Posts Tagged ‘ ဦးကိုနီ ’

ဇော်အောင် (မုံရွာ) ● သင်္ကြန် ၂ဝ၁၇ ပြီးချိန် မြန်မာနှစ်သစ်ကူး မင်္ဂလာနှုတ်ခွန်းဆက်နဲ့ မြန်မာနိုင်ငံအခြေအနေ

April 23, 2017
ဇော်အောင် (မုံရွာ) ● သင်္ကြန် ၂ဝ၁၇ ပြီးချိန် မြန်မာနှစ်သစ်ကူး မင်္ဂလာနှုတ်ခွန်းဆက်နဲ့ မြန်မာနိုင်ငံအခြေအနေ

ဇော်အောင် (မုံရွာ) ● သင်္ကြန် ၂ဝ၁၇ ပြီးချိန် မြန်မာနှစ်သစ်ကူး မင်္ဂလာနှုတ်ခွန်းဆက်နဲ့ မြန်မာနိုင်ငံအခြေအနေ (မိုးမခ) ဧပြီ ၂၃၊ ၂၀၁၇ မြန်မာနှစ်သစ်ကူး မင်္ဂလာ နှုတ်ခွန်းဆက်ပါတယ်။ ဒီကနေ့ရရှိတဲ့ သတင်းစာအရ တနှစ်တာ အင်အယ်ဒီအစိုးရအခြေအနေကို သုံးသပ်ချင်ပါတယ်။  မြန်မာနိုင်ငံအစိုးရနဲ့ ပြည်သူများ သာယာဝပြောစေတဲ့အစိုးရဆိုရင် ကြိုဆိုရပါမယ်။ မတရားမှုများကို  ရဲဝံ့စွာဖော်ပြမှ မီဒီယာအစစ်အမှန်ဖြစ်ပါတယ်။ ● ဒေါ်အောင်ဆန်းစုကြည် အကြောင်း The Diplomat နိုင်ငံခြားစာစောင်မှာ အင်္ဂလိပ်လိုဖော်ပြထားတာ မြန်မာ့အလင်းသတင်းစာက ဘာသာပြန်ဖော်ပြပြီး The Voice ကလည်း ဖော်ပြပေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခေါင်းဆောင်ဖြစ်လာပြီး တနှစ်အကြာ ပြည်တွင်းပြည်ပ များက သူ့ကိုအပြစ်တင်သူများစွာ ယခင်က ထောက်ခံ၊ အခု အပြစ်တင်ကြပါတယ်။ ပြည်ပကတော့ ဘင်္ဂလား၊ ရခိုင်ပြည်နယ်...

Read more »

ကိုအောင်မှိုင်း – ထွက်ပေါက်ကိုဆန်းစစ်ခြင်း (တတိယပိုင်း)

March 28, 2017
ကိုအောင်မှိုင်း – ထွက်ပေါက်ကိုဆန်းစစ်ခြင်း (တတိယပိုင်း)

ကိုအောင်မှိုင်း – ထွက်ပေါက်ကိုဆန်းစစ်ခြင်း (တတိယပိုင်း) (မိုးမခ) မတ် ၂၈၊ ၂၀၁၇ (စကားချီး။ ။အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတာ ကိုယ်ကိုယ်တိုင်ဒူးထောက်အညံ့ခံရေးမဟုတ်သလို အခြား မည်သူတဦးတယောက်ကိုမျှ ဒူးထောက်အညံ့ခံရန် စေခိုင်းခြင်းမဟုတ်ပါ။) အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ စစ်အုပ်စုရဲ့ ဝိုင်းကြီးချူပ်အစီအစဉ်ကို အံတုခြင်း။ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ဘို့ မီးသတ်ကားတွေလိုတယ်လို့ပြောရင် အံ့သြကြမယ်မထင်ပါ။ အကြောင်းကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်ကြီးဘေးမှာ ဓါတ်ဆီဗုံးကိုင်စောင့်နေကြသူတွေက ပေါများလွန်းလှလို့ဖြစ်ပါတယ်။ အမျိုးသားရင်ကြားစေ့ရင်းစေ့ရင်းနဲ့  အမျိုးသားရင်ကြား ပိုပိုကွဲလာတာကလဲ ဗမာပြည် နိုင်ငံရေးလို့ ပြောစမှတ်ပြုရတော့မလို ဖြစ်နေပါတယ်။ အဲဒီလိုဖြစ်အောင်ကို လူအားငွေအားအလုံးအရင်းနဲ့ အပင်ပန်း ခံလုပ်ကိုင်နေသူတွေကလဲ ရှိနေပြန်ပါတယ်။ သူတို့အားလုံးဟာ အမျိုး ဘာသာ သာသနာဆိုတဲ့ခေါင်းစဉ်အောက်မှာ တလုံးတစည်း အရေခြုံလှုပ်ရှားနေကြတာက တော့ ပေါ်ပေါ်ထင်ထင်ရှိလှပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေးမရခင်က ကြွေးကြော်ခဲ့တဲ့ ကိုလိုနီခေတ် ဒီလှုပ်ရှားမှုကို ၂၁ရာစုမှာပြန်လည်လှုပ်ရှားဘို့ကြိုးစားနေတာမြင်ရတော့...

Read more »

မောင်ရစ် – ဒီမိုကရေစီနည်းကျ အနိုင်ကျင့်ခြင်းနဲ့ တွန်းလှန်ခြင်းပြီးတော့ ကိုယ်စားပြုမှု

March 21, 2017
မောင်ရစ် – ဒီမိုကရေစီနည်းကျ အနိုင်ကျင့်ခြင်းနဲ့ တွန်းလှန်ခြင်းပြီးတော့ ကိုယ်စားပြုမှု

မောင်ရစ် – ဒီမိုကရေစီနည်းကျ အနိုင်ကျင့်ခြင်းနဲ့ တွန်းလှန်ခြင်းပြီးတော့ ကိုယ်စားပြုမှု (မိုးမခအယ်ဒီတာ့လက်ရေး) မတ် ၂၁၊ ၂၀၁၇ ရွေးကောက်ပွဲမှာ မဲအများစုရပြီး အနိုင်ရလို့ လွှတ်တော်တွေ အစိုးရတွေကို စိတ်တိုင်းကျ ဦးဆောင် ဖွဲ့စည်းနိုင်တဲ့အခါ အနည်းစုတွေ၊ ရှုံးသွားတဲ့သူတွေဘက်က အုပ်စုငယ်တွေဘက်က ပြန်ပြောလေ့ရှိတာက အများစုရဲ့ အနိုင်ကျင့်မှုကို ခံကြရတယ်ဆိုတာပါ။ မြန်မာပြည်မှာကတော့ တပ်မတော်က တိုက်ရိုက်ခန့်ထားခွင့်ရှိတဲ့ ၂၅%သော တပ်မတော်ကိုယ်စားပြုအမတ်တွေကတော့ ဒီမိုကရေစီအနိုင်ကျင့်ခံရတယ်လို့ ပြန်လှန်ပြောဆိုကြပါတယ်။ အများစုဆန္ဒနဲ့ မဲခွဲပြီး ဆုံးဖြတ်ခံရတဲ့အခါ သဘောမတူတဲ့ဘက်ကတော့ သည်လိုပဲ ပြောကြမှာပါပဲ။ ပြန်လှန်ပြောဆိုသူတွေဘက်ကို ကြည့်လိုက်မယ်ဆိုရင်တော့လည်း သူတို့တွေဟာ မဲစနစ်နဲ့ တက်လာတဲ့ ကိုယ်စားပြုမှု ရှိသူတွေမို့လား၊ သို့မဟုတ် တပ်မတော်က တိုက်ရိုက်ခန့်ထားလို့ တက်လာတဲ့ (တပ်မတော်)ကိုယ်စားပြုသူတွေ ဖြစ်တာကြောင့် ဘယ်အတိုင်းအတာအထိ ပြောခွင့်ရှိတာမို့လဲဆိုတာက နောက်မေးခွန်းတခု...

Read more »

မောင်လူရေး – အော် ဒါနဲ့ စကားမစပ် … ၀ီရသူ

March 17, 2017
မောင်လူရေး – အော် ဒါနဲ့ စကားမစပ် … ၀ီရသူ

မောင်လူရေး – အော် ဒါနဲ့ စကားမစပ် … ၀ီရသူ (မိုးမခ) မတ် ၁၇၊ ၂၀၁၇ ဦးဝီရသူ သူ့ပါးစပ် တိပ်ကပ်ထားပြီး ပလ္လင်ပေါ်ထိုင်နေတဲ့ပုံမြင်ရတော့ မီဒီယာဖိနှိပ်မှု ရပ်ဆိုတဲ့ ကမ်ပိမ်းပုံတွေကို သတိရတယ်။ အဲဒီတုန်းကလဲ ပါးစပ်တိပ်ကပ်ကြတာကိုး။ ဒါ လွတ်လပ်စွာပြောဆိုခွင့်၊ ထုတ်ဖော်ခွင့်၊ ရေးသားခွင့်၊ တင်ဆက်ခွင့် ၊ ပါဖောမင့်ခွင့်တွေကို မချုပ်ချယ်နဲ့ဆိုတဲ့သဘောပ။ အော် … အခြေခံလူ့အခွင့်အရေးဆိုတာကလဲ ကာလ ဒေသ ပုဂ္ဂလ ပယောဂကိုလိုက်ပြီး ဒီဂရီပြောင်းရတယ်ထင်ပ။ သူလဲ လောကသစ္စံ နသစ္စံပြီပေါ့လေ။ လူတိုင်းဟာ ကိုယ့်ထင်မြင်ယူဆချက်တွေ ပြောခွင့် ဆိုခွင့် ရေးခွင့် ထုတ်ဖော်ခွင့်ရှိရမှာပ။ ဒါ သူ့မွေးရာပါဘဲကိုး။ လောကကြီးက သူ့တယောက်ထဲ မွေးထားတာမဟုတ်တော့လဲ သူ့အပြော သူ့အဟောမှာ မဟုတ်တယုတ်တွေပါလာရင်တော့...

Read more »

ကိုအောင်မှိုင်း – “ထွက်ပေါက်”ကို ဆန်းစစ်ခြင်း (ဒုတိယပိုင်း)

March 12, 2017
ကိုအောင်မှိုင်း –  “ထွက်ပေါက်”ကို ဆန်းစစ်ခြင်း (ဒုတိယပိုင်း)

ကိုအောင်မှိုင်း –  “ထွက်ပေါက်”ကို ဆန်းစစ်ခြင်း (ဒုတိယပိုင်း) (မိုးမခ) မတ် ၁၂၊ ၂၀၁၇ (စကားချီး။ ။ ဖေဖော်ဝါရီ ၂၁၊ ၂၀၁၆ ခု မိုးမခမဂ္ဂဇင်းမှာရေးခဲ့တဲ့ ကိုအောင်မှိုင်း “ထွက်ပေါက်”ကိုဆန်းစစ်ခြင်း ဆောင်းပါးကို တိုင်းပြည်ရဲ့ ကနေ့လိုအပ်ချက်နဲ့အညီ ဒုတိယပိုင်းအဖြစ် ဆက်လက်ရေးသားလိုက်ရပါတယ်။မြန်မာနိုင်ငံ သူနိုင်ငံသားတိုင်းအပေါင်း “ထွက်ပေါက်”ကို ဆန်းစစ်နိုင်ကြပါလေကုန်။) ကနေ့မြန်မာ့နိုင်ငံရေးကို သောင်မတင်ရေမကျအခြေအနေလို့ပြောရမလား၊ ဟိုမရောက် ဒီမရောက် အခြေအနေလို့ပြော ရမလား၊ ရှေ့မတိုးနောက်မဆုတ် အခြေအနေလို့ပြောရမလား၊ သေချာတာကတော့ အီလည်လည်ကြီးဖြစ်နေတာ လူတိုင်း အသိဖြစ်ပါတယ်။ မြန်မာနိုင်ငံတနိုင်ငံလုံး မွန်းကျပ်လှောင်ပိတ်ပြီး အသက်ရှုမ၀တဲ့ အခြေအနေလို့ပြောရင် မှားမယ်မထင် ပါ။ ကျနော်တို့ ဒီအခြေအနေက လွတ်မြောက်အောင်“ထွက်ပေါက်”ရှာကြရပါမယ်။ “ထွက်ပေါက်”ပိတ်နေရင်လဲ ဆရာကြီး ဦးဝင်းတင်ရဲ့ စကားအတိုင်း “ဖေါက်ထွက်”ဘို့ ကြိုးစားကြရမယ်လို့ထင်ပါတယ်။ NCA...

Read more »

တူမောင်ညို ● အဆက်မပြတ် မှိုင်းတိုက် အဆိပ်ခပ် အကြမ်းဖက်လုပ်ကြံနေကြသူများအကြောင်း

March 11, 2017
တူမောင်ညို ● အဆက်မပြတ် မှိုင်းတိုက် အဆိပ်ခပ် အကြမ်းဖက်လုပ်ကြံနေကြသူများအကြောင်း

တူမောင်ညို ● အဆက်မပြတ် မှိုင်းတိုက် အဆိပ်ခပ် အကြမ်းဖက်လုပ်ကြံနေကြသူများအကြောင်း (မိုးမခ) မတ်လ ၁၁၊ ၂၀၁၇ “မီးစတဖက် – ရေမှုတ်တဖက်” ဆိုတဲ့ စကားရှိပါတယ်။ ဒီကနေ့ ထိုစကားသုံး၍မဖြစ် “မီးစတဖက် – ဓာတ်ဆီတဖက်” လို့ ပြောင်း၍သုံးမှသာ လက်တွေ့အခြေအနေတွေနဲ့ ကိုက်ညီပါလိမ့်မယ်။ တကယ်တော့ စစ်အုပ်စုက တဖက်မှာ မီးစနဲ့တူတဲ့ “အောင်ဝင်းခိုင်၊ အောင်ဝင်းဇော်၊ ဇေယျဖြိုး၊ ကြည်လင်း” တို့ကို ကိုင် ထားပြီး၊ အခြားတဖက်မှာတော့ ဓာတ်ဆီသဖွယ် အသုံးတော်ခံနေတဲ့ “ဝီရသူ – ဝိမလ”  တို့လို သင်္ကန်းခြုံများကို ကိုင်ထားပြီး တိုင်းပြည် ကို မီးလောင်တိုက်သွင်းနေကြခြင်းဖြစ်ပါတယ်။ မီးစပဲဖြစ်ဖြစ်၊ ဓာတ်ဆီပဲဖြစ်ဖြစ် ထိုသူများမှာ ကိုင်းဖျားကိုင်းနား များသာဖြစ်ပါတယ်။ သူတို့ နောက်ကွယ်တွင်...

Read more »

ဇာနီကြီး ● မြန်မာ့တပ်မတော်နဲ့ ကာ/ချုပ် ဗိုလ်မင်းအောင်လှိုင်

March 10, 2017
ဇာနီကြီး ● မြန်မာ့တပ်မတော်နဲ့ ကာ/ချုပ် ဗိုလ်မင်းအောင်လှိုင်

ဇာနီကြီး ● မြန်မာ့တပ်မတော်နဲ့ ကာ/ချုပ် ဗိုလ်မင်းအောင်လှိုင် (မိုးမခ) မတ် ၁၀၊ ၂၀၁၇ ၂၀၁၇ ခုနှစ်ဟာ မြန်မာ့တပ်မတော်ကို တရားဝင် ပြုပြင်ပြောင်းလဲနေတာ ၅ နှစ် သမတဦးသိန်းစိန်အပြီး ဒေါ်အောင်ဆန်းစု ကြည် ၁ နှစ်ပြည့်အချိန်ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ စစ်အာဏာရှင်လက်အောက်မှာ စစ်ဗိုလ်များက တိုင်းပြည်အုပ်ချုပ်လို့ နိမ့်ကျ ရှက်ဖွယ်ဖြစ်သွားရတယ်။ အိမ်နီးချင်းထိုင်းနိုင်ငံမှာ မြန်မာ ၅ သန်းလောက် အလုပ်သွားလုပ်ရတယ်၊ တရုတ်ပြည် ကြွယ်ဝချမ်းသာလာပြီး အိမ်နီးချင်း ယူနန်ပြည်နယ်ကတဆင့် မြန်မာနိုင်ငံကို တရုတ်တွေချယ်လှယ်လာတော့ ပြုပြင်ပြောင်း လဲမှု မဖြစ်မနေ ဖြစ်လာရပါတယ်။ ဒါကြောင့် မြန်မာ့တပ်မတော်လည်း နိုင်ငံတော်အာဏာကို စွန့်ခွာရတယ်။ အရင် စစ်အာဏာရှင် ဗိုလ်နေဝင်းခေတ်လိုပဲ စစ် ဗိုလ်တွေပဲ စီးပွားရေးနဲ့ အုပ်ချုပ်ရေးဌာနတွေကို စစ်ဝတ်စုံချွတ်ပြီး...

Read more »

မဘသနဲ့ ၀ီရသူတို့က မြန်မာနောင်းသတင်းထောက် ကိုဆွေဝင်းကို တရားစွဲဟု ဆို

March 8, 2017
မဘသနဲ့ ၀ီရသူတို့က မြန်မာနောင်းသတင်းထောက် ကိုဆွေဝင်းကို တရားစွဲဟု ဆို

မဘသနဲ့ ၀ီရသူတို့က မြန်မာနောင်းသတင်းထောက် ကိုဆွေဝင်းကို တရားစွဲဟု ဆို (မိုးမခ) မတ် ၈၊ ၂၀၁၇ လက်ခံရရှိသောသတင်းများအရ မြန်မာနောင်းသတင်းထောက် ကိုဆွေဝင်းကို မဘသအဖွဲ့ဝင်တဦးက ၆၆(ဃ)နဲ့ တရားစွဲဆိုကြောင်း၊ ၎င်းစွဲဆိုမှုကို မန္တလေးရဲစခန်းတခုက လက်ခံပြီး အမှုဖွင့်ပေးလိုက်ကြောင်း သိရှိရသည်။ သတင်းထွက်ပေါ်လာချိန်မှာ မတ်လ ၇ရက် နေ့စွဲ ဖြစ်သည်။ ၆၆(ဃ) အမှုဆိုသည်မှာ အွန်လိုင်းပေါ်က မဟုတ်တန်းတရား အသရေဖျက် ခြိမ်းခြောက် နှောက်ယှက်ခြင်းများနဲ့ ပတ်သက်ပြီး ကာယကံရှင် သို့မဟုတ် ကိုယ်စားလှယ်တို့က စွဲဆိုလေ့ရှိရာ မဘသအဖွဲ့ဝင်က “ထေရ်ကြီး ၀ါကြီး သံဃာတော်ကြီးများက လေးစားရသည့် ဆရာတော် ဦးဝီရသူကို အခြေအမြစ်မရှိ ပါရဇိကနဲ့ စွပ်စွဲခြင်းသည် ပြစ်မှုမြောက်သည်” ဟု သဘောထားပြီး တရားစွဲပါသည်ဟု တရားစွဲဆိုသူ မဘသအဖွဲ့ဝင်က...

Read more »

“လှုံ့ဆော်တာနဲ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူလို့ရတယ်”

March 4, 2017
“လှုံ့ဆော်တာနဲ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူလို့ရတယ်”

“လှုံ့ဆော်တာနဲ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူလို့ရတယ်” တရားလွှတ်တော်ရှေ.နေ ဦးကြီးမြင့်။ (ဓာတ်ပုံ-Myanmar Now) ဆွေဝင်း/ Myanmar Now၊ (မိုးမခ) မတ် ၄၊ ၂၀၁၇ ရန်ကုန် (Myanmar Now)—ဦးကိုနီကိုလုပ်ကြံမှုနဲ့ ပတ်သက်သူတွေကို ပြည်ထဲရေးဝန်ကြီးဌာနတာဝန်ရှိသူများက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ တို့နဲ့ စွဲချက်တင်ဖို့ ပြင်ဆင်နေတယ် လို့ မကြာသေးမီပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့ပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးမယူတာကို မီဒီယာကမေးရာမှာ ဒီဥပဒေနဲ့ အရေးမယူဘူးဆိုတာ မနှစ်နှောင်ပိုင်းကဖြစ်သွားတဲ့ ရခိုင်ပြည်နယ်မောင်တော ရဲကင်းစခန်းများဝင်ရောက်တိုက်ခိုက်တဲ့ကိစ္စ၊ ရှမ်းပြည်မြောက်ပိုင်း တိုက်ပွဲကိစ္စတွေမှာတောင် အကြမ်းဖက်မှုဥပဒေကို မသုံးခဲ့ကြောင်း၊ ဒါ့ကြောင့် လူတစ်ဦးတည်းသာသေဆုံးတဲ့ ဦးကိုနီကိစ္စကိုလည်း အကြမ်းဖက်မှုပုံစံနဲ့ မကိုင်တွယ်ရခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောခဲ့ပါတယ်။  ဦးကိုနီလုပ်ကြံမှုဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အကျုံးဝင်ပါသလား၊ အကြမ်းဖက်မှု...

Read more »

တူမောင်ညို ● “လုပ်ကြံသတ်ဖြတ်ရေးသမားတွေ” လို့ပဲ ပြည်သူတွေက ရှင်းရှင်းပြတ်ပြတ် မြင်တယ်

March 2, 2017
တူမောင်ညို  ● “လုပ်ကြံသတ်ဖြတ်ရေးသမားတွေ” လို့ပဲ ပြည်သူတွေက ရှင်းရှင်းပြတ်ပြတ် မြင်တယ်

တူမောင်ညို ● “လုပ်ကြံသတ်ဖြတ်ရေးသမားတွေ” လို့ပဲ ပြည်သူတွေက ရှင်းရှင်းပြတ်ပြတ် မြင်တယ် (မတ်လ ၂ ရက် အာဏာသိမ်းပွဲသို့) (မိုးမခ) မတ် ၂၊ ၂၀၁၇ ပြည်သူလူထုဟာ  အမှန်တရားကို ထက်မြက်စွာ သိမြင်သလို၊ အမှန်နဲ့အမှား၊ ကောင်းမြတ်တာနဲ့ ယုတ်ညံ့တာ၊ တရားနဲ့ မတရားတာ ရှင်းရှင်းလင်းလင်းခွဲခြားသိမြင်နိုင်စွမ်းရှိပါတယ်။ ဒါ့အပြင် သိမြင်ထားတဲ့ အမှန်တရားနဲ့တရားတဲ့ဘက်ကနေ တွေဝေ ဖင့်နှေးမှုမရှိဘဲ  အစဉ်အမြဲရပ်တည်လေ့ရှိပါတယ်။ ပြည်သူ့သဘောထား ဆိုတာ အဲဒါကိုပြောတာပါ။ ရည်ညွန်းတာပါ။ ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရတဲ့ဖြစ်ရပ်ကို နမူနာထားပြီး တင်ပြပါ့မယ်။ လုပ်ကြံသတ်ဖြတ်တဲ့ တကယ့်လက်သည်တရားခံဘယ်သူဖြစ်နိုင်တယ်၊ ဘယ်တာကလာနိုင်တယ်ဆိုတာကို “ချက်ဆို နား ခွက်က မီးတောက်တယ်” ဆိုတဲ့ စကားနဲ့အညီ ပြည်သူလူထုက “ဒက်ခနဲ” သိပါတယ်။ “ကြည်လင်း” ဟာ လက်မရွံ့ ကြေးစားလူသတ်သမား၊...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်