Posts Tagged ‘ ကျော်မောင် (တိုင်းတာရေး) ’

ကျော်မောင်(တိုင်းတာရေး) – ပြိုင်ပင်ပြိုင်သော်ငြား

November 30, 2016
ကျော်မောင်(တိုင်းတာရေး) – ပြိုင်ပင်ပြိုင်သော်ငြား

ကျော်မောင်(တိုင်းတာရေး) – ပြိုင်ပင်ပြိုင်သော်ငြား (မိုးမခ) နိုဝင်ဘာ ၃၀၊ ၂၀၁၆ တစ်ခါမှာ ယုန်နဲ့လိပ်တို့ အပြေးပြိုင်ကြပြန်တယ်။ သူတို့မျိုးနွယ်နှစ်ဖက်ကလည်း ပြိုင်နေကြတာ ရှေးခေတ်ကတည်းကပဲ။ ပြိုင်တိုင်း ယုန်တွေပဲ ရှုံးတယ်။ အခုတစ်ခါမှာလည်း ယုန်က အမှတ်မရှိဘူး။ သူ့ခေတ်ရောက်တော့မယ်ဆိုပြီး ထပ်ပြိုင်တယ်။ လိပ်မျိုးနွယ်တွေကလည်း ယုန်တွေဆိုတာ သူ့တို့အတွက် ငယ်နိုင်၊ ဘိုးဘေးဘီဘင်ဘောင်လက်ထက်တွေကတည်းက ဘယ်အချိန်ပြိုင်ပြိုင် အမြဲတမ်းနိုင်ခဲ့တာဆိုတော့ သိပ်မမှုဘူး။ ယုန်က တကယ်တော့ သိပ်ပြိုင်ချင်လှတာရယ်လို့ မဟုတ်ဘူး။ သူ့မှာ သမိုင်းပေးတာဝန်လိုမျိုးဖြစ်နေတာရယ်၊ ပြိုင်ပွဲအတွက် လက်ရွေးစင်အဖြစ်အရွေးခံရလို့ ၀င်ပြိုင်ရတာရယ်ဆိုတဲ့ အကြောင်းနှစ်ချက်ကြောင့်ပြိုင်တာ ဖြစ်တယ်လို့ ဆင်ခြေပေးတယ်။ ဟုတ်သည် မဟုတ်သည်ကို သူကိုယ်တိုင်ပဲ သိမှာဖြစ်တယ်။ သမိုင်းဆိုတာမှာ ဘယ်ဘုရင် ဘယ်အမျိုးအဆွေတွေရဲ့ သမိုင်းမှ မဟုတ်ဘူး။ သူတို့ ယုန်သမိုင်းပဲ။ ယုန်သမိုင်းကို ဘယ်ယုန်မျိုးနွယ်လက်ထက်မှာ...

Read more »

ကျော်မောင်(တိုင်းတာရေး) – တစေ့တစောင်း နှုတ်ခမ်းမွေးအကြောင်း

November 4, 2016
ကျော်မောင်(တိုင်းတာရေး) – တစေ့တစောင်း နှုတ်ခမ်းမွေးအကြောင်း

ကျော်မောင်(တိုင်းတာရေး) – တစေ့တစောင်း နှုတ်ခမ်းမွေးအကြောင်း (မိုးမခ) နိုဝင်ဘာ ၄၊ ၂၀၁၆ ရန်ကုန်သား တစ်ယောက် လူကြီးဖြစ်လာသည်ကို ကစားဖော်သူငယ်ချင်းက ပြောမှသတိထားမိသည်။ “ဟေ့ မင်းအသံက သြသြကြီးဖြစ်နေပြီ၊ အရင် အသံလို မဟုတ်တော့ဘူး၊ မင်း လူကြီးဖြစ်ပြီ” ဟု လမ်းအတူတူလျှောက်နေရင်း အမှတ်မထင်ပြောလိုက်သည်ကို ကြားမိရာက စသည်။ ဘီးနှင့်မှန် ဆိုတာသည် အရင်က သူနှင့် မဆိုင်၊ သူ့အသုံးအဆောင်များမဟုတ်၊ အိမ်ရှိလူကြီးများ၏ ပိုင်ဆိုင်မှုတွေဟု သတ်မှတ်ထားခဲ့သည်။ လူကြီးဖြစ်လာပြီဟု အထင်ရောက်ချိန်တွင် အိမ်ရှိ ဘီးများစွာထဲမှ စိတ်ကြိုက် ဘီးတစ်ချောင်းကိုရွေးချယ်ကာ သေသေချာချာဆေးကြော၍ “ဒါ ကျနော့်ဘီး” ဟု အိမ်သားအပေါင်းကြားအောင် ကြွေးကြော်ပြီး မောင်ပိုင်သိမ်းလေတော့သည်။ ဤသို့ အပိုင်သိမ်းထားသော ထိုဘီးဖြင့် ခေါင်းကို စမတ်ကျကျဖြီးရန် မှန်...

Read more »

ကျော်မောင်(တိုင်းတာရေး) – ဘယ်အခန်းမှာလဲ

October 11, 2016
ကျော်မောင်(တိုင်းတာရေး) – ဘယ်အခန်းမှာလဲ

ကျော်မောင်(တိုင်းတာရေး) – ဘယ်အခန်းမှာလဲ (မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၁၆ အတန်းစဉ်တိုင်းတွင် အခန်းခွဲသော စနစ်များကို ကြုံဖူးသမျှ ပြန်တွေးကြည့်မိသည်။ ငယ်စဉ်ကာလဖြစ်သောကြောင့် မမှတ်မိသောအချက်များကို လူကြီးမိဘများထံတွင် မေးမြန်းရသည်။ မူလတန်းကျောင်းတစ်ကျောင်းတွင် သူငယ်တန်းမှ စတက်စဉ်တွင်ဖြစ်သည်။ ထိုကျောင်းတွင် သူငယ်တန်းများကို အခန်းခွဲသော စနစ်သည် ကျောင်းလာအပ်သော မိဘအုပ်ထိန်းသူများပေါ်တွင် မူတည်လေသည်။ သူငယ်တန်းတက်ရောက်မည့်ကလေးအတွက် သင့်လျော်မည်ထင်သော သူငယ်တန်းအတန်းပိုင်ကို မိဘများက ရွေးချယ်ကာ ထိုအတန်းပိုင်ထံတွင် ကလေးကို ကျောင်းအပ်နှံကြသော စနစ်ဖြစ်သည်။ ထိုအခါ ပုံပြင်အပြောကောင်းသည်၊ အသင်အပြကောင်းသည်၊ ကလေးတွေကို စိတ်ရှည်သည်းခံသည်ဟု နာမည်ကြီးသော သူငယ်တန်းပြ ဆရာ ဆရာမ၏ စာသင်ခန်းတွင် ကျောင်းသူ ကျောင်းသား အပြည့်ဖြစ်လေသည်။ ကလေးများကို ဆူသော၊ မာန်မဲကြိမ်းမောင်းသော၊ ရိုက်သော၊ စိတ်မရှည်သော ဆရာ...

Read more »

ကျော်မောင် (တိုင်းတာရေး) ● အဘ၏ ကွမ်းအစ်

August 28, 2016
ကျော်မောင် (တိုင်းတာရေး) ● အဘ၏ ကွမ်းအစ်

ကျော်မောင် (တိုင်းတာရေး) ● အဘ၏ ကွမ်းအစ် (မိုးမခ) သြဂတ်စ် ၂၈၊ ၂၀၁၆ “ရန်ကုန်သား” ဟုအမည်တွင်သော အဘမြေးက အဘ၏ကွမ်းအစ်ကို စိတ်ဝင်စားသည်။ ယခုရက်ပိုင်းအတွင်းမှာ သိချင်နေ သည်က  အဘ ဘယ်ကနေဘယ်လို ကွမ်းစားဖြစ်ခဲ့သည်ဆိုတာအပြင် အဘ၏ကိုယ်ပိုင်ကွမ်းအစ် အကြောင်းကိုဖြစ် သည်။ ကွမ်းအစ်သည် ကြေးကွမ်းအစ်ဖြစ်၏။ တတ်သိစအရွယ်ကတည်းက ထိုကြေးကွမ်းအစ်သည် အဘကွမ်းအစ် ဖြစ်သည်ကို သိကြောင်း အမှတ်ရမိသည်။ ကြေးကွမ်းအစ်ကို အဘခိုင်းသဖြင့် အတွင်းအပြင် ဆေးကြောသန့်စင် ပေးဖူးသည်။ ကြေးရောင် ကို ကွမ်းသီးခွံ၊ မန်ကျည်သီးမှည့်တို့ဖြင့် တိုက်ချွတ်၍ ပြောင်လက်စေသည်။ အဘရော အဘွားပါမရှိတော့သည့်အခါမှ အထက်ပါ အချက်နှစ်ချက်ကို သိလိုစိတ်ပြင်းပြခဲ့လေသည်။ ဤသို့ဖြင့် အဘ ကွမ်းစစားခြင်းနှင့် သူ၏ကွမ်းအစ်အကြောင်းကို သိရန်အတွက် ရန်ကုန်သားက သူ့အမေနှင့်...

Read more »

ကျော်မောင်(တိုင်းတာရေး) – ကျော်သွားခဲ့သော အပိုင်းများ

July 19, 2016
ကျော်မောင်(တိုင်းတာရေး) – ကျော်သွားခဲ့သော အပိုင်းများ

ကျော်မောင်(တိုင်းတာရေး) – ကျော်သွားခဲ့သော အပိုင်းများ (မိုးမခ) ဇူလိုင် ၁၉၊ ၂၀၁၆ ဖတ်ပြီးသား စာအုပ်တစ်အုပ်ကို ပြန်လည်ဖတ်ရှုမိသောအခါမှ သတိထားမိလေသည်။ ထိုအရာမှာ ယခင်ဖတ်တုန်းက သေသေချာချာမဖတ်ဖြစ်ခဲ့ဘဲ ကျော်သွားခဲ့သော အပိုင်းများ ဖြစ်သည်။ ထိုတစ်ခေါက်တုန်းက အဘယ်အကြောင်းကြောင့် မဖတ်ဘဲ ကျော်လွှားသွားခဲ့ရပါသနည်း။ ဆန်းစစ်ကြည့်ရာမှ အဖြေတစ်ခုထွက်လာသည်။ ပထမတစ်ခါဖတ်စဉ်က နားမလည်သောကြောင့် ရှည်ရှည်ဝေးဝေး မတွေးတောတော့ဘဲ ကျော်ကာ ဖတ်ရှုခဲ့ခြင်းဖြစ်ကြောင်း တွေ့လာရခြင်းပင်။ ယခု ဖတ်သောအခါ ကျော်ခဲ့သော ထိုအပိုင်းသည် အရေးပါသော အပိုင်းဖြစ်နေကြောင်းတွေ့ရသည်။ ရုပ်ရှင်ကားဟောင်းတစ်ကားကို အပျင်းပြေပြန်ကြည့်မိသည်။ ကြည့်ဖူးသည့်အတွက် ဘယ်အပိုင်းပြီးလျှင် ဘယ်အပိုင်း၊ ဘယ်ဇာတ်ကွက်ပြီးလျှင် ဘယ်ဇာတ်ကွက်လာမည်ဆိုသည်ကို ကြိုသိနေသည်။ ပြန်ကြည့်နေရင်းမှာပင် ဇာတ်ကောင်တစ်ယောက်ပြောသော စကားက အသစ်အဆန်းကဲ့သို့ဖြစ်နေပြန်သည်။ ကြည့်ခဲ့တုန်းကလည်း ထိုစကားပြောခန်းကို နားထောင်ခဲ့ဖူးသည်။ သို့သော် ထိုအခါက...

Read more »

ကျော်မောင်(တိုင်းတာရေး) – တပုဒ်ကောင်း တအုပ်ကောင်း

June 20, 2016
ကျော်မောင်(တိုင်းတာရေး) – တပုဒ်ကောင်း တအုပ်ကောင်း

  ကျော်မောင်(တိုင်းတာရေး) – တပုဒ်ကောင်း တအုပ်ကောင်း  (မိုးမခ) ဇွန် ၂၀၊ ၂၀၁၆ (၁) ငယ်ငယ်တုန်းက ဒို့နေတာ နယ်ဖက်မှာဆိုတော့ စာအုပ်စာတမ်းတွေက နည်းတယ်။ ဟိုလူ့ဆီက ငှားဖတ်၊ ဒီလူ့ဆီက ငှားဖတ်နဲ့ စာတွေဖတ်လာကြရတာ။ ၀တ္ထုတွေဖတ်ဖြစ်တော့လည်း ဒီအတိုင်းပဲ။ ရတဲ့စာအုပ်ပဲဖတ်ရတာ။ စာအုပ်ကောင်းတွေ စာပေကောင်းဆိုတာတွေကို ရွေးရလောက်အောင်အထိ ပေါပေါများများ မရခဲ့ မရှိခဲ့ဘူး။ ဒို့ခေတ်မှာ စာဖတ်တဲ့သူတွေလား၊ ရှိတာပေါ့ကွာ။ ငါစွဲသွားတဲ့ စာအုပ်တအုပ်က အဲဒီစာဖတ်သူတွေထဲက တယောက်ရဲ့ကျေးဇူးကြောင့်လို့ ပြောလို့ရတယ်။ စာအုပ်ရလာတဲ့ဇာတ်လမ်းက ဒီလိုကွ။ ငါ့အဖေက စက်လှေထောင်ဖူးတယ်။ အနီးအနား ရွာနီးချုပ်စပ်က ဒေသထွက်ကုန်တွေကို သယ်ယူပို့ဆောင်ပေးတဲ့ စက်လှေပဲ။ ကုန်သည်မဟုတ်တဲ့ ရိုးရိုးခရီးသည် နည်းနည်းပါးပါးလည်း တင်တာပေါ့။ အဖေက ဘာကိုပဲဖြစ်ဖြစ်နာမည်ပေးရင် အဓိပ္ပာယ်ပါပါနဲ့ပေးတတ်တဲ့ သူ။ သူ့စက်လှေကို...

Read more »

ကျော်မောင်(တိုင်းတာရေး) – စိတ်ကူးဖြင့်ထူထောင်မိသော

May 30, 2016
ကျော်မောင်(တိုင်းတာရေး) – စိတ်ကူးဖြင့်ထူထောင်မိသော

   ကျော်မောင်(တိုင်းတာရေး) – စိတ်ကူးဖြင့်ထူထောင်မိသော (မိုးမခ) မေ ၃၀၊ ၂၀၁၆ နိဒါန်း ကျောင်းစာကြည့်တိုက်တစ်ခုပဲဖြစ်ပါတယ်။ စစခြင်းစဉ်းစားမိတာက ထူထောင်တယ်ဆိုတာမှာ အဆောက်အဦဆိုတာကို အရင်ဆုံးဦးစားပေးမလားဆိုတာနဲ့ စပါတယ်။ သူ့အတွက် နေရာတစ်ခု မပေးတော့ပါ။ နေရာတစ်ခုမပေးတော့တဲ့အတွက် ရှိပြီးသားနေရာတွေမှာပဲ ပြုလုပ်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ကောင်းပါပြီ၊ ဒါဆို ရှိပြီးသားဘယ်နေရာတွေမှာ စာကြည့်တိုက်တွေကိုထောင်ကြရင် ကောင်းမလဲ။ (၁) နေရာ စာသင်ရာနေရာကို ကျောင်းလို့ ဆိုတဲ့အတွက် အဲဒီစာသင်ရာနေရာတွေမှာပဲ စာကြည့်တိုက်ကို တည်ထောင်ပါမယ်။ ဆိုပါစို့၊ ဒီနေရာသည် မူလတန်းကလေးများကို စာပြတဲ့နေရာ၊ ထိုနေရာသည် အလယ်တန်းကလေးများကို စာသင်တဲ့နေရာ၊ ဤနေရာသည် အထက်တန်းကျောင်းသူ၊ ကျောင်းသားတွေအတွက် စာပို့ချတဲ့နေရာဖြစ်တယ်လို့ဆိုရင် ဒီဒီထိုထိုဤဤနေရာတွေမှာ စာကြည့်တိုက်ရဲ့ အရေးအပါဆုံးအင်္ဂါရပ်ဖြစ်တဲ့ စာအုပ်စာတမ်းတွေကို ထားရှိပါမယ်။ အဲဒီလို ထားရှိတဲ့အတွက် စာသင်တဲ့နေရာသည် စာဖတ်သောနေရာ၊ တနည်းပြောရရင်...

Read more »

ကျော်မောင်(တိုင်းတာရေး) – စာကြည့်တိုက်တွေလည်း ရှိပါတယ်

May 12, 2016
ကျော်မောင်(တိုင်းတာရေး) –  စာကြည့်တိုက်တွေလည်း ရှိပါတယ်

  ကျော်မောင်(တိုင်းတာရေး) –  စာကြည့်တိုက်တွေလည်း ရှိပါတယ် (မိုးမခ) မေ ၁၂၊ ၂၀၁၆ ကျနော်တို့တတွေ စာဖတ်ကြပါတယ်။ အဲဒါကို ကျနော်တို့ စာမဖတ်ကြတော့ဘူးရယ်လို့ တချို့က စိုးရိမ်တကြီးနဲ့ ပြောကြတယ်။ ကာတွန်းစာအုပ်တွေဖတ်ကြ၊ ပုံပြင်စာအုပ်တွေဖတ်ကြ၊ သတင်းစာ ဂျာနယ် မဂ္ဂဇင်းတွေ ဖတ်ကြ၊ ၀တ္ထုတို ၀တ္ထုရှည်တွေ ဖတ်ကြ၊ ဆောင်းပါးတွေကဗျာတွေ ဖတ်ကြ၊ ကျမ်းကြီး ကျမ်းငယ်တွေ ဖတ်ကြ၊ မဖတ်ရင် ကြိမ်လုံးနဲ့ နာနာဆော်မယ်ဟဲ့လို့ ဘယ်သူကမှ အတင်းအကျပ် မတိုက်တွန်းပါ။ တိုက်တွန်းစရာမလိုဘဲနဲ့ စာအုပ်စာပေတွေ့ရင် မနေနိုင်မထိုင်နိုင် ကို ဖတ်ရှုကြတဲ့သူတွေဟာ ကျနော်တို့တတွေပဲ ဖြစ်ပါတယ်။ ဘယ်လောက်အထိတောင် စာဖတ်ကြလည်းဆိုရင် ရထား၊ ကား၊ သင်္ဘော၊ စက်လှေ၊ လေယာဉ်ပျံ ပေါ်တွေမှသည် ဆိုက်ကားပေါ်မှာလည်း စာတွေပေတွေဖတ်ကြလို့...

Read more »

ကျော်မောင် (တိုင်းတာရေး) ● ရေအိုး အကြောင်း

May 1, 2016
ကျော်မောင် (တိုင်းတာရေး) ● ရေအိုး အကြောင်း

ကျော်မောင် (တိုင်းတာရေး) ● ရေအိုး အကြောင်း (မိုးမခ) မေ ၁၊ ၂၀၁၆ န၀မတန်းဆိုတဲ့ ကိုးတန်းမှာ ပညာသင်စဉ်ကဖြစ်ပါတယ်။ မိုးအကုန် ဆောင်းအကူးကာလရောက်တဲ့အခါ မနက်ပိုင်းသာ ခဏအေးပြီး တချို့နေ့တွေမှာ နေ့လယ်နေ့ခင်းဆို အပူချိန်က အနည်းငယ်မြင့်လာပါတယ်။ ဆောင်းတွင်းရောက်ရင် ပိုမို ပူလာမယ့် သဘောမှာ ရှိနေပါတယ်။ အတန်းထဲမှာ ကျောင်းသူ ကျောင်းသားက ငါးဆယ်နီးပါးရှိတယ်။ အခုပြောမယ့် ရေအိုး ဆိုတာက သောက်ရေအိုး။ အိုးက တအိုးတည်း။ အဲဒီအိုးက ရေအိုးစင်မှာ အကျအန ထိုင်ပါတယ်။ ရေအိုးစင်က သစ်သားသုံးချောင်းထောက်ရေအိုးစင်။ အခုခေတ်ဆို တချို့ကျောင်းတွေမှာ ရေသန့်ဗူးကြီးတွေ ထားသောက်နေကြပါပြီ။ ပိုက်ဆံစုပြီး အတန်းလိုက် ၀ယ်သောက်ကြ တယ်လို့ ဆိုတာပါ။ ဒါပေမယ့် ကျောင်းသူ၊ကျောင်းသားတွေအများစုက ကိုယ်ပိုင်ရေဗူးလေးတွေထဲမှာ သူတို့အိမ်တွေမှာရှိတဲ့...

Read more »

ကျော်မောင်(တိုင်းတာရေး) – သင်္ကြန်ပလေးဘက်

April 16, 2016
ကျော်မောင်(တိုင်းတာရေး) – သင်္ကြန်ပလေးဘက်

ကျော်မောင်(တိုင်းတာရေး) – သင်္ကြန်ပလေးဘက် (မိုးမခ) ဧပြီ ၁၆၊ ၂၀၁၆ ခလေးတယောက် မနက်မိုးလင်း အိပ်ရာနိုးစတွင် အိပ်ရာက မထဘဲ ဆက်လက်နှပ်နေရင်း ဒီနေ့ဘယ်ကို ခြေဦးလှည့်ရင် ကောင်းမလည်းဟု တွေးနေသည်။ “ခလေးရေ နိုးနေရင် ထတော့ဟေ့။ နှပ်မနေနဲ့။ နင့်တူ မုန့်ဟင်းခါးဝယ်ထားတယ်” ဒါက အိမ်ရှေ့ခြံဝန်းထဲမှာ ပန်းပင်တွေ ရေလောင်းနေရင်း မောင်အငယ်ဆုံးဖြစ်သူကို အမကြီးဖြစ်သူက လှမ်းကာ ပြောနေခြင်းဖြစ်သည်။ မွေးချင်း အားလုံးက သူ့ကို ခလေးဟုသာ ခေါ်ကြသည်။ သူကလည်း အမ အသက် လေးဆယ်လောက်မှ နောက်ပေါက်မွေးလာသူဖြစ်သောကြောင့် အထက်မွေးချင်းတွေနှင့် အသက်အတော်ကွာသည်။ ခလေးတို့ မိသားစုမှာ အမေကို အမဟု ခေါ်ကြသည်။ သူတို့လက်ထက်မှာပဲ ခေါ်တာဖြစ်သည်။ အမကြီးနှင့် အမလတ်တို့ မိသားစုလက်ထက်တွင် သူတို့ကလေးတွေက...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …


MoeMaKa Monthly MARCH 2017 ထွက်ပြန်ဘီ တဲ့..

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

မိုးမခ နိုဝင်ဘာကို အိမ်အရောက် မှာယူပါ

By

” ကဗျာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ စာဖတ်ချင်ရင် မိုးမခမှာဖတ်ပါ တရွေ့ရွေ့နဲ့ ရှေ့တန်းရောက်လာတဲ့ မဂ္ဂဇင်း .....

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သင်းလဲ့ဝင်း (Myanmar Now) သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်