Posts Tagged ‘ သွန်းခ ’

သွန်းခ – မင်းလူနှင့် ညနေခင်း

May 21, 2017
သွန်းခ – မင်းလူနှင့် ညနေခင်း

သွန်းခ – မင်းလူနှင့် ညနေခင်း (မိုးမခ) မေ၂၁၊၂ဝ၁၇ ပြီးခဲ့တဲ့ မေ၁၈၊ ညနေ၄နာရီ တိတိ ရန်ကုန်မြို့၊ လမ်းမတော်သံဈေးပလာဇာအပေါ်ထပ်မှာရှိတဲ့ ရန်ကုန်စာအုပ်ဆိုင်တန်း (Yangon Book Plaza) မှာ ကွယ်လွန်သွားခဲ့တာ ၃နှစ်ကျော်ပြီဖြစ်တဲ့ ဆရာမင်းလူရဲ့ “မင်းလူ နှင့် ညနေခင်း” လို့ အမည်ပေးထားတဲ့ စကားဝိုင်းလေးပြုလုပ်ကျင်းပခဲ့ကြပါတယ်။ ပွဲရဲ့အခင်းအကျင်းကတော့ “သဘာဝအုပ်စု”ရဲ့ သဘာဝအတိုင်း ဒီ့ပြင်ပွဲတွေနဲ့မတူပဲ လက်ဖက်ရည်ဝိုင်းပုံဖော် ပြီး စကားဝိုင်းအသွင်ဖန်တီးခဲ့ကြတာပါ။ လက်ဖက်ရည်ဝိုင်းဆိုလို့ ဆရာမင်းလူဟာ ညဘက်တွေမှာစာရေးတတ် တယ်။ မိုးလင်းကာနီးတဲ့အထိ ရေးပါတယ်။ ပြီးတော့အိပ်လိုက်တာနေ့လည်၁၂နာရီ၊ ၁နာရီလောက်မှာနိုးတတ်ပါ တယ်။ အဆာပြေလက်ဖက်ရည်ဆင်းသောက်တတ်တဲ့ဆိုင်ဟာ သူ့ညီအစ်ကိုတော် ကိုရူပဖွင့်ခဲ့တဲ့ ရွှေကြေးစည် လက်ဖက်ရည်ဆိုင်လေးမှာပါ။ ဧည့်သည်တွေ၊ စာပေမိတ်ဆွေတွေနဲ့ ညနေတိုင်းလောက်နီးပါးအေးအေးလူလူ စကားဝိုင်းဖွဲ့ဖြစ်ပြန်တဲ့နေရာဟာလည်း ကိုရူပရဲ့ ရွှေကြေးစည် လက်ဖက်ရည်ဆိုင်လေးမှာပါပဲ။...

Read more »

သွန်းခ- မြန်မာကျိုခ့်ရှင်း အာစရိယပူဇော်နှင့် ကရာတေးစွမ်းရည်ပြပွဲ၊ ပြိုင်ပွဲကျင်းပပြုလုပ်

May 4, 2017
သွန်းခ- မြန်မာကျိုခ့်ရှင်း အာစရိယပူဇော်နှင့် ကရာတေးစွမ်းရည်ပြပွဲ၊ ပြိုင်ပွဲကျင်းပပြုလုပ်

သွန်းခ- မြန်မာကျိုခ့်ရှင်း အာစရိယပူဇော်နှင့် ကရာတေးစွမ်းရည်ပြပွဲ၊ ပြိုင်ပွဲကျင်းပပြုလုပ် (မိုးမခ) မေ ၄၊ ၂ဝ၁၇ (၄၄)နှစ်မြောက် အာစရိယပူဇော်ပွဲနှင့် ကရာတေးစွမ်းရည်ပြပွဲ၊ ၈ကြိမ်မြောက် အိုင်ကေအိုမာဆုရှိမား ဆုပေးဖလား မြန်မာနိုင်ငံကျိုခ့်ရှင်း ကရာတေးပြိုင်ပွဲကြီးအား မေလ ၁ ရက်နေ့၊ နံနက် ၉နာရီတွင် အမှတ် (၆ဝ၁)၊ ပြည်လမ်း၊ ယုဒဿန်ခန်းမ၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားဖွင့်လှစ်ပြီး ဝါရင့် ကရာတေးဆရာကြီးဦးမောင်မောင်မြင့် မှ အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ကရာတေးဆရာကြီး ဦးမောင်မောင်မြင့်နှင့် ဆရာကြီး ဦးစိုးတင့်တို့အား ကရာတေးပညာသင်တပည့် များမှ ကန်တော့ခံပစ္စည်းများဖြင့်ပေးအပ် ကန်တော့ခဲ့ကြသည်။ ဆက်လက်၍ ကရာတေးအခြေခံလှုပ်ရှားမှုများနှင့် ကရာတေးပညာရပ်များကို မျိုးဆက်သစ်လေးများ၊ သင်တန်း သား၊ သင်တန်းသူများ၊ သင်တန်းမှူးများ၊ နည်းပြဆရာများမှ တင်ဆက်ပြသခဲ့ကြသည်။ Tameshi...

Read more »

သွန်းခ ● မြင်နိုင်ပါတယ်ဗျာ၊ မျက်တောင်လေးခတ်လို့

December 4, 2016
သွန်းခ ● မြင်နိုင်ပါတယ်ဗျာ၊ မျက်တောင်လေးခတ်လို့

သွန်းခ ● မြင်နိုင်ပါတယ်ဗျာ၊ မျက်တောင်လေးခတ်လို့ (မိုးမခ) ဒီဇင်ဘာ ၄၊ ၂ဝ၁၆ အမှန်တော့ ဟောဒီစာစုလေးဟာဖြင့် အပြောင်းအလဲကာလ၊ ဟိုဟာယူကြ၊ ဒီဟာသိမ်းကြနဲ့ဖြစ်နေတုန်းကကိုရေးသင့်ခဲ့ တာပါ။ ခုနှယ်ခါပြန်တွေးကြည့်မိပြန်တော့လည်း ရိုးပုံရိုးနှမ်းနဲ့ စေ့စေ့တွေးလေ ကာလပေါ်အဖြစ်တွေနဲ့ သွားတူနေသလားလို့။ စာရေးတာ သိပ်ပေရှည်နေရင်လည်း ဖတ်တဲ့သူတွေကို စော်ကားသလိုဖြစ်မစိုးတာနဲ့ ခပ်တိုတိုရေးပါ့မယ်။ စာကောင်းပေညွန့် တွေရေးနိုင်ကြတဲ့ ဆရာ့ဆရာကြီးတွေ စာဆို ရှည်စမ်းပါလေ့ဗျာ။ အဲ့ဒီစာမျိုးများကတော့ စာဖတ်သူတွေ သည်းခံနိုင်ကြပေတဲ့ စာရေးသူလို အရေးမတတ်ရုံမက တင်ဆက်ပုံ ပါ ချာသွားမလားလို့ တွေးပြီးခပ်ရွံ့ရွံ့နဲ့ ရေးရတာမို့ ခပ်တိုတိုရေးလိုက်ချင် တာပါ။ ဒီလိုဗျ။ လွန်ခဲ့တဲ့ ၁၇ နှစ်လောက်မှာ စာရေးသူလည်း ဝမ်းတထွာအတွက်နဲ့ ဟိုတယ်ကြီးတခုမှာ အလုပ်ဝင်လုပ်ခဲ့ဖူးပါရဲ့။ ထုံးစံအတိုင်းပေပေါ့ခင်ဗျာ။ အင်တာဗျူးပြီးသကာလ အလုပ်ခန့်ပါလေရော။ လုပ်ရမယ့်နေရာကိုမေးမိတော့ ဟိုတယ်လုံခြုံ...

Read more »

သွန်းခ – “၂ဝ၁၆- နိုင်ငံတကာပညာရေးပြပွဲကြီး”ကျင်းပမည်။

May 14, 2016
သွန်းခ – “၂ဝ၁၆- နိုင်ငံတကာပညာရေးပြပွဲကြီး”ကျင်းပမည်။

သွန်းခ – “၂ဝ၁၆- နိုင်ငံတကာပညာရေးပြပွဲကြီး”ကျင်းပမည်။ (မိုးမခ) မေ ၁၄၊ ၂ဝ၁၆ မြန်မာနိုင်ငံမှ ကျောင်းသူ၊ ကျောင်းသားများနှင့် နိုင်ငံတကာပညာရေးကို စိတ်ဝင်စားသည့် မိဘများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် အမေရိကန်၊ သြစတြေးလျ၊ အင်္ဂလန်၊ စင်္ကာပူ၊ ထိုင်းနိုင်ငံတို့မှ တက္ကသိုလ်ပေါင်း(၁ဝဝ)ကျော်၏ သတင်းအချက်အလက်များရယူနိုင်မည့် “နိုင်ငံတကာပညာရေးပြပွဲ ၂ဝ၁၆”ကို ရန်ကုန်မြို့၊ အလုံလမ်း ရှိ SUMMIT PARKVIEW HOTEL (Ball Room) တွင် မေလ (၂၇) ရက်၊ နံနက် (၁ဝ)နာရီမှ မွန်းလွဲ (၂)နာရီ အထိ ကျင်းပပြုလုပ်သွားမည်ဟုသတင်းရရှိသည်။ အဆိုပါပညာရေးပြပွဲတွင်အောက်ပါအစီအစဉ်များပါဝင်မည်ဖြစ်ပြီး မိဘများနှင့်ကျောင်းသား၊ ကျောင်းသူများ အား ဖိတ်ကြားထားသည်။ (၁) ဗြိတိသျှကောင်စီမှလည်းပါဝင်ပြသမည်ဖြစ်ပြီး ဗြိတိသျှကောင်စီစာမေးပွဲဌာနနှင့် CROWN Education တို့မှ...

Read more »

သွန်းခ -နိုင်ငံတကာ Jass တေးဂီတ ဖျော်ဖြေပွဲ

May 2, 2016
သွန်းခ -နိုင်ငံတကာ Jass တေးဂီတ ဖျော်ဖြေပွဲ

သွန်းခ -နိုင်ငံတကာ Jass တေးဂီတ ဖျော်ဖြေပွဲ (မိုးမခ) မေ ၂၊ ၂၀၁၆ ဆွီဒင်မှ ဆုရဂီတာတီးခတ်သူများ၊ စူစန်နာရစ်ဘာ့ တို့နှင့်အတူ ပြည်တွင်းမှ Jass ဂီတပညာရှင်များ ပါဝင်သော ၈၈ ဒီဂရီ Jass အဖွဲ့နှင့် သုံးပွင့်ဆိုင် အာရွန်ဂါလီရို တို့ ဖျော်ဖြေကြသည့် ဟင်းလင်းပြင် Jass ဂီတပွဲတော် အား ဧပြီ ၃၀ ရက်၊ ည ၇ နာရီတွင် ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် အတွင်းရှိ ပြင်သစ်ယဉ်ကျေးမှုဌာန မြက်ခင်းပြင်၌ ကျင်းပပြုလုပ် ခဲ့သည်။ မေလ ၆ ရက်နေ့တွင် ၁၇ ကြိမ်မြောက် French Love Friday DJs နှင့်တီးခတ်ဖျော်ဖြေပွဲများ ပါဝင်သည့် ဟင်းလင်းပြင်ပွဲ...

Read more »

သွန်းခ – သူလည်းလေ ရောဂါနဲ့ပေမို့

April 16, 2016
သွန်းခ – သူလည်းလေ ရောဂါနဲ့ပေမို့

cartoon soe thaw dar သွန်းခ – သူလည်းလေ ရောဂါနဲ့ပေမို့  (မိုးမခ) ဧပြီ ၁၆၊ ၂၀၁၆ တစ်နေ့သ၌ ကျွန်ုပ်သည် ရန်ကုန်မြို့နှင့် များစွာမဝေးလှသော်လည်း အချိန်များစွာ ပေး၍ ခရီးပြုရသည့် ဆေးရုံတစ်ရုံသို့ ရောက်ရှိခဲ့လေ၏။ ဆေးရုံဝင်းအတွင်းသို့ ကျွန်ုပ်ခြေချမိသည်နှင့် ကျွန်ုပ်အား များစွာ လေးစား ချစ်ခင် ကျွမ်းဝင် လှသည့် လုပ်ဖော်ကိုင်ဖက် ဟောင်းများသည် ကျွန်ုပ်အား ခရီးဦးကြို ပြုကြလေသည်။ ကျွန်ုပ်လည်း ပဋိသန္ဓာရ စကားပြောကြသူများ၊ မုန့်ဖိုးတောင်း၊ ယမကာဖိုးတောင်းကြသူများအား ယခင်က များစွာ ရင်းနှီးခဲ့သည့်အလျောက် အိတ်ထဲရှိ အသပြာစ တို့ကို လက်ကျန်ဟူ၍ အလျဉ်းမရှိစေပဲ မျှဝေ၊ ပေးကမ်းလိုက်လေတော့၏။ ကျွန်ုပ်အား ခရီးဦးကြိုပြုကြအပြီး ကျွန်ုပ်နှင့်အတူ ပါလာသည့် ပုဂ္ဂိုလ်အား...

Read more »

သွန်းခ – ကာတွန်းဆရာကြီးများအား ကန်တော့ပွဲအခမ်းအနားကျင်းပ

March 27, 2016
သွန်းခ – ကာတွန်းဆရာကြီးများအား ကန်တော့ပွဲအခမ်းအနားကျင်းပ

သွန်းခ – ကာတွန်းဆရာကြီးများအား ကန်တော့ပွဲအခမ်းအနားကျင်းပ (မိုးမခ) မတ်၂၇၊ ၂၀၁၆ သက်ကြီးကာတွန်းဆရာကြီးများအား ကာတွန်းဆရာများမှကန်တော့ကြသည့်အခမ်းအနားကို ရန်ကုန်မြို့၊ရွှေတိဂုံဘုရားတောင်ဘက်မုဒ်ရှိ စည်ပင်ဓမ္မာရုံတွင် ၂၆၊ ၃၊၂၀၁၆ နေ့ နံနက် ၁၀ နာရီ၌ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် ကာတွန်း နိုင်လင်းမှ တာဝန်ယူခဲ့ပြီး ကန်တော့ကြိုးအား ကာတွန်းထိန်သာမှ တိုင် ပေး၍အကန်တော့ခံ ကာတွန်းဆရာကြီးများဖြစ်ကြသည့် ဆရာသစ်ထွဏ်း၊ ဆရာမောင်မောင်လေး၊ ဆရာအောင်အောင်၊ ဆရာတင်အောင်နီ၊ ဆရာမြင့်သိန်း၊ ဆရာငွေကြည်၊ဆရာချစ်ဆွေ၊ ဆရာရွှေမင်းသား၊ ဆရာအကိန်း၊ ဆရာတွတ်တွတ်၊ ဆရာလှဖေ၊  ဆရာမောင်မောင်သက်နှင့် ဆရာမောင်မောင်တို့ကို သက်လတ်၊ သက်ငယ် ကာတွန်းဆရာများက စုပေါင်း ကန်တော့ခဲ့ကြသည်။ အကန်တော့ခံကာတွန်းဆရာကြီးများထဲမှ ဆရာရွှေမင်းသား၊ ဆရာငွေကြည်၊ ဆရာမောင်မောင်၊ ဆရာတွတ်တွတ်တို့မှ အမှာစကားများ၊ ဆိုဆုံးမစကားများချီးမြှင့်ခဲ့သည်။ ကာတွန်းဆရာများစုပေါင်း၍အသင်းအဖွဲ့ဖွဲ့စည်းရေးအတွက် ညီညီညွတ်ညွတ်စုပေါင်းဆောင်ရွက်သွားကြရန်...

Read more »

သွန်းခ – တစ်ရာတန်အစုတ်ရဲ့စကားပြောများ

March 20, 2016
သွန်းခ – တစ်ရာတန်အစုတ်ရဲ့စကားပြောများ

သွန်းခ – တစ်ရာတန်အစုတ်ရဲ့စကားပြောများ (မိုးမခ) မတ် ၂ဝ၊ ၂ဝ၁၆ အင်းစိန်၊ ဖော့ကန်ကနေ အပြန်မှာစီးနေကျ လိုင်းကားကိုပဲစီးဖြစ်ပါတယ်။ ယာဉ်စီးခပေးအပြီး ရင်တမမနဲ့ မျှော်ရတာက ပိုက်ဆံအကြွေပြန်အမ်းဖို့ပါ။ ဒီဘက်ခေတ်မှာက တစ်ထောင်တန်တစ်ရွက်ရဲ့သက်တမ်းဘာကြာတာမှတ်လို့။လက်ထဲကထွက်သွားတဲ့ တစ်ထောင်တန်ငွေစက္ကူဟာ အဟောင်းအမြင်း၊ အနွမ်းလေးတွေနဲ့ ငွေအကြွေအဖြစ် ကိုယ့်ဆီပြန်ရောက်လာ တတ်တာကိုး။ အစုတ်ပြန်လာမှာတော့ဘယ်သူမှမလိုလားပါဘူး။ ယာဉ်နောက်လိုက်ရဲ့လက်ထဲမှာလုံးထွေး၊ ခေါက်တွန့်၊ ကြေမွ၊ ဟောင်းနွမ်း၊ စုတ်ပြတ်နေတဲ့ ငွေစက္ကူတွေထဲက အစုတ်ဆုံး ငွေစက္ကူကိုယ့်ဆီ ကံစမ်းမဲအဖြစ်နဲ့ရောက်လာမှာစိုးကြတာ လူတိုင်းစိုးရိမ်ကြမှာ အမှန်ဖြစ်မှာပါ။ ထင်ထားတဲ့အတိုင်းပါပဲ။ ၅ဝဝ တန်စက္ကူ ခပ်နွမ်းနွမ်းရယ်၊ ဗဟိုဘဏ်ကနေ ငွေစက္ကူလုံခြုံရေးအတွက်စီမံထားတဲ့ ငွေရောင် ကြိုးစလေး ဆွဲနှုတ်ခံထားရပြီး အဲဒီနေရာကပဲ စုတ်စ၊ ပြဲစပြုနေတဲ့ ၂ဝဝ တန်တစ်ရွက်ရယ်၊ ငွေစက္ကူကို အရှည်လိုက် ကြိမ် ဖန်များစွာ ခေါက်ချိုးခံထားရရုံမက...

Read more »

သွန်းခ – အ၊ထ၊က (၃) စမ်းချောင်း၊ ရွှေရတုအထိမ်းအမှတ်နှင့် (၁၇)ကြိမ်မြောက် အာစရိယပူဇော်ပွဲ ကျင်းပပြုလုပ်

March 4, 2016
သွန်းခ – အ၊ထ၊က (၃) စမ်းချောင်း၊ ရွှေရတုအထိမ်းအမှတ်နှင့် (၁၇)ကြိမ်မြောက် အာစရိယပူဇော်ပွဲ ကျင်းပပြုလုပ်

သွန်းခ – အ၊ထ၊က (၃) စမ်းချောင်း၊ ရွှေရတုအထိမ်းအမှတ်နှင့် (၁၇)ကြိမ်မြောက် အာစရိယပူဇော်ပွဲ ကျင်းပပြုလုပ် (မိုးမခ) မတ် ၂၊ ၂ဝ၁၆ ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၏ နှစ် (၅ဝ)ပြည့် ရွှေရတု အထိမ်းအမှတ်နှင့် (၁၇)ကြိမ်မြောက် အာစရိယ ပူဇော်ပွဲကို ဖော်ပြပါကျောင်းဝင်းအတွင်းရှိ အစည်းအ ဝေး ခန်းမဆောင်တွင် မတ်လ ၂ ရက်၊ နံနက် ၉ နာရီ အချိန်၌ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများနှင့် တကွ လက်ရှိပညာသင်ကြားဆဲ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူဟောင်းများတက်ရောက်ခဲ့ကြသည်။ အစီအစဉ်အရ ဆရာကြီး၊ ဆရာမကြီးများအားကန်တော့အပြီးတွင် လက်ရှိ ကျောင်းအုပ်တာဝန်ထမ်းဆောင် လျက်ရှိသည့် ကျောင်းအုပ်ဆရာကြီး ဦးတင်ဌေး မှ ကျေးဇူးတင်စကား၊ နှစ်...

Read more »

သွန်းခ – မြန်မာကာတွန်း နှစ် (၁၀၀) ပြည့်ပွဲတော်ဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီကြသူများအား ဂုဏ်ပြု

February 21, 2016
သွန်းခ – မြန်မာကာတွန်း နှစ် (၁၀၀) ပြည့်ပွဲတော်ဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီကြသူများအား ဂုဏ်ပြု

   သွန်းခ – မြန်မာကာတွန်း နှစ် (၁၀၀) ပြည့်ပွဲတော်ဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီကြသူများအား ဂုဏ်ပြု (မိုးမခ) ဖေဖေါ်ဝါရီ ၂၁၊ ၂၀၁၆ မြန်မာကာတွန်း နှစ် (၁၀၀) ပြည့်ပွဲတော်ဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီကြသူများအား ဂုဏ်ပြုဧည့်ခံပွဲအခမ်းအနားကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ဖေဖေါ်ဝါရီလ ၂၁ ရက်၊ နံနက် ၁၀း၃၀ အချိန်မှာ ကျင်းပ ပြုလုပ်ခဲ့ကြပါတယ်။ ကာတွန်းဆရာကြီး (ဦး) ရွှေမင်းသားမှ နှုတ်ခွန်းဆက်အမှာစကားနှင့်အတူ မြန်မာ့ကာတွန်းသမိုင်းကိုလည်း အတိုချုပ် ထည့် သွင်းပြောကြားသွားခဲ့သလို ကာတွန်းဆရာ (ဦး) ဝင်းအောင်မှ ကာတွန်း နှစ် (၁၀၀) ပြည့်ပွဲတော် အောင်မြင်စွာကျင်းပပြုလုပ် နိုင်ရေးအတွက် ၀ိုင်းဝန်းကူညီခဲ့ကြတဲ့ မိတ်ဆွေတွေကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ ကာတွန်း နှစ်...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်