Posts Tagged ‘ နေစိမ့် ’

နေစိမ့် ● အမေးနွားကျောင်းသား

April 19, 2017
နေစိမ့် ● အမေးနွားကျောင်းသား

နေစိမ့် ● အမေးနွားကျောင်းသား (မိုးမခ) ဧပြီ ၁၉၊ ၂၀၁၇ ရည်ရွယ်ချက်က ဘုရားသခင်ရဲ့ကောင်းကင်ဘုံ အသေခံဗုံးဖောက်ခွဲသူ ဓာတ်ပုံမှာ သက်ငယ်အကြမ်းဖက်အစွန်းရောက် ကမ်းလွန်ပင်လယ်ပြင် ရေမျောကမ်းတင်သဲသောင်စပ်က ကလေးငယ်ရဲ့အလောင်း ဒုက္ခသည်ခိုလှုံရေးစခန်းမှာ တီတီတာတာ အမေကိုပြောနေတဲ့ကလေးရဲ့စကားက သားအဖေကို သားမမှတ်မိတော့ဘူးဆိုလား စစ်ရေးလေ့ကျင့်ခန်းတွေအပြီး ယမ်းငွေ့တွေစဲသွားတော့ မိဘနှစ်ပါးရဲ့အလာင်းရှေ့ မျက်စိသူငယ်ကလေးငယ်က ဆွံ့အနားမကြား အမှိုက်ပုံမှာ သားအိမ်ကထွက်ထွက်ချင်း ချက်ကြိုးတန်းလန်း အမည်မရှိလွန်လေသူ ကလေးရဲ့ဝိညာဉ်လိပ်ပြာ ရင်သွေးရှင်ကို ကိုယ်ထင်ပြ ကျိန်စာတွေလား ဝဋ်ကြွေးတွေလား ကြွေကျပြီးသား ကြယ်တွေရဲ့အနာဂတ် ဘယ်ကောင်းကင်မှာ ဘယ်သူပြန်တက်ချိတ်မလဲ။ ။ နေစိမ့် Tags: နေစိမ့်

Read more »

နေစိမ့် ● တွင်းနက်များ

February 22, 2017
နေစိမ့် ● တွင်းနက်များ

နေစိမ့် ● တွင်းနက်များ (မိုးမခ) ဖေဖော်ဝါရီ ၂၂၊ ၂၀၁၇ ပုန်းနေတဲ့အမေရိကတိုက်ကို ကိုလံဘတ်စ် ရှာတွေ့ခဲ့သလို စကြဝဠာကဖွက်ထားတဲ့ တွင်းနက်တွေ စတီဖင်ဟော့ကင်း ရှာတွေ့ခဲ့။ တွင်းနက်တွေဟာ အရာရာကို ဆွဲငင်စုပ်ယူနိုင်ပြီး အလင်းရောင်ကိုပင် မျိုချနိုင်သတဲ့။ တွင်းနက်ထဲရာက်သွားတဲ့အရာမှန်သမျှ မည်သည့်အခါမှ မလွတ်မြောက်။ တွင်းနက်ထဲမှာ နှစ်သန်းပေါင်းများစွာကတည်းက ခေတ်အဆက်ဆက်ပညာရှင်တွေ ပဟေဠိဖြစ်ဆဲပုစ္ဆာတွေ အံ့သြဘနန်းအဖြစ်အပျက်တွေ ဟိုးဟိုးကျော် ပြဿနာတွေ တခုနဲ့တခု ထွေးလုံးရစ်ပတ် ဆွဲငင်ပွတ်တိုက်နေကြ။ တွင်းနက်တွေအချင်းချင်းဟာလည်း အာကာသဥပဒေနဲ့ ဆွဲငင်ကျုံးသွင်း ရှင်သန်ကြီးထွားနေကြ။ အခုဆိုတွင်းနက်တွေကမ္ဘာ အနှံ့အပြား တိတ်တဆိတ် ကိုယ်ရောင်ဖျောက် ရောက်ရှိ စားကျက်အသစ်တွေ အလုအယက် ရှာဖွေခုတ်ထွင်နေပါပြီ။ စကြဝဠာရဲ့အစနဲ့အဆုံးကို မသိနိုင်သလို တွင်းနက်တွေကို သာမန်မျက်စိဖြင့် မမြင်နိုင်ချေ။ ။ နေစိမ့် ဖေဖော်ဝါရီ ၂၀၊ ၂၀၁၇...

Read more »

နေစိမ့် ● ပုဇင်းရင်ကွဲများ

December 9, 2016
နေစိမ့် ● ပုဇင်းရင်ကွဲများ

နေစိမ့် ● ပုဇင်းရင်ကွဲများ (မိုးမခ) ဒီဇင်ဘာ ၉၊ ၂၀၁၆ စိတ်ထိန်းကြိုးက ပြေထွက်လာတဲ့မောဟ အာရုံကိုထိုးဆိတ်မွှေနှောက်လို့ အစွဲအလန်းတို့ရဲ့ ဆုံမှတ် တပ်မက်မှုထဲ ရမ္မက်တွေ ဖွေးဖွေးလှုပ်လို့။ မဖြစ်သေးတာတွေရှိပေမယ့် မဖြစ်နိုင်တာတွေ ရှိနေတယ် ကမ္ဘာကျော်တွေက ကမ္ဘာကျော်ဓာတ်ခံနဲ့ ဥပဓိရုပ်ကို ထိန်းထားတယ်။ ဗန်ဂိုးရဲ့နေကြာပန်း ပန်းချီကားမျက်နှာကျက်မှာ ကျန်ခဲ့တဲ့နားရွက်တဖက် ချိတ်ထားလို့မရဘူးလား ဂေါ်ဂင်က မှော်ရုံတောထဲ ဝံပုလွေတွေ တောချောက်ခံရ တဟီတီကျွန်းပေါ် ဒုက္ခပုံကြီးပစ်ချ စိတ်ထန်ရုပ်ကြမ်းခေတ်ကြီးတလျှောက်လုံး အလင်္ကာတွေ ကွယ်ထားဝှက်ထားရ။ လောကဓံကျဉ်စက် အင်ဂျင်ခုတ်မောင်းနေပုံက ရှင်သန်မှုကို ကံကြမ္မာခွေးသွားစိတ်တွေ တရိရိကိုက်ဖြတ်နေသလို ကမ္ဘာ့တနေရာက မထင်မရှားကဗျာဆရာတယောက် ရောင်းမထွက်တဲ့ ကဗျာစာအုပ်တွေပုံပြီး ဘိလပ်မြေဖျော်ချ ဂူသွင်းသင်္ဂြိုဟ်လိုက်တော့မှ ဟိုးလေးတကျော် ဖြစ်သွားတယ်။ စကြဝဠာ အစနဲ့အဆုံးကို ဂိမ်းကစား စတီဖင်ဟော့ကင်းက အနုပညာအကြောင်း ဘာမှမရှင်းပြခဲ့ဘူး။...

Read more »

နေစိမ့် – ဖြတ်ထုံး

September 16, 2016
နေစိမ့် – ဖြတ်ထုံး

နေစိမ့် – ဖြတ်ထုံး (မိုးမခ) စက်တင်ဘာ ၁၆၊ ၂၀၁၆ မဟာပထဝီမြေကြီးက ငါ့ဝိညာဉ် ငလျင်ကိုခံနိုင်ရည်ရှိဖို့က ငါကိုယ်တိုင်ငလျင်ဖြစ်လိုက်ရုံသာ ဒါဟာ ဓာတ်ကြီးလေးပါးရဲ့ပွတ်တိုက်မှု သယံဇာတတွေစိတ်ဝမ်းကွဲမှု အစုလိုက်အပုံလိုက်ရှိနေသေးတာက ပြိုကျတဲ့အပျက်အစီးတွေလို အသိုက်ထဲကြက်ဝင်ယက်သွားတဲ့အတိုင်း တွေ့လား စားခွက်လုနေကြတဲ့ငရဲသားတွေ ကမ္ဘာသာပျက်သွားမယ်ဝေစုမတည့်တဲ့အပေးအယူနဲ့ ရာဇဝင်မှာမျက်နှာမများခဲ့တာ ရေများရာရေမစီးခဲ့တာ လာဘ်ပေးလာဘ်ယူကင်းရှင်းခဲ့တာ သစ္စာတရားကို မြင်းလိုစီးခဲ့ပါတယ် အခု ဖြစ်ပျက်နေပုံက သမိုင်းဝင်မှာမဟုတ်လို့ ငါ့ ရူးသွပ်မှုကိုကြိုတင်မှာကြားသူများအတွက်သာ… Tags: နေစိမ့်

Read more »

နေစိမ့် ● ဝင်ကစွပ်ကောင်

August 14, 2016
နေစိမ့် ● ဝင်ကစွပ်ကောင်

 နေစိမ့် ● ဝင်ကစွပ်ကောင် (မိုးမခ) သြဂတ်စ် ၁၄၊ ၂၀၁၆ လမ်းကငါ့ဆီတည့်တည့် ပြန်လျှောက်လာတယ် အဖျားကိုဆက်ပြီးသွားမလား အရင်းမှာတင်ရပ်တန့် လိုက်မလား အဖြေတွေများပြီး မေးခွန်းကတခုထဲ တချို့ ဇာတ်ဝင်ခန်းတွေက ထိန်ချန်ထားလိုက်ပါတယ် အသက်ဝင်နေဆဲ အသားစ ပုတ်လိုက်လာလို့ အစိမ်းလိုက် လှီးဖြတ်ထုတ်ပစ်ရတာ သိပ်လည်းစိုးရိမ်မနေပါနဲ့ ခြေတု လက်တု စက်ရုံတွေ ကမ္ဘာ့အဆင့်မီလာ တရားဝင်နေထိုင်တဲ့နိုင်ငံမှာ တရားမဝင်တဲ့မတရားမှုတွေက ကမ္ဘာ့အဆင့်ကျော်နေတာတခုပဲ တရားဓမ္မတော်လာ လွယ်လွယ်နဲ့ အလျှော့မပေးတတ်တဲ့ ကံကြမ္မာက ငါ့ကိုဘယ်ကာလအထိများ ထူးခတ်ထားမလဲ နောက်ဘဝအထိ မေးခွန်းတွေ အတွဲလိုက် အဓိပ္ပာယ်အပြည့်အစုံနဲ့ ခြွင်းချက်မရှိ လက်နက်ချ အလင်းဝင်လိုက်တဲ့အယူခံမှာ ကြိုတင်ထည့်မတွက်ထားတဲ့ အစီအမံတွေက အခိုင်အခန့် လက်စသတ်တော့မယ့် ဂိတ်အဆုံး လိုအပ်ရင်ပြုပြင်လို့ရတဲ့ ငါ့အရေပြားပေါ်က မြေပုံမှာ မူရင်းလိပ်စာ မဖျက်သေးဘူး နစ်ရှေးလို...

Read more »

နေစိမ့် ● ရန်သူမျိုးငါးပါး မြို့ကိုဝင်စီးပြီးနောက်

July 9, 2016
နေစိမ့် ● ရန်သူမျိုးငါးပါး မြို့ကိုဝင်စီးပြီးနောက်

 နေစိမ့် ● ရန်သူမျိုးငါးပါး မြို့ကိုဝင်စီးပြီးနောက် (မိုးမခ) ဇူလိုင် ၉၊ ၂၀၁၆ အော်သံတွေ အတိုင်းသားကြားနေရ မီးကျွမ်းနေတဲ့ မြို့ဟောင်းကြီးက အရူးတပိုင်းနဲ့ သံသေးသံကြောင်တွေသာ သံချေးကိုက်ထားသလို တရိရိပဲ့ကျ ဓားမိုးပြီး အမွှန်းတင်ထားရတဲ့ ရာဇ၀င်တွေက ပြတိုက်ထဲညည်းတွား မြေကြွက်စာဖြစ်သွားတဲ့ စားကြွင်းစားကျန်တွေက အပြောင်းအလဲတော်လှန်ရေးရဲ့အနယ်တွေ ဖရိုဖရဲနဲ့ မြေစာပုံပြိုကျသလို ကျွတ်ဆတ်အက်ကွဲနေတဲ့ နံရံတွေ အဖတ်လိုက်ကွာကျလို့ မရဏဘုံ အလည်အပတ်ခရီးက မျှော်လင့်ထားသည်ထက် ပိုမိုအောင်မြင်ခဲ့ပါတယ် သမိုင်းဟာ လက်ဖြောင့်တပ်သားမဖြစ်ခဲ့လေတော့ ကျွန်ဝယ်ရာ အဆစ်ပါခဲ့တဲ့ ဘ၀တွေမှာ ကျောသားရင်သား အရွေးခက်ခဲ့တယ် ပူနွေးနေဆဲ လက်သန်းဖျားပေါ်က မြို့ရိုးမှာ သူရဲကောင်းတွေအရိုးပြာနဲ့ အင်္ဂတေမခြောက်သေး အမည်မဖော်လိုသူသွေးတွေနဲ့ အရောင်တင်ထားတာ မှတ်တမ်းတင်ဖြစ်မယ်ဆိုရင် စိတ်ရှည်ရှည်ထားဖို့က ခင်ဗျားဘက်က ဆန္ဒရှိတဲ့အတိုင်း အတုံးအရုန်းအောင်မြင်ခဲ့တဲ့ စာရင်းက အရေခွံလဲလို့က မပြီးသေး...

Read more »

နေစိမ့် – လေဒီ

May 3, 2016
နေစိမ့် – လေဒီ

နေစိမ့် – လေဒီ (မိုးမခ) မေ ၃၊ ၂၀၁၆ ဘာဆိုဘာမှမယုံကြည်လိုက်လေနဲ့ လေဒီ… တရားတော်အလိုအရ ကိုယ့်ဒူးတောင်ကိုယ်မယုံရ ဘာကိုမှမယုံနဲ့… ဘယ်သူ့ကိုမှမယုံနဲ့လေဒီ ဗြဟ္မစိုရ်တရားဆိတ်သုဉ်းနေတဲ့ အကာလ အမှန်တရားက အချိန်နဲ့အမျှ အမဲလိုက်ခံနေရတဲ့ဘ၀ ဘာဆိုဘာမှမရှိတော့ပါဘူးဆိုတဲ့နိုင်ငံမှာ အမှိုက်ပုံတွေ ဟည်းထနေပြီး အမှိုက်ကောက်နေရတဲ့နိုင်ငံမှာ အပဲ့အရွဲ့တွေနဲ့ ကျားကန်ထားရတဲ့သမိုင်းဟာ နွေဦးနဲ့အတူ ပွေ့ဖက်လာမယ့် လေရူးတွေမရိုင်းတော့ဘူး လေဒီ… ပြောကြလိမ့်မယ် ကြမ်းပိုးကိုလိပ်မဖြစ် ဖြစ်အောင် ပုတ်သင်ညိုကို ဒိုင်နိုဆော မဖြစ်ဖြစ်အောင် ဒီနိုင်ငံရဲ့ဥသျှောင်ဟာ အမှိုက်ပုံထဲနစ်နေတယ် ဒဏ္ဍာရီထဲမှာ ဖီးနစ်ငှက်ဟာ မီးဟုန်းဟုန်းတောက်နေတဲ့ မီးပုံထဲက ပြန်ထလာတယ် ပြန်ရှင်သန်လာတယ် လေဒီ သင်ဟာ …အဆုံးအရှုံးတွေအားလုံးရဲ့ကိုယ်စားပြုသူ ၀မ်းသာလွန်းလို့ စီးကျလာတဲ့မျက်ရည်တွေကြားက လက်ရေတပြင်တည်းတုန်ခါနေတဲ့ရင်ခုန်သံမှာ အလံတော်ဟာ လွင့်နေတယ် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် လှိုင်းထအောင် သည်းသည်းလှုပ်ခဲ့တဲ့ပီတိတွေ...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်