Posts Tagged ‘ ကျော်ထင် ’

ကျော်ထင် ● သရက်သီးမှည့်တွေ ပေါလိုက်တာ

June 22, 2017
ကျော်ထင် ● သရက်သီးမှည့်တွေ ပေါလိုက်တာ

ကျော်ထင် ● သရက်သီးမှည့်တွေ ပေါလိုက်တာ (မိုးမခ) ဇွန် ၂၂၊ ၂ဝ၁၇ “မြောက်စူးစူးကို သွားပါလား၊ ပဒေသာပင်တွေပေါက်ရောက်ရာ၊ အပြန်မှာ ကြုံရင် အဗ္ဗန္တရ သရက်သာယူခဲ့ပါ” ဆိုတာ စိုင်းထီးစိုင် ဆိုတာမဟုတ်လား။ သီချင်းစာသားတွေကိုတော့ သိပ်မမှတ်တော့ဘူး။ သီချင်းတွေနဲ့ဝေးနေတာကြာပြီ။ လမ်း သွားရင်းနဲ့ သီချင်းညည်းမယ့်စိတ်ပေါ်ရင်တောင် ဖျောက်ဖျက်ပစ်ပြီး မြင်တာမမြင်တာတွေအားလုံးကို မေတ္တာပို့ကြည့်ပစ် တာ။ ရွတ်တာချင်းအတူတူ ဒါက တေဇောမီးကို မတောက်စေဘူးလေ။ ဒီလိုရွတ်ဖို့ကျတော့ အစမှာ တော်တော်အား ထုတ်ရတယ်။ ရွတ်ဆိုဖို့လေးနေတတ်တယ်။ ရွတ်ဖြစ်အောင်ရွတ်လိုက်တဲ့အခါကျတော့ ရင်ထဲမှာ အေးအေးလေးနဲ့ ငြိမ့်ငြိမ့်လေး။ တကယ် ကို ငြိမ့်တဲ့ပီတိ။ အစကတော့ ခက်တာပေါ့လေ။ စိတ်ဆိုတာ မကောင်းမှုမှာ မွေ့လျော်ကြတာမဟုတ်လား။ ဘယ်လို ဖြစ်ဖြစ် မကောင်းတာတွေထဲကတော့ ကြိုးစားပြီးထွက်ရမှာပဲ။ ဒီအတွေးအမြင်နဲ့ပဲ...

Read more »

ကျော်ထင် ● သိကြားပေါက်မှာကော ခိုလေးတွေ ရှိသေးရဲ့လား (မိုးမခ) ဇွန် ၁၃၊ ၂၀၁၇

June 13, 2017
ကျော်ထင် ● သိကြားပေါက်မှာကော ခိုလေးတွေ ရှိသေးရဲ့လား (မိုးမခ) ဇွန် ၁၃၊ ၂၀၁၇

ကျော်ထင် ● သိကြားပေါက်မှာကော ခိုလေးတွေ ရှိသေးရဲ့လား (မိုးမခ) ဇွန် ၁၃၊ ၂၀၁၇ (၁) ကျနော် အိမ်ပြန်ရောက်တော့ စတုတ္ထတန်းကျောင်းသား ကျနော့်သားက စာကျက်တုန်း။ တနေ့ကို ရေ ဘယ်လောက်သောက်ရမလဲ။ တနေ့ကို ရေ (၆) ခွက် သောက်သင့်ပါသည်။ အစားအစာများကို နေ့စဉ်မျှတစေရန်နှင့် လုံလောက်စေရန် အရွယ်အလိုက် ပမာဏတိုး၍ စားသင့်ပါသလား။ အစားအစာများကို နေ့စဉ်မျှတစေရန်နှင့် လုံလောက်စေရန် အရွယ်အလိုက် ပမာဏတိုး၍ စားသင့်ပါသည်။—- ဆိုတာတွေကို သားက ကျက်နေတာ။ ဘဝတွက်တာ ဘာသာရပ်တဲ့။ အဲ့ဒီမှာ နောက်ကျောပေးထားတဲ့သားကို နှုတ်မဆက်သေးဘဲ ကျနော် ထိုင်တွေးနေလိုက်တယ်။ ဒီဘ၀တွက် တာဆိုတာ တွေက ကျက်ရတာလား။ မှတ်ရမှာလား။ ကျက်လိုက်မှ မှတ်မိသွားမယ်ဆိုမှာလား။ အတန်းတွင်းနဲ့ အတန်းပြင်ပမှာ...

Read more »

ကျော်ထင် ● ကျုပ်သေပြီ

June 3, 2017
ကျော်ထင် ● ကျုပ်သေပြီ

ကျော်ထင် ● ကျုပ်သေပြီ (မိုးမခ) ဇွန် ၃၊ ၂ဝ၁၇ (တစ်) ကျုပ်ကိုယ်ကျုပ် သေတယ်လို့သိလိုက်ချိန်မှာ ကျုပ်ဘေးမှာ ထိုင်နေတဲ့ သာအလတ်ကောင်က ပြတင်း ပေါက်နားမှာထိုင်နေတဲ့အငယ်ကောင်ကို မျက်စပစ်ပြတယ်။ ကျုပ်သေပြီဆိုတဲ့ သဘောပေါ့။ အငယ်ကောင် ပျာယာပျာယာထလာပြီး ကျုပ်ကို ဟိုစမ်းဒီစမ်းလုပ်တယ်။ ဟုတ်တယ်၊ အသက်မရှိတော့ဘူးလို့လည်း တိုးတိုးဖွဖွ ပြောသေးတယ်။ နာ့စ်မလေးတွေကို အ ကြောင်းကြားရအောင်ဆိုပြီး ညီအစ်ကိုနှစ်ယောက်စလုံး ထွက်သွားကြတယ်။ ကျုပ်ကိုယ်ထည်ကြီးကိုထားခဲ့ပြီး ထွက်သွား ကြတာ။ ကျုပ်လည်း သူတို့ဗနာက်က လိုက်သွားတယ်။ နာ့စ်မလေးတွေနဲ့တွေ့တော့ လူမမာဆုံးပြီ လာကြည့်ပါဦးလို့ ပြောတယ်။ ထူးဆန်းတာက မသေခင်ကဆို အဲ့လောက်လေးသံ တိုးတိုးလေးတွေကို ကျုပ်ကကြားတာမဟုတ်ဘူး။ ကျုပ်က တော်တော်နားလေးတယ်။ ခုတော့ သူတို့လေသံတိုးတိုးနဲ့ပြောတာတွေကို အကုန်ကြားနေရတယ်။ န်ာစ်မလေးတွေ အကုန်ပျာယာပျာယာဖြစ်ကုန်ပြီးတော့ ဆရာဝန်လေးတွေကို...

Read more »

ကျော်ထင် ● ဘူတာ

May 27, 2017
ကျော်ထင် ● ဘူတာ

ကျော်ထင် ● ဘူတာ (မိုးမခ) မေ ၂၇၊ ၂ဝ၁၇   ရထားကြီးစီးပြီး ခရီးထွက်ဖို့ ဘူတာရုံကို မနက်အစောကြီး ရောက်သွားတယ်။ သန့်သန့်ပြန့်ပြန့် လင်းလင်းရှင်းရှင်း ဘူတာ ရုံစင်္ကြံ (၁) ကို ကျော်ဖြတ်ပြီးတော့ ခပ်မှောင်မှောင်ခပ်ချောင်ချောင်စင်္ကြံဘက်ကို အဖေက ခေါ်သွားတယ်။ စင်္ကြံ (၃) တဲ့။ အမေပါတယ်။ ကျနော့်ညီ နှစ်နှစ်သားလေးပါတယ်။ သူက ညာဘက်ခါးစောင်း။ ကျနော်က အမေ့လက် ဘယ်ဘက်ကိုဆွဲလို့ သံလမ်းနှစ်ခုကို ကူးရတယ်။ အမေက မြန်မြန်လာလို့ လောဆော်တယ်။ အန္တရာယ်တခုခုရှိလို့နေမှာပဲလို့ဆိုတဲ့ ကြောက်စိတ်နဲ့ သံလမ်းနှစ်ခုကို ဖြတ် ကျော်ခဲ့တယ်။တကယ်ကတော့ သွားတုန်းလာတုန်း ရထားလာမှာကို ကြောက်တာပါ။ ဒါပေမဲ့ ရထားက မလာပါဘူး။ ဟို ဘက်လမ်းတွေမှာသာ သွားလာနေကြတာ။ ပစ္စည်းစ္စယတွေ...

Read more »

ကျော်ထင် ● ကြံရည်ရောင် ညနေများ

May 23, 2017
ကျော်ထင် ● ကြံရည်ရောင် ညနေများ

ကျော်ထင် ● ကြံရည်ရောင် ညနေများ (မိုးမခ) မေ ၂၃၊ ၂၀၁၇ ပျဉ်းမနားဆိုတာ လောင်ဂျီတွဒ် ၉၆ ဒီဂရီ၊၁၂ မိနစ်။ လတ္တီတွဒ် ၁၉ ဒီဂရီ၊ ၄၅ မိနစ်မှာ တည်ရှိနေတယ်တဲ့။ အဲ့ဒါတွေ တိတိပပ သိလို့ရယ်တော့ မဟုတ်ပါဘူး။ သိတာက ကျနော်တို့မြို့ဟာ ဝေးဝေးကကြည့်ရင် တောအုပ်လေးနဲ့ တူတယ်။ ကုက္ကို ပင်ကြီးတွေ ရှိတယ်။ မန်ကျည်းပင်နဲ့ တမာပင်တွေဆိုတာကလည်း မနည်းဘူးပဲ။ ကြံသကာ ထွက်တယ်။ ကြံသကာနွားလှည်းကြီးတွေလာရင် လှည်းနောက်မြီးခိုပြီး တခါစား အပျော်စားတော့ အသာနှိုက်လို့ ရတယ်။ သူငယ်ချင်းတွေ နှိုက်ကြတယ်။ ကိုယ်တိုင်တော့ မနှိုက်ဖူးဘူး။ တခါလားပဲကြံကားမှာ ကြံရိုး ဆွဲဖူးတယ်။ ဆွဲချ တဲ့ကြံရိုးက ကျနော့်နောက်ပါမလာဘူး။ တကားလုံး ကြံရိုးတွေဆိုတာ...

Read more »

ကျော်ထင် ● ကြောင်ထီး

May 16, 2017
ကျော်ထင် ● ကြောင်ထီး

 ကျော်ထင် ● ကြောင်ထီး (မိုးမခ) မေ ၁၆၊ ၂၀၁၇ (တစ်) အိမ်မှာကြောင်မလေးတကောင်ရှိတယ်။ကြောင်တွေကိုချစ်လို့မွေးထားတာတော့ မဟုတ်ပါဘူး။ သူများ မွေးထားတဲ့ကြောင် တွေအိမ်ရောက်လာပြီး အစာတောင်းတော့ သနားလို့ကျွေးထားရာကနေ အိမ်မှာမြဲကုန်ကြတာ။ အိမ်က တာတတ်ချစ် တတ်လို့၊ ချစ်တတ်လို့ကြောင်တွေနေတာတော့ မဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ အိမ်မှာ အဖေကစပြီး သူ့မြေးကျနော့် သားအထိဟာ ကြောင်တွေကို မချစ်တတ်ကြပါဘူး။ ကြောင်မှမဟုတ်ပါဘူး၊ ဘယ်တိရစ္ဆာန်ကိုမှ သနားကရုဏာဖြစ်မိတာ ကလွဲရင်၊ ကိုယ်ချင်းစာမိတာကလွဲရင် မချစ်တတ်ကြပါဘူး။ ဒါပေမဲ့ သားကတော့ ကလေးသဘာဝအရ စိတ်ဝင်စားတာတော့ နည်းနည်း ရှိတာပေါ့။ သဲသဲလှုပ်၊ ကဲကဲရှုပ်ကြီးတွေတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အိမ်မှာ ကိုယ်ပိုင်ကြောင်ရှိတဲ့ အိမ်ဖြစ်နေတယ်။ကြာပြီ။ ကြောင်မျိုးဆက်ပြတ်သွားတယ်လို့ မရှိဘူး။ ၈၈ ထဲကနေ ခုထိပဲ။ ဒါကို တအိမ်လုံး...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်