Posts Tagged ‘ ဌေးဝင်း (ဂျာမဏီ) ’

ဌေးဝင်း (ဂျာမဏီ) ● မှတ်မိသမျှ အညာ (သို့မဟုတ်) တောင်သာ

July 6, 2018
ဌေးဝင်း (ဂျာမဏီ) ● မှတ်မိသမျှ အညာ (သို့မဟုတ်) တောင်သာ

ဌေးဝင်း (ဂျာမဏီ) ● မှတ်မိသမျှ အညာ (သို့မဟုတ်) တောင်သာ (မိုးမခ) ဇူလိုင် ၆၊ ၂၀၁၈ မိုးမခကို အင်တာနက်မှာ အမြဲဖတ်ဖြစ်တော့ ဆရာမောင်စွမ်းရည်ရဲ့ ဆောင်းပါးများကို အမြဲဖတ်ဖြစ် တယ်။ သူ့ရဲ့ ဆောင်းပါးတွေမှာ သူ့ဇာတိ မြင်းခြံ အကြောင်းနဲ့ သူအမြဲရေးတဲ့ ဆရာတင်မိုးရဲ့ဇာတိ တောင်သာ အကြောင်းတွေ အမြဲဖတ်ရတော့ ကျနော်ငယ်စဉ်အခါက သုံးနှစ်လောက် နေခဲ့ဘူးတဲ့ တောင်သာမြို့လေးကို အမှတ်ရလာမိတယ်။ မြင်းခြံ၊ တောင်သာဆိုတာ အညာဒေသ စစ်စစ်ဆို တော့ အညာဓလေ့၊ အညာအငွေ့အသက်လေးတွေလဲ မမေ့နိုင်စရာ စိတ်စေတသိက် မြင်ကွင်းမှာ ကွက်ကွက်ကွင်းကွင်း ပြန်ပေါ်လာတယ်။ ကြာတော့ကြာခဲ့ပါပီ။ ကျနော့်ဖခင်က အစိုးရဝန်ထမ်း ဆိုတော့ သုံးနှစ်တကြိမ်လောက် တမြို့နယ်ကနေ တမြို့နယ်ကို ပြောင်းရွှေ့နေရစဉ်မှာ ၁၉၆၆...

Read more »

ဌေးဝင်း (ဂျာမဏီ) ● ဂျာမဏီမှ ဘူးခွံကောက်သူများ

May 7, 2018
ဌေးဝင်း (ဂျာမဏီ) ● ဂျာမဏီမှ ဘူးခွံကောက်သူများ

ဌေးဝင်း (ဂျာမဏီ) ● ဂျာမဏီမှ ဘူးခွံကောက်သူများ (မိုးမခ) မေ ၇၊ ၂၀၁၈ သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းစောင့်ရှောက်မှုနဲ့ အမှိုက်စွန့်ပစ်စနစ် ကောင်းမွန်လှတဲ့၊ စည်းကမ်းရှိလှတဲ့ ဂျာမဏီမှာ ဘူးခွံ မှန်သမျှ နေရာတကာမှာလွှင့်ပစ်ခြင်းမရှိအောင်၊ ပလပ်စတစ် စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးပြုနိုင်အောင် (recycling) စနစ်တကျ ဥပဒေအရ ပြဌာန်းထားပါတယ်။ ဒီစနစ်အရ သောက်ရေဘူးတွေကိုဝယ်တာနဲ့ ဘူးခွံဘိုးပါထည့်ပေးရပါတယ်။ ဒီ ဘူးခွံတွေကို super market ဆိုင်တွေမှာပြန်သွင်းရင် ဘူးခွံဘိုးပြန်ရပါတယ်။ ဒီတော့လူတွေက ဒီဘူးခွံတွေကို အလွယ်တကူ နေရာတကာမှာ လွှင့်ပစ်တာမျိုး မလုပ်ကြတော့ဘူး။ ပလပ်စတစ်ဘူးခွံတွေက ၂၅ ဆင့်၊ ၁၅ ဆင့် စသဖြင့် တန်ဘိုးရှိပါတယ်၊ သံဘူးခွံက ၂၅ ဆင့်နဲ ဘီယာပုလင်းက ၈ ဆင့်ပါ။ ဘီယာတသေတ္တာမှာ...

Read more »

ဌေးဝင်း (ဂျာမဏီ) ● ထိုနေ့ သုံးနေ့

April 11, 2018
ဌေးဝင်း (ဂျာမဏီ) ● ထိုနေ့ သုံးနေ့

ဌေးဝင်း (ဂျာမဏီ) ● ထိုနေ့ သုံးနေ့ (မိုးမခ) ဧပြီ ၁၁၊ ၂၀၁၈ “ရှင်လိင် ပြန်တဲ့နေ့၊ ထောင်ကထွက်တဲ့နေ့၊ မင်္ဂလာဆောင်တဲ့နေ့” အစရှိတဲ့ နေ့သုံးနေ့ဟာ ဝမ်းအသာရဆုံးနေ့တွေလို့ ဆိုရိုး စကားရှိတယ်။ ဒီဝမ်းအသာရဆုံးလို့ဆိုတဲ့ နေ့သုံးနေ့လုံးမှာ ကျနော့်ရဲ့ အတွေ့အကြုံလေးတွေ ရှိခဲ့ပါတယ်။ ဒီအတွေ့အကြုံ လေးတွေကို စာဖတ်သူများကို မျှဝေပါရစေ။ ကျနော့်ရဲ့ ရှင်လိင် ပြန်တဲ့နေ့ကတော့ ၁၉၇၁ ခုနှစ် ကျနော် ၉ တန်းနှစ် နွေရာသီကျောင်းပိတ်ရက်မှာပေါ့။ ဘာဖြစ်လို့များ ကျနော် ကောင်းကောင်း မှတ်မိနေတာလဲ။ မှတ်မိစရာအကြောင်းလေး ရှိလို့ပါ။ ကျနော့် အသက် ၁၆ နှစ် ကျနော် ၉ တန်း ရောက်သည်အထိ မိဘတွေက ကျနော့်ကို ရှင်ပြုမပေးရသေးဘူး။ ဒါကြောင့်မို့...

Read more »

ဌေးဝင်း (ဂျာမဏီ) ● ထမင်း

April 1, 2018
ဌေးဝင်း (ဂျာမဏီ) ● ထမင်း

ဌေးဝင်း (ဂျာမဏီ) ● ထမင်း (မိုးမခ) ဧပြီ ၁၊ ၂၀၁၈ လောကမှာ ငါဟာ တော်တော်အရေးပါတဲ့ ကောင်ပါလား၊ ငါသာလျှင် အရေးအကြီးဆုံး၊ ငါမရှိရင် မဖြစ်၊ ငါမရှိရင် လူဆိုတဲ့ သတ္တဝါတွေ ဘယ်အသက်ရှင်နေနိုင်မလဲ။ အထူးသဖြင့် အာရှတိုက်သား လူသတ္တဝါတွေပေါ့။ “ရေအသက် တမနက်၊ ထမင်း အသက် တရက်” တဲ့၊ ဆိုရိုးစကားတောင် ရှိသေးမဟုတ်လား။ ငါ တရက်တလေလေးများမရှိခဲ့ရင် ဒီလူသတ္တဝါတွေ မနေနိုင် တော့ဘူး။ ငါ့ကို ဒီလူသတ္တဝါတွေက “ထမင်း” လို့ ခေါ်ကြတယ်။ ငါဘယ်လိုဘယ်ပုံ ထမင်းဘဝရောက်လာလဲ သိလား၊ ဆန်ကနေ ဖြစ်လာတာပေါ့။ လူသတ္တဝါတွေက ဆန်ကနေ ငါ့ကို “ထမင်း” အဖြစ် ချက်ပြုတ်ကြတယ်။ ဆန်ရော ဘယ်ကရလဲ...

Read more »

ဌေးဝင်း (ဂျာမဏီ) ● ခေတ်စကား

March 7, 2018
ဌေးဝင်း (ဂျာမဏီ) ● ခေတ်စကား

ဌေးဝင်း (ဂျာမဏီ) ● ခေတ်စကား (မိုးမခ) မတ်လ ၇၊ ၂၀၁၈ ကျနော်အလုပ်လုပ်တဲ့ ဂျာမဏီတောင်ပိုင်း Deggendorf မြို့က မြို့နယ်အုပ်ချုပ်ရေးရုံး အဖွဲ့သား တွေရဲ့ စုပေါင်းဓါတ်ပုံတပုံကို မြို့နယ်အုပ်ချုပ်ရေးရုံးရဲ့ ခွင့်ပြုချက်နဲ့ facebook ပေါ်တင်လိုက်တယ်၊ “ရှာသောသူတွေ့မည်” ဆိုပီး ပုံနဲ့ တွဲပီးရေးလိုက်တော့ လူတွေအများကြီးထဲက ကျနော့်ပုံ ရှာဖွေတွေ့ရှိတဲ့ ကျနော့်ရဲဘော်ကြီး ကိုအေးဝင်းက “တွေ့ပြီ တွေ့ပြီ သူဘဲ သူဘဲ” ဆိုပြီး ပြန်လည်ရေးသားလာတယ်။ “ရှာသောသူတွေ့မည်” ဆိုတဲ့ စာကြောင်းလေးနဲ့ ဒီပုံကိုတင်လိုက်ကတည်းက ကျနော်မျှော်မှန်းခဲ့တဲ့ ပြန်လည်ရေးသားချက် “တွေ့ပြီ တွေ့ပြီ သူဘဲ သူဘဲ” ဆိုတဲ့ စကားအသုံးအနှုန်းကို ရဲဘော်ကြီးက သုံးနှုန်းလိုက်တာပါဘဲ။ ကျနော်မှတ်မိသလောက် ကျနော်တို့ငယ်စဉ်က သင်္ကြန်ကာလ ရေပက်ခံထွက်တဲ့အခါမှာ ကားပေါ်ကနေ...

Read more »

ဌေးဝင်း (ဂျာမဏီ) ● ငပလီအလှနဲ့ တကယ့်ဘဝ

March 5, 2018
ဌေးဝင်း (ဂျာမဏီ) ● ငပလီအလှနဲ့ တကယ့်ဘဝ

ဌေးဝင်း (ဂျာမဏီ) ● ငပလီအလှနဲ့ တကယ့်ဘဝ (မိုးမခ) မတ်လ ၅၊ ၂၀၁၈ မဝံ့မရဲနဲ့ လှမ်းလာတဲ့ ခြေလှမ်းလေးတွေက အများအားဖြင့် အမေရိကန်နိုင်ငံသား ဥရောပနိုင်ငံသား တိုးရစ်စ်တွေလှဲလျောင်း နေတဲ့ သလွန်ညောင်စောင်းလိုလို နေရာတွေဆီ တဖြည်းဖြည်း ချဉ်းကပ်လာနေတယ်။ တခါတရံ နောက်ပြန်ဆုတ်သွားလိုက်၊ တခါတရံ အရှေ့နည်းနည်း တိုးလာလိုက်နဲ့၊ ချီတုံချတုံတော့မဟုတ်ပါဘူး။ မဝံ့မရဲ အကဲစမ်းချင်တဲ့စိတ်လေးကြောင့် ရှေ့တိုး ရမလား၊ နောက်ဆုတ်ရမလားလို့ ဖြစ်နေကြတယ်။ ဒီခြေလှမ်းပိုင်ရှင်လေးတွေက ဈေးဗန်းလေးတွေကိုယ်စီ ခေါင်းပေါ်ရွက်ထားတဲ့ ငပလီကမ်းခြေက ဈေးသည်မလေး ၃ ယောက်ပါပဲ။ တယောက်ရဲ့ဈေးဗန်းပေါ်မှာ ခရု၊ ကနုကမာလည်ဆွဲလေးတွေ၊ လက်ကောက်လေးတွေ အရောင်စုံ အရွယ် အစားစုံ တင်ထားပါတယ်။ နောက်တယောက်ကတော့ ခရုခွံကြီးကြီး၊ ကနုကမာအခွံကြီးကြီးတွေနဲ့ ပြုလုပ်ထားတဲ့ ဘီရိုပေါ် တင်အလှပြပစ္စည်းတွေ...

Read more »

ဌေးဝင်း (ဂျာမဏီ) ● အိမ်

February 28, 2018
ဌေးဝင်း (ဂျာမဏီ) ● အိမ်

ဌေးဝင်း (ဂျာမဏီ) ● အိမ် (မိုးမခ) ဖေဖော်ဝါရီ ၂၈၊ ၂၀၁၈ အိမ်ဆိုတာကို ဘယ်လိုအဓိပ္ပါယ် ဖွင့်ကြမလဲ။ အဓိပ္ပါယ်က ကျယ်ဝန်းလှတယ်။ ကြည့်တဲ့ ရှုဒေါင့်၊ ရင်ထဲက ခံစားချက်၊ စိတ်ထဲက အတွေး၊ လက်တွေ့ဘဝတွေနဲ့ အဓိပ္ပါယ် အမျိုးမျိုး ဖွင့်လို့ရတယ်။ တိုက်ရိုက် အဓိပ္ပါယ်ကိုဘဲ ကြည့်မယ်ဆိုရင်တော့ လူနေအိမ် ဆိုပါတော့။ တဲပုတ်လေးကအစ၊ ပျဉ်ထောင် အိမ်၊ တိုက်ခံအိမ်၊ နှစ်ထပ်တိုက်၊ သုံးထပ်တိုက်၊ ငါးလွှာ ခြောက်လွှာ တိုက်ခန်းတွေ၊ ခြံဝင်းကျယ်ကြီးထဲက အခန်းပေါင်းများစွာနဲ့ ဖွဲ့စည်းထားတဲ့အိမ်၊ မိုးမျှော်အဆောက်အဦးစတဲ့ လူနေအိမ်တွေ။ လူတန်းစားအလွှာ အသီးသီးရဲ့ တန်ဖိုးအနိမ့်အမြင့် ကွဲပြားခြားနားလှတဲ့ လူနေအိမ်တွေ။ တချို့သူတွေကတော့ သူတို့ရဲ့လူ့တန် ဖိုးနဲ့ ထိုက်တန်တဲ့ လူနေအိမ်တွေမှာ နေထိုင်နေကြတာရော ဟုတ်ပါရဲ့လား။...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်