Posts Tagged ‘ အိချယ်ရီအောင် (Myanmar Now) ’

အိချယ်ရီအောင်/Myanmar Now – တရုတ်နယ်စပ်ရောက် မြန်မာလုပ်အားနှင့် ကုန်ကြမ်း

December 15, 2017
အိချယ်ရီအောင်/Myanmar Now – တရုတ်နယ်စပ်ရောက် မြန်မာလုပ်အားနှင့် ကုန်ကြမ်း

အိချယ်ရီအောင်/Myanmar Now – တရုတ်နယ်စပ်ရောက် မြန်မာလုပ်အားနှင့် ကုန်ကြမ်း (မိုးမခ) ဒီဇင်ဘာ ၁၅၊ ၂၀၁၇ ရှမ်းပြည်နယ်၊ မူဆယ်မြို့တွင် နေထိုင်သော အနယ်နယ်အရပ်ရပ်မှ မြန်မာပြည်သားများသည် နယ်စပ်ဖြတ်ပြီး တရုတ်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်လျက်ရှိသည်။ မြန်မာစားသောက်ကုန်ပစ္စည်း သွားရောက် ရောင်းချခြင်း၊ ကျောက်မျက်အချောထည်ထုတ်လုပ်ရေးကဲ့သို့ လုပ်ငန်းများတွင် လုပ်ကိုင်ခြင်း စသဖြင့် အသက်မွေးဝမ်းကျောင်းလျက်ရှိသည်။ နိုဝင်ဘာလလယ်ပိုင်းက မူဆယ်တစ်ဘက်ကမ်း တရုတ်ပြည် နယ်စပ်မြို့တို့တွင် တွေ့ရသော ပန်းတိမ်လုပ်ငန်း၊ အင်ကြင်းကျောက် အချောထည်လုပ်ငန်းတို့ကို သွားရောက်လေ့လာစဉ် မြန်မာပြည်သား အများအပြား လုပ်ငန်းခွင်ဝင်နေသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသည့် အရွယ်အစား၊ အရည်အသွေးစုံ အင်ကြင်းကျောက်ကို အချောထည်ပြုလုပ်သည့် နေရာတွင် အမျိုးသမီးများ ကျွမ်းကျွမ်းကျင်ကျင် ပါဝင်လုပ်ကိုင်နေကြောင်း တွေ့ရသည်။ ယခုအခါ တရုတ်လူမျိုးများသာမက နိုင်ငံတကာမှ...

Read more »

အိချယ်ရီအောင် (Myanmar NOW) – “တရုတ်ရှိသရွေ့ ကျောက်စိမ်းဈေးကွက်က ရှိမှာပဲ”

December 13, 2017
အိချယ်ရီအောင် (Myanmar NOW) – “တရုတ်ရှိသရွေ့ ကျောက်စိမ်းဈေးကွက်က ရှိမှာပဲ”

  အိချယ်ရီအောင် (Myanmar NOW) – “တရုတ်ရှိသရွေ့ ကျောက်စိမ်းဈေးကွက်က ရှိမှာပဲ”  (Myanmar NOW) မိုးမခ၊ ဒီဇင်ဘာ ၁၃၊ ၂၀၁၇ မြန်မာနိုင်ငံတွင် ကျောက်မျက်ဈေးကွက်အောင်မြင်ဖြစ်ထွန်းစေရန် ပြုပြင်ပြောင်းလဲမှု အများအပြား ပြုလုပ်ရဦးမည်ဟု တရုတ်နိုင်ငံ၊ ရွှေလီမြို့အခြေစိုက် ကုန်သည် ဦးဘုန်းကျော်က ပြောလိုက်သည်။ ဦးဘုန်းကျော်သည် ရွှေလီမြန်မာနိုင်ငံသား ကျောက်မျက် အသင်းတွင်လည်း ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည်။ မကြာသေးခင်က တွေ့ဆုံစဉ် ၅၃ နှစ် အရွယ် ဦးဘုန်းကျော်က တရုတ်- မြန်မာ ကျောက်စိမ်းဈေးကွက် အခြေအနေများကို ပြောပြထားသည်။ မေး- ဦးဘုန်းကျော်အကြောင်း၊ အသင်းအကြောင်း နည်းနည်းပြောပြပါ။ ဖြေ- ကျွန်တော် တရုတ်ပြည်ရွှေလီမှာနေပြီး ကျောက်စိမ်းလုပ်ငန်းလုပ်ကိုင်တာ နှစ် ၃ဝ ဝန်းကျင်လောက် ရှိပါပြီ။...

Read more »

အိချယ်ရီအောင်/Myanmar Now – ၆၆ (ဃ) ဖြင့် တရားစွဲရာတွင် NLD ပါတီဝင်များ ဗိုလ်စွဲ

December 12, 2017
အိချယ်ရီအောင်/Myanmar Now – ၆၆ (ဃ) ဖြင့် တရားစွဲရာတွင် NLD ပါတီဝင်များ ဗိုလ်စွဲ

အိချယ်ရီအောင်/Myanmar Now – ၆၆ (ဃ) ဖြင့် တရားစွဲရာတွင် NLD ပါတီဝင်များ ဗိုလ်စွဲ  (Myanmar NOW) မိုးမခ၊ ဒီဇင်ဘာ ၁၂၊ ၂၀၁၇ စက်တင်ဘာ ၂၇ ရက်နေ့က ရန်ကုန်တွင် ပြုလုပ်သော NLD ပါတီ ၂၉ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား မြင်ကွင်းတစ်ခု။ နိုင်ငံအနှံ့အပြား ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲမှု တစ်ရာကျော်ရှိရာ NLD ပါတီဝင်များက စွဲဆိုထားမှုပေါင်း ၁၇ မှု ရှိခဲ့ကြောင်း သိရသည် (ဓာတ်ပုံ – ပြည့်ပြည့်/Myanmar Now) ရန်ကုန် (Myanmar Now) — ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် စွဲဆိုသည့် အမှုပေါင်း...

Read more »

အိချယ်ရီအောင် – ငြိမ်းချမ်းရေးဖော်ဆောင်မှုခေါင်းဆောင်တို့ကို အရပ်ဘက်အဖွဲ့များ အိတ်ဖွင့်စာပို့

December 8, 2017
အိချယ်ရီအောင် – ငြိမ်းချမ်းရေးဖော်ဆောင်မှုခေါင်းဆောင်တို့ကို အရပ်ဘက်အဖွဲ့များ အိတ်ဖွင့်စာပို့

အိချယ်ရီအောင် – ငြိမ်းချမ်းရေးဖော်ဆောင်မှုခေါင်းဆောင်တို့ကို အရပ်ဘက်အဖွဲ့များ အိတ်ဖွင့်စာပို့  (Myanmar NOW) မိုးမခ၊ ဒီဇင်ဘာ ၈၊ ၂၀၁၇ ၂ဝ၁၇ သြဂုတ်လလယ်ပိုင်းက ကချင်ပြည်နယ်၊ တနိုင်းမြို့ စစ်ရှောင်ဒုက္ခသည်စခန်းတစ်ခုတွင် ခိုလှုံနေသူတချို့ (ဓာတ်ပုံ – ဖြိုးသီဟချို/Myanmar Now) ရန်ကုန် (Myanmar Now) – ငြိမ်းချမ်းရေးဖော်ဆောင်မှု အဆင်ပြေရေးအတွက် ကန့်သတ်ချက်များ လျှော့ချပေးရန်၊ အမျိုးသမီးများပါဝင်မှုကို ပိုမိုလမ်းဖွင့်ပေးရန် အပါအဝင် တောင်းဆိုချက်များ ပါဝင်သော အိတ်ဖွင့်ပေးစာ တစ်စောင်ကို ငြိမ်းချမ်းရေး တည်ဆောက်မှု ဆိုင်ရာ ထိပ်တန်းခေါင်းဆောင်များကို ပေးပို့မည်ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ဒီဇင်ဘာ ၆ ရက်နေ့တွင် ပြောသည်။ အိတ်ဖွင့်ပေးစာကို ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အပစ်ရပ် လက်မှတ်ထိုးထားသောအဖွဲ့အစည်းများ၏ ကိုယ်စားလှယ်အဖွဲ့ (PPWT)...

Read more »

အိချယ်ရီအောင် (Myanmar Now) ● တောဆင်သတ်ဖြတ်၊ အရေခွံခွာမှု ပိုမိုတိုးပွားလာဟုဆို

November 1, 2017
အိချယ်ရီအောင် (Myanmar Now) ● တောဆင်သတ်ဖြတ်၊ အရေခွံခွာမှု ပိုမိုတိုးပွားလာဟုဆို

အိချယ်ရီအောင် (Myanmar Now) ● တောဆင်သတ်ဖြတ်၊ အရေခွံခွာမှု ပိုမိုတိုးပွားလာဟုဆို (မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၁၇ ရန်ကုန် (Myanmar Now) — မြန်မာနိုင်ငံအတွင်းရှိ တောဆင်များသည် ၎င်းတို့၏ အရေခွံအတွက် တစ်ပတ် တစ်ကောင်နှုန်း သတ်ဖြတ်ခံနေရကြောင်း၊ မှောင်ခိုဈေးကွက်အတွင်း ဆင်၏ အရေပြားအပါအဝင် ခန္ဓာကိုယ် အစိတ်အပိုင်းများ ဝယ်လိုအား မြင့်မားနေခြင်းကြောင့် မြန်မာနိုင်ငံသည် ဆင်ကို အမဲလိုက်သတ်ဖြတ်သည့် အဓိက နေရာတစ်ခုဖြစ်လာကြောင်း တောဆင်ရိုင်းကာကွယ်ထိန်းသိမ်းနေသူများက ပြောသည်။ နိုဝင်ဘာ ၁ ရက်နေ့က ရန်ကုန်တွင် ပြုလုပ်သော မြန်မာ့ဆင်များအတွက် ရင်တွင်းစကားသံလှုပ်ရှားမှု သတင်းစာ ရှင်းလင်းပွဲ တွင် ထိုသို့ သတိပေးလိုက်ခြင်းဖြစ်သည်။ သြဂုတ် ၁၂ ရက်နေ့က ရန်ကုန် တိရိစ္ဆာန်ဥယျာဉ်တွင် တွေ့ရသော...

Read more »

အိချယ်ရီအောင် (Myanmar Now) ● လူကုန်ကူးမှုလျော့ကျစေရန် ပိုမိုပညာပေးမှု လိုအပ်နေသည်

August 5, 2017
အိချယ်ရီအောင် (Myanmar Now) ● လူကုန်ကူးမှုလျော့ကျစေရန် ပိုမိုပညာပေးမှု လိုအပ်နေသည်

အိချယ်ရီအောင် (Myanmar Now) ● လူကုန်ကူးမှုလျော့ကျစေရန် ပိုမိုပညာပေးမှု လိုအပ်နေသည် (မိုးမခ) သြဂတ်စ် ၅၊ ၂၀၁၇၃ နာရီကျော်ကြာမည့် အိမ်အပြန်ခရီးမှာ မမေခိုင်ဦးအတွက် ၁၃ နှစ်ကြာမြင့်ခဲ့သည်။ မုဒုံ (Myanmar Now) – အိမ်အပြန်ခရီးတွင် အစပြုသည့်အိပ်မက်ဆိုးက နှစ်ပေါင်းများစွာ ကြာမှ အဆုံးသတ်သွားသည်။  ယခု အသက် ၃ဝ အရွယ်၊ ထိုစဉ်က ၁၇ နှစ်အရွယ် မမေခိုင်ဦးသည် အဘွားဖြစ်သူ နေထိုင်ရာ မြန်မာပြည်တောင်ပိုင်း ရေးမြို့နယ်မှ မုဒုံမြို့နယ်သို့အပြန် ရထားပေါ်တွင် လင်မယားနှစ်ယောက်နှင့် စကားလက်ဆုံကျမိသည်။ သူတို့နှင့်လိုက်ပြီး အလုပ်လုပ်ရန် ဖိတ်ခေါ်သော်လည်း အိမ်ပြန်ရမည်ဖြစ်သောကြောင့် မလိုက်နိုင်ကြောင်း ငြင်းဆိုလိုက် သည်။ သူတို့တိုက်သည့်ရေကိုတော့ သောက်လိုက်မိသည်။ ရေသောက်ပြီး မိနစ်ပိုင်းအတွင်းမှာပင် သတိလစ်သွားသည့် မမေခိုင်ဦး   ...

Read more »

အိချယ်ရီအောင် (Myanmar Now) ● အမျိုးသမီးအရေးလုပ် တယ်ဆိုရင် သိပ်ပြီးလက်မခံချင်ကြဘူး

July 5, 2017
အိချယ်ရီအောင် (Myanmar Now) ● အမျိုးသမီးအရေးလုပ် တယ်ဆိုရင် သိပ်ပြီးလက်မခံချင်ကြဘူး

အိချယ်ရီအောင် (Myanmar Now) ● အမျိုးသမီးအရေးလုပ် တယ်ဆိုရင် သိပ်ပြီးလက်မခံချင်ကြဘူး (မိုးမခ) ဇူလိုင် ၅၊ ၂၀၁၇ အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု ပိုများလာရခြင်းဟာ ရိုးရာယဉ်ကျေးမှုအကြောင်းပြ ဖိနှိပ်မှုနဲ့လည်း သက်ဆိုင်တယ်လို့ အမျိုးသမီးအရေးလှုပ်ရှားသူတစ်ဦးက ပြောပါတယ် ရန်ကုန် (Myanmar Now)   –  အမျိုးသမီး အမျိုးသားတန်းတူရေး လှုပ်ရှားမှုဟာ ယဉ်ကျေးမှု အဟန့်အတားကြောင့် အခက် အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့  အခြေစိုက် ထွယ်ဖောင်းဒေးရှင်း (Htoi Gender and Development Foundation) ဒါရိုက်တာ ဒေါ်နန်ပူက ပြောပါတယ်။ ဒေါ်နန်ပူတို့ ဖောင်ဒေးရှင်းက အမျိုးသား၊ အမျိုးသမီး တန်းတူညီမျှရေးဆိုင်ရာ သင်တန်း၊ ဆွေးနွေးပွဲနဲ့ တခြားလှုပ်ရှားမှုတွေ လုပ်ဆောင်နေတာ ဆယ်နှစ်ကျော်...

Read more »

အိချယ်ရီအောင် (Myanmar Now) ● ၆၆ (ဃ) ကြောင့် ကာတွန်းဆရာများ သတိထားရေးဆွဲလာရ

June 28, 2017
အိချယ်ရီအောင် (Myanmar Now) ● ၆၆ (ဃ) ကြောင့် ကာတွန်းဆရာများ သတိထားရေးဆွဲလာရ

အိချယ်ရီအောင် (Myanmar Now) ● ၆၆ (ဃ) ကြောင့် ကာတွန်းဆရာများ သတိထားရေးဆွဲလာရ (မိုးမခ) ဇွန် ၂၈၊ ၂၀၁၇ ရန်ကုန် (Myanmar Now) –  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သည့် အစိုးရသစ်လက်ထက်တွင် နာမည်ကျော် ဆက်သွယ်ရေး ဥပဒေ ၆၆ (ဃ) ဖြင့် အမှုဖွင့် တရားစွဲခံရသူ ပိုများပြားလာခြင်းကြောင့် အယ်ဒီတာ အများအပြားက ထိုပုဒ်မ နှင့် ငြိစွန်းမည်ကို စိုးရိမ်ကြသဖြင့် အစိုးရနှင့် တပ်မတော်တို့ကို သရော်သည့်ကာတွန်းဆိုလျှင် ရွေးချယ်အသုံးပြုမှု ယခင် ထက် ပိုမိုနည်းပါးလာကြောင်း ကာတွန်းဆရာများက တညီတစ်ညွှတ်တည်း ပြောကြသည်။ ဧရာဝတီအွန်လိုင်း၊ The Speaker သတင်းဂျာနယ် စသည့် သတင်းဌာနများသို့ ကာတွန်းပေးပို့လေ့ရှိသူ ကာတွန်းဆရာ မောင်မောင်ဖောင်တိန်က...

Read more »

အိချယ်ရီအောင် (Myanmar Now) ● ထိန်းသိမ်းခံ သတင်းသမားသုံးဦး ခြေရာပျောက်နေ

June 27, 2017
အိချယ်ရီအောင် (Myanmar Now) ● ထိန်းသိမ်းခံ သတင်းသမားသုံးဦး ခြေရာပျောက်နေ

အိချယ်ရီအောင် (Myanmar Now) ● ထိန်းသိမ်းခံ သတင်းသမားသုံးဦး ခြေရာပျောက်နေ (မိုးမခ) ဇွန် ၂၇၊ ၂၀၁၇ ရှမ်းပြည်နယ်တွင် အဖမ်းခံရသည့် သတင်းထောက်သုံးဦးကို ပြန်လွှတ်ရန် အများအပြားက တောင်းဆိုနေကြသည်၊ သံဃာ တစ်ပါးလည်း သတင်းသမားတို့နှင့်အတူ အဖမ်းခံထားရသည်ဟု TNLA အဖွဲ့က ဆိုသည်။ ရန်ကုန် (Myanmar Now) – ရှမ်းပြည်နယ်တွင် ထိန်းသိမ်းခံထားရသည်ဟုဆိုသော ရန်ကုန်အခြေစိုက် သတင်းသမား ၃ ဦး မှာ လားရှိုး မြို့မရဲစခန်းတွင် ရှိမနေကြောင်း စခန်းမှူး ဒုတိယရဲမှူး ကျော်နိုင်က ဇွန် ၂၇ ရက်နေ့တွင် ပြောသည်။ သတင်းသမားများဦး အပါအဝင် အမျိုးသား ၇ ဦးကို နမ့်ဆန်မြို့နယ်၊ ဘုရားကြီးရွာတွင် စစ်ဆေးစဉ် တအာင်း/ပလောင်...

Read more »

အိချယ်ရီအောင် (Myanmar Now) ● ကလေးနှင့် အာဟာရဓာတ် (အင်တာဗျူး)

June 22, 2017
အိချယ်ရီအောင် (Myanmar Now) ● ကလေးနှင့် အာဟာရဓာတ် (အင်တာဗျူး)

အိချယ်ရီအောင် (Myanmar Now) ● ကလေးနှင့် အာဟာရဓာတ် (အင်တာဗျူး) (မိုးမခ) ဇွန် ၂၂၊ ၂၀၁၇ ပုသိမ် (Myanmar Now) – ကလေးတွေအာဟာရဓာတ်ချို့တဲ့မှုမဖြစ်စေရေး ဆောင်ရွက်ရာမှာ ပတ်ဝန်းကျင် သန့်ရှင်ရေး၊ ကျောင်းကျန်းမာရေးကဏ္ဍတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကလည်း အရေးပါတယ်လို့ ဧရာဝတီတိုင်း ဒေသကြီး အာဟာရဌာန၊  အဖွဲ့ခေါင်းဆောင် ဒေါက်တာ ဝေမာလွင်က ပြောပါတယ်။ ကလေးတွေ  ဉာဏ်ရည်မြင့်ဖို့အတွက် အာဟာရဓာတ်က အဓိက ကျကြောင်း  ၂၉ နှစ်အရွယ် ပုသိမ်သူ ဒေါက်တာ ဝေမာလွင်က ရှင်းပြပါတယ်။ မကြာသေးခင်က တွေ့ဆုံရာမှာ သူက ဒေသ တွင်း အာဟာရဓာတ် ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းတွေအကြောင်း ပြောပြထားပါတယ်။ မေး –  ကျန်းမာရေးဦးစီးဌာနရဲ့ အာဟာရဌာနက ဒီဒေသမှာ ဘာတွေ...

Read more »

အိချယ်ရီအောင် (Myanmar Now) ● အလုပ်ပြောင်းရကိန်း ဆိုက်လာတဲ့ ငွေဆောင်တံငါသည်များ

June 15, 2017
အိချယ်ရီအောင် (Myanmar Now) ● အလုပ်ပြောင်းရကိန်း ဆိုက်လာတဲ့ ငွေဆောင်တံငါသည်များ

အိချယ်ရီအောင် (Myanmar Now) ● အလုပ်ပြောင်းရကိန်း ဆိုက်လာတဲ့ ငွေဆောင်တံငါသည်များ (မိုးမခ) ဇွန် ၁၅၊ ၂၀၁၇ ငွေဆောင်ဒေသငါးရရှိမှု လျော့နည်းလာတာကို ဖြေရှင်းရေး နည်းလမ်းတွေသိပေမယ့် ကိုင်တွယ်ဆောင်ဖို့ ခက်ခဲနေပါတယ်။ ငွေဆောင်၊ ပုသိမ် (Myanmar Now) – ဧရာဝတီတိုင်းဒေသကြီး၊ ငွေဆောင် ပင်လယ်ကမ်းခြေမြို့ ကျေးလက် ဒေသတစ်ခုမှာ နေထိုင်သူ ဦးညိုဝင်းက နှစ် ၂ဝ ကျော်ကြာ လုပ်ကိုင်လာတဲ့ မိရိုးဖလာ ငါးဖမ်းလုပ်ငန်းကို စွန့်လွှတ်ဖို့ စိတ်ကူးနေပါတယ်။ သူ့အသက်မွေးဝမ်းကျောင်းလုပ်ငန်း အပြောင်းအလဲလုပ်ဖို့ စိတ်ကူးရတာကတော့  ငါးရရှိနှုန်း ကျဆင်းလာတာကြောင့်ဖြစ် တယ်လို့ ကျောက်ဖျာကျေးရွာအုပ်စု၊  အုန်းတစ်ပင်ကုန်းရွာသား   ၄၄ နှစ်အရွယ် ဦးညိုဝင်းက ပြောပြပါတယ်။ ဇွန် ၇ ရက်နေ့က ငွေဆောင်မြို့ ...

Read more »

အိချယ်ရီအောင် (Myanmar Now) ● လွှတ်တော်ကိုယ်စားလှယ်များ သထုံထောင်ကို ဝင်စစ်

June 3, 2017
အိချယ်ရီအောင် (Myanmar Now) ● လွှတ်တော်ကိုယ်စားလှယ်များ သထုံထောင်ကို ဝင်စစ်

အိချယ်ရီအောင် (Myanmar Now) ● လွှတ်တော်ကိုယ်စားလှယ်များ သထုံထောင်ကို ဝင်စစ် (မိုးမခ) ဇွန် ၃၊ ၂၀၁၇ ရန်ကုန် (Myanmar Now) – အမျိုးသားလွှတ်တော်၏ ကော်မတီတစ်ခုက အကျဉ်းသားများ အခွင့်အရေးရရှိမှု အခြေအနေ အကြောင်း သိရှိနိုင်ရန်အတွက် ဇွန်လ ၁ ရက်နေ့တွင် မွန်ပြည်နယ်ရှိ သထုံမြို့ အကျဉ်းထောင်သို့ သွားရောက်စစ်ဆေးခဲ့သည်။ ထောင်အတွင်း စစ်ဆေးလိုသည့် အခန်းများကို ဝင်ရောက်ကြည့်ရှုခွင့်ရခဲ့ကြောင်း နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမို ကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာကော်မတီမှ  ဒေါက်တာခွန်ဝင်းသောင်းက ပြောသည်။ “အနာအဆာတစ်ခုတော့ တွေ့ပါတယ်။ အခု လောလောဆယ်တော့ ထုတ်ပြောဖို့မသင့်သေးဘူး” ဟု ဒေါက်တာ ခွန်ဝင်း သောင်းက ပြောသည်။ ယင်းအချက်အလက်နှင့် ပတ်သက်ပြီး ကော်မတီက  မကြာမီ...

Read more »

အိချယ်ရီအောင် (Myanmar Now) ● ကူညီဖေးမမှု လိုအပ်နေသည့် ရွာငံလိမ္မော်

May 24, 2017
အိချယ်ရီအောင် (Myanmar Now) ● ကူညီဖေးမမှု လိုအပ်နေသည့် ရွာငံလိမ္မော်

အိချယ်ရီအောင် (Myanmar Now) ● ကူညီဖေးမမှု လိုအပ်နေသည့် ရွာငံလိမ္မော် (မိုးမခ) မေ ၂၄၊ ၂၀၁၇ ရွာငံ (Myanmar Now) – ရှမ်းပြည်နယ်၊ ရွာငံမြို့ရှိ လိမ္မော်ခြံလုပ်ငန်း တိုးတက်ရေးမှာ  အရင်းအနှီး၊ မျိုးစေ့၊ နည်းပညာဆိုင်ရာ အကူအညီများ ရရှိမှုအပေါ် မူတည်နေသည်ဟု  ဒေသခံတောင်သူများ၊  စိုက်ပျိုးရေးဦးစီးဌာန အရာရှိများက မကြာသေးမီက ပြောသည်။ ပြည်တွင်း ပြည်ပ အကူအညီပေးရေးအဖွဲ့များ၏ ဦးစားပေးမှုသည် လက်ဖက်၊ ကော်ဖီကဲ့သို့သော သီးနှံစိုက်သူတို့ထံ သွား နေသည်ဟု ရွာငံမြို့ စိုက်ပျိုးရေးဦးစီးဌာန  ဦးစီးမှူး ဦးကျော်မျိုးသန့်က  ပြောသည်။ “တခြားသီးနှံတွေလောက် လိမ္မော်သီးနှံအပေါ်မှာ စိတ်ဝင်စားမှုမရှိဘူး။ ဒါကလည်း ပြည်ပပို့ကုန်မဟုတ်လို့ ဖြစ်မယ် ထင် တယ်။  လိမ္မော်သီးနှံနဲ့ပတ်သက်ပြီးတော့ အကူအညီ၊...

Read more »

အိချယ်ရီအောင် (Myanmar Now) ● လိမ္မော်ကိုလည်း ပြည်ပပို့ကုန် ဖြစ်စေချင်ပါတယ်

May 18, 2017
အိချယ်ရီအောင် (Myanmar Now) ● လိမ္မော်ကိုလည်း ပြည်ပပို့ကုန် ဖြစ်စေချင်ပါတယ်

အိချယ်ရီအောင် (Myanmar Now) ● လိမ္မော်ကိုလည်း ပြည်ပပို့ကုန် ဖြစ်စေချင်ပါတယ် (မိုးမခ) မေ ၁၈၊ ၂၀၁၇ ရွာငံ (Myanmar Now)  – အသီးအနှံဈေးကွက် ကျယ်ပြန့်လာမှ စိုက်ပျိုးသူတို့ ပိုမို အဆင်ပြေမည်ဖြစ်သောကြောင့် အစိုးရက ကူညီသင့်သည်ဟု ရှမ်းပြည်နယ်မှ လိမ္မော်စိုက်တောင်သူတစ်ဦးက ပြောသည်။ ရှမ်းပြည်နယ်၊ ရွာငံမြို့ နယ်၊ မြစေတီကျေးရွာမှ ၄၃ နှစ်အရွယ် ဦးဇော်လင်းထက်နှင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တွေ့ဆုံရာတွင် သူက လိမ္မော်စိုက်ပျိုးရေးလုပ်ငန်း၊ ဈေးကွက်၊ တောင်သူတို့ လိုအပ်နေသည့် ကူညီထောက်ပံ့မှုများအကြောင်း ပြောပြခဲ့သည်။ မေး – စိုက်ပျိုးရေးလုပ်ငန်းကို ဘယ်အချိန်က စပြီး လုပ်ခဲ့တာလဲ။ ဖြေ –   ၂ဝ၁၁ ခုနှစ်တည်းကပါ။ ကျွန်တော် ပထမဆုံးစပြီး...

Read more »

အိချယ်ရီအောင် (Myanmar Now) ● စော်ကားခံရသည်ဟူသော ကလေး ၇ ဦး၏ မွေးစားမိခင်ဆိုသူကို ပြည်ပထွက်ခွင့် ပိတ်ထား

May 9, 2017
အိချယ်ရီအောင် (Myanmar Now) ● စော်ကားခံရသည်ဟူသော ကလေး ၇ ဦး၏ မွေးစားမိခင်ဆိုသူကို ပြည်ပထွက်ခွင့် ပိတ်ထား

အိချယ်ရီအောင် (Myanmar Now) ● စော်ကားခံရသည်ဟူသော ကလေး ၇ ဦး၏ မွေးစားမိခင်ဆိုသူကို ပြည်ပထွက်ခွင့် ပိတ်ထား (မိုးမခ) မေ ၉၊ ၂၀၁၇ ရန်ကုန် (Myanmar Now) – ဗိုလ်တထောင်မြို့နယ်၌ ဖေဖော်ဝါရီလအတွင်း ကလေးငယ် ခုနစ်ဦး လိင်အကြမ်းဖက်ခံရသည်ဟု ဆိုသောအမှုတွင် ကလေးငယ်များကို မွေးစားထားသည့် အမေရိကန်နိုင်ငံသား ခံယူထားသူ ဒေါ်စန်းပွင့်ဖြူ (ခေါ်) ဒေါ်ခမ်းကို နိုင်ငံထဲမှထွက်ခွာမသွားရေးအတွက် တားမြစ်ပေးရန် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသို့ အကြောင်းကြားထားသည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ အမည်မဖော်လိုသူ အရာရှိသူတစ်ဦးက ပြောသည်။ အသက် ၅ဝ အရွယ် ဒေါ်စန်းပွင့်ဖြူသည် မြန်မာနိုင်ငံအတွင်း၌သာ ရှိနေဆဲဖြစ်သည်ဟု သက်ဆိုင်ရာက ပြောသည်။ ၎င်းနေထိုင်ရာ...

Read more »

အိချယ်ရီအောင် (Myanmar Now) ● စိုက်ပျိုးရေးကို စိတ်မဝင်စား သရွေ့ နိုင်ငံက ဆင်းရဲမွဲတေ နေဦးမှာပါ

May 9, 2017
အိချယ်ရီအောင် (Myanmar Now) ● စိုက်ပျိုးရေးကို စိတ်မဝင်စား သရွေ့ နိုင်ငံက ဆင်းရဲမွဲတေ နေဦးမှာပါ

အိချယ်ရီအောင် (Myanmar Now) ● စိုက်ပျိုးရေးကို စိတ်မဝင်စား သရွေ့ နိုင်ငံက ဆင်းရဲမွဲတေ နေဦးမှာပါ (မိုးမခ) မေ ၈၊ ၂၀၁၇ သံတွဲ (Myanmar Now)  – အုပ်ချုပ်သူတို့က စိုက်ပျိုးရေးကို ဦးစားပေးမှုနည်းလာပြီး လယ်မြေကို လုပ်ငန်းရှင်ကြီးများလက်တွင်း ထည့်ခဲ့ကြတဲ့အတွက် နိုင်ငံရဲ့လူများစု အခက်ကြုံနေရတယ်လို့ ရခိုင်ပြည်နယ်လွှတ်တော်မှ  ကိုယ်စားလှယ်တစ်ဦးက ပြောလိုက်ပါတယ်။ သံတွဲမြို့နယ် မဲဆန္ဒနယ် (၂) မှ ဦးနိုင်ကြွေအေးကို ငါးဖမ်းလုပ်ငန်း ဖြစ်ထွန်းတဲ့ ဂျိတ္တောရပ်ကွက်က သူ့ရဲ့နေအိမ်မှာ သွားရောက် တွေ့ဆုံပြီး ဒေသတွင်း အခြေအနေများအကြောင်း မေးမြန်းထားပါတယ်။ မေး – မြန်မာပြည်ရဲ့ အဆင်းရဲဆုံးဒေသတွေထဲ ရခိုင်ပြည်နယ်က ပါတယ်ဆိုတော့ ဆင်းရဲနွမ်းပါးမှု လွှတ်မြောက်အောင် ဘာတွေ လုပ်သင့်တယ်လို့ ယူဆပါသလဲ။...

Read more »

အိချယ်ရီအောင် (Myanmar Now) ● အားနည်းသောဥပဒေ၊ ဆင်းရဲမွဲတေမှုတို့ကြောင့် ကလေးလုပ်သားများ နှိပ်စက်ခံနေရ

April 4, 2017
အိချယ်ရီအောင် (Myanmar Now) ● အားနည်းသောဥပဒေ၊ ဆင်းရဲမွဲတေမှုတို့ကြောင့် ကလေးလုပ်သားများ နှိပ်စက်ခံနေရ

အိချယ်ရီအောင် (Myanmar Now) ● အားနည်းသောဥပဒေ၊ ဆင်းရဲမွဲတေမှုတို့ကြောင့် ကလေးလုပ်သားများ နှိပ်စက်ခံနေရ (မိုးမခ) ဧပြီ ၄၊ ၂၀၁၇ နိုင်ငံအနှံ့ အန္တရာယ်ရှိလုပ်ငန်းခွင်များတွင်  ကလေးလုပ်သားတို့ လုပ်ကိုင်နေကြပြီး နှိပ်စက်ညှဉ်းပန်းခံရသည့် ကလေးများ လည်း ရှိနေသည် ရန်ကုန် (Myanmar Now) – ရန်ကုန်တွင် အလုပ်လုပ်နေသည့်  ၁၂ နှစ်သမီး မထက်ထက်ဇော်ကို အလုပ်ရှင်က ညှဉ်းပန်း နှိပ်စက်သဖြင့် ရဲတပ်ဖွဲ့က ကယ်တင်ထားရသည်ဆိုသည့်သတင်းကြောင့် မိခင်ဖြစ်သူ ဒေါ်အေးခိုင် တုန်လှုပ်သွားသည်။ “အခင်းဖြစ်တဲ့ မနက် ၄ နာရီထိုးလောက်က (ရန်ကုန်က) လူတွေက လှမ်းဖုန်းဆက်တာ။ ဖုန်းရတော့ ခြေမကိုင်မိ လက်မ ကိုင်မိ ဖြစ်နေတာ။ ချက်ချင်းလာချင်ပေမယ့် အဲဒီအချိန်က ကားမရှိတော့ ညနေထိစောင့်ပြီးမှ လာရတာ”...

Read more »

အိချယ်ရီအောင် (Myanmar Now) ● နိုင်ငံရေးမှာ အမျိုးသမီးတွေပါဝင်ဖို့ ဆွဲခေါ်ပါ (အင်တာဗျူး)

March 7, 2017
အိချယ်ရီအောင် (Myanmar Now) ● နိုင်ငံရေးမှာ အမျိုးသမီးတွေပါဝင်ဖို့ ဆွဲခေါ်ပါ (အင်တာဗျူး)

အိချယ်ရီအောင် (Myanmar Now) ● နိုင်ငံရေးမှာ အမျိုးသမီးတွေပါဝင်ဖို့ ဆွဲခေါ်ပါ (အင်တာဗျူး) (မိုးမခ) မတ် ၇၊ ၂၀၁၇ ဟားခါး (Myanmar Now) – အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်နိုင်ဖို့ ပတ်ဝန်းကျင်ရဲ့အားပေးမှုလိုအပ်တယ်လို့ ချင်းပြည်နယ်  ဟားခါးမြို့အခြေစိုက် ချင်းအမျိုးသမီးများအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးတစ်ဦးဖြစ်တဲ့ ဒေါ်ဆာရာမန်အီယန်နော်န်ဆုန်က ပြော လိုက်ပါတယ်။ သူက ချင်းခရစ်ယာန်တက္ကသိုလ် အင်္ဂလိပ်စာဌာနရဲ့ လက်ထောက်နည်းပြလည်း ဖြစ်ပါတယ်။ မကြာသေးခင်က Myanmar Now နဲ့ တွေ့ဆုံစဉ်မှာ သူက အမျိုးသမီးကဏ္ဍ၊ ချင်းဓလေ့ထုံးတမ်း ဥပဒေ၊ ဒေသတွင်း စိုက်ပျိုး ရေးအခြေအနေတို့အကြောင်း ပြောပြထားပါတယ်။ မေး – ချင်းအမျိုးသမီးများအဖွဲ့မှာ  စတင် ပါဝင်ခဲ့ပုံအကြောင်း ပြောပြပေးပါ။ ဖြေ –  ဟားခါးမြို့ကို...

Read more »

အိချယ်ရီအောင် (Myanmar Now) ● ရင်းနှီးမြှုပ်နှံမှုနဲ့ အစိုးရအကူအညီကို ငံ့လင့်နေတဲ့ ချင်းပြည်နယ် စိုက်ပျိုးရေးလုပ်ငန်း

February 25, 2017
အိချယ်ရီအောင် (Myanmar Now) ● ရင်းနှီးမြှုပ်နှံမှုနဲ့ အစိုးရအကူအညီကို ငံ့လင့်နေတဲ့ ချင်းပြည်နယ် စိုက်ပျိုးရေးလုပ်ငန်း

အိချယ်ရီအောင် (Myanmar Now) ● ရင်းနှီးမြှုပ်နှံမှုနဲ့ အစိုးရအကူအညီကို ငံ့လင့်နေတဲ့ ချင်းပြည်နယ် စိုက်ပျိုးရေးလုပ်ငန်း (မိုးမခ) ဖေဖော်ဝါရီ ၂၅၊ ၂၀၁၇ ချင်းဒေသစိုက်ပျိုးရေးဖွံ့ဖြိုးလာသော်လည်း ကုန်ကြမ်းသာ ထုတ်နိုင်ခြင်းကြောင့် ဈေးကွက် အခက်အခဲ ဖြစ်နေသည်။ ဟားခါး၊ ဖလမ်း (Myanmar Now) – နည်းပညာအကူအညီများ ပိုမိုရရှိလာသည့် ချင်းပြည်နယ်တွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုး ရေးလုပ်ငန်း အောင်မြင်လာသော်လည်း ဈေးကွက်အခက်အခဲကြောင့် အင်တိုက်အားတိုက် ဆက်လက်ထုတ်လုပ်နိုင်ခြင်း မရှိကြောင်း ဒေသခံတောင်သူများက ပြောသည်။  ဖေဖော်ဝါရီ ၁၃  ရက်နေ့က ဟားခါးမြို့၊ သီဖူးလ်ကျေးရွာအနီး လှေကားထစ်တောင်ယာရှိ ကြက်သွန်နီ၊ ပန်းဂေါ်ဖီ စိုက်ခင်းတွင် ရေလောင်းနေသော ဒေသခံတစ်ဦး (ဓာတ်ပုံ – ဖြိုးသီဟချို/Myanmar Now) ဖလမ်းမြို့နယ် ကျေးလက်ဒေသတစ်ခုမှ...

Read more »

အိချယ်ရီအောင် (Myanmar Now) ● အမျိုးသမီးတွေမှာ အခွင့်အရေး ရှိနေတယ်၊ ဆုပ်ကိုင်နိုင်ဖို့ပဲ လိုတယ်

February 8, 2017
အိချယ်ရီအောင် (Myanmar Now) ● အမျိုးသမီးတွေမှာ အခွင့်အရေး ရှိနေတယ်၊ ဆုပ်ကိုင်နိုင်ဖို့ပဲ လိုတယ်

အိချယ်ရီအောင် (Myanmar Now) ● အမျိုးသမီးတွေမှာ အခွင့်အရေး ရှိနေတယ်၊ ဆုပ်ကိုင်နိုင်ဖို့ပဲ လိုတယ် (မိုးမခ) ဖေဖော်ဝါရီ ၈၊ ၂၀၁၇ အမျိုးသမီးတွေ အခွင့်အရေးကို ဆုပ်ကိုင်သင့်တယ်လို့ လုပ်ငန်းရှင်တစ်ဦးက ပြောလိုက်ပါတယ်။ ရန်ကုန် (Myanmar Now) – အမျိုးသမီးတွေ အိမ်မှုကိစ္စမျိုးစုံ တစ်နေကုန်လုပ်ရတာကို ဝင်ငွေရလုပ်အား အဖြစ် ထည့်တွက်ဖို့ လိုအပ်ကြောင်း  မြန်မာနိုင်ငံ အမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဒေါ်နှင်းဝေက ပြောပါတယ်။  မြန်မာနိုင်ငံ အမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဒေါ်နှင်းဝေ (ဓာတ်ပုံ – အိချယ်ရီအောင်/Myanmar Now) မကြာသေးမီ ရက်ပိုင်းအတွင်းက တွေ့ဆုံမေးမြန်းရာမှာ အိမ်တွင်းအလှဆင်လုပ်ငန်း လုပ်ကိုင်သူ  ၄၄...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်