Posts Tagged ‘ အမ္ဗနဒီကျော်စွာ ’

အမ္ဗနဒီကျော်စွာ – ဉာဏ်ပူဇော်ခအကြောင်း တစေ့တစောင်း

July 25, 2018
အမ္ဗနဒီကျော်စွာ  – ဉာဏ်ပူဇော်ခအကြောင်း တစေ့တစောင်း

အမ္ဗနဒီကျော်စွာ  – ဉာဏ်ပူဇော်ခအကြောင်း တစေ့တစောင်း (မိုးမခ) ဇူလိုင် ၂၅၊ ၂၀၁၈ ဆရာ မြတ်ဆွေ ရေးသားဆွေးနွေးထားသော ၂၀ရာစုအတွင်းက ဉာဏ်ပူဇော်ခများအကြောင်းနှင့် ယခုခေတ် ၂၁ရာစု လက်ရှိအခြေအနေ ဉာဏ်ပူဇော်ခ ပြဿနာများ အခက်အခဲများအကြောင်း ဆောင်းပါးတစ်ပုဒ်ကို အမှတ် (၁၄၀) ၂၀-၇-၂၀၁၈ နေ့ထုတ် သံတော်ဆင့်ဂျာနယ် သဘောထားအမြင်တွင် ဖတ်ရှုရပါသည်။ ဆရာ သိန်းဖေမြင့်ခေတ် အခြေအနေ ဆရာ ဇဝနခေတ်အခြေအနေ ဆရာ ဒဂုန်တာရာ ခေတ်အခြေအနေ ထိုစဉ် ခေတ် အခါများက မဂ္ဂဇင်း ဂျာနယ် နေ့စဉ်သတင်းစာများက ပေးသော ဉာဏ်ပူဇော်ခ အကြောင်းများ ရှုမဝမဂ္ဂဇင်း သွေးသောက်မဂ္ဂဇင်း မြဝတ မဂ္ဂဇင်း ငွေတာရီမဂ္ဂဇင်း ရှုထောင့်ဂျာနယ် အိုးဝေဂျာနယ် နာမည်ရ ဆရာ/မကြီးများကို ဝတ္ထုဆောင်းပါး...

Read more »

အမ္ဗနဒီကျော်စွာ ● ရိုးမမြို့ကလေး

July 18, 2018
အမ္ဗနဒီကျော်စွာ ● ရိုးမမြို့ကလေး

အမ္ဗနဒီကျော်စွာ ● ရိုးမမြို့ကလေး (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၈ ရခိုင်ပြည်နယ်ရဲ့ နယ်မြေဧရိယာပိုင်နက် အကျယ်ဆုံးတောင်ပေါ်မကျမြေပြန့်မကျ မြို့ကလေးကို လွမ်းသည်။ တောင်ပေါ်ရှုခင်းကြည့်စခန်းမှကြည့်လျှင် တောင်ခိုးဝေဝေတို့ကြား မြူငွေ့များရစ်သိုင်းလို့ ချောင်းကလေးက မြို့ကိုပတ် တောင်တန်း တောင်ကုန်းလေးတွေက မြို့ကိုထွေးပွေ့ထားပြီး တောငွေ့ တောင်ရိပ် သစ်ရိပ် ဝါးရိပ် သဘာဝ အထပ်ထပ် အလိပ်လိပ်နဲ့ မျက်လုံးမှိတ်ဖို့ မေ့သွားလောက်စရာ မြင်ကွင်းမျိုးမှာ သာယာနစ်မွန်းမိမှာ အမှန်ပင်ဖြစ်သည်။ သဘာဝကြီးကပေးထားသော လက်ရာမပျက်သေးသည့် တောတန်းများ တောင်ကုန်းတောင်တန်းများ ချိုင့်ဝှမ်း ဂမူများ လျှို မြှောင်များ ကျောင်တောင် ကျောက်သား အကျိုအကြားတို့က တစက်ချင်းညှစ်ချပေးပြီး အေးမြခြင်း အနန္ဒတို့ဖြင့် စီးဆင်း ကျလာသည့် စိမ့်ရေ စမ်းရေကြည်များ ပြေးလွှားဆော့ကစားနေသော စမ်းချောင်းလေးများကို အခြားကမ္ဘာတခုရောက် သွားသည့်...

Read more »

အမ္ဗနဒီကျော်စွာ ● စာဖတ်ခိုင်းကြရုံပဲလား

July 16, 2018
အမ္ဗနဒီကျော်စွာ ● စာဖတ်ခိုင်းကြရုံပဲလား

အမ္ဗနဒီကျော်စွာ ● စာဖတ်ခိုင်းကြရုံပဲလား (မိုးမခ) ဇူလိုင် ၁၆၊ ၂၀၁၈ ၂၀၁၇-၂၀၁၈ ခုနှစ်အတွင်းတွင် မဂ္ဂဇင်း ဂျာနယ်များ အတော်များများ ရပ်နားသွားကြပြီဖြစ်သည်။ မဂ္ဂဇင်းများ ဂျာနယ်များ နေ့စဉ်ထုတ်သတင်းစာများကိုအကြောင်းပြုကာ အသက်မွေးဝမ်းပြုပြီး ရပ်တည်နေရသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ သားများနှင့် နောက်ကွယ်မှ မိသားစုဘဝများစွာလည်း ရှိနေပါသေးသည်။ အကြမ်းအားဖြင့် လေ့လာကြည်မည်ဆိုလျှင် စက္ကူစက်ရုံနှင့် စက္ကူတင်သွင်းသူ၊ ဖြန့်ဖြူးရောင်းချသူ မိသားစုအသိုင်း အဝိုင်း များ ပုံနှိပ်တိုက်များနှင့် ဝန်ထမ်းမိသားစုများ၊ စာအုပ်အရောင်းဆိုင် စာရေးကိရိယာအရောင်းဆိုင်များနှင့် ဝန်ထမ်း မိသားစု များ၊ အယ်ဒီတာများ၊ စာစီစာရိုက်သမားများ၊ ပရုဖ်ဖတ်သူများ၊ ကွန်ပြူတာသမားများ၊ လေးအောက်ဒီဇိုင်းနာများ၊ စာရင်းကိုင် များ၊ သန့်ရှင်းရေးဝန်ထမ်းများ၊ သတင်းထောက်နှင့်မိသားစုဝင်များ၊ ကိုယ်စားလှယ်များ၊ ဂျာနယ်ဆိုင်များ၊ လက်ပွေ့ရောင်းချ သူများ စသည်ဖြင့်ရှိပြီး မဂ္ဂဇင်း၊...

Read more »

အမ္ဗနဒီကျော်စွာ ● ကျွန်တော်နှင့် အနာဂတ်များပျောက်ဆုံးခြင်း

July 4, 2018
အမ္ဗနဒီကျော်စွာ ● ကျွန်တော်နှင့် အနာဂတ်များပျောက်ဆုံးခြင်း

အမ္ဗနဒီကျော်စွာ ● ကျွန်တော်နှင့် အနာဂတ်များပျောက်ဆုံးခြင်း ဇူလိုင် ၄၊ ၂၀၁၈ ထိုင်း မြန်မာ နယ်စပ်ဒေသ၊ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာရှိတဲ့ ဂူအတွင်းမယ်ဆိုင်မြို့ရှိ ထမ့်လုံခွန်နမ့် လိုဏ်ဂူအတွင်း ဇွန်လ (၂၃) ရက်နေ့ကတည်းက ဝင်သွားသည့် ကျောင်းသားလူငယ် (၁၃) ဦးကို ထိုင်းနိုင်ငံမှ တာဝန်ရှိသူများ၊ လူမှုကူညီရေး အဖွဲ့ များ၊ နိုင်ငံတကာက ပူးပေါင်းကူညီသူများဖြင့် နည်းလမ်းမျိုးစုံသုံး၍ ရှာဖွေနေဆဲဖြစ်ပြီး ၃.၇.၂၀၁၈ အထိ ရှာဖွေမှုများ ဆက် လက်လုပ်ဆောင်နေကြပြီး ၁၀ ရက်မြောက်နေ့မှာ ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကလေး (၁၃) ဦး၏ မိဘဆွေမျိုးများ ကယ်ဆယ်ရေးအဖွဲ့များ ကြက်ခြေနီအဖွဲ့များ ရဲတပ်ဖွဲ့များ ထိုင်း တပ်မတော်မှ စစ် သားများ ထိုင်းဘုရင့်တပ်မတော်မှ ရဲဘော်များ အုပ်ချုပ်ရေးပိုင်းမှ အရာရှိများ...

Read more »

အမ္ဗနဒီကျော်စွာ ● ကျွန်တော်နှင့် ကိုယ်လုပ်တာ ကိုယ်စားရသလား …

July 3, 2018
အမ္ဗနဒီကျော်စွာ ● ကျွန်တော်နှင့် ကိုယ်လုပ်တာ ကိုယ်စားရသလား …

အမ္ဗနဒီကျော်စွာ ● ကျွန်တော်နှင့် ကိုယ်လုပ်တာ ကိုယ်စားရသလား … (မိုးမခ) ဇူလိုင် ၃၊ ၂၀၁၈ ကျွန်တော်တို့ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးတွင် ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာဆိုသော စကားကို လူဦးရေ ၁၀၀ တွင် ၇၀ ရာခိုင်နှုန်းခန့်က ပြောတတ်ကြသည်။ ကိုယ်လုပ်တာ ကိုယ်စားရပါသလား ကိုယ်လုပ်တာ ကိုယ် မစားရဘူးလားဆိုတာကို သေချာတိကျစွာ ကိုင်ပိုင်လေ့လာမှု သုံးသပ်မှု ဆင်ခြင်မှု တွေးခေါ်မှု တွေမလုပ်ဘဲနဲ့ သူများယောင် လို့ယောင်ရတယ် အမောင် တောင်မှန်း မြောက်မှန်းမသိသဘောနဲ့ပြောတယ်ဆိုရင် ပြန်လည်သုံးသပ်ကြဖို့ အမှန်တကယ် လိုအပ်မှာဖြစ်ပါတယ်။ ဒါကို လက်တွေ့ကျတဲ့ စကားပုံတွေလည်းရှိနေတာမို့ ဥပမာပေးရမယ်ဆိုရင် အိုစာ မင်းစာဆိုတဲ့စကားပုံလေး ရှိပါတယ် အို စာဆိုတာကတော့ အသက်အရွယ်ကြီးရင့်လာတဲ့အခါ သားသမီးမြေးမြစ်တွေက ပစ်ပယ်သွားတဲ့အခါ အကူအညီအထောက် အပံ့မရနိုင်တဲ့အခါ...

Read more »

အမ္ဗနဒီကျော်စွာ ● ကျွန်တော်နှင့် လူငယ်စာပေဖန်တီးသူတို့၏အရွေ့

May 17, 2018
အမ္ဗနဒီကျော်စွာ ● ကျွန်တော်နှင့် လူငယ်စာပေဖန်တီးသူတို့၏အရွေ့

အမ္ဗနဒီကျော်စွာ ● ကျွန်တော်နှင့် လူငယ်စာပေဖန်တီးသူတို့၏အရွေ့ (မိုးမခ) မေ ၁၇၊ ၂၀၁၈ လူငယ်များ ကလောင်သစ်များ စာပေဝါသနာရှင်များနှင့် ဝါရင့်စာပေဖန်တီးသူ ဆရာ/မကြီးများ မဂ္ဂဇင်း၊ ဂျာနယ်၊ စာစောင် နေ့စဉ်ထုတ်သတင်းစာတို့ကြားတွင် လိုအပ်နေသော ပေါင်းကူးတံတားလေးတစ်ခုဖြစ်စေရန်အလို့ငှာ ဝါသနာအရ ကဗျာ၊ ဆောင်းပါး၊ အက်ဆေး၊ ဝတ္ထုတို၊ ဝေဖန်ရေး၊ နိုင်ငံတကာစာပေ၊ ဘာသာပြန်စာပေ စသည်တို့ကို ရေးသားနေကြပြီး ပရင့် တက်မီဒီယာများပေါ်သို့ဖော်ပြရန် အခက်အခဲရှိသူများ အယ်ဒီတာတို့၏ စာမူရွေးချယ်ပုံမူများ တိုက်၏စာမူရွေးချယ် ဖော်ပြ ရေးမူများအပြင် ကလောင်သစ်များကိုဦးစားပေးကာ ရွေးချယ်ဖော်ပြပေးသောတိုက်များအကြောင်းတို့ကို အနည်းအကျဉ်းမျှ ဆွေးနွေးတင်ပြပေးမည်ဖြစ်ပြီး ကျန်ရှိနေနိုင်သော အချို့တိုက်များကိုလည်း ဖြည့်စွက်စဉ်းစားကာ နားလည်ပေးကြစေချင်ပါ သည်။ လူငယ်များ၊ ကလောင်သစ်များ၊ ဝါသနာရှင်များအတွက် စာတိုပေစကလေးများ ရေးသားကြပါသော်လည်း ပရင့်တက် မီဒီ ယာပေါ်သို့ရောက်ရန်...

Read more »

အမ္ဗနဒီကျော်စွာ ● ကျွန်တော်နှင့် ဘယ်သူ့လက်ထဲမှာ အာဏာရှိသလဲ

May 14, 2018
အမ္ဗနဒီကျော်စွာ ● ကျွန်တော်နှင့် ဘယ်သူ့လက်ထဲမှာ အာဏာရှိသလဲ

အမ္ဗနဒီကျော်စွာ ● ကျွန်တော်နှင့် ဘယ်သူ့လက်ထဲမှာ အာဏာရှိသလဲ (မိုးမခ) မေ ၁၄၊ ၂၀၁၈ ယခုလပိုင်းတွင် ဆန္ဒပြပွဲတွေဆက်တိုက်ဆိုသလိုဖြစ်လာပြီး ဆန္ဒပြပွဲအများစုမှာ ငြိမ်းချမ်းရေးအတွက် စစ်ပွဲများ ရပ်တန့်ပေး ကြဖို့ လက်နက်ကိုင်ဆောင်ထားသော အဖွဲ့အစည်းအားလုံးကို တောင်းဆိုဆန္ဒပြကြခြင်းဖြစ်ကာ ဓါးမဦးချ ဘိုးဘွားပိုင် မြေ ယာများအတွက် သီလဝါဆိပ်ကမ်းစက်မှုဇုန်တွင် ဖြစ်ပွားကြခြင်းဖြစ်သည်။ ဆန္ဒပြပွဲများကို တားဆီးခြင်း ပိတ်ပင်ခြင်း ဖမ်းဆီးခြင်းများရှိခဲ့ပြီး သီလဝါတွင် ပစ်ခတ်ဖမ်းဆီးနှိမ်နှင်းမှုများအထိ ရှိခဲ့သည်။  ထိုဆန္ဒပြပွဲများကို တားဆီးပိတ်ပင်နေရသည့် ပြည်သူ့ရဲတပ်ဖွဲ့ဝင်များကို ပြည်သူလူထုတို့က တင်မြှောက်ရွေးကောက်ထား သော ပြည်သူ့အစိုးရက စီမံခန့်ခွဲရန်တာဝန်ရှိသလား ပြည်ထဲရေးဌာနက စီမံခန့်ခွဲရန် တာဝန်ရှိသလား ပြည်သူ့တပ်မတော် က စီမံခန့်ခွဲရန်တာဝန်ရှိသလားဆိုတာ ပြည်ထောင်စုမြန်မာနိုင်ငံသားတိုင်းက သိနားလည်ထားသည့် အရာတခုရှိ သည်မှာ ပြည်သူလူထုတို့က စုပေါင်းထည့်ဝင်ထားသော အခွန်ငွေများက ပေးချေနေသော ...

Read more »

အမ္ဗနဒီကျော်စွာ ● ကျွန်တော်နှင့် အခွန်ဆိုသည်မှာ

May 7, 2018
အမ္ဗနဒီကျော်စွာ ● ကျွန်တော်နှင့် အခွန်ဆိုသည်မှာ

အမ္ဗနဒီကျော်စွာ ● ကျွန်တော်နှင့် အခွန်ဆိုသည်မှာ (မိုးမခ) မေ ၇၊ ၂၀၁၈ နိုင်ငံတနိုင်ငံဖြစ်တည်ရန် မြေထု၊ လေထု၊ ရေထုတို့ကို နယ်မြေအပိုင်းအခြား အတိအကျသတ်မှတ်ထားသော နယ်ခြား စည်းမျဉ်း ထိုမြေထု၊ လေထု၊ ရေထုတို့ကို မှီတင်းအသက်မွေးဝမ်းကြောင်းပြုပြီး အမြဲတမ်းနေထိုင်ကာ လုပ်ကိုင် စားသောက် ကြသော အမြဲတမ်းလူဦးရေနှင့် ထိုလူမျိုးစုများ အဖွဲ့အစည်းများ အသင်းအဖွဲ့သား တဦးချင်းစီတို့ကို စီမံခန့်ခွဲ ဝေမျှခံစား အ ထောက်အကူပြုပေးနိုင်သော ထိုလူမျိုးစုများကပင် စိတ်လိုလက်ရ (သို့မဟုတ်) သဘောတူညီမှုမရှိသော်လည်း လူအများစု ၏ရပိုင်ခွင့်များ လုပ်ပိုင်ခွင့်များတာဝန်များကိုရယူထားသော အစိုးရအဖွဲ့အစည်း တို့ရှိကြရပါသည်။  အစိုးရ အဖွဲ့အစည်းနှင့်နိုင်ငံ သားတို့ လိုက်နာရမည့်ဥပဒေများကို ပြဌာန်းရေးဆွဲသတ်မှတ်ပေးသော ဥပဒေပြုရေးအဖွဲ့အစည်း ထိုဥပဒေများကို လိုက်နာ ခြင်းရှိသည် လိုက်နာခြင်းမရှိသည်တို့ကို စောင့်ကြည့်ကာ နိုင်ငံသားတဦးချင်းစီတို့၏...

Read more »

အမ္ဗနဒီကျော်စွာ ● ကျွန်တော်နှင့် ၂၁ ရာစုပညာရေး

April 26, 2018
အမ္ဗနဒီကျော်စွာ ● ကျွန်တော်နှင့် ၂၁ ရာစုပညာရေး

အမ္ဗနဒီကျော်စွာ ● ကျွန်တော်နှင့် ၂၁ ရာစုပညာရေး (မိုးမခ) ဧပြီ ၂၆၊ ၂၀၁၈ ပညာရေးဆိုသည်မှာ လူသားရင်းမြစ်တို့၏ အရည်အချင်း အစွမ်းအစ ပါရမီ မွေးရာပါဗီဇ ဝါသနာ အလေ့အကျင့်နှင့် ကိုယ်ပိုင် တွေးခေါ်မြှော်မြင်နိုင်မှုတို့ကို အဆင့်အတန်းခွဲခြားခြင်း အမှတ်ပေးစည်းမျဉ်းများဖြင့် တော်သည် ညံ့သည် စသည်ဖြင့် စာမေး ပွဲများစစ်ဆေးကာ အကဲဖြတ် သတ်မှတ်ပေးရခြင်းမျိုးမဟုတ်ပေ။ ပညာရေး၏ အဓိကရည်ရွယ်ချက်ဦးတည်ချက်မှာ လူသားရင်းမြစ်တစ်ဦး၏ ကိုယ်ပိုင်ဘဝလမ်း သူ၏ပတ်ဝန်းကျင် သူ၏နိုင်ငံ တော်နှင့် ကမ္ဘာလောကကြီးကို အကျိုးပြုနိုင်သော လူသားတစ်ဦးဖြစ်လာစေရန် ထိုလူသားရစ်မြစ်တစ်ဦး၏ ကိုယ်ပိုင် အရည် အချင်း မွေးရာပါဗီဇ အထုံပါရမီ ဝါသနာရပ် အားသန်သောအလေ့အကျင့်များကို ပိုမို၍ သန်မာလာစေရန် အားကောင်း လာစေရန် ရည်ရွယ်ချက်များ ပန်းတိုင်များ ကောင်းမွန်မှန်ကန်သော အယူအဆများ...

Read more »

အမ္ဗနဒီကျော်စွာ ● ကျွန်တော်နှင့် အစိုးရဆိုသည်မှာ

April 15, 2018
အမ္ဗနဒီကျော်စွာ ● ကျွန်တော်နှင့် အစိုးရဆိုသည်မှာ

အမ္ဗနဒီကျော်စွာ ● ကျွန်တော်နှင့် အစိုးရဆိုသည်မှာ (မိုးမခ) ဧပြီ ၁၅၊ ၂၀၁၈ အစိုးရဆိုသည်မှာ ရွာသူရွာသား မြို့သူမြို့သား တိုင်းသူပြည်သား နိုင်ငံသူနိုင်ငံသားတို့ကို အုပ်ချုပ်စိုးမိုးချယ်လှယ် ချုပ်ကိုင် စီမံခန့်ခွဲရုံသက်သက်ထားရှိသော အဖွဲ့အစည်းသက်သက်မဟုတ်ပါ။ ထိုရည်ရွယ်ချက်ရှိနေပါလျှင်လည်း မရှိသင့် မရှိအပ် မထားသင့် မထားအပ်တော့သော အဖွဲ့အစည်းတစ်ရပ်သာ ဖြစ်ပါလိမ့်မည်။ အစိုးရအဖွဲ့အစည်းတစ်ရပ်အဖြစ် တာဝန်ယူတော့မည်ဆိုလျှင် အဓိကပြုလုပ်ရမည်မှာ အများအကျိုးသာ ဖြစ်သင့်ပါသည် မဟုတ်ပါလား။ အစိုးရအဖွဲ့အစည်းတွင် ပါဝင်သူများလုပ်ကိုင်နေသူများကိုလည်း လူကြီးဟု သုံးနှုန်းကြသဖြင့် အသက်ကြီး သောလူကြီးများကသာ နေရာယူကာ စီစဉ်လုပ်ကိုင်ရမည် စီမံခန့်ခွဲရမည်ဟု တစ်ထစ်ချ မသတ်မှတ်ကြစေလိုပါ။ လူကြီးဆို သည်မှာ တာဝန်ကြီးကြီးကိုယူထားသော ထမ်းဆောင်နေသောသူကိုသာ လူကြီးဟုခေါ်ဆိုသည်ကို လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်ကလည်း ပြောကြားဖူးသည် မဟုတ်ပါလား။ အစိုးရအဖွဲ့အစည်းတွင် ပါဝင်သူတို့၏ အရည် အချင်းများထဲတွင် အရေးအကြီးဆုံးမှာ...

Read more »

အမ္ဗနဒီကျော်စွာ ● အရူးများနှင့် ကျွန်တော်

April 9, 2018
အမ္ဗနဒီကျော်စွာ ● အရူးများနှင့် ကျွန်တော်

အမ္ဗနဒီကျော်စွာ ● အရူးများနှင့် ကျွန်တော် (မိုးမခ) ဧပြီ ၉၊ ၂၀၁၈ အရူးဟုဆိုလျှင် အဝတ်အစား စုတ်စုတ်ပြတ်ပြတ်နှင့် လမ်းတကာလျှောက်သွားကာ ဟိုဟာကောက်စား သည်ဟာကောက် စား၊ နေပူမရှောင် မိုးရွာမရှောင်၊ မိုးရွာလျှင်စို နေပူလျှင်ခြောက်၊ နေထိုင်ရာ အတည်တကျမရှိ၊ စောင့်လျှောက်သူမရှိ၊ ဗိုက်ဆာ မှန်း မဆာမှန်းမသိ၊ တစ်ယောက်တည်းစကားတွေပြောကာ နေချင်သလိုနေ ထိုင်ချင်သလိုထိုင်၊ မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ လုပ်ချင် ရာလုပ်နေတတ်ကြသောသူများကို ကျွန်တော်တို့ မြင်ဖူးတွေ့ဖူးကြသည်မဟုတ်ပါလား။ ယခုမူ ထိုသို့ မဟုတ်တော့ပေ။ အရူးများသည်လည်း ခေတ်မီလာကြချေပြီ။ သန့်သန့်ပြန့်ပြန့် နေတတ်လာကြပြီး လူရာဝင်ချင် နာမည်ကြီးချင် ဆယ်လီဖြစ်ချင် ဂုဏ်သတင်း မွှေးသည် နံသည် မသိ၊ ကျော်ဇောဖို့သာသိသော လိုချင်တာတစ်ခုရမည်ဆို လျှင် ခိုင်းသမျှ အကုန်လုပ်တတ်သောအရူးများ ပေါ်ပေါက်လာလေပြီ။...

Read more »

အမ္ဗနဒီကျော်စွာ ● ကဗျာတစ်ပုဒ်၏ တန်ဖိုး

April 3, 2018
အမ္ဗနဒီကျော်စွာ ● ကဗျာတစ်ပုဒ်၏ တန်ဖိုး

အမ္ဗနဒီကျော်စွာ ● ကဗျာတစ်ပုဒ်၏ တန်ဖိုး (မိုးမခ) ဧပြီ ၃၊ ၂၀၈  ကဗျာတစ်ပုဒ်ရဲ့တန်ဖိုးလို့ပြောလိုက်တာနဲ့ အလွန်လေးနက်ကျယ်ပြန့်တာကိုတော့ လူတိုင်းသိကြမှာဖြစ်ပါတယ်။ ကဗျာဆိုတာမျိုးကလည်း လုံးဝကိုအထိအခိုက် အပွန်းအပဲ့မခံတဲ့ စာပေတို့ရဲ့ နတ်ဘုရားတစ်ပါးလို တန်ခိုးထွားပြီး လူသား တွေရဲ့ စိတ်နှလုံးကိုညှို့ယူဆွဲငင် ထားတတ်တာမို့လည်း ပိုပြီးသတိကြီးကြီးထားကာ ပြောကြားဆွေးနွေးရတဲ့ အကြောင်းခြင်း ရာတစ်ခုဖြစ်ပါတယ်။ ဟုတ်ပါတယ။်ဒါပေမယ့် အခုပဲကဗျာတစ်ပုဒ်ရဲ့တန်ဖိုးကို ဆွေးနွေးပြောကြားကြရအောင်ပါ။ အခုလက်ရှိအနေအထားမှာ  ဖြစ်နေတဲ့အတိုင်းကိုပဲ အမှန်အတိုင်း မလိမ်မညာ မကွယ်မဝှက် မထိန်းမသိမ်း ဆွေးနွေးကြရအောင်ပါ။ ပထမဦးဆုံး မဂ္ဂဇင်း ဂျာနယ် စာစောင် သတင်းစာတွေပေါ်က ကဗျာတွေတန်ဖိုးကိုကြည့်ရင် ကဗျာတန်ဖိုး မတူညီကြတာကို တွေ့ရမှာဖြစ်ပါတယ်။ ကဗျာစာမူခကို အများဆုံးချီးမြှင့်ပေးနိုင်တာကတော့ သတင်းစာများလို့ပဲ သတ်မှတ်ရမှာဖြစ်ပါတယ်။ သတင်းစာများမှာ စာမူရွေးချယ်ဖောပြခံရသောစာမူခများမှာ အနည်းဆုံးငါးထောင်ကျပ်၊ ပုံမှန် ခုနှစ်ထောင်ကျပ်...

Read more »

အမ္ဗနဒီကျော်စွာ ● ကျွန်တော်နှင့် ထိုင်ခုံ

April 1, 2018
အမ္ဗနဒီကျော်စွာ ● ကျွန်တော်နှင့် ထိုင်ခုံ

အမ္ဗနဒီကျော်စွာ ● ကျွန်တော်နှင့် ထိုင်ခုံ (မိုးမခ) ဧပြီ ၁၊ ၂၀၁၈ သည်နေ့သည် မနေ့ကလိုမဟုတ်ပါ။ သည်နေ့သည် နေ့ရက်အသစ်တစ်ရက်သာဖြစ်သည်။ ထိုကဲ့သို့ သာမာန်နေ့ရက်ဖြစ် သည်ဟုပြောဆိုနေရခြင်းကိုက ထူးခြားမှုဖြစ်သည်လို့ မလည်ရှုပ်ဖြစ်အောင် မရှုပ်ရှု့ပ်အောင်လုပ်နေကြသော လောကကြီး တွင် ကိစ္စများမြောင် လူတို့ဘောင်ဆိုသည့်အတိုင်း သည်နေ့လည်း ကျွန်တော်သည် မြန်မာတစ်နိုင်ငံလုံးတွင် မှီတင်းနေ ထိုင်ကြသူများထဲမှ ထူးခြားဆန်းပြားတမူထူးတဲ့ လူထူးခြားစာပေဖန်တီးသူ ဆရာ/မများ၏ စာမူများကို ရန်ကုန် မြို့တွင်းတွင်ရှိ သော မဂ္ဂဇင်းဂျာနယ် စာစောင် နေ့စဉ်သတင်းစာတိုက်များဆီသို့ စာမူများချောမောလွယ်ကူအောင်မြင်စွာ ရောက်ရှိဖို့ရာ ရှေ့တန်းထွက်ရပေဦးမည်။ ပထမဆုံးစစ်ပွဲကတော့ ကားမှတ်တိုင်တွင် ရန်သူမဟုတ် မိတ်ဆွေမဟုတ်သူ အာဂလူသားများနှင့် အလုအယက် ထိုင်ခုံတစ် နေရာအတွက် တိုက်ပွဲဝင်ရခြင်း ဖြစ်ပေလိမ့်မည်။ ဟုတ်ပါသည်။ ရန်တွေကုန်သွားသော ရန်ကုန်တွင် အချိန်တွေကိုပါ...

Read more »

အမ္ဗနဒီကျော်စွာ ● အယ်ဒီတာတို့၏ အသံများ

March 28, 2018
အမ္ဗနဒီကျော်စွာ ● အယ်ဒီတာတို့၏ အသံများ

အမ္ဗနဒီကျော်စွာ ● အယ်ဒီတာတို့၏ အသံများ (မိုးမခ) မတ်လ ၂၈၊ ၂၀၁၈ မျက်မှောက်ခေတ်တွင် အယ်ဒီတာတို့ကြုံတွေ့နေရသော အခက်အခဲများမှာကား ကဗျာစာမူပို့သူများကို ပြန်လည်ဖြေရှင်း ပေးနေရသောပြဿနာများလည်း ပါဝင်လေသည်။ စာပေလောကထဲသို့ ကလောင်သစ်များအဖြစ် ဝင်ရောက်လာသော လူငယ်ကလောင်သစ်များအများစုသည် ၂၀၀၀ ခုနှစ်ရှေ့ပိုင်းမှ ဆရာ/မများကဲ့သို့ အခက်အခဲ သိပ်မရှိကြတော့ပါဟုပြော လျှင် လွန်အံ့မထင်ပါ။ ထိုခေတ်ထိုကာလကများဆီက အယ်ဒီတာများကို အလွန်ချစ်ကြောက် ရိုသေသမှု ရှိခဲ့ကြရ၏။ စာမူပို့ ဖို့ကိုပင် မဝံ့မရဲဖြင့်ပို့ခဲ့ကြရသလို အယ်ဒီတာကိုမျက်စိရှေ့တွင် မျက်ဝါးထင်ထင် တွေ့နေရပါသော်လည်း မခေါ်ဝံ့ မခေါ်ရဲ  နှုတ်ဆက်ခြင်းအမှုကို အလွယ်တကူမပြုရဲခဲ့ကြသော ခေတ်ဖြစ်သည်။ ယခုခေတ်သည်ကား ထိုသို့မဟုတ်တော့ပြီ။ မဂ္ဂဇင်းဂျာနယ် နေ့စဉ်သတင်းစာတို့ကို စာတိုက်မှ စာမူပို့သောသူများလည်း အရင်ကနဲ့စာလျှင် နည်းပါးလာလေပြီ။ Email များပေါ်လာခဲ့ပြီ။ Facebook ၊...

Read more »

အမ္ဗနဒီကျော်စွာ ● ကျွန်တော်ဖြစ်စေချင်သော ပညာရေး

March 23, 2018
အမ္ဗနဒီကျော်စွာ ● ကျွန်တော်ဖြစ်စေချင်သော ပညာရေး

အမ္ဗနဒီကျော်စွာ ● ကျွန်တော်ဖြစ်စေချင်သော ပညာရေး (မိုးမခ) မတ်လ ၂၃၊ ၂၀၁၈ ကျွန်တော်ဖြစ်စေချင်သောပညာရေးဆိုသည်မှာ စာပေတစ်ခုတည်းကိုသာ အားပြုသင်ကြားပေးသော ပညာရေးမဟုတ်ပါ စာကိုအလွတ်ရအောင်ကျက်ပြီး အမှတ်ရအောင် ဖြေဆိုရသောပညာရေးမဟုတ်ပါ။ ကျွန်တော်ဖြစ်စေချင်သောပညာရေး သည်ကား စာဖတ်နည်း၊ စာရေးနည်း၊ တွေးခေါ်မျှော်မြင်နည်း၊ ကြံဆတီထွင်နည်း၊ မေးခွန်းထုတ်နည်း၊ ဖြန့်ကျက် ချိန်ဆနည်း၊ စုပေါင်းလုပ်ဆောင်နည်း၊ ခေါင်းဆောင်နည်းစသည်ဖြင့် ဆရာစားတစ်ကွက်မှမချန်ရဘဲ ဆရာထက် တပည့် ပိုတော် ပိုတတ် ပိုသိပိုနားလည်ကာ တစ်ဆင့်ထက် တစ်ဆင့် ဆရာကောင်းတပည့်များ ပန်းကောင်းပန်ကြရသော ပညာရေးမျိုးကိုသာ အစဉ် သဖြင့် လိုချင်တပ်မက် ချဉ်ချင်းတက်ပြီး မျှော်တလင့်လင့် စောင့်စားလျက်ရှိပါသည်။ ပညာရေးဟုဆိုလျှင် စာပေတစ်ခုတည်းဟု ကျွန်တော် မယုံကြည်ပါ၊ မသတ်မှတ်ထားပါ။ ပညာ၏အဓိပ္ပါယ်ကိုကပင် စဉ်းစားရ ခြင်း၊ ဆင်ခြင်ရခြင်း၊ မျှော်မြင်ရခြင်းတွေးခေါ်ရခြင်း၊ ကြံဆရခြင်းတီထွင်ရခြင်း၊...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်