Posts Tagged ‘ ဆောင်းဖြူ ’

ဆောင်းဖြူ ● တခါတုန်းက ဧည့်စာရင်း

August 27, 2017
ဆောင်းဖြူ ● တခါတုန်းက ဧည့်စာရင်း

ဆောင်းဖြူ ● တခါတုန်းက ဧည့်စာရင်း (မိုးမခ) သြဂတ်စ် ၂၇၊ ၂၀၁၇ မိုးမခ အတွဲ ၄၊ အမှတ် ၇၊ ၂၀၁၇ တွင်လည်း ဖော်ပြပြီး ဖြစ်သည်။  ကျွန်တော့်ဘကြီး ဦးရွှေအုတ်ကို လူ့ခွစာကြီးလို့ အမည်တပ်ရမလား၊ သူထင်ရာကို တုတ်ထိုးအိုးပေါက် ပြောတတ်ဆိုတတ်၊ လုပ်ကိုင်တတ်တဲ့လူကြီးလို့ပဲ ဆိုရမလား မသိပါဘူး။ သူက နယ်မှာ အနေများပေမယ့် သူ့စရိုက် သူ့သဘာဝကို ရပ်ရွာကလူတွေလာရင် အမြဲကြား နေရပါတယ်။ ဖိုးရွှေအုတ်ကြီးက တော့ ဘာလုပ်လိုက်ပြန်ပြီ၊ ဘယ်သူ့ကိုတော့ သာသာနဲ့နာနာ နှက်လိုက်ပြန်ပြီ၊ လုပ်ချလိုက်တာကတော့ အဆန်းကြီးပဲ ဆို တဲ့ သတင်းတွေကတော့ မွှေးမှ မွှေးပါပဲ။ အမွှေးဆုံး သတင်းတွေကတော့ သူနဲ့ ရပ်ရွာအာဏာပိုင်တွေနဲ့ ခဏခဏ ကတောက်ကဆဖြစ်တတ်တဲ့...

Read more »

ဆောင်းဖြူ ● ကုန်ကြမ်းဒုက္ခ (သရော်စာ)

April 3, 2017
ဆောင်းဖြူ ● ကုန်ကြမ်းဒုက္ခ (သရော်စာ)

ဆောင်းဖြူ ● ကုန်ကြမ်းဒုက္ခ (သရော်စာ) (မိုးမခ) ဧပြီ ၃၊ ၂၀၁၇ စာတိုပေစ ရေးဖို့သားဖို့ ဝါသနာပါတဲ့၊ မအောင် မြင်သေးတဲ့ကလောင်ရှင်လေး မောင်ဖိုးဆောင်းတယောက် ခုတလော ရေး စရာ ကုန်ကြမ်းပြတ်နေလို့ စိတ်ဒုက္ခရောက်နေရှာတယ်။  သူက သူများတွေလို သမားရိုးကျ ဇာတ်လမ်းမျိုးကိုလည်း စိတ်မဝင် စားဘူး။ အမှတ်မထင်တွေ့၊ အဆင်ပြေ၊ မုန်း၊ ကြိုက်၊ ညား၊ ကွဲ … ချစ်၊ ညား၊ ကွဲ၊ ပေါင်း၊ ပြန်ခွာပြဲ … ဒီလို ဖေတော့ မောင်တော့ ရိုးရိုးစင်းစင်း ဇာတ်လမ်းတွဲတွေကို ဗာဂျီးနီးယားဆေးတက္ကသိုလ်က ဆရာမကလေးတွေ ရေးပြီး သွားပြီလို့လည်း သူက ခပ်လှောင်လှောင်လေး ပြောတတ်သေးတယ်။ သူက ထူးထူးခြားခြား လူမှုဘဝဇာတ်လမ်းတွေကို ကုန်ကြမ်းရှာပြီး...

Read more »

ဆောင်းဖြူ ● မ.ထ.သ အပြာ နဲ့ YBS အဖြူ

March 15, 2017
ဆောင်းဖြူ ● မ.ထ.သ အပြာ နဲ့ YBS အဖြူ

ဆောင်းဖြူ  ● မ.ထ.သ အပြာ နဲ့ YBS အဖြူ (မိုးမခ) မတ်လ ၁၅၊ ၂၀၁၇ (YBS နှစ်လပြည့်) (၁) မောင်ဆောင်းတို့ ရန်ကုန်မှာ အခြေချကတည်းက မ.ထ.သ နဲ့ လုံးထွေးပြီး နှစ်ပါးသွားကသလို ဖြစ်သန်းလာခဲ့ရတာ နှစ်တွေမနည်းဘူးဆိုရမယ်။ ရန်ကုန်ရောက်စက မ.ထ.သ ကို ‘မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ’ လို့တောင် သိတာမဟုတ်ဘူး။ မ.ထ.သ ကို ‘မြို့ထဲသို့’ လို့ ထင်ပြီး တွေ့ရာကား တက်စီးသွားလိုက်တာ ရန်ကုန်မြို့ထဲ မရောက်ဘဲ အင်းစိန်ဘက် ပါသွားလို့ တော်တော် ခွတီးခွကျ ဖြစ်လိုက်ရသေးတယ်။ ရန်ကုန်ဘတ်စ်ကားတွေကလည်း အဆန်းတွေ။ ပထမဆုံး ကားပေါ်ရောက်ရောက်ချင်း သတိထားမိတာက နေရာအနှံ့ ရေးထားတဲ့ စာတန်းတွေ …။...

Read more »

ဆောင်းဖြူ ● ကွမ်းသွေးတွေနှင့် မြန်မာပြည်

November 12, 2016
ဆောင်းဖြူ ● ကွမ်းသွေးတွေနှင့် မြန်မာပြည်

ဆောင်းဖြူ ● ကွမ်းသွေးတွေနှင့် မြန်မာပြည် မိုးမခ ၊ (လူမှုရှုခင်း ရသဆောင်းပါး)  ။ နိုဝင်ဘာ ၁၁၊ ၂၀၁၆ ဘယ်ဘက်လက်မောင်းဆီက နွေးခနဲဖြစ်သွားသောကြောင့် ဘာပါလိမ့် ဟူသော အတွေးနှင့် လက်မောင်းကို စောင်းငဲ့ကြည့်လိုက်သည်။ နီရဲသော အစွန်းအထင်းတွေက ကိုသက်ဆွေ၏ အင်္ကျီဖြူပေါ်မှာ ကွက်တိကွက်ကြား စွန်းပေလို့…။ ထောင်းခနဲ ဖြစ်သွားသော စိတ်ဖြင့် အနားကနေ ၀ူးခနဲ ဖြတ်မောင်းသွားသည့် ဘတ်စ်ကား နောက်မြီးကို လှမ်းကြည့်လိုက်မိသည်။ အဲသည်ကားပေါ်တွင် လိုက်ပါသွားသည့် ကွမ်းစားသူတဦး ဘေးမကြည့် ၊ အောက်မကြည့်ဘဲ ထွေးလိုက်သည့် ကွမ်းတံတွေးက ကံဆိုးသူ ကိုသက်ဆွေဆီ တန်းတန်းမတ်မတ် ရောက်လာခြင်း ဖြစ်ပါ၏။ စိတ်ပျက်လက်ပျက်ဖြင့် ဘေးနားကစတိုးဆိုင်မှ စနိုးတာဝါတခုကို ၀ယ်ပြီး ကွမ်းတံတွေးတွေကို သုတ်ကြည့် သည်။...

Read more »

ဆောင်းဖြူ ● အရေးတော်ပုံရွာကလေး

August 8, 2016
ဆောင်းဖြူ ● အရေးတော်ပုံရွာကလေး

(၁၉၈၉ ဧပြီလထုတ် စာစောင်တခုမှ) ဆောင်းဖြူ ● အရေးတော်ပုံရွာကလေး (မိုးမခ)  သြဂုတ် ၈၊ ၂၀၁၆ ဘာပဲပြောပြော မြန်မာပြည်မှာ ပြည်သူကတင်မြှောက်တဲ့ အရပ်သားအစိုးရတရပ် ပေါ်ထွန်းလာခဲ့ပြီ။ နှစ်ပေါင်းမြောက်မြားစွာ အာဏာရှင်ဖိနပ်အောက် ရောက်နေကြရတဲ့ လူထုခမျာ ကိုယ့်လက်သန်းကလေးတွေမှာ ကိုယ်စီကိုယ်စီ မင်ကမ္ပည်းထိုးပြီး ကိုယ့်အစိုးရကို ကိုယ်တိုင်ရွေးခဲ့ကြပြီးပြီ။ ခုလို ရွေးချယ်နိုင်ခဲ့တာဟာ ၁၉၈၈ ကပဲ စတင်ခဲ့တဲ့ လူထုတော်လှန်မှုရဲ့ အကျိုးရလဒ်လို့ဆိုရင် မမှားလောက်ပါဘူး။ ဒါကြောင့် ဒီရလဒ်ကို ဆောင်ကြဉ်း ခဲ့သူတွေရဲ့ကျေးဇူး အစိုးရအပေါ်မှာရှိနေတယ်။ အစိုးရအဖွဲ့ဝင်တွေ၊ ပြည်သူ့ကိုယ်စားလှယ်တွေ အများစုကိုယ်တိုင် ထောင်ကျတန်းကျ ဒုက္ခသုက္ခပေါင်းများစွာကို ရင်ဆိုင်ဖြတ်သန်းခဲ့ကြရတာဆိုတော့ ဒီကျေးဇူးကို၊ ဒီအဖြစ်အပျက်ကို သူတို့ကလည်း အမြဲသတိရနေမှာ သေချာတယ်။ အဲဒီ ကျေးဇူးရှင်ပြည်သူတွေထဲမှာ ဟိုး ဝေးလံခေါင်ဖျား အရပ်တပါးက ရွာလေးတရွာမှာနေကြတဲ့ ပြည်သူတွေလည်း...

Read more »

ေ ဆာ င်း ဖြူ ● နာ တာ ရှ ည် ရိုး မ

July 13, 2016
ေ ဆာ င်း ဖြူ ● နာ တာ ရှ ည် ရိုး မ

ေ ဆာ င်း ဖြူ ● နာ တာ ရှ ည် ရိုး မ (မိုးမခ) ဇူလိုင် ၁၃၊ ၂၀၁၆ေ တာ မီး မ ရှို့ ရ ဆို င်း ဘု တ် က မီးေ လာ င်ေ မြ မှာ စို က် ထား – သ စ်...

Read more »

ဆောင်းဖြူ ● ဒီနှစ်လည်း ရွာမှာရေမြုပ်ပြန်ပြီ

June 26, 2016
ဆောင်းဖြူ ● ဒီနှစ်လည်း ရွာမှာရေမြုပ်ပြန်ပြီ

ဆောင်းဖြူ ● ဒီနှစ်လည်း ရွာမှာရေမြုပ်ပြန်ပြီ (မိုးမခ) ဇွန် ၂၅၊ ၂၀၁၆ ဒီနှစ်လည်း ရွာမှာ ရေမြုပ်ပြန်ပြီ … ကျွန်တော့်ကျောင်းစာအုပ်တွေ စိုရွှဲ စုတ်ပြဲ သင်ခန်းစာတွေ ဖွာလန်ကြဲကုန်တယ်။ အဖေက သူ့စိုက်ခင်းဖရိုဖရဲတွေကို ၀မ်းနည်းပန်းနည်းကြည့် အမေက တအိအိနဲ့ ငို အဘွားကတော့ သွားလေသူအဘိုးကိုတမ်းတ ကျုပ်တို့ရွာ အဖြစ်ဆိုးကို ထကြည့်စမ်းပါဦးတော့ တဲ့။ ရေတွေ ရေတွေ အားလုံးကို ဖုံးလွှမ်းပစ်လိုက်တဲ့ရေတွေ… “ဒီရေတွေ ဘယ်ကလာတာလဲဆရာ” လို့ ရွာကျောင်းက ဆရာလေးကို ကျွန်တော်ကမေးတော့ – “အထက်ဘက် ကုန်းမြင့်တွေမှာ သစ်တောသစ်ပင်တွေ ပြုန်းတီးသွားလို့ မကောင်းဆိုးဝါးရေတွေက အနိမ့်ပိုင်းကို လာ လာ ဒုက္ခပေးနေတာ” တဲ့ ဆရာလေးက ပြောပြတယ်။ ချောင်းအထက်ဘက်ကနေ ဘီလူးတကောင်လို တဟုန်ထိုး...

Read more »

ဆောင်းဖြူ ● ရှင်သန်ခြင်းရဲ့အနားမှာ

June 7, 2016
ဆောင်းဖြူ ● ရှင်သန်ခြင်းရဲ့အနားမှာ

ဆောင်းဖြူ ● ရှင်သန်ခြင်းရဲ့အနားမှာ (မိုးမခ) ဇွန် ၆၊ ၂၀၁၆ ပွဲတိုင်းကျော်လက်ဝှေ့သမားလည်း သေမင်းရဲ့ အလဲထိုးခြင်းကိုခံရမယ် အမြန်ဆုံးအပြေးသမားလည်း သေမင်းရဲ့ရပ်တန့်ခြင်းကိုခံရမယ် အတော်ဆုံးမျက်လှည့်ဆရာလည်း သေမင်းရဲ့ လှည့်စားခြင်းကိုခံရမယ် အကောင်းဆုံးတိုက်ခိုက်ရေးသမားလည်း သေမင်းရဲ့ချောင်းမြောင်းပစ်ခတ်ခြင်းကိုခံရမယ် အရက်စက်ဆုံး ပါးကွက်အာဏာသားလည်း သေမင်းရဲ့ ကွပ်မျက်ခြင်းကိုခံရမယ် အကျော်ကြားဆုံးသရုပ်ဆောင်လည်း သေမင်းရဲ့ဇာတ်ညွှန်းအတိုင်း ကပြအသုံးတော်ခံရမယ် သေခြင်းတရားနဲ့ ထွေခင်းကစားမယ်ဟေ့လို့ ကြွေးကြော်သူလည်း သေမင်းရဲ့ အနိုင်ပိုင်းခြင်းကိုခံရမယ် သေမင်းဟာ ချမ်းသာ ဆင်းရဲ ကြီးသူ ငယ်သူ ဘာသာတူ ဘာသာခြား အားလုံးရဲ့အနားမှာ ရှိနေတယ် ပြီးတော့ သူ့အလိုကျ သူ့ဒဿနကို ထုတ်ပြန် သူ့ဌာနေ မြေသုသာန်မှာ (အလှည့်ကျသူတွေကို) မြှုပ်နှံပစ်လိမ့်မယ်။ ဆောင်းဖြူ ၂ ၀ ၁ ၆ ဇွန် ၅ Tags:...

Read more »

ဆောင်းဖြူ ● အကြံပေးပုဂ္ဂိုလ် (ဝတ္ထုတို)

May 18, 2016
ဆောင်းဖြူ ● အကြံပေးပုဂ္ဂိုလ် (ဝတ္ထုတို)

ဆောင်းဖြူ ● အကြံပေးပုဂ္ဂိုလ် (ဝတ္ထုတို) မေ ၁၈၊ ၂၀၁၆ (မိုးမခ မဂ္ဂဇင်း မတ်-၂၀၁၆ ပါ ဝတ္ထုတို) ( ၁ ) “အလုပ်တခုလုပ်တော့မယ်ဆိုရင် ဖြစ်နိုင်မဖြစ်နိုင် အသေအချာစဉ်းစား၊ ထောင့်စေ့အောင်ရှုမြင်သုံး သပ်၊ ဘယ်အလုပ်မဆို ငွေပင်ငွေရင်းရှိတိုင်း ထလုပ်လို့မရဘူး။  နေရာဒေသအနေအထားကိုလည်း ကြည့်တတ် ဖို့လိုတယ်။  ဒီလိုမှမဟုတ်ရင် နားမကြားတဲ့လူကို သီချင်းဆိုပြသလို ဘာမှအရာမထင်ဘဲနေလိမ့်မယ်” အားလုံးသောလူတွေဟာ ကိုမျိုးကြည်ရဲ့စကားကိုပဲ နားစွင့်နေကြတယ်။  ဆိုက်ကားဆရာကိုညီပု၊ ကွမ်းယာသည်ကြီး ကိုမောင်မွှေးနဲ့ ကျူရှင်ဆရာလေး ကိုလှိုင်ဘွားတို့ဆို မျက်တောင်တောင်ခတ်မိပုံမရဘူး။  မောင်ကျော်ဌေးလေးကတော့ မျက်မှောင်လေးကုတ်ပြီး စဉ်းစားနေတယ်။  အတန်ကြာမှ- “ဟုတ်ပါတယ်၊ ဦးလေးမျိုးကြည်ပြောတာဟုတ်ပါတယ်။  ကျွန်တော့်မှာက အရင်းအနှီးဆိုလို့ သုံးသောင်း သာသာပဲရှိတာ။ မတော်အရင်းပြုတ်သွားရင် သွားရော၊ ကျွန်တော်ဆိုတဲ့ကောင်ကလည်း ခက်တယ်ဦးလေးရဲ့။ သူများက...

Read more »

ေ ဆာ င်း ဖြူ – အ ဖြ စ် အ ပျ က် များ

May 2, 2016
ေ ဆာ င်း ဖြူ – အ ဖြ စ် အ ပျ က် များ

ေ ဆာ င်း ဖြူ – အ ဖြ စ် အ ပျ က် များ မိုး မ ခ ၊ မေ ၂၊ ၂၀၁၆ (နာ ဂ စ် အ တိ တ် ဆိုး ရှ စ် နှစ် ပြည့်) +++++++++++ _မုန်တိုင်းဆိုးညစ် နာဂစ်တဲ့ အပြစ်မဲ့လူသားတွေ အရွယ်သုံးပါးမရွေး အသက်တွေ စတေးခဲ့ရတယ် ။ _ကယ်ပါ ယူပါ ကူပါ ရေလှိုင်းကြားကအသံများ အမှောင်ညထဲကအသံများ ဘယ်သူကမှ ဘယ်သူ့ကိုမှ မကူနိုင် မကယ်နိုင်...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်