Posts Tagged ‘ နေ၀န်းနီ (မန္တလေး) ’

နေဝန်းနီ(မန္တ​လေး) – ခင်​ဗျားတို့မှမသိတာ

July 16, 2015
နေဝန်းနီ(မန္တ​လေး) – ခင်​ဗျားတို့မှမသိတာ

နေဝန်းနီ(မန္တ​လေး) – ခင်​ဗျားတို့မှမသိတာ (မိုးမခ) ဇူလိုင် ၁၆၊ ၂၀၁၅ အာဇာနည်​ ကိုး ဦး​ ကျလို့ တစ်​တိုင်းပြည်​လုံး ကျဆုံးသွားတာ ခင်​ဗျားတို့မှမသိတာ ကျည်​ဆံ ( ၁၃)ချက်​​ကြောင့်​ တစ်​တိုင်းပြည်​လုံးမျက်​ရည်​ကြတာ ခင်​ဗျားတို့မှမသိတာ ပိုက်​ဆံထဲကဗိုလ်​ချုပ်​ကို သတ်​လိုက်​​​တော့ တစ်​တိုင်းပြည်​လုံး ဖာဖြစ်​ကြတာ ခင်​ဗျားတို့မှမသိတာ သမိုင်းထဲက​ ဗိုလ်​ချုပ်​ကို ဆက်​သတ်​​ပေမယ့်​ တစ်​တိုင်းပြည်​လုံးရဲ့ ရင်​ထဲမှာ ဗိုလ်​ချုပ်​​အောင်​ဆန်းရှိ​နေ​တာ ခင်​ဗျားတို့မှမသိတာ Tags: နေ၀န်းနီ (မန္တလေး)

Read more »

နေ၀န်းနီ (မန္တလေး) – မန္တ​လေးမြို့က သစ်​ပင်​ဒါယကာကြီး ဦး​ငွေ

June 19, 2015
နေ၀န်းနီ (မန္တလေး) – မန္တ​လေးမြို့က သစ်​ပင်​ဒါယကာကြီး ဦး​ငွေ

နေ၀န်းနီ (မန္တလေး) – မန္တ​လေးမြို့က သစ်​ပင်​ဒါယကာကြီး ဦး​ငွေ (မိုးမခ) ဇွန် ၁၈၊ ၂၀၁၅   “အို….သစ်​ပင်​ဒကာ သင်​ဟာ မဟာသူရဲ​ကောင်း” အထက်​​ဖော်​ပါကဗျာ​လေးနှစ်​​ကြောင်းမှာ သစ်​ပင်​ဒါယကာကြီးဦး​ငွေကို ဆံပင်​ညှပ်​သမားကြီး ကဗျာဆရာကြီး ယုထင်​ (မန္တ​လေး) က ဂုဏ်​ပြု​ရေးသားခဲ့​သောကဗျာဖြစ်​သည်​။ အ​မေလူထု​ဒေါ်အမာကလည်း သူ၏ “မန္တ​လေးသူ – မန္တ​လေးသားများ” စာအုပ်​၌ ဦး​ငွေအ​ကြောင်းကို ထည့်​သွင်း​ရေးသားဂုဏ်​ပြုထား​လေသည်​။ နေအလွန်​ပူပြင်းတဲ့ ကျွန်​​တော်​တို့မန္တ​လေးမှာ လမ်း​ဘေးသစ်​ပင်​​ပေါင်း (၅၀၀) ကို​ ရေ​လောင်းစိုက်​ပျိုး​ပေးသွားခဲ့မှာ ဆိုက္ကား ဆရာကြီး ဦး​ငွေဖြစ်​သည်​။ ဦး​ငွေကို ၁၂၇၆ ခုနှစ်​တွင်​ ငါန်းဇွန်​မြို့၌ အဘဦးစံညွန့်​ အမိ​ဒေါ်စံမှီတို့မှ​မွေးဖွားခဲ့​လေသည်​။ဒေါ်သိန်း​ငွေနှင့်​လက်​ထပ်​ခဲ့ပြီး မန္တ​လေးမြို့ ​တောင်​ကြခတ်​ဝင်းတွင်​ သမီး (၇)​ ယောက်​ကို ဆိုက္ကာနင်းပြီး​ ကျွေး​မွေးပြုစု​စောင့်​ရှောက်​ခဲ့သည်​။ ဦး​ငွေသည်​ လူဆင်းရဲကြီးဖြစ်​​ပေမယ့်​​...

Read more »

နေ၀န်းနီ (မန္တလေး) – ကျွန်​မရဲ့ ကဗျာဆရာ

June 4, 2015
နေ၀န်းနီ (မန္တလေး) – ကျွန်​မရဲ့ ကဗျာဆရာ

နေ၀န်းနီ (မန္တလေး) – ကျွန်​မရဲ့ ကဗျာဆရာ (မိုးမခ) ဇွန် ၄၊ ၂၀၁၅ သူက ကဗျာဆရာတယောက်​ပါ။ ကဗျာဆရာဆိုတဲ့အတိုင်းပဲ နူးညံ့သိမ်​​မွေ့​အေး​ဆေးတယ်​ စကား​ပြောနည်းပြီး စိတ်​နှလုံး​ကောင်းရှိသူတယောက်​ပါ။သူ့​ကြောင့်​ တပါးသူ​ ပျော်​ရွှင်​အဆင်​​ပြေ​နေရင်​ စိတ်​​ကျေနပ်​ သူ​ပေါ့။ သူ အလုပ်​ပိတ်​ရက်​​တွေဆို ကျွန်​​မဆိုင်​​လေးကို အလည်​လာတယ်​။ ကျွန်​​မက ရတနာပုံတက္ကသိုလ်မိန်းထဲမှာ ကွန်​ပျူတာစာစီစာရိုက်​နဲ့ ဓာတ်​ပုံဆိုင်​​လေး ဖွင့်​ထားတယ်​။ ကျွန်​မဆိုင်​မှာ ​ကော်​ဖီထုတ်​က မပြတ်​တမ်းဝယ်​ထားရတယ်​။ သူလာပြီဆိုတာနဲ့ ကျွန်​​မက ​ကော်​ဖီခါးခါး​လေး​ဖျော်​တိုက်​ပါတယ်​။ သူက ​ကော်​ဖီခါးခါးဆို သိပ်​ကြိုက်​တာ။ သူကိုကျွန်​မက ​အရမ်း​လေးစားလို့နာမည်​​တောင်​မ​ခေါ်ဘူး။ဆရာ လို့ပဲ​ခေါ်တယ်​။သူကလည်းကျွန်​မကိုဆရာမ လို့​ပဲ​ခေါ်တယ်​။ဆရာက ငယ်​ငယ်​​လေးကတည်းကစာ​ပေ​လောက ၊ ကဗျာ​လောကထဲကို​ခြေစုံပစ်​ဝင်​ခဲ့တာ။ကျွန်​မ ထက်​ အသက်​ငယ်​​ပေမယ့်​​လေးစားစရာ​ကောင်းပါတယ်​။ကျွန်​မကလည်း ဂျာနယ်​​လေး​တွေမှာ ဝတ္ထုတို ၊ ​ဆောင်းပါးအနည်း​လောက်​​တော့ပါဖူးပါတယ်​။ စီးပွား​ရေးက တစ်​ဖက်​ဆို​တော့ အဲဒီစာ​ရေးဖို့ကစ္စဘက်​ကိုမလှည့်​ဖြစ်​ဘူး။ ဒီ​နေ့လည်း...

Read more »

နေ၀န်းနီ (မန္တလေး) – ဘဘ ဒဂုန်​တာရာသို့

May 13, 2015
နေ၀န်းနီ (မန္တလေး) – ဘဘ ဒဂုန်​တာရာသို့

 နေ၀န်းနီ (မန္တလေး) – ဘဘ ဒဂုန်​တာရာသို့ (မိုးမခ) မေ ၁၃၊ ၂၀၁၅ သူ့နာမည်​ အရင်းက ​ဌေးမြိုင်​ အနုပညာနဲ့ ငြိမ်းချမ်း​ရေးက သူ့ဘဝ က​လောင်​အမည်​ ​ခြောက်​ဆယ်​နဲ့ ငြိမ်းချမ်း​ရေးကဗျာဆရာကြီး သူ့ကိုသူ အညံ့ဆုံးတဲ့ သူလို လူနှစ်​​ယောက်​မရှိ ရင်​ခုန်​သံစိတ်​ရဲ့ ခံစားချက်​ကို လင်္ကာစာလုံးနဲ့ ​ရေးဆက်​လို့ ကန်​​တော့လိုက်​ပါတယ် ဘဘ ဒဂုန်​တာရာ … ။   ။ (ဆရာကြီး ဒဂုန်​တာရာ ၉၆ နှစ်​ ​မွေး​နေ့အမှတ်​တရ) Tags: နေ၀န်းနီ (မန္တလေး)

Read more »

နေ၀န်းနီ (မန္တလေး) – ​ရွှေမန်းသာသနာ

May 10, 2015
နေ၀န်းနီ (မန္တလေး) – ​ရွှေမန်းသာသနာ

နေ၀န်းနီ (မန္တလေး) – ​ရွှေမန်းသာသနာ (မိုးမခ) မေ ၁၀၊ ၂၀၁၅ မန္တ​လေးနှင့်​သာသနာ၊ သာသနာနှင့်​မန္တ​လေး ခွဲခြား၍မရနိုင်​။ အမြဲပင်​ ဒွန်​တွဲလာခဲ့သည်​။ ထို့ကဲ့သို့ သာသနာနှင့်​ မန္တ​လေး အမြဲဒွန်​တွဲလာနိုင်​​အောင်​လည်း သာသနာပြုဘုရင်​ အရှင်​မင်းတုန်းမင်းတရားကြီးက သာသနာ့မျိုး​စေ့​ကောင်းများ စိုက်​ပျိုး ခဲ့ခြင်း​ကြောင့်​ဖြစ်​သည်​။ မင်းတုန်းမင်းတရားကြီးပြုစုပျိုး​ထောင်​ခဲ့​သောသာသနာသည်​ မန္တ​လေးမြို့၌ ယ​နေ့တိုင် ထွန်း​ပြောင်​​နေခဲ့သည်​။ ဤသို့ပြုစုပျိုး​ထောင်​ခဲ့သည့်​သာသနာပြုစိတ်​သည်​ ယ​နေ့တိုင်​ မန္တ​လေးသူ မန္တ​လေးသားများစိတ်​၌ အမြစ်​တွယ်​လျှက်​ရှိ​သော သာသနာပြုစိတ်​ကို “၁၂၅၇ ခုနှစ်​“ ကတည်းက တည်​​ထောင်​ထားသည့်​ သာသနာ့မိခင်​ကြီးဖြစ်​သည့်​ “မလွန်​ဆန်​လှူအသင်းကြီး” က မီး​မောင်းထိုးပြထား​ပေသည်​။ မန္တ​ လေးမြို့ဗြိတိသျှနယ်​ချဲ့လက်​​အောက်​ကျ​ရောက်​သွားပြီး မန္တ​လေးမြို့သူ မြို့သား​တွေအ​နေနဲ့ ရုတ်​တရက်​ ဘာလုပ်​လို့ ဘာကိုင်​ရမှန်း မသိ​တော့​ပေ။ သို့​ပေမယ်​ ​လေးငါးဆယ်​နှစ်​ကြာတဲ့အခါမှာ​တော့ ဘာသာ၊ သာသနာ့အ​ရေး​တွေကို စုရုံးပြီး စတင်​လှုပ်​ရှားကြတယ်​။...

Read more »

နေ၀န်းနီ(မန္ထလေး) – ဘဘဦးဝင်းတင် နှင့်  နောက်ဆုံး တွေ့ဆုံခြင်း”

April 1, 2015
နေ၀န်းနီ(မန္ထလေး) – ဘဘဦးဝင်းတင် နှင့်  နောက်ဆုံး တွေ့ဆုံခြင်း”

  နေ၀န်းနီ(မန္ထလေး) – ဘဘဦးဝင်းတင် နှင့်  နောက်ဆုံး တွေ့ဆုံခြင်း” (မိုးမခ) ဧပြီ ၁၊ ၂၀၁၅          ၂၀၁၄ ခုနှစ် ဧပြီလ(၂၁)ရက် နေ့မှာ ဟံသာဝတီဦးဝင်းတင် (၈၄)နှစ် ကွယ် လွန် ခဲ့တယ် ။ ဒီနှစ် ၂၀၁၅ ဧပြီလ (၂၁) ရက် နေ့ဆို ဘဘကွယ် လွန်တာ တစ် နှစ် ပြည့်  လေပြီ။ ကျွန် တော် နဲ့ ဘဘဦးဝင်းတင် နောက် ဆုံး တွေ့ဆုံခဲ့ရတဲ့ နေ့ကမှတ် မှတ် ရရပါပဲ ၂၀၁၃ ခုနှစ် သြဂုဏ် လ (၆) ရက် နေ့...

Read more »

နေ၀န်းနီ(မန္တလေး) – သံမဏိ ကြယ် ပြာ

March 30, 2015
နေ၀န်းနီ(မန္တလေး) – သံမဏိ ကြယ် ပြာ

  နေ၀န်းနီ(မန္တလေး) – သံမဏိ ကြယ် ပြာ (မိုးမခ) မတ် ၃၀၊ ၂၀၁၅ သူဟာ ခေတ် ဝန် ကိုထမ်း၍ ခေတ် လမ်းကို လျှောက် တဲ့သူ မြန် မာစာ ပေ လောကရဲ့ အ တောက် ပဆုံး သော က လောင် ရှင် မိခင် မြန် မာရဲ့ သား ကောင်းရတနာ “အများပြည် သူ သ ဘောမတူသည့်  အမိန့် အာဏာမှန် သမျှ တာဝန် အရဖီဆန် ကြ”ဆိုတာ သူ့ရဲ့ တိုက် ပွဲခရာသံ… . နိုင် /ကျဉ်...

Read more »

နေ၀န်းနီ (မန္တလေး) – “ကျွန်​​တော်​နှင့်​ လက်​ပတ်​ဖြူလှုပ်​ရှားမှု”

March 27, 2015
နေ၀န်းနီ (မန္တလေး) – “ကျွန်​​တော်​နှင့်​ လက်​ပတ်​ဖြူလှုပ်​ရှားမှု”

နေ၀န်းနီ (မန္တလေး) – “ကျွန်​​တော်​နှင့်​ လက်​ပတ်​ဖြူလှုပ်​ရှားမှု” (မိုးမခ) မတ် ၂၇၊ ၂၀၁၅ မတ်​လ ၁၀ ရက်​​နေ့ လက်​ပံတန်းမှာ ​ကျောင်းသား​တွေကို စွမ်းအားရှင်​​တွေဖြိုခွင်းတာနဲ့ ပတ်​သက်​ပြီးရှုတ်​ချပွဲတစ်​ခုလုပ်​ဖို့ ကျွန်​​တော့်​ဆီကိုမက်​​ဆေ့ခ်ျတစ်​​စောင်​ဝင်​လာ။ ဒါနဲ့ ကျွန်​​တော်​ ရန်​ကုန်​က ​မောင်​​ဆောင်းခ ဆီဖုန်းဆက်​ပြီး လှုပ်​ရှားမှု လုပ်ရန်လက်​ခံခဲ့တယ်​။ မန္တ​လေးမှာ ကျွန်​​တော်​ရယ်​ ​နော်​​နော်​ရယ်​ ဦးစီးပြီး လုပ်​ကိုင်​ကြတယ်​။ ရန်​ကုန်​မှာ​တော့ အဲဒီလှုပ်​ရှားမှုကို မတ်​လ ၁၃ ရက်​​နေ့ ကိုဖုန်း​မော်​ကျဆုံး​တဲ့​နေ့မှာ ပြုလုပ်​မည်​ဖြစ်​​ကြောင်းကို ​မောင်​​ဆောင်းခက MEDIA ကို​ တရားဝင်​​ပြောခဲ့တယ်​။ ဒီလိုနဲ့ ကျွန်​​တော်​ရယ်​ ​နော်​​နော်​ရယ်​ က မန္တ​လေးမြို့လှုပ်​ရှားမှုအတွက်​ စည်းရုံး​ရေးဆင်းရတာ​ပေါ့။ ပထမ Mandalay Youth Netwok က မဆုလတ်​​ဇော်နဲ့ ​ချိတ်​မိပြီး သူတို့အဖွဲ့လည်း...

Read more »

နေ၀န်းနီ (မန္တလေး) – လမ်း​ဘေးတက္ကသိုလ်​နဲ့ မန်းည​ဈေး

March 18, 2015
နေ၀န်းနီ (မန္တလေး) – လမ်း​ဘေးတက္ကသိုလ်​နဲ့ မန်းည​ဈေး

နေ၀န်းနီ (မန္တလေး) – လမ်း​ဘေးတက္ကသိုလ်​နဲ့ မန်းည​ဈေး (မိုးမခ) မတ်လ ၁၈၊ ၂၀၁၅ ည​နေ ၅ နာရီ​လောက်​မှစတင်​၍ ၈၄ လမ်းတလျှောက်​လုံးတွင်​ ​မန္တ​လေးမြို့​လေးကို အလှဆင်ရန်​ ည​ဈေးသည်​များ ​ဈေးခင်း ရန်​ ပြင်​ဆင်​​နေကြ​လေသည်​။ ၂၆ လမ်းမှ ၂၈ လမ်းထိက စာအုပ်​အ​ဟောင်း​တွေ​ရောင်းတဲ့အတန်းပါ။ ဆရာ​ဇော်​ခိုင်​ဦးက လမ်း​ဘေးတက္ကသိုလ်​လို့တင်​စားပြီး စာ​ပေ​ဟော​ပြောပွဲများတွင် ထည့်​သွင်း​ပြောသည်​ကိုကြားဖူးသည်​။ ထိုစာ​အုပ်​အ​ဟောင်း တန်းတွင်​ စာအုပ်​မျိုးစုံရရှိ​လေသည်​။ တချို့စာအုပ်ဆိုင်​​ပေါ်တွင်​မရှိသည့်​စာအုပ်​မျိုး​တွေကို ထိုလမ်း​ဘေးတက္ကသိုလ်​​လေး၌ သွား​ရောက်​ရှာ​ဖွေရသည်​။ဈေးလည်းသက်​သာ​ပေသည်​။ ထိုလမ်း​ဘေး တက္ကသိုလ်​​လေးတွင်​ စာအုပ်​မဝယ်​လည်း လာ​ရောက်​ဖတ်​ရှုနိုင်​​ပေသည်​။ စိတ်​တိုင်းကြမှ ဝယ်​ယူနိုင်​သည်​။ ၂၈ လမ်း မှ ၂၉ လမ်းထိက​တော့ အင်္ကျီဆိုင်​၊ အိမ်​​ဆောက်​ပစ္စည်း၊ ဖိနပ်​ဆိုင်​၊​ ရေဒီယို ကက်ဆက်​ဆိုင်​နှင့်​ဝက်​သားဒုတ်​ထိုးသည်​ဆိုင်​များ၊ ထိုးမုန့်ဆိုင်​တို့ ရှိ​လေသည်​။ ခင်းကျင်းထားပုံမှာလည်း...

Read more »

ကာတွန်း နေ၀န်းနီ (မန္တလေး) – Glass-ceiling

March 9, 2015
ကာတွန်း နေ၀န်းနီ (မန္တလေး) – Glass-ceiling

  ကာတွန်း နေ၀န်းနီ (မန္တလေး) – Glass-ceiling (မိုးမခ) မတ် ၉ ၊ ၂၀၁၅ Tags: နေ၀န်းနီ (မန္တလေး)

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်