဖြစ်​ဖြစ်​လွယ်​လွယ်​ကူကူ ပစ်​တင်​၍ရသည့်​​ ​နေရာတစ်​ခုလို့ လူ​တွေထင်​မြင်​ ​​နေကြပုံရသည်​။ကိုယ့်​အ​ရောင်​ ​ကိုယ်​တင်​ပြီး ဆုံးမစကား ​ပြောရန်​ မရှက်​ရွံ့ကြသူတို့၏ မျက်​နှာများကို ကျွန်​​တော်​ မကြာခဏ အံ့သြဖွယ်​ရာ မြင်​​တွေ့ခဲ့ရဖူးပါသည်​။ စာအုပ်​များနှင့်​ပြန့်​ကြဲ​နေသည့်​ ကုတင်​​ပေါ် ကို​ယ့်​ကိုယ်​ကို ပစ်တင်​လိုက်​ပြီး ပြတင်း​ပေါက်​မှ ​အောက်​ကို...

Read more »

လင်းသက်ငြိမ် ● ရင်​ထဲ​မြွေ

December 10, 2017
လင်းသက်ငြိမ် ● ရင်​ထဲ​မြွေ

လင်းသက်ငြိမ် ● ရင်​ထဲ​မြွေ (မိုးမခ) ဒီဇင်ဘာ ၁၀၊ ၂၀၁၇ ဖမ်းဆုပ်​ရခက်​ခဲ​ မြွေတစ်​​ကောင်​ ငါ့ရင်​ထဲသူ့ဖာသာဝင်​​နေသလိုလို တစ်​စုံတစ်​​ယောက်​ကထည့်​​သွားသလိုလို ​ကပွဲ​တွေမှာမ​ပျော်​ရွှင်​သူရင်​ထဲ​မြွေ ဘုရားသခင်​ဆီသွားဖို့ငြင်းဆန်​သူရင်​ထဲ​မြွေ အနမ်းသုံးဆယ့်​နှစ်​ပွင့်​မ​ခြွေချခဲ့ဖူးသူရင်​ထဲ​မြွေ ပု​လွေသံမှာယိမ်းကခဲ့သူရင်​ထဲ​မြွေ ဂီတသံဟာဓားသွားပဲ အဲ့ဒါငါ​ပြောတာပဲ ဆိုသူရင်​ထဲ​မြွေ လူ့အဖွဲ့အစည်းဟာ ဂုဏ်​​ငွေ​ကြေးအခွင့်​အ​ရေး​တွေမှာ သွက်​သွက်​ခါရူး​သွပ်​​နေကြပြီ အိတ်​ကပ်​ထဲကပိုက်​ဆံဟာ လက်​နက်​ပဲ အတုအ​ယောင်​​တွေနဲ့အမှန်​တရားဟာမြုံ​နေတဲ့မိန်းမ နို့ပိန်​က​လေးမှာရမ္မက်​စိတ်​ဖြစ်​ထွန်း​နေရတဲ့ ​အ​ခြေခံလူတန်းစားရဲ့ည ချဉ်​​နေတဲ့အမှိုက်​ပုံးထဲကနို့ဆီဗူးကို သူ​တောင်းစားက​လေး ​ကောက်​သွားပြီ လူနားမလည်​တဲ့ ဘာသာ​ဗေဒ​တွေနဲ့ ကိုယ့်​တံဆိပ်​ကိုယ်​တပ်​ရင်း ပညာရှိများရူးကြ စလင်းဘက်​ထဲကွန်​ဒုံး​တွေထည့်​ပြီး​ ခြောက်​ကပ်​ကပ်​ရယ်​​မော​နေတဲ့ ပြည့်​တန်​ဆာလို မိတ်​ကပ်​အ​ဖွေးသားနဲ့တက်​ကျမ်းများ တကယ့်​ဘဝဟာငရဲဖြစ်​ပြီး စိတ်​ကူးယဉ်​ခြင်းဟာ အပြာကားကြည့်​ခြင်းပဲ အရူးဟာ လမ်းထိပ်​မှာလာသမျှလူတိုင်းကို လက်​ညိုးထိုးပြီး အရူး အရူးလို့​အော်​​နေတယ်​ လမ်း​ဘေးမှာလဲ​နေသူကိုတွဲ​ခေါ်ဖို့ သူ့​နောက်​ပါအ​နေအထားကိုကြည့်​ပါတဲ့လား စိတ်​ဓာတ်​​တွေ​လေဖြတ်​​နေတဲ့​လောက ရင်​ထဲ​မြွေဟာ ငါ့ဦး​နှောက်​အခန်းထဲကူးသွားတယ်​ ငါ့ဦး​နှောက်​အခန်းထဲက​နေ ငါ့နှလုံးသားဆီကူးသွားပြီး ကိုက်​ဖြတ်​ပစ်​လိုက်​တဲ့ ရင်​ထဲ​​မြွေ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်