Posts Tagged ‘ ကျော်ကျော် (မြရည်စမ်း) ’

ကျော်ကျော် (မြရည်စမ်း) ● ကျ​နော်​​အ​ရောက်​သွားမိတဲ့ ဈာပနတခု

September 1, 2017
ကျော်ကျော် (မြရည်စမ်း) ● ကျ​နော်​​အ​ရောက်​သွားမိတဲ့ ဈာပနတခု

ကျော်ကျော် (မြရည်စမ်း) ● ကျ​နော်​​အ​ရောက်​သွားမိတဲ့ ဈာပနတခု (မိုးမခ) စက်တင်ဘာ ၁၊ ၂၀၁၇ (၁) အ​စောကြီးထဲက နိုး​နေသည်​။ နာရီကို ကြည့်​မိ​တော့ မနက်​သုံးနာရီသာသာရှိ​သေး၏။ ခဏပြန်​အိပ်​လိုက်​ဦးမည်​ဟု ​တွေးပြီး မျက်​စိကိုအသာပြန်​မှိတ်​သည်​။ အိပ်​၍ကား မ​ပျော်​နိုင်​​တော့။ခင်​မင်​နှစ်​လိုဖွယ်​​ကောင်း​သော သူ၏ ရုပ်​သွင်​သာ တဝဲလည်​လည်​ကြီးစိုး​နေသည်​။ ဒီ​နေ့… သူ၏ ​နောက်​ဆုံးခရီးကို လိုက်​ပို့ရမည်​။ လူ့ဘဝသို့ ​ရောက်​လာခိုက်​​လေးတွင်​ ခန္ဓာ​ကြွေသည်​အထိ ​ခေတ်​၏ဝန်​ကို ပခုံးထမ်းခဲ့​သော သူတစ်​​ယောက်​၏ နာ​ရေးကို ကျ​နော်​လိုက်​ပါပို့​ဆောင်​သင့်​ပါသည်​။ ပြတင်း​ပေါက်​ကို ဖွင့်​လိုက်​သည်​။ကချင်​​တောင်​တန်းများ​ပေါ်မှ မိုးနံ့စွက်​​နေ​သော ​လေနု​အေးများက မျက်​နှာကို ပွတ်​သပ်​ကြသည်​။ ရှူရှိုက်​လိုက်​တိုင်း လန်းဆန်းချမ်း​မြေ့​စေ​သော ​လေနု​အေး​လေးများကို ​သေချာစွာ အနံ့ခံကြည့်​ရသည်​မှာလည်း ​နေ့စဉ်​ဝတ္တရားတစ်​ခု။ဝ-်​ဒုက္ခတစ်​ခုလည်း ဖြစ်​​နေနိုင်​​သေးသလို ထိုနှစ်​ခုစလုံးလည်း ပြိုင်​တူဖြစ်​​နေနိုင်​​သေးသည်​။ ယမ်းနံ့နှင့်​​သွေးညီနံ့များ ပါမလာချိန်​များမှာသာ ​လေနု​အေး​လေး​တွေ၏ အနှစ်​သာရကို...

Read more »

ကျော်ကျော် (မြရည်စမ်း) ● ပုံစံခွက်ထဲမှ ဝတ္ထုငယ်လေးများ

August 24, 2017
ကျော်ကျော် (မြရည်စမ်း) ● ပုံစံခွက်ထဲမှ ဝတ္ထုငယ်လေးများ

ကျော်ကျော် (မြရည်စမ်း) ● ပုံစံခွက်ထဲမှ ဝတ္ထုငယ်လေးများ (မိုးမခ) သြဂတ်စ် ၂၄၊ ၂၀၁၇ မိုးမခမဂ္ဂဇင်း အတွဲ ၄၊ အမှတ် ၇၊ ၂၀၁၇ ထုတ်တွင်လည်း ဖော်ပြပြီး ဖြစ်သည်။   “မသွားပါနဲ့….အိမ်မှာပဲ စိတ်ချမ်းသာအောင်နေပေါ့..၊ ဒါမှမဟုတ်  တလတန်သည်၊ နှစ်လတန်သည်  ဆရာတော့်ကျောင်းမှာ ဦးပဉ္ဇင်းဝတ်နေမလား..” တိုးတိုးပြောနေကြသော်လည်း လူခြေကတိတ်သည့် ညဥ့်နက်နက်မို့ အတိုင်းသားကြားနေရသည်။ နံဘေးအိမ်မှ သားအမိ လေးနှစ်ယောက်၏ ဆွေးနွေးသလို၊ ငြင်းခုန်သလို စကားသံကို ကြားနေရသည်မှာ ရက်ဆက်ဖြစ်နေသည်။ သားဖြစ်သူက သူ..မူးယစ်ဆေးဝါးစွဲနေပြီဖြစ်ကြောင်း အမေဖြစ်သူကို အတိအလင်းကြေညာထားပြီး  ဆေးစစ်မှုခံယူကာ မူး ယစ်ဆေးဝါးအစားထိုးအဖြစ် ပြည်သူ့ဆေးရုံတွင် တိုက်ကျွေးသော မက်သဒုံးဆေးကို သောက်ချင်သည်။ သူကိုယ်တိုင်လည်း ဆေးစွဲနေသူလူငယ်တဦးအဖြစ် တာဝန်ရှိလူကြီးမင်းများထံ ဝန်ခံလိုသည်။ အမေဖြစ်သူ၏ခံစားချက်ကို...

Read more »

ကျော်ကျော် (မြရည်စမ်း) ● လွမ်း​နေကြသူများနှင့်​ လွမ်း​နေရသူများ

August 7, 2017
ကျော်ကျော် (မြရည်စမ်း) ● လွမ်း​နေကြသူများနှင့်​ လွမ်း​နေရသူများ

ကျော်ကျော် (မြရည်စမ်း) ● လွမ်း​နေကြသူများနှင့်​ လွမ်း​နေရသူများ (မိုးမခ) သြဂတ်စ် ၇၊ ၂၀၁၇ မိုးက တနေကုန်​​အောင်​ပင်​ သွန်​ချသလိုရွာပစ်​သည်​။ မိုးတိတ်​သွားသည့်​ ည​နေခင်းသည်​ အလွမ်းစိုစိုတို့ကို ထုထည်​ကြီးမား လာ​စေသည်​ ထင်​၏။ ကချင်​ပြည်​နယ်​မှ ကျ​နော်​​နေထိုင်​ရာ ​တောင်​တန်းများဝန်းရံ​နေသည့်​ မြို့ငယ်​​လေးသည်​ ဘယ်​​နေရာ​မျှော်​ကြည့်​ကြည့်​ လွမ်း​မောဖွယ်​အတိ။ ဒီ​တနေ့အဖို့ ​နေ​ရောင်​ခြည်​ကို ​မျှော်​၍ မရနိုင်​​တော့ပြီ…။ အလွမ်း…။ မိုးရွာပြီးစ ည​နေခင်း​လေးသည်​ အလွမ်းတို့ကို စိုအိလာ​စေ​တော့သည်​။ မ​နေ့ညက ​ဖေ့စ်​ဘုတ်​သုံးရင်း မိုင်​​ထောင်​ချီ​ဝေးသည့်​ ကမ္ဘာ့တဖက်​ခြမ်းတ​နေရာမှ ​ရေးတင်​လိုက်​​သော စာ​လေးကို ဖတ်​ရ သည်​။ ထိုစာ​လေးက အမှတ်​မထင်​ရင်​ထဲစူးနစ်​ချိတ်​တွယ်​​နေခဲ့သည်​။ ယခုလည်း ​မြောက်​ဖျားသို့သာ တလိပ်​လိပ်​တက်​​နေ ဆဲဖြစ်​သော တိမ်​ညိုအစိုင်​အခဲများကို ကြည့်​​နေရင်း သူတို့ကို ​တောင်​ဘက်​သို့ စုန်​​စေချင်​​နေမိသည်​။ အကယ်​၍ သူတို့စုန်​ဆင်းပါက...

Read more »

ကျော်ကျော် (မြရည်စမ်း) ● အုတ်​နီရောင် ခပ်​ညံ့ညံ့ လက်​ဖက်​ရည်​များ

August 2, 2017
ကျော်ကျော် (မြရည်စမ်း) ● အုတ်​နီရောင် ခပ်​ညံ့ညံ့ လက်​ဖက်​ရည်​များ

ကျော်ကျော် (မြရည်စမ်း) ● အုတ်​နီရောင် ခပ်​ညံ့ညံ့ လက်​ဖက်​ရည်​များ (မိုးမခ) သြဂတ်စ် ၂၊ ၂ဝ၁၇   လမ်းထိပ်​လက်ဖက်​ရည်​ဆိုင်​​လေးသို့ ကျ​နော်​​ရောက်​သွား​သော​အခါ စားပွဲသုံးလေးဝိုင်းတွင်​ လက်ဖက်ရည်​​သောက်​သူများ ​ရောက်​​နေကြပြီဖြစ်​သည်​။ ပလာတာ၊ ထပ်​တရာ​ကြော်​သည့်​ တာဝါးဟု ခေါ်ကြ​သော သံပြားကြီးမှ​ညှော်​နံ့သည်​ ​မွှေးသည်​လား၊ နံသည်​လား ​ဝေခွဲရခက်​လှသည်​။ သို့​သော်​ ထိုအနံ့ကို ကျ​နော်​ မနက်​ခင်းတိုင်း ရှူရှိုက်​​နေရပါသည်​။ လွန်​ခဲ့​သော ကာလများကလည်း ထိုအနံ့ကို ရင်းနှီးကျွမ်းဝင်​စွာ ​နေ့စဉ်​နှင့်​အမျှ ရှူရှိုက်​ခဲ့ရဖူးသည်​။ ထိုစဉ်​က​တော့လက် ဖက်ရည်​​​ဆိုင်​က​လေးတဆိုင်​၏ ပိုင်​ရှင်​ဖြစ်​ခဲ့ဖူးသည်​။ ပိုင်​ရှင်​ဖြစ်​သည်​ဟုဆိုခြင်းမှာ ကြွားဝါလို​သော​ကြောင့်​ သုံးနှုန်းခြင်းမဟုတ်​ပါ။ မြို့နယ်​စည်​ပင်ဌာနမှ ​ခေါင်းစဉ်​အမျိုးမျိုးတပ်​၍ ​ကောက်​ခံ​သော အခွန်​​ပြေစာများ၊ ရပ်​ကွက်​လူကြီးများ၏ အလှူခံဖြတ်​ပိုင်းစာရွက်​များတွင်​ ဆိုင်​ပိုင်​ရှင်​အမည်​ဟူ၍ ရိုက် နှိပ်ထားေ​​သာ စာသားနှင့်​ ကျ​နော့်​နာမည်​အား ညီမျှခြင်းထိုးထား​သော​ကြောင့်​ ဆိုရခြင်းဖြစ်​ပါသည်​။...

Read more »

ကျော်ကျော် (မြရည်စမ်း) ● ကျ​နော်​သိ​သောနှင်းဆီ …

June 6, 2017
ကျော်ကျော် (မြရည်စမ်း) ● ကျ​နော်​သိ​သောနှင်းဆီ …

ကျော်ကျော် (မြရည်စမ်း) ● ကျ​နော်​သိ​သောနှင်းဆီ … (မိုးမခ) ဇွန် ၆၊ ၂၀၁၇ မနက်​ခင်းတွင်​ ဇနီးဖြစ်​သူ​ဈေးမှအပြန်​ နှင်းဆီပင်​​ငယ်​​လေးပါလာသည်​။ ​တောင်​ဆုပ်​​လောက်​သာရှိမည့်​ အပင်​ငယ်​​လေးသည်​ နှင်းဆီ​လေးတပွင့်​ကို ပန်​ဆင်​ထားသည်​။ ထိုအပင်​ငယ်​​လေးကို ​မြေကျင်း​လေးတူး၊ ​မြေ​ဆွေး​လေးထည့်ပြီး ရှင်​သန်​​အောင်​စိုက်​ပျိုးဖို့ တာဝန်​သည်​ ကျ​နော့်​ထံ​ရောက်​လာသည်​။ ​ရေကန်​​ဘေးနံ​ဘေးမှာ ချထားခဲ့​သော နှင်းဆီအိုး​လေးကို ​သေချာကြည့် မိသည်​။ ​မြေအိုး​လေးထဲမှ နှင်းဆီပင်​ငယ်​​လေးသည်​ တခုခုလို​နေသလို…။ သေချာ​အောင်​ထပ်​ကြည့်​မိသည်​။ သူ့တွင်​ အဆင်​တန်​ဆာချွတ်​ယွင်း​နေရှာသည်​။ ရှိအပ်​သည့်​ဆူးက​လေးများ နတ္ထိ။ ည​နေ​စောင်းတွင်​ အနက်​တ​တောင်​နီးပါးရှိ​အောင်​ ​မြေကျင်း​လေးတူးပြီး အိုးက​လေးထဲမှာပါလာ​သော ​မြေပဲခွံ​အ​ဆွေး​လေးများနှင့်​ စပါးခွံ​လေးများကိုပါ တယုတယ​။တပါတည်းထည့်​​ပေးထားလိုက်​သည်​။ သူတို့သည်​လည်း ထိုနှင်းဆီပင်​​လေး ကြီးထွားရှင်​သန်​​ရေးအတွက်​ တတပ်​တအား အကျိုးပြုကြ​ပေလိမ့်​မည်​။ ​လေထု၊ ​နေ​ရောင်​ခြည်​နှင့်​ ​​ရေဓာတ်ွက်​ခဲ့နိုင်​ပါဦးမည်​လား။ မဖြစ်​နိုင်​​တော့ပါ။ အင်​မတန်​သိမ်​​မွေ့၊ သည်းခံတတ်​သည့်​ နှင်းဆီပင်​​လေးအဖြစ်​သာ...

Read more »

ကျော်ကျော် (မြရည်စမ်း) ● ကျနော် ၅၁၂

April 20, 2017
ကျော်ကျော် (မြရည်စမ်း) ● ကျနော် ၅၁၂

ကျော်ကျော် (မြရည်စမ်း) ● ကျနော် ၅၁၂ (မိုးမခ) ဧပြီ ၂၀၊ ၂၀၁၇ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်များ မကြာခဏထုတ်လေ့ရှိသောခေတ်ကြီးထဲတွင် ကျနော်ဆယ်တန်းအောင်ခဲ့ပါ သည်။ တက္ကသိုလ်တက်သောအခါတွင် ဥပဒေဘာသာရပ်ကိုသာ ရွေးချယ်ခဲ့ပါသည်။ သို့သော် တက္ကသိုလ်တတိယနှစ် အရောက်တွင် ဥပဒေကျောင်းသားဘဝကို စွန့်ခွာခဲ့ရသည်။ ရင်နာနာနှင့် စွန့်ခွာခဲ့ရခြင်းဖြစ်သော်လည်း အကြောင်းတရားက ဇဝေဇဝါ။ ‘မင်းကွာ ဥပဒေမဲ့နေတဲ့ခေတ်ကြီးမှာများ ဥပဒေသင်နေသေးတယ်’ ဟူသောစကားဖြင့် သရော်လေ့ရှိသည့် သူငယ်ချင်းစကား ကိုများ နားယောင်မိလေသလားဟု စိတ်မှာဝိုးတဝါး။ ထိုသို့လည်း  မဟုတ်တန်ရာ၊ ပိုက်ဆံအကုန်မခံနိုင်တော့၍သာ ဖြစ်တန်ရာ၏။ အပြင်ဆောင်ငှား၊ လမ်းဘေးထမင်းစားဘဝကို ကျောင်းသူကျောင်းသားအများစုသည် လက်ဆင့်ကမ်း အမွေအနှစ်အဖြစ် ယနေ့ထိ လက်ခံယူနေရဆဲ။ ‘မင်းကရော ဒေါက်တာမြင့်မောင်လို သစ္စာတည်နိုင်လို့လား’ ဟု ကျနော် ပြန်ပက်လိုက်တိုင်း  စိတ်ကောက်ကာ  ၇၃...

Read more »

ကျော်ကျော် (မြရည်စမ်း) ● မိသားစု နိုင်ငံငယ်လေးတခု

March 23, 2017
ကျော်ကျော် (မြရည်စမ်း) ● မိသားစု နိုင်ငံငယ်လေးတခု

ကျော်ကျော် (မြရည်စမ်း) ● မိသားစု နိုင်ငံငယ်လေးတခု (မိုးမခ) မတ် ၂၃၊ ၂၀၁၇ စူးစူးရှရှအော်မြည်လိုက်သော ဝက်များ၏အသံနှင့်အတူ အိတ်ဇောပိုက်ဖြုတ်ထားသောကားမှာ ဆူညံသောစက်သံပေးပြီး ထွက်သွားပေပြီ။ ဆိုင်ရှေ့ဗာဒံပင်မှ ရွက်နုကိုင်းဖျားတချို့ကို ကားခေါင်မိုးနှင့် တိုက်ဖြတ်သွားသည်။ ဖုန်များအလုံးလိုက် ကား နောက်ပြေးလိုက်သွားကြသည်။ ထိုအခိုက် လည်ကတုံးအင်္ကျီဖြူနှင့် တိုက်ပုံမည်းပိုက်ထားကြသော လူတစု ဆိုင်ထဲ ဝင်လာကြပြန်သည်။ ”ဖြစ်ချင်တာရယ်၊ ဖြစ်နေတာရယ်၊ ဖြစ်သင့်တာရယ်” ဟူသောစကားကို လူအများပါးစပ်ဖျားမှ မကြာခဏ ကြားခဲ့ရဖူးပါ သည်။ ဆန္ဒနှင့်ဘဝ တထပ်တည်းမကျသူများ၊  တနည်းပြောရလျှင် တခုခုကို အားမလို အားမရဖြစ်နေကြသူများ၏ လက် သုံးစကား  ဖြစ်မည်ထင်ပါ၏။ ကျနော်မှာလည်း ”လုပ်ချင်တာရယ်၊ လုပ်နေရတာရယ်” ဟူ​သော အ​ကြောင်းအရာနှစ်​မျိုးနှင့်​ မကြာခဏ ရင်​ဆိုင်​ခဲ့ရဖူးပါ သည်​။ လုပ်​သင့်​တာကို ​တွေးဆမိ​သော်​လည်း ...

Read more »

ကျော်ကျော် (မြရည်စမ်း) ● ဇာတိ၌ မှီတွယ်ခြင်း

February 14, 2017
ကျော်ကျော် (မြရည်စမ်း) ● ဇာတိ၌ မှီတွယ်ခြင်း

ကျော်ကျော် (မြရည်စမ်း) ● ဇာတိ၌ မှီတွယ်ခြင်း (မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂ဝ၁၇   ကျနော့်အိမ်ထောင်သက်နှစ်ပေါင်းနှစ်ဆယ်ကျော်ခဲ့ပါပြီ။ ထိုအတောအတွင်း နေရာဒေသအမျိုးမျိုးသို့ ပြောင်းရွှေ့ နေထိုင်ခဲ့ ရဖူးသည်။  ဘယ်နှအိမ်ပြောင်းပြီလဲဟုမေးလျှင် အတော်ပင်စဉ်းစားယူရမည်။ တကယ်တော့ ပြောင်းချင်လွန်း၍ ပြောင်းခဲ့ရ ခြင်းမဟုတ်ပါ။ မလွဲသာသောအကြောင်းခြင်းရာ အခြေအနေများကြောင့်သာ ပြောင်းရွှေ့နေထိုင်ခဲ့ရခြင်းပင်။ သက်ရှိသတ္တဝါအများစုအဖို့  ကိုယ်မွေးဖွားရာ သို့မဟုတ်  ပေါက်ဖွားရာ နေရာဒေသ၌သာ သက်ဆုံးတိုင် ကြီးပြင်းနေထိုင်လိုကြသည်မှာလည်း  လောကဓမ္မတာတခု ဖြစ်မည်ထင်ပါသည်။ ကျနော်နေထိုင်ခဲ့ဖူးသော တိုက်ခန်းရှေ့တွင် ဂျပန်ခေတ်အတွင်းက တည်ဆောက်ထားခဲ့သော ဆေးရုံဟောင်းတခုရှိသည်။ ထိုဆေးရုံဝင်းမျက်နှာစာတွင် ညောင်ပင်အိုကြီးတပင်ရှိသည်။ တနေ့သား တိုက်ခန်းလေးထဲ၌ ကျနော်တယောက်ထဲ ထမင်းစားနေစဉ်  အပြင်ဘက်မှ ဆူညံ ဆူညံ အသံများကြားရသည်။ စားလက်စ ထမင်းပန်းကန်ကိုချထားခဲ့ပြီး အပြင်သို့ လှမ်းကြည့်မိသည်။...

Read more »

ကျော်ကျော်(မြရည်စမ်း) – နိုင်ငံရေး သတ္တဝါတဦး

February 2, 2017
ကျော်ကျော်(မြရည်စမ်း) – နိုင်ငံရေး သတ္တဝါတဦး

ကျော်ကျော်(မြရည်စမ်း) – နိုင်ငံရေး သတ္တဝါတဦး (မိုးမခ) ဖေဖော်ဝါရီ ၂၊ ၂၀၁၇ “လူဆိုသည်မှာ နိုင်ငံရေးသတ္တဝါဖြစ်၏” ဟူသော စကားကို ကြားဖူးခဲ့သည်မှာ ကြာပါပြီ။ ကျွန်တော်သည် နိုင်ငံရေးကို စိတ်မဝင်စားလှပါ။ ထို့ကြောင့် ကျွန်တော့်ကိုလူဟူ၍သတ်မှတ်နိုင်ရန် ခက်ခဲပေ မည်။ မိမိ၏မိသားစုဖြင့်သာ အေးအေးလူလူနေချင်ပါသည်။ ဆူညံသံကင်းမဲ့သောအရပ်၌ နေထိုင်လိုပြီး တောတောင်ရနံ့၊ ကျေးလက်ရနံ့ပါသော စာများ ကဗျာများရေး၍သာ ဘဝကိုငြိမ်းချမ်းစွာ ဖြတ်သန်းလိုပါသည်။ နိုင်ငံရေးကို စိတ်မဝင်စားသော်လည်း အသက်တစ်ဆယ့်ငါးနှစ်သားအရွယ် ကိုးတန်းကျောင်းသား ဘဝက တောင်ဥက္ကလာပနေအိမ်မှ ရွှေတိဂုံဘုရားအနောက်ဘက်မုခ်သို့ ခြေကျင်လျှောက်ခဲ့ဖူး သည်။ ထိုနေ့က ဗိုလ်ချုပ်သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံးမြင်ဖူးခြင်းပင်။ ဒီမိုကရေစီတိုက်ပွဲ အောင်ရမည်ဟူသော ကြွေးကြော်သံများလွှမ်းမိုးနေသည့် ထိုကွင်းပြင်ကျယ်ကြီး မှ အိမ်အပြန်ခရီးသည် မောပန်းသော်လည်း လူက နွမ်းမသွားသည်မှာတော့အံ့သြစရာ။ ဆယ်စုနှစ်ကာလ...

Read more »

ကျော်ကျော် (မြရည်စမ်း) ● ဆောင်းဖျားကို ကုသခြင်း

December 25, 2016
ကျော်ကျော် (မြရည်စမ်း) ● ဆောင်းဖျားကို ကုသခြင်း

ကျော်ကျော် (မြရည်စမ်း) ● ဆောင်းဖျားကို ကုသခြင်း (မိုးမခ) ဒီဇင်ဘာ ၂၅၊ ၂၀၁၆ အလုပ်ပင်ပန်းပြီး  အိပ်ရေးပျက်များလာပြီဆိုလျှင် အစားအသောက်ပါပျက်ပြီး ကျနော်ဖျားတတ်သည်။ အခုလည်း ကိုယ် လက် မအီမသာဖြစ်နေပြီ။ အချိန်မီဆေးမသောက်လျှင် မုချဖျားတော့မည်။ ဆောင်းဖျားလိုက်သည်ဆိုသောစကားကို  ငယ် စဉ်ကတည်းက ကြားဖူးခဲ့သည်။ ဖျားလည်း ဖျားခဲ့ဖူးသည်။  အိပ်ရာမှလူးလဲထကာ  ဆေးပုလင်းများထားရာဆီသို့ ခြေလှမ်း လိုက်သည်။  ကြမ်းပျဉ်များ၏အေးစက်သော အတွေ့အထိကြောင့် ကျောရိုးထဲ စိမ့်ခနဲဖြစ်သွားသည်။ ဆောင်းညသည် တိတ်ဆိတ်နေ၏။  မိုင်ဝက်ခန့်ဝေးသော ဘူတာရုံလေးဆီမှ ရထားတစင်း၏ အသံရှည်ဆွဲလိုက်သော  ဥသြ သံကိုပီပြင်စွာ ကြားလိုက်ရသည်။ စိတ်သည် အတိတ်သို့ လျှင်မြန်စွာ ကူးခတ်ပြန်၏။ လွန်ခဲ့သော နှစ်ပေါင်း ၂၀  နီးပါးက  ဆောင်းညတညတွင်  မန္တလေး-မြစ်ကြီးနား ရထားလမ်းဘေး တောင်ကြားထဲရှိ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်