Posts Tagged ‘ အရှင်စန္ဒိမာ (မွန်စိန်တောရ) ’

အရှင်စန္ဒိမာ (မွန်စိန်တောရ) – ဘင်္ဂလားဒေ့ဂ်ျနှင့် ရုရှားနိုင်ငံတို့မှ ရယူစရာ အစွန်းရောက်ဝါဒသင်ခန်းစာ

March 1, 2015
အရှင်စန္ဒိမာ (မွန်စိန်တောရ)   – ဘင်္ဂလားဒေ့ဂ်ျနှင့် ရုရှားနိုင်ငံတို့မှ ရယူစရာ အစွန်းရောက်ဝါဒသင်ခန်းစာ

အရှင်စန္ဒိမာ (မွန်စိန်တောရ)   – ဘင်္ဂလားဒေ့ဂ်ျနှင့် ရုရှားနိုင်ငံတို့မှ ရယူစရာ အစွန်းရောက်ဝါဒသင်ခန်းစာ  (မိုးမခ) မတ် ၁၊ ၂၀၁၅ (၁)   အမေရိကန်နိုင်ငံသား ဘင်္ဂလားဒေ့လူမျိုးဘလော်ဂါ အဝီဂျစ်ရွိင်း (Avijit Roy) ဟာ ဖေဖေါ်ဝါရီ ၂၆ ရက်နေ့က ဒါကာမြို့ လမ်းမပေါ်မှာ သဘောထားတင်းမာတဲ့ အစ္စလာမ်မစ်လူအုပ်စုရဲ့ ရက်ရက်စက်စက် သတ်ဖြတ်တာ ခံလိုက်ရပါတယ်။ ဇနီးဖြစ်သူနဲ့အတူ စာအုပ်ပွဲတော်မှ ပြန်ထွက်လာတဲ့အချိန်မှာ စောင့်ဆိုင်းနေတဲ့ အဆိုပါလူအုပ်စုက သားလှီးဒါးတွေနဲ့ သူ့ကို ဝိုင်းခုတ်သတ်ခဲ့ကြပါတယ်။ ရာပေါင်းများစွာသော ဒါကာမြို့တော်က လူထုကြီးဟာ ရွိင်းအတွက် ဝမ်းနည်းပူဆွေးမှုကို ပြသခဲ့ကြပါတယ်။     မကြာသေးခင်ကပဲ ရွိင်းဟာ လက်တွေ့လည်းမကျ ကျိုးကြောင်းဆီလျှော်မှုလည်းမရှိတဲ့ ယုံကြည်မှုကို ဆန့်ကျင်ခြင်းဟာ ကျိုးကြောင်းဆီလျှော်တဲ့ အယူအဆပါလို့...

Read more »

အရှင်စန္ဒိမာ (မွန်စိန်တောရ) – အောင်ဆန်းစိတ်ဓါတ်

February 10, 2015
အရှင်စန္ဒိမာ (မွန်စိန်တောရ)  – အောင်ဆန်းစိတ်ဓါတ်

အရှင်စန္ဒိမာ (မွန်စိန်တောရ)  – အောင်ဆန်းစိတ်ဓါတ် (မိုးမခ) ဖေဖော်ဝါရီ ၁၀၊ ၂၀၁၅ လောကမှာ အကောင်းနဲ့အဆိုးဟာ ဒွန်တွဲနေတာ သဘာဝပါ။ ဘဝအခက်အခဲ ဆင်းရဲမွဲတေမှုကြောင့် ကိုယ်ကျင့်သီလပျက်စီးမှုဆီ ဦးတည်သွားနိုင်သလို လုပ်ပိုင်ခွင့်အာဏာနဲ့ ချမ်းသာကြွယ်ဝမှုကြောင့်လည်း ကိုယ်ကျင့်တရားဖေါက်ပြားသွားမှုတွေ ရှိနေပါတယ်။ ဘဝအခက်အခဲ ဆင်းရဲမွဲတေမှုကြောင့်ပင် ကြံ့ကြံ့ခံနိုင်တဲ့ စွမ်းရည် ကာယစွမ်းအား ဉာဏစွမ်းအားတွေကို ညှစ်ထုတ်အသုံးပြုနိုင်တဲ့ အခြေအနေတွေ ပေါ်ပေါက်လာစေသလို လုပ်ပိုင်ခွင့်အာဏာ၊ နာမည်ကျော်ကြားမှုနဲ့ ချမ်းသာကြွယ်ဝမှုကြောင့် မြင့်မြတ်တဲ့ လူသားအကျိုးပြု ပရဟိတလုပ်ငန်းတွေကို လုပ်ဆောင်ဖို့ အခွင့်အလမ်းတွေ ရရှိလာစေပါတယ်။ အစိုးရအာဏာရှိသူတွေဟာ အကြီးမားဆုံး လူသားအကျိုးပြုလုပ်ငန်းတွေကို လုပ်ဆောင်ဖို့ အခွင့်အလမ်းရှိကြသူတွေ ဖြစ်ပါတယ်။ ပညာရှိသူတော်ကောင်းများအဖို့ သန္တိသုခချမ်းသာမြတ်ဆိုတဲ့ ခရီးဆုံးပန်းတိုင်ကို သွားရောက်ရန် လူ့ဘဝကို အသုံးပြုစရာ ယာဉ်တခုအဖြစ်သာ သဘောထားကြပါတယ်။ ယခုရရှိထားတဲ့ လူ့ဘဝဆိုတာ...

Read more »

အရှင်စန္ဒိမာ (မွန်စိန်တောရ) – လက်ဖက်ရည်ရောင်းသမားဘဝမှ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ်သို့

January 30, 2015
အရှင်စန္ဒိမာ (မွန်စိန်တောရ) – လက်ဖက်ရည်ရောင်းသမားဘဝမှ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ်သို့

  အရှင်စန္ဒိမာ (မွန်စိန်တောရ) – လက်ဖက်ရည်ရောင်းသမားဘဝမှ နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ်သို့  (မိုးမခ) ဇန်န၀ါရီ ၃၀၊ ၂၀၁၅ “…your father selling tea in the train station, and your mother working at other families’ homes to support her own. And tonight, their son welcomes us as the prime minister of the world’s largest democracy,” (BBC)     “သင့်ဖခင်ဟာ မီးရထားဘူတာရုံမှာ လက်ဖက်ရည်ရောင်းခဲ့ပါတယ်။ သင့်မိခင်ကတော့ သူများအိမ်မှာ အိမ်အကူလုပ်ပြီး...

Read more »

အရှင်စန္ဒိမာ (မွန်စိန်တောရ) – အကာအကွယ်မဲ့ရရှာတဲ့ မြတ်ဆရာတွေ

January 28, 2015
အရှင်စန္ဒိမာ (မွန်စိန်တောရ)   – အကာအကွယ်မဲ့ရရှာတဲ့ မြတ်ဆရာတွေ

  အရှင်စန္ဒိမာ (မွန်စိန်တောရ)   – အကာအကွယ်မဲ့ရရှာတဲ့ မြတ်ဆရာတွေ (မိုးမခ) ဇန်န၀ါရီ ၂၈၊ ၂၀၁၅ ဆုံးမသွန်သင် အတတ်ပညာသင်ကြားပေးတဲ့ ဆရာဆရာမများဟာ အနန္တဂိုဏ်းဝင် ကျေးဇူးရှင်ငါးပါးထဲမှာ တပါးအပါအဝင် ဖြစ်ပါတယ်။ အသက်မွေးမှုအားလုံးထဲမှာ ပညာဖြင့် အသက်မွေးမှုကို မြတ်သောအသက်မွေးအဖြစ် ဘုရားရှင် ချီးမွမ်းထားပါတယ်။ မြန်မာနိုင်ငံမှာ မြို့တွေထက် ကျေးလတ်တောရွာတွေရဲ့ ပညာရေးနိမ့်ကျမှုက ပိုဆိုးပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ တောရွာများမှ ကလေးငယ်တွေကို သွားရောက်ပညာသင်ကြားပေးနေကြတဲ့ ဆရာဆရာမများရဲ့ စေတနာမေတ္တာကို လေးစားတန်ဘိုးထားထိုက်ပါတယ်။ အစိုးရစာသင်ကျောင်းမရှိတဲ့ ကျေးလတ်ဒေသတွေမှာ ကလေးငယ်တွေရဲ့ ပညာရေးကို သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးအဖွဲ့အစည်းတွေ ဘာသာရေးအဖွဲ့အစည်းတွေ စတဲ့ အစိုးရမဟုတ်တဲ့ ပါတီအဖွဲ့အစည်းတွေက တနိုင်တပိုင် ဝင်ရောက်တာဝန်ယူပေးနေကြတာ ဖြစ်ပါတယ်။ အစိုးရမဖြည့်ပေးနိုင်သေးတဲ့ ကွက်လပ်ကို သူတို့က ဝင်ရောက်ဖြည့်ဆည်းပေးနေကြတာပါ။ ဆရာ့ဂုဏ်ကျေးဇူးကို လေးစားတန်ဘိုးထားတဲ့ မြန်မာ့လူ့အဖွဲ့အစည်းမှာ...

Read more »

အရှင်စန္ဒိမာ (မွန်စိန်တောရ) – လိမ်ပွဲလား ညစ်ပွဲလား

January 25, 2015
အရှင်စန္ဒိမာ (မွန်စိန်တောရ) – လိမ်ပွဲလား ညစ်ပွဲလား

အရှင်စန္ဒိမာ (မွန်စိန်တောရ) – လိမ်ပွဲလား ညစ်ပွဲလား (မိုးမခ) ဇန်န၀ါရီ ၂၅၊ ၂၀၁၅ ၁၉၉၀ ခုနှစ်တုန်းက မြန်မာနိုင်ငံမှာ ဘက်လိုက်မှုကင်းတဲ့ ဘောလုံးပွဲတပွဲ ရှိခဲ့ပါတယ်။ ပြည်သူ့ကိုယ်စားပြုအသင်းက တဖက်အသင်းကို ဂိုးအပြတ်အသတ်နဲ့ နိုင်ခဲ့ပါတယ်။ ဒါပေမယ့် နိုင်တဲ့အသင်းဟာ ဆုဖလားကို မရခဲ့ရုံမျှမက အသင်းသား တွေရော အသင်းကို အားပေးထောက်ခံကြသူတွေပါ ဘောလုံးပွဲပြီးခါမှ အနီကဒ်တွေထိပြီး ထောင်ထဲ အပို့ခံကြရရှာပါတယ်။ ထောင်ထဲမှာ အသက်ပေးကြရသူတွေ၊ မိသားစုတခုလုံး ဘဝပျက် ပေးဆပ်ကြရသူတွေ၊ မရေမတွက်နိုင်အောင် များခဲ့ပါ တယ်။         ၁၉၉၀ ခုနှစ်ဘောလုံးပွဲဟာ ဆုဖလားပေးမယ့်ပွဲ မဟုတ်ပါဘူးတဲ့။ ဘောလုံးပွဲစည်းမျဉ်းရေးဆွဲဖို့အတွက်သာ ဖြစ်ပါတယ်လို့ ရှုံးတဲ့အသင်းဘက် ပင်းတဲ့ ဘောလုံးပွဲကျင်းပရေးကော်မတီက ကြေငြာချက်ထုတ်ကာ သူတို့နိုင်စေချင်တဲ့ အသင်းသာ အမြဲတမ်းနိုင်စေမယ့် စည်းမျဉ်းတခုကို စတင်ရေးဆွဲပါတော့တယ်။...

Read more »

အရှင်စန္ဒိမာ (မွန်စိန်တောရ) – မောဟမှိုင်းကြားမှ မြေဇာပင်များ

December 14, 2014
အရှင်စန္ဒိမာ (မွန်စိန်တောရ) – မောဟမှိုင်းကြားမှ မြေဇာပင်များ

အရှင်စန္ဒိမာ (မွန်စိန်တောရ) – မောဟမှိုင်းကြားမှ မြေဇာပင်များ (မိုးမခ) ဒီဇင်ဘာ ၁၄၊ ၂၀၁၄    p h o t o © a u n g h t e t ဦးရွှေမန်းရဲ့  သားများ ကုမ္ဗဏီတွေထောင်ပြီး ကြီးပွါးချမ်းသာနေကြတယ်။ ဒါပေမယ့် သူကတော့ တကယ့်ကို ပြုပြင်ရေးသမားပုံမျိုးဖမ်းနေတယ်။ အရင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးရွှေမန်း တဂိုဏ်းတည်းပုံမျိုး သတင်းထွက်ဖူးတယ်။ ဒါပေမယ့် နောက်ပိုင်း အစေးမကပ်တော့ဘူးလို့ ကြားခဲ့ရတယ်။ အခုတော့ အစေးကပ်သွားပြန်ပြီးလား မသိပါ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ နိုင်ငံရေးမှာ “ထာဝရမိတ်ဆွေ ထာဝရရန်သူမရှိ” ဆိုတဲ့မူကို ကျင့်သုံးနေတာလား မပြောတတ်ပါဘူး။ ဦးသိန်းစိန်ကတော့ ဦးရွှေမန်းလို ကိုယ်ကျိုးစီးပွါးနဲ့...

Read more »

အရှင်စန္ဒိမာ (မွန်စိန်တောရ) – သမာရိုးကျအတွေးအခေါ်ကို စွန့်လွှတ်လိုက်ပါ

December 11, 2014
အရှင်စန္ဒိမာ (မွန်စိန်တောရ) – သမာရိုးကျအတွေးအခေါ်ကို စွန့်လွှတ်လိုက်ပါ

  အရှင်စန္ဒိမာ (မွန်စိန်တောရ) – သမာရိုးကျအတွေးအခေါ်ကို စွန့်လွှတ်လိုက်ပါ (မိုးမခ) ဒီဇင်ဘာ ၁၁၊ ၂၀၁၄ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့က  အယ်လ်ကိုင်းဒါးအကြမ်းဖက်သမားတွေဟာ  ခရီးသည်တင်လေယာဉ် ၄ စီးကို အပိုင်စီးပြန်ပေးဆွဲကာ နယူးယောက်မြို့က ကမ္ဘာ့ကုန်သွယ်ရေးအမွှာညီနောင်အဆောက်အအုံကြီးနဲ့ ဝါရှင်တန်ဒီစီမြို့တော်က ပင်တဂွန်စစ်ဌါနချုပ်ကို လေယာဉ်တွေနဲ့ အသေခံဝင်တိုက်ခဲ့တာကြောင့် လူပေါင်း ၃၀၀၀ နီးပါး အသက်ဆုံးခဲ့ရပါတယ်။ ထို့နောက် အကြမ်းဖက်သမားအဖြစ် သံသယရှိသူတွေကို လိုက်လံရှာဖွေဖမ်းဆီးခဲ့ကြပြီး စစ်ကြောတဲ့အခါမှာ အမေရိကန်ဗဟိုထောက်လှမ်းရေးအေဂျင်စီ CIA ဟာ နှိပ်စက်ညှင်းပန်းတဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့ကြပါတယ်။    ထိုအကြမ်းဖက်မှုဖြစ်ပွားအပြီး ၁၃ နှစ်အကြာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၉ ရက်နေ့က အမေရိကန်ဆီးနိတ်လွှတ်တော် ထောက်လှမ်းရေးကော်မတီက အစီရင်ခံစာထုတ်ပြန်ကာ CIA...

Read more »

အရှင်စန္ဒိမာ (မွန်စိန်တောရ) – ဝမရှိဘဲ ဝိလုပ်၍မရပါ

December 7, 2014
အရှင်စန္ဒိမာ (မွန်စိန်တောရ) – ဝမရှိဘဲ ဝိလုပ်၍မရပါ

  အရှင်စန္ဒိမာ (မွန်စိန်တောရ) – ဝမရှိဘဲ ဝိလုပ်၍မရပါ  (မိုးမခ) ဒီဇင်ဘာ ၇၊ ၂၀၁၄ ယနေ့မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ အာဏာဆုပ်ကိုင်ထားကြဆဲ စစ်ဗိုလ်ချုပ်တွေအကြား သဘောထားတင်းမာသူ စနစ်ဟောင်းကိုဖက်တွယ်ချင်သူတွေနဲ့ သဘောထားပျော့ပြောင်းသူ အပြောင်းအလဲကို လိုလားသူတွေရဲ့ အားပြိုင်မှုရှိတယ်လို့ ထင်မြင်ယူဆကြတယ်။ ဥပမာ အစိုးရနဲ့ လွှတ်တော်အကြား အားပြိုင်မှုပုံစံမျိုးလည်း ပါဝင်ပေလိမ့်မယ်။ ဒီအားပြိုင်မှုမှာ သဘောထားတင်းမာသူတွေ အသာစီးရထားတဲ့သဘော တွေ့နေရတယ်။ သို့သော် ထိုအားပြိုင်မှုတွေဟာ အစစ်အမှန်မဟုတ်ဘဲ စစ်ဗိုလ်ချုပ်တွေရဲ့ စစ်အာဏာတည်မြဲရေး အန္တိမရည်မှန်းချက်အတွက် ဟန်ပြအနေနဲ့ ကျရာအခန်းမှ သရုပ်ဆောင်နေကြခြင်းသာ ဖြစ်တယ်လို့ မြင်ကြသူတွေလည်း ရှိကြတယ်။ ဒီလိုမြင်ခြင်းဟာလည်း အကြောင်းမဲ့တော့ မဟုတ်ပါ။ ဦးသိန်းစိန်အစိုးရတက်လာချိန်ကနေ ကြည့်လိုက်ရင် အစိုးရနဲ့ လွှတ်တော်မှာ အာဏာခွဲဝေယူထားကြတဲ့ စစ်ဗိုလ်ဟောင်းတွေရဲ့ အနှစ်မပါတဲ့ ခုတမျိုး တော်ကြာတမျိုး ပြောဆိုလုပ်ဆောင်နေကြပုံတွေက...

Read more »

အရှင်စန္ဒိမာ (မွန်စိန်တောရ) – လူထုဒေါ်အမာနှင့် တခဏတာ တွေ့ဆုံခဲ့ရာဝယ်

December 1, 2014
အရှင်စန္ဒိမာ (မွန်စိန်တောရ) – လူထုဒေါ်အမာနှင့် တခဏတာ တွေ့ဆုံခဲ့ရာဝယ်

  အရှင်စန္ဒိမာ (မွန်စိန်တောရ) – လူထုဒေါ်အမာနှင့် တခဏတာ တွေ့ဆုံခဲ့ရာဝယ်   (မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၄ ၁၉၉၉ နှစ်အတွင်းက မိမိဟာ တောင်မြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှာ သီတင်းသုံးနေစဉ် လူထုဒေါ်အမာကို မန္တလေးလူထုတိုက်မှာ ပထမဦးဆုံးနဲ့ နောက်ဆုံးအကြိမ်အဖြစ် သွားရောက်တွေ့ဆုံခွင့် ရခဲ့ပါတယ်။ အလွန်မြန်မာဆန်တဲ့ ဝတ်စားဆင်ယင်မှုက မထူးဆန်းလှပေမယ့် ယဉ်ကျေးသိမ်မွေ့ တည်ငြိမ်အေးချမ်းတဲ့ သူ့အသွင်အပြင်က ပညာရှိမြန်မာအမျိုးသမီးကြီးတယောက်ရဲ့ ဟန်အမူအယာကို ပေါ်လွင်စေတယ်လို့ ထင်မိတယ်။ စာပေမှတဆင့် လေးစားခဲ့ရသူတယောက်ကို တိုက်ရိုက်တွေ့ဆုံစကားပြောခွင့် ရလိုက်တဲ့အခါမှာ ကြည်နူးမှုဖြင့် ပိုမိုလေးစားခဲ့ရတယ်ဆိုတာကို ရိုးရိုးသားသား ဝန်ခံချင်ပါတယ်။ ဆရာမောင်ထွန်းသူ ဘာသာပြန်တဲ့ အရက်အန္တရာယ်ကို မီးမောင်းထိုးပြထားတဲ့ ဝတ္ထုတိုတပုဒ်နဲ့ လူထုဦးလှနဲ့ လူထုဒေါ်အမာတို့ ရေးသားပြုစုတဲ့ “ဆေးလိပ်နှင့်လူသား” စာအုပ်ထဲမှ ဆောင်းပါးတချို့ကို ထုတ်နှုတ်ပြီး စာအုပ်ခပ်သေးသေး...

Read more »

အရှင်စန္ဒိမာ (မွန်စိန်တောရ) – ဗိုလ်ချုပ်မှူးကြီးစကား မှန်/မမှန် နာဂစ်ကိုသာ မေးကြည့်ပါ

November 26, 2014
အရှင်စန္ဒိမာ (မွန်စိန်တောရ) – ဗိုလ်ချုပ်မှူးကြီးစကား မှန်/မမှန် နာဂစ်ကိုသာ မေးကြည့်ပါ

အရှင်စန္ဒိမာ (မွန်စိန်တောရ) – ဗိုလ်ချုပ်မှူးကြီးစကား မှန်/မမှန် နာဂစ်ကိုသာ မေးကြည့်ပါ (မိုးမခ) နိုဝင်ဘာ ၂၆၊ ၂၀၁၄ ဗွီအိုအေ ဦးသန်းလွင်ထွန်းနဲ့ အင်တာဗျူးမှာ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဖြေသွားတဲ့စကားတွေထဲမှ တခုက ၂၀၀၈ အခြေခံဥပဒေကို ၉၂.၄၈ ရာခိုင်နှုန်း ထောက်ခံခဲ့တယ်လို့ ပြောသွားတယ်။ သူ့စကား မှန် မမှန်ဆိုတာကို နာဂစ်ကိုသာ မေးကြည့်ပါလို့ ပြောရတော့မလိုပါ။ ဗိုလ်ချုပ်မှူးကြီးက ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုလက်မှတ် ၅ သန်းကိုကျတော့ ”ဘယ်လောက်ထိ ခိုင်မာမှုရှိမယ်၊ မရှိမယ်ဆိုတာလည်း ကျနော် မပြောနိုင်ပါဘူး”လို့ ဆိုတယ်။ လက်မှတ် ၅ သန်းဆိုတာ အတိုက်အခံအင်အားစုတွေက အနှောင့်အယှက် အဟန့်အတား ခြိမ်းခြောက်မှုတွေကြားမှ ခက်ခက်ခဲခဲ ကောက်ခံခဲ့ကြရတာပါ။ လက်မှတ်ထိုးတဲ့ တပ်မတော်သားတချို့တောင် ထုံးစံအတိုင်း...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်