Posts Tagged ‘ မောင်လူပေ ’

သမ္မတထရန့် ယောက္ခမတွေ အမေရိကန်ဖြစ်ပြီ

August 14, 2018
သမ္မတထရန့် ယောက္ခမတွေ အမေရိကန်ဖြစ်ပြီ

သမ္မတထရန့် ယောက္ခမတွေ အမေရိကန်ဖြစ်ပြီ မောင်လူပေ၊ (မိုးမခ) သြဂုတ် ၁၄၊ ၂၀၁၈ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ယောက္ခမတွေ အမေရိကန်နိုင်ငံသား ခံယူလိုက်တယ်လို့ ဒီနေ့ (သြဂုတ် ၉၊ ၂၀၁၈) အမေရိကား(USA today) သတင်းစာက ဆိုပါတယ်။ အမေရိကားကို ကမ္ဘာအရပ်ရပ်က ပြောင်းရွှေ့အခြေချကြတဲ့သူ(Immigrant)တွေကို တိုက်ခိုက်တဲ့စကားတွေ မကြာခဏပြောတတ်သူ၊ ဒီလူတွေရဲ့ဆွေမျိုးတွေကလည်း ချိန်းကြိုးဆက်လို တစ်ယောက်ပြီးတစ်ယောက် နိုင်ငံသားခံယူနေကြတာမို့ (Chain Migration) ချိန်းကြိုးဆက်ကိုဖြတ်ဖို့ ဥပဒေပြင်မယ်လို့ ပြောကြားထားသူ အမေရိကန်သမ္မတကြီး ဒေါ်နယ်ထရန့်ရဲ့ ယောက္ခမစုံတွဲကတော့ သူပြောတဲ့ ချိန်းကြိုးဆက်နိယာမအရ အမေရိကန်နိုင်ငံသားတွေ ဖြစ်သွားကြပါပြီ။ သူတို့သားမက်လေး ချိန်းကြိုးဆက်ကို မဖြတ်ခင် အခွင့်ရှိတုန်းအချိန်မှာ နိုင်ငံသားအဖြစ် အမြန်ယူလိုက်ကြပုံပဲ။ သမက်လေးလို့ပြောရပေမဲ့ ဒေါ်နယ်ထရန့်က ယောက္ခထီးကြီးထက် (၂)နှစ်ပဲငယ်သလို ယောက္ခမကြီးထက်လည်း (၁)နှစ်သာငယ်သူမို့ သူငယ်ချင်းအရွယ်တွေပါ။...

Read more »

မောင်လူပေ – ကုန်သွယ်ရေးစစ်ပွဲကြားက မြေစာပင်

August 10, 2018
မောင်လူပေ – ကုန်သွယ်ရေးစစ်ပွဲကြားက မြေစာပင်

မောင်လူပေ – ကုန်သွယ်ရေးစစ်ပွဲကြားက မြေစာပင် (မိုးမခ) သြဂုတ် ၉၊ ၂၀၁၈ မြေစာပင်ဆိုတာ အရင်ကတော့ မမြင်ဖူးခဲ့ဘူး။ ခုမှမြင်ဖူးတာ။ ကျွဲနှစ်ကောင်ခတ်တဲ့ကြားက မြေစာပင်ကတော့မဟုတ်။ လင်းယုန်ကြီးနဲ့မြွေနဂါးကြားက မြေစာပင်။ ကုန်သွယ်ရေးစစ်ပွဲကိုခုခံဖိုအတွက် ချိုင်းနိစ်မြွေနဂါးကြီးက ယွမ်တန်ဘိုးတွေချတိုင်း နောက်ကနေ ကျပ်ငွေတန်ဖိုးလိုက်ချနေရတာ တစ်ဒေါ်လာကို တစ်ထောင့်ငါးရာနားကပ်လာနေပြီ။ သခင်မျိုးဟေ့ တို့ဗမာတွေ သခင်ဘဝကဆင်းပြီး ဆယ်စုနှစ်များစွာ ချိုင်းနိစ်ရဲ့ တပည့်ကြီးဘဝနဲ့ သူပြုသမျှနုခဲ့ရလေတော့ ဆရာလည်းကျ၊ တပည့်လည်းကျ။ ဟိုကမြွေနဂါးကြီးမို့ သူ့ဟာသူဆွဲချတာ ပြသနာမဟုတ်ပေမဲ့ ကိုယ်တွေမှာဒုက္ခ။ ကုန်ဈေးနှုန်းတွေက လိုက်တက်လာပြီ။ အစိုးရမင်းများ တိုးပေးထားတဲ့လစာလေးက ငွေဈေးကျတဲ့အထဲ ရောကြိုခံလိုက်ရတော့ အရင်အတိုင်း။ တကယ်တော့ အမေရိကန်နဲ့ချိုင်းနိစ်ဆိုတာ အကျိုးစီးပွားပတ်လည်ရိုက်နေကြတဲ့နိုင်ငံတွေ။ အမေရိကန်တစ်ယောက်က ချိုင်းနိစ်က သွင်းတဲ့ ပစ္စည်းတစ်ခုကို ဒေါ်လာတစ်ရာနဲ့ဝယ်တယ် ဆိုပါတော့။ ပစ္စည်းတန်ဖိုး၊ ပို့ဆောင်ခ...

Read more »

မောင်လူပေ – မြန်မာ အမေရိကန်တို့အကြောင်း

August 3, 2018
မောင်လူပေ – မြန်မာ အမေရိကန်တို့အကြောင်း

  မောင်လူပေ – မြန်မာ အမေရိကန်တို့အကြောင်း (မိုးမခ) သြဂုတ် ၃၊ ၂၀၁၈ အမေရိကားရောက်နေတဲ့ မြန်မာတွေကို မြန်မာအမေရိကန်တွေလို့ ခေါ်ကြတယ်။ မြန်မာပြည်မှာမွေးကြတဲ့ မြန်မာအပါအဝင် တိုင်းရင်းသားပေါင်းစုံဟာ မြန်မာ အမေရိကန်တွေပါပဲ။ ဘိုဆန်ဆန်ပြောရင်တော့ Burmese American တွေဆိုပါတော့။ မိုင်ပေါင်းသောင်းချီဝေးတဲ့ ဒီဒေသကိုရောက်နေကြတဲ့မြန်မာပြည်ဖွားအပေါင်းကလည်း အမေရိကားရဲ့ ၂၀၁၀ တရားဝင် သန်းကောင်စာရင်းအရ တစ်သိန်းနဲ့နှစ်ရာ စာရင်းပေါက်တယ်။ အခု၂၀၁၈ဆိုတော့ တွေးသာကြည့်ပေတော့။ ၂၀၂၀မှာကောက်မဲ့ သန်းကောင်စာရင်းမှာဆိုရင်တော့ ခန့်မှန်းကြည့်တာ သုံးသိန်းလောက် စာရင်းပေါက်မယ်ထင်တယ်။ မြန်မာအမေရိကန်တွေထဲမှာ အများဆုံးကတော့ တရုတ်လို့ မြန်မာတွေခေါ်ကြတဲ့ မြန်မာပြည်ဖွားချိုင်းနိစ်တွေပါ။ မြန်မာစစ်စစ်တွေလိုပဲ မြန်မာစကားပြောတယ်။ မြန်မာပြည်ကိုချစ်တယ်။ မြန်မာဘုန်းကြီးကျောင်းတွေထောင်တယ်။ မြန်မာအစားအစာတွေကို ကြိုက်တယ်။ မြန်မာသီချင်းဆိုတယ်။ မြန်မာအက ကကြတယ်။ ဥပမာပြောရရင် ကယ်လီဖိုးနီးယားပြည်နယ် ဖရီးမောင့်မြို့က...

Read more »

မောင်လူပေ – အမှတ်တရ ဦးတင်ထွဋ်

August 1, 2018
မောင်လူပေ – အမှတ်တရ ဦးတင်ထွဋ်

မောင်လူပေ – အမှတ်တရ ဦးတင်ထွဋ် (မိုးမခ) သြဂုတ် ၁၊ ၂၀၁၈ အာဇာနည်ဗိမ္မာန်ကို အာဇာနည်ကုန်းလို့လည်း ခေါ်ပါတယ်။ အရင်က ဇရပ်ပုံစံ အမိုးအကာနဲ့ အဆောက်အဦကြီးဖြစ်ပြီး အထဲမှာ ဗိုလ်ချုပ်ဂူကို အလည်မှာထားတဲ့ အုတ်ဂူကိုးလုံး အစီအရီ ရှိတယ်။ ဒီအာဇာနည်ဗိမာန်အနီးမှာ အခြားအုတ်ဂူနှစ်လုံးရှိခဲ့တယ်။ သူတို့နှစ်ဦးကတော့ လွတ်လပ်ရေးရပြီးမကြာမီမှာ လုပ်ကြံခံရပြီး ကျဆုံးခဲ့ရသူ နှစ်ဦးကို ဂုဏ်ပြုတဲ့အနေနဲ့ အာဇာနည်ကုန်းမှာ အာဇာနည်တွေနဲ့အတူ ဂုဏ်ပြုမြှုတ်နှံခဲ့ကြရတဲ့ ဗိုလ်စိန်မှန်နဲ့ အိုင်စီအက်စ်ဦးတင်ထွဋ်တို့ဖြစ်ပါတယ်။ ဗိုလ်မှူးစိန်မှန်က လေယာဉ်ပျက်ကျကွယ်လွန်ခဲ့တယ်။ ပြည်တွင်းသောင်းကြမ်းမှုတွေ နှိမ်နှင်းနေစဉ် လေယာဉ်မှာ ဗုန်းထောင်ခံခဲ့ရတယ်။ ဦးတင်ထွဋ်ကလည်း ရန်ကုန်မြို့ စပတ်လမ်း(ဗိုလ်အောင်ကျော်လမ်း)မှာ သူစီးတဲ့ကား ဗုန်းပေါက်ကွဲပြီး အသက်ဆုံးခဲ့ရတယ်။ သူတို့နှစ်ဦးလုံးဟာ ဗိုလ်ချုပ်အလွန်အားကိုးရတဲ့ ရဲဘော်ရဲဘက်တွေချည်းပါပဲ။ သူတို့တွေ လုပ်ကြံခံခဲ့ရပေမဲ့ ယနေ့ချိန်အထိ လက်သည်မပေါ်ခဲ့သေးပါ။ ဦးတင်ထွဋ်ဟာ...

Read more »

မောင်လူပေ – သန်းကြွယ်သူဌေး အခွန်ကြောင့်ပြေးတဲ့ ကယ်လီဖိုးနီးယား

July 31, 2018
မောင်လူပေ – သန်းကြွယ်သူဌေး အခွန်ကြောင့်ပြေးတဲ့ ကယ်လီဖိုးနီးယား

  မောင်လူပေ – သန်းကြွယ်သူဌေး အခွန်ကြောင့်ပြေးတဲ့ ကယ်လီဖိုးနီးယား (မိုးမခ) ဇူလိုင် ၃၁၊ ၂၀၁၈ စတန်းဖို့ဒ်စင်တာရဲ့ ဆင်းရဲမှုနဲ့မညီမျှမှုလေ့လာရေးအဖွဲ့(Stanford Center for Poverty and Inequity) မှ ချားလ်ဗာနာ(Charles Varner) ရဲ့ လေ့လာတွေ့ရှိမှုအရ ကယ်လီဖိုးနီးယားပြည်နယ်ထဲမှာရှိတဲ့ ဝင်ငွေမြင့်မားသူ သန်းကြွယ်သူဌေးတွေထဲက (၁၃၈)ဦးဟာ ပြည်နယ်ဝင်ငွေခွန်ကိုတိုးကောက်ဖို့ ပြောင်းလဲပြဌာန်းခဲ့တဲ့ ဥပဒေအမှတ်(၃၀)အရ ပြည်နယ်ခွန်တိုးမြှင့်ခြင်းကြောင့် ပြောင်းရွှေ့သွားခဲ့ပါသတဲ့။ ၂၀၁၂မှာ မဲဆန္ဒရှင်တွေအတည်ပြုခဲ့တဲ့ ပြည်နယ်ရဲ့ ပြောင်းလည်းထားတဲ့ အခွန်ဥပဒေအရ ဝင်ငွေခွန်နှုန်းကို ၃%ထပ်တိုးလိုက်တဲ့အတွက် ၁၀.၃ ကနေ ၁၃.၃%အထိ ဖြစ်သွားတယ်။ဒါကြောင့် ဒီပြည်နယ်ထဲက ထိပ်ဆုံးဝင်ငွေခွန်နှုန်းက ၂၉%အထိ ဖြစ်သွားပါတယ်။ ဒီနှုန်းဟာအမေရိကားရဲ့ ပြည်နယ်များထဲမှာ အမြင့်ဆုံးပါပဲ။ ဒီပြင်ဆင်မှုဥပဒေနံပါတ်(၃၀)အရ တစ်နှစ်ဝင်ငွေဒေါ်လာသုံးသိန်းကနေငါးသိန်းအထိ ဝင်ငွေရှိသူတွေအတွက် ၂%တက်သွားတဲ့အတွက်၂၁.၅%ထိတက်သွားပါတယ်။ ပိုလို့ဝင်ငွေများတဲ့...

Read more »

မောင်လူပေ ● အမေရိကားရဲ့ လွတ်လပ်ရေးနေ့

July 4, 2018
မောင်လူပေ ● အမေရိကားရဲ့ လွတ်လပ်ရေးနေ့

မောင်လူပေ ● အမေရိကားရဲ့ လွတ်လပ်ရေးနေ့ (မိုးမခ) ဇူလိုင် ၄၊ ၂၀၁၈ ဒီနေ့ July 4th က အမေရိကားရဲ့လွတ်လပ်ရေးနေ့ပါ။ လွန်ခဲ့တဲ့ (၂၄၂) နှစ်ခန့်က ၁၇၇၆ ခုနှစ် ဂျူလိုင်လ (၄) ရက်နေ့မှာပေါ့။ အင်္ဂလိပ်ပိုင် ကိုလိုနီပြည်နယ် (၁၃) ခု စုပေါင်းပြီး ‘အမေရိကန်ပြည်ထောင်စု’ ဆိုတဲ့ နိုင်ငံသစ်တစ်ခုတည်ထောင်ကြောင်း ပြည်ထောင်စုလွှတ်တော်က လွတ်လပ်ရေးကြေညာစာတမ်းနဲ့ တရားဝင်ကြေညာခဲ့တယ်။ ဒါကြောင့် တရားဝင် လွတ်လပ်ရေး နေ့အဖြစ် ဒီနေ့ရောက်တိုင်း အမေရိကန်တွေဟာ မီးရှူးတွေဖေါက်၊ ချီတက်ပွဲတွေလုပ်၊ ပျော်ပွဲတွေကျင်းပပေါ့။ အသားကင် ကြိုက်တဲ့လူမျိုးတွေမို့ BBQ တွေလုပ်ကြတယ်။ မိတ်ဆွေတွေ၊ မိသားစုတွေ ပြန်ဆုံကြတယ်။ သူတို့ကြိုက်တဲ့ ဘေ့စ်ဘော (Baseball) အားကစားနည်း ကစားသူလည်း ရှိရဲ့။...

Read more »

မောင်လူပေ – ဒေါ်လာကတော့ ပန်းပန်လျှက်

June 28, 2018
မောင်လူပေ – ဒေါ်လာကတော့ ပန်းပန်လျှက်

မောင်လူပေ – ဒေါ်လာကတော့ ပန်းပန်လျှက် (မိုးမခ) ဇွန် ၂၈၊ ၂၀၁၈ အခုတလော အွန်လိုင်းမှာတွေ့မိသမျှက မြန်မာပြည်မှာ ဒေါ်လာဈေးတွေတက်နေတဲ့အကြောင်းတွေချည်း ဖြစ်နေတယ်။ ၁၃၂၀နဲ့၁၃၅ဝကြားမှာ ရှိနေရာက ၁၃၈ဝဖြစ်သွားသတဲ့။ ဒေါ်လာကိုင်ထားသူတွေ ရွှေဖြစ်နေပြီပေါ့။ တချို့ကလည်း ဘာမှန်းမသိကြတော့ အစိုးရကိုအပြစ်တင်ကြတယ်။ သူတို့တွေ မေ့နေကြတာက မြန်မာပြည်မှာ ဒေါ်လာပေါက်ဈေးကို ကမ္ဘာ့ဈေးကွက်နဲ့အညီအရှင်လုပ်ထားတယ် ဆိုတာပဲ။ ဒေါ်လာဈေးတက်တာ မြန်မာပြည်တစ်ခုထဲမဟုတ်။ ကမ္ဘာသုံးငွေကြေးတစ်ခုပီပီ အဝယ်လိုက်နေတဲ့အတွက် တကမ္ဘာလုံးမှာဈေးတက်နေတာဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာဟာ လောလောဆယ်အခြေအနေအရ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဘဝရောက်နေလေတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ကုန်သွယ်ရေးမညီမျှမှုကို အကြောင်းပြပြီး ပြည်ပသွင်းကုန်တွေကို အထူးအခွန်ကောက်မယ်လို့ ကြေညာထားတော့ ကျန်တဲ့နိုင်ငံတွေကလည်း တန်ပြန်တဲ့အနေနဲ့ အမေရိကန်ပို့ကုန်တွေကို အခွန်တိုးကောက်မယ်လို့တုန့်ပြန်တယ်။ ဒီလိုဖြစ်လာရင် ကုန်သွယ်ရေးစစ်ပွဲဖြစ်ပြီး အားလုံးအထိနာကြမှာပဲ။ အစစ အရာရာ ဈေးကြီးတော့မယ်သဘော။ ဖြစ်မလာသေးပေမဲ့ ရင်းနှီးမြှုတ်နှံသူတွေ ကြောက်နေကြပြီ။...

Read more »

ဆန်ဖရန်စစ္စကိုမြို့ရဲ့ ပထမဦးဆုံး အာဖရိကန် အမေရိကန်အမျိုးသမီးမြို့တော်ဝန် မဲနှာတဖျားနဲ့ နိုင်

June 14, 2018
ဆန်ဖရန်စစ္စကိုမြို့ရဲ့ ပထမဦးဆုံး အာဖရိကန် အမေရိကန်အမျိုးသမီးမြို့တော်ဝန် မဲနှာတဖျားနဲ့ နိုင်

  ဆန်ဖရန်စစ္စကိုမြို့ရဲ့ ပထမဦးဆုံး အာဖရိကန် အမေရိကန်အမျိုးသမီးမြို့တော်ဝန် မဲနှာတဖျားနဲ့ နိုင် မောင်လူပေ၊ မိုးမခ၊ ဇွန် ၁၃၊ ၂၀၁၈ဆန်ဖရန်စစ္စကိုမြို့ရဲ့ ပထမဦးဆုံး အာဖရိကန် အမေရိကန်အမျိုးသမီးမြို့တော်ဝန် လန်ဒန်ဘရိ( London Breed) ပါ။ မဲရေတွက်မှုအပြီးမှာ သူမက ပြိုင်ဖက်ဖြစ်တဲ့ မတ်ခ်လီနိုကို အနိုင်ရသွားပါတယ်။ သူမဟာ ငယ်စဉ်က ဆန်ဖရန်စစ္စကို မြို့တော်ခန်းမနဲ့ မနီးမဝေးက ဝင်ငွေနည်းသူတွေကိုပေးတဲ့အစိုးရအိမ်ရာစီမံကိန်း ( Government low income housing project) မှာ အဖွားဖြစ်သူနဲ့အတူနေရင်းကြီးပြင်းခဲ့ရသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ညီမဖြစ်သူက မူးယစ်ဆေးအသုံးလွန်ပြီးဆုံးခဲ့ရသလို၊ မောင်ဖြစ်သူကလည်း ပြစ်မှုတစ်ခုကြောင့်အကျဉ်းထောင်ထဲမှာပါ။ သူမကတော့ အဖွားဖြစ်သူရဲ့စကားကိုနားထောင်ပြီး ပညာကိုပဲ ကြိုးစားခဲ့သူမို့ ကယ်လီဖိုးနီးယားတက္ကသိုလ်၊ ဒေးဗစ် ( UC Davis) ကနေ နိုင်ငံရေးသိပ္ပံနဲ့ဘွဲ့ရခဲ့တယ်။...

Read more »

မောင်လူပေ ● ကျွန်တော့်ဆရာ ကလေးတွေအကြောင်း

May 30, 2018
မောင်လူပေ ● ကျွန်တော့်ဆရာ ကလေးတွေအကြောင်း

မောင်လူပေ ● ကျွန်တော့်ဆရာ ကလေးတွေအကြောင်း (မိုးမခ) မေ ၃၀၊ ၂၀၁၈ မောင်လူပေဟာ ညံ့ပါတယ်။ ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်ကနေ ကောင်းတာလေးတွေတွေ့ရင် သင်ယူပါတယ်။ နာယူစရာ ရှိရင် နာယူပါတယ်။ ကိုယ့်ဆရာသမားတွေကိုလည်း အမြဲအမှတ်ရနေပါတယ်။ ငယ်ငယ်ထဲက သင်နေရတာ အခုအရွယ်ထိ သင်ယူမဆုံး။ လေ့လာမဆုံး။ မူကြိုအဆင့်လောက်တော့ တတ်ပြီလို့ ကိုယ့်ဟာကိုယ်ထင်နေတာ၊ မူကြိုအဆင့်တောင်မရောက်သေးဘူးလို့ ဒီနေ့မှ သတိပြုမိတော့တယ်။ အလုပ်ကအပြန် မောမောနဲ့ အိမ်နဲ့မနီးမဝေးက အပန်းဖြေစရာပန်းခြံလေးထဲဝင်မိတယ်။ အရိပ်ကောင်းတဲ့ခုံလေးမှာထိုင်။ ကန်ရေကိုဖြတ်တိုက်လာတဲ့လေနုအေးကိုရှုရင်းနဲ့ ဇိမ်ကြနေတာ။ ရာသီဥတုကလည်းပူသကိုး။ အနားမှာ ကလေးအသံတွေ ဆူညံနေတာကို ပထမပိုင်းမှာသတိမပြုမိသေးဘူး။ အမောပြေလောက်ချိန်မှ သတိပြုမိတယ်။ ကိုယ်ထိုင်နေတာ ကလေး ကစားကွင်းနားက ထိုင်ခုံမို့ ကလေးတွေဆော့ကစားနေတာလည်း အတိုင်းသားမြင်နေရတယ်။ ကလေးကစားကွင်းလေးက အသစ်လေးဖြစ်လို့။ အရင်အဟောင်းတွေကိုအကုန်ဖြုတ်ပြီး အသစ်လဲထားတော့...

Read more »

မောင်လူပေ – တော်ဝင်မင်္ဂလာတဲ့

May 20, 2018
မောင်လူပေ – တော်ဝင်မင်္ဂလာတဲ့

မောင်လူပေ – တော်ဝင်မင်္ဂလာတဲ့ (မိုးမခ) မေ ၂၀၊ ၂၀၁၈ ဟုတ်ကဲ့။ လေဒီဒိုင်ရဲယာနာရဲ့သားငယ်လေး ဟယ်ရီရဲ့မင်္ဂလာပွဲနေ့။ တကမ္ဘာလုံးက သဲသဲလှုပ်နေကြတယ်။ဟယ်ရီဆိုတာ အင်္ဂလန် ဘုရင်မကြီးရဲ့မြေးတော်လေး။ ဘုရင်ဖြစ်ဖို့စာရင်းမှာ ခြောက်ဦးမြောက်မင်းသားလေး။ အဖေက ဘုရင်မကြီးရဲ့သားကြီး၊ အမေကလည်း နန်းသွေးအပြည့်ပါတဲ့ မင်းသမီးလေး။ ဒီတော့ မင်းသားလေးဟယ်ရီက တော်ဝင်သွေးအပြည့်ပေါ့။ ရှေးကဆို တော်ဝင်သွေးကို မရောအောင်ဆိုပြီး မောင်နှမအရင်းတွေတောင် ပေးစားကြတယ်။ အဖေတူ အမေကွဲတွေ ယူကြရတယ်။ မင်းဆွေမင်းမျိုးတွေမို့ သွေးနှောမှာကြောက်ကြတာပေါ့။ ကြိုက်ကြိုက် မကြိုက်ကြိုက် ယူကြရတော့ အိမ်ထောင်ရေးတွေက အဆင်ပြေတာလည်းရှိ၊ မပြေတာလည်းရှိ။ မင်းသားလေးဟယ်ရီရဲ့ မိဘတွေလည်း တော်ဝင်သွေးဆိုပေမဲ့ အိမ်ထောင်ရေးကြတော့ တော်မဝင်ကြဘူးရယ်။ ချားလ်မင်းသားရဲ့ ငယ်ရီးစားက အသက်ကြီးကြီး အိမ်ထောင်ကြီးနဲ့မိန်းမ။ အမေဘုရင်မကြီးက ဒိုင်ယာနာမင်းသမီးလေးနဲ့အတင်းပေးစား။ အသက်က ထက်ဝက်လောက်ကွာနေတော့ အတွေးမတူ၊ မယူအဆမတူ။...

Read more »

မောင်လူပေ ● ထရန့်၊ အီရန်ပြဿနာနှင့် အမျိုးသားရေး

May 9, 2018
မောင်လူပေ ● ထရန့်၊ အီရန်ပြဿနာနှင့် အမျိုးသားရေး

မောင်လူပေ ● ထရန့်၊ အီရန်ပြဿနာနှင့် အမျိုးသားရေး (မိုးမခ) မေ ၉၊ ၂၀၁၈ လက်ယာစွန်းရောက် အမျိုးသားရေးဝါဒီတွေအကြိုက် စကားတွေနဲ့ မဲဆွယ်ပွဲဂတိတွေပေးခဲ့တာ ထရန့်ပါ။ အမျိုးသားရေးဝါဒီ ပီပီ အသားအရောင်ကွဲသူတွေကို နှိမ်ချတယ်။ အယူဝါဒမတူသူတွေကို တိုက်ခိုက်တယ်။ လူဖြူအစွန်းရောက်တွေ အား ကောင်းလာတယ်။ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်လိုတဲ့ လူ့အဖွဲ့အစည်းတွေကြားမှာ မယုံကြည်မှုတွေ ပိုများလာခဲ့တယ်။ သူ့ရဲ့ဂတိတွေထဲမှာ အီရန်နဲ့ချုပ်ဆိုခဲ့တဲ့ နြူကလီယားစာချုပ်ကို ပြန်ရုပ်သိမ်းမယ်ဆိုတာပါတယ်။ သူ့စကားကို အကောင် အထည်ဖေါ်တဲ့အနေနဲ့ ဒီနေ့ပဲ အဲဒီစာချုပ်ကို ဖျက်လိုက်ပါပြီ။ ကိုးရီးယားကျွန်းဆွယ်ဒေသ ငြိမ်းချမ်းဖို့ အရိပ်အယောင်လေး မြင်ရလို့မှမကြာမီ (တကယ်တောင် မငြိမ်းချမ်းခင်) အရှေ့အလယ်ပိုင်းရဲ့တည်ငြိမ်မှုကို ချိမ်းခြောက်ခံရမှုပဲ။ အီရန်နဲ့ချုပ်ခဲ့တဲ့ ဒီစာချုပ်ဟာ သမ္မတအိုဘားမားလက်ထက်က ချုပ်ခဲ့တဲ့စာချုပ်မို့ အိုဘားမားလက်နဲ့ရေးခဲ့သမျှ သူက ခြေနဲ့ ဖျက်တာဆိုလည်းမမှား။ အိုဘားမားကလည်း...

Read more »

မောင်လူပေ – လိုက်ကြမလား အီသီယိုးပီးယား

May 1, 2018
မောင်လူပေ – လိုက်ကြမလား အီသီယိုးပီးယား

A construction crane stands among office buildings over the city center in Addis Ababa, Ethiopia. (Sean Gallup/Getty Images) မောင်လူပေ – လိုက်ကြမလား အီသီယိုးပီးယား  (မိုးမခ) မေ ၁၊ ၂၀၁၈ အီသီယိုးပီးယား တဲ့။ မြန်မာတွေ ဒီနာမည်နဲ့မစိမ်းပါဘူး။ ဒီနာမည်ကြားရင် အစာရေစာပြတ်လတ်မှုကြောင့် အရိုးပေါ်အရေတင်ဖြစ်နေကြတဲ့ ကလေးငယ်ရုပ်ပုံလေးတွေ ပြေးမြင်ကြလိမ့်မယ်။ အစားအသောက်တစ်ခုခုကို အငမ်းမရ စားသောက်မိရင်တောင် အီသီယိုးပီးယားကပြန်လာတာလားလို့ မေးတတ်ကြသေး။ အရှေ့အာဖရိကရဲ့ ကုန်းတွင်းပိတ်နိုင်ငံ။ စားစရာမရှိလို့ ငတ်သေရတဲ့နိုင်ငံ။ အဲဒါ တချိန်က အီသီယိုးပီးယားရဲ့ရုပ်ပုံလွှာ။ အခုအချိန်မှာတော့ အီသီယိုးပီးယားဟာ ကမ္ဘာ့စီးပွားရေးဖွံ့ ဖြိုးမှု အလျှင်မြန်ဆုံးနိုင်ငံတစ်ခု ဖြစ်လို့နေပါပြီ။ အာဖရိကတိုက်မှာလည်း...

Read more »

မောင်လူပေ – အပူလွန် စီးပွားရေး

April 29, 2018
မောင်လူပေ – အပူလွန် စီးပွားရေး

မောင်လူပေ – အပူလွန် စီးပွားရေး (မိုးမခ) ဧပြီ ၂၉ ၊ ၂၀၁၈ စီးပွားရေးဈေးကွက်မှာသုံးတဲ့ စကားလုံးတစ်ခုရှိတယ်။ အပူလွန် စီးပွားရေး( Overheating economy ) တဲ့။စီးပွားရေးဈေးကွက် အေးစက်နေတဲ့အချိန်တွေရှိတယ်။ မြန်မာပြည်မှာ အခုဖြစ်နေတဲ့အခြေအနေမျိုးပေါ့။ ဈေးကွက်ကလည်ပတ်တယ်ဆိုရုံလေး။ အရှိန်မရပဲ နှေးကွေးနေတယ်။ ဒီဈေးကွက်ကို ပြန်လည်နွေးထွေးလာဖို့ ၊ ပိုပြီးအရှိန်ရစွာ လှုပ်ရှားလာဖို့ ဆီလောင်းပေးရမယ်။ ဆီနဲ့တူတဲ့ အရင်းအနှီး ငွေတွေ ထပ်ထည့်လိုက်မှ အေးစက်ရာက ပြန်လည်နိုးထရှင်သန်လာမယ်။ ငွေအရင်းအနှီးတွေတွေဆိုတာ ငွေစက္ကူတွေ ဗဟိုဘဏ်က ရိုက်ထုတ်ဖို့မဟုတ်။ ဈေးကွက်ထဲမရောက်လာတဲ့ငွေမဲတွေကိုဆိုလိုတာပါ။ အရင်စစ်အစိုးရခေတ်က ငွေလိုတိုင်း ရိုက်ထုတ်ခဲ့တဲ့အတွက် မြန်မာငွေတန်ဖိုးက ဆယ့်သုံးဆကျော်ကျဆင်းခဲ့ရတယ်။ ရာခိုင်နှုန်းအားဖြင့် ၁၃၀၀ % ရာနှုန်းထိ ငွေဖေါင်းပွခဲ့ရတယ်။ ၁၉၉၀နှစ်ဦးပိုင်းက တစ်ဒေါ်လာကို ငွေကျပ်တစ်ရာနှုန်းလောက်ပဲရှိခဲ့ရာက ၂၀၀ဝပြည့်နှစ်နှောင်းပိုင်းတွေမှာ...

Read more »

မောင်လူပေ – လူဝလေးရဲ့ သမိုင်းဝင်ခရီး

April 28, 2018
မောင်လူပေ – လူဝလေးရဲ့ သမိုင်းဝင်ခရီး

မောင်လူပေ – လူဝလေးရဲ့ သမိုင်းဝင်ခရီး (မိုးမခ) ဧပြီ ၂၈၊ ၂၀၁၈တောင်နဲ့မြောက်ကိုးရီးယားတို့ရဲ့ သမိုင်းဝင်တွေ့ဆုံမှု ဒီနေ့ဖြစ်မြောက်တယ်။ မြောက်ကိုးရီးယားက ဘယ်ခေါင်းဆောင်မှ တောင်ကိုးရီးယားကိုမလာခဲ့ဖူးပါ။ သူတို့တွေ့ဆုံတဲ့အခါ ကြားခံနိုင်ငံဖြစ်တဲ့ ချိုင်းနိစ်ကြီးဆီမှာပဲတွေ့ခဲ့ကြတယ်။ ဒီနေ့တော့ မြောက်ကိုးရီးယားခေါင်းဆောင် လူဝလေးလို့ ချစ်စနိုးခေါ်ကြသူ ကင်ဂျုံအွန်ဟာတောင်ကိုးရီးယားမြေပေါ်ကိုရောက်လာခဲ့ပြီ။ တောင်ကိုးရီးယားသမ္မတမွန်းနဲ့ တွေ့ဆုံဆွေနွေးကြတယ်။ တောင်နဲ့မြောက်ကိုးရီးယားကြားမှာ တရားဝင်မချုပ်ဆိုရသေးတဲ့ စစ်ပြေငြိမ်းရေးစာချုပ်ချုပ်ဆိုရေး၊ ကိုးရီးယားကျွန်းဆွယ်မှာ နြူကလီးယားလက်နက်တွေ ကင်းစင်ရေးအတွက် ဆွေးနွေးကြတာပါတဲ့။ ဒီသတင်းဟာ ကိုးရီးယားကျွန်းဆွယ်တစ်ခုထဲအတွက်သတင်းကောင်းမဟုတ်။ အနီးက နိုင်ငံတွေဖြစ်တဲ့ ချိုင်းနိစ်၊ ဂျပန်တို့အတွက်သာ သတင်းကောင်းမဟုတ်။ အာရှတိုက်ကြီးနဲ့ကမ္ဘာကြီးအတွက် သတင်းကောင်းတစ်ခုပါပဲ။ အဖေသေလို့သမ္မတဖြစ်လာတဲ့သားငယ်လူဝလေးက သမ္မတဖြစ်လာထဲက သူ့စိတ်ကြိုက်လုပ်ပြခဲ့သူ။ ဒုန်းကျည်တွေစမ်းလိုက်၊ နြူကလီးယားတွေစမ်းလိုက်နဲ့ ကမ္ဘာကို မထေမဲ့မြင်ပြုလုပ်ပြခဲ့သူ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကြီးက ဘယ်လိုပင် စီးပွားရေးပိတ်ဆို့မှုတွေလုပ်လုပ်၊ ချိုင်းနိစ်ကြီးအားကိုးနဲ့ မဖြုံခဲ့သူပေါ့။ နောက်ဆုံးတော့ နောက်ကနေထောက်ပံ့နေတဲ့...

Read more »

မောင်လူပေ ● ခွဲခြားနှိမ်ချမှု (Discrimination and Harassment) ဟူသည်

February 12, 2018
မောင်လူပေ ● ခွဲခြားနှိမ်ချမှု (Discrimination and Harassment) ဟူသည်

မောင်လူပေ ● ခွဲခြားနှိမ်ချမှု (Discrimination and Harassment) ဟူသည် (မိုးမခ) ဖေဖော်ဝါရီ ၁၂၊ ၂၀၁၈ ရွှေပြည်ကြီးက ပါတီကြီးတစ်ခုရဲ့အမတ်ဟောင်းက ကိုမင်းကိုနိုင်ကို စင်ပေါ်တက်ပြီး ချိုးချိုးဖဲ့ဖဲ့တွေ ရိုင်းရိုင်းစိုင်းစိုင်းတွေသုံးပြီး နှိမ်ချတိုက်ခိုက်သွားတာကို စစ်တပ်ထောက်ခံပွဲလို့အမည်တတ်ထားတဲ့ပွဲတစ်ခုမှာ တွေ့လိုက်တယ်။ ပြည်တွင်းစစ်အတွင်း တပ်နှစ်ဖက်တိုက်ပွဲတွေကြားမှာ မြေဇာပင်ဖြစ်ကြရတဲ့ကလေးတွေအတွက် သရုပ်ဖေါ်တဲ့ သရုပ်ပြ ကွက်တစ်ခုကို တပ်ကကန့်ကွက်ခဲ့တာ၊ တပ်ကလွတ်လပ်ရေးကိုယူပေးခဲ့တာမဟုတ်ဘူးဆိုတဲ့ပြောဆိုချက်ကို မကြေလည် တာ စတဲ့အကြောင်းတွေကြောင့်ဆိုရင် မကြေလည်တဲ့အကြောင်း၊ မကြိုက်တဲ့အကြောင်း၊ အဖြစ်မှန်က သည်လိုဖြစ်ကြောင်း စသည်နဲ့ လူကြီးလူကောင်းပီသစွာ ရှင်းပြရမဲ့အစား တဖက်သားရဲ့အားနည်းချက်ကိုနင်းပြီး ရိုင်းပြစွာပြောသွားသူအတွက် ယိုသူမရှက်၊ မြင်သူရှက်လည်းဖြစ်ရတယ်။ ဗုဒ္ဓဘာသာဝင်တွေများတဲ့နိုင်ငံမှာ အပြောအဆိုတွေ တစ်နေ့တစ်ခြားရိုင်းစိုင်းလာနေတာ ကောင်းတဲ့အလားအလာမဟုတ်။ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းမှာ လူလူချင်းနှိမ့်ချခွဲခြားသူများအတွက် နေရာမရှိ။ နိုင်ငံတကာကလက်မခံကြတဲ့ ခွဲခြားခြင်းနဲ့နှိမ်ချခြင်း (Discrimination and Harassment)...

Read more »

မောင်လူပေ – ချိုင်းနိစ်နှစ်သစ် ၂၀၁၈ ခွေးနှစ် အကြောင်း

February 6, 2018
မောင်လူပေ – ချိုင်းနိစ်နှစ်သစ် ၂၀၁၈ ခွေးနှစ် အကြောင်း

မောင်လူပေ – ချိုင်းနိစ်နှစ်သစ် ၂၀၁၈ ခွေးနှစ် အကြောင်း (မိုးမခ) ဖေဖော်ဝါရီ ၆၊ ၂၀၁၈ ချိုင်းနိစ်နှစ်သစ်ရောက်တော့မယ်။ ချိုင်းနိစ်ဗေဒအလိုအရ နှစ်တိုင်းကို အကောင်ဆယ့်နှစ်ကောင်နဲ့ သတ်မှတ်ချက်အရ ဒီနှစ် ၂၀၁၈ကတော့ သစ္စာရှိတယ်လို့နာမည်ကြီးတဲ့ ခွေး နှစ်ကိုကြရောက်ပါတယ်။ မြေကြီးဓါတ်ကိုရတဲ့ခွေး( Earth Dog year) ပါတဲ့။ အတိအကျပြောရရင်တော့ ၂၀၁၈ ဖေဖေါ်ဝါရီလ ၁၆ရက်(ချိုင်းနိစ်နှစ်သစ်ကူးနေ့)ကနေ ၂၀၁၉ ဖေဖေါ်ဝါရီလ ၉ရက်နေ့ကြားမွေးသူများဟာ ခွေးနှစ်မွေးသူများပါလို့ ဆိုလိုပါတယ်။ ချိုင်းနိစ်နှစ်ကူးအပြီး ၁၉၃၄၊ ၁၉၄၆၊ ၁၉၅၈၊ ၁၉၇၀၊ ၁၉၈၂၊ ၁၉၉၄၊ ၂၀၀၆၊ ၂၀၁၈၊ ၂၀၃၀ မှာမွေးသူတွေဟာ ခွေးနှစ်မှာမွေးသူတွေပေါ့။ ရွှေ၊ သစ် ၊ရေ၊ မီး ၊မြေ ရယ်လို့ ဓါတ်ကြီးငါးပါးနဲ့ခွဲခြားတဲ့အခါ ဒီနှစ်ဟာ...

Read more »

မောင်လူပေ ● ကမ္ဘာ့ငွေ၊ မြန်မာ့ငွေ…. ဘယ်သူတွေစိုးမိုးထား

January 24, 2018
မောင်လူပေ ● ကမ္ဘာ့ငွေ၊ မြန်မာ့ငွေ…. ဘယ်သူတွေစိုးမိုးထား

မောင်လူပေ ● ကမ္ဘာ့ငွေ၊ မြန်မာ့ငွေ…. ဘယ်သူတွေစိုးမိုးထား (မိုးမခ) ဇန်န၀ါရီ ၂၄၊ ၂၀၁၈   ပြီးခဲ့တဲ့ ၂၀၁၇ တစ်နှစ်လုံးမှာ တစ်ကမ္ဘာလုံးကလူတွေ ကြိုးစားရှာဖွေခဲ့တဲ့ ငွေအားလုံးရဲ့ ၈၂%ကို ထိုလူတွေထဲက အချမ်းသာဆုံးသော တစ်ရာခိုင်နှုန်းက ရရှိပိုင်ဆိုင်ခဲ့ပါတယ်လို့ Oxfam International အဖွဲ့ကြီးကဆိုတယ်။ သူတို့အဆိုအရ ဝင်ငွေတစ်ဆယ်ရှိရင် ရှစ်ကျပ်ဟာ ၁%ကရပြီး ကျန်တဲ့နှစ်ကျပ်ကသာ ၉၉% ကရတဲ့သဘောပေါ့။ ကမ္ဘာလူဦးရေရဲ့ ၅၀%ကလည်း စီးပွားရေးတိုးတက်မှုမရှိပဲ အရင်အတိုင်းဆင်းရဲမြဲပါပဲ။ ကမ္ဘာ့စီးပွားရေးက ချမ်းသာသူတွေကိုသာ မျက်နှာသာပေးပြီး သာမန်အလုပ်သမားတွေအတွက် ဘာမှမတိုးတက်စေခဲ့ပါ။ ကုဋေကြွယ်သူဌေးတွေ တိုးလာတာဟာ စီးပွားရေးတွေတိုးတက်လာတာမဟုတ်ပဲ စီးပွားရေးနည်းလမ်းတွေ ကျဆင်းနေပြီဆိုတာ ပြနေတာပဲလို့ အော့ဖန်(Oxfam) အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဝင်နီကပြောပါတယ်။ (ချိုင်းနိစ်ကြီးကို ပြောလိုဟန်ရှိတယ်။) မကြာခင် ဒါဗို့မှာ...

Read more »

မောင်လူပေ- ဗဟိုအစိုးရ ရပ်ဆိုင်းခြင်း(Government shutdown)

January 21, 2018
မောင်လူပေ- ဗဟိုအစိုးရ ရပ်ဆိုင်းခြင်း(Government shutdown)

  မောင်လူပေ- ဗဟိုအစိုးရ ရပ်ဆိုင်းခြင်း(Government shutdown) (မိုးမခ) ဇန်န၀ါရီ ၂၁၊ ၂၀၁၈အခုတလော အမေရိကားသတင်းတွေမှာ ကြားနေရမဲ့စကားလုံးကတော့ Government shutdown ဆိုတာပဲ။ ဗဟိုအစိုးရရပ်ဆိုင်းခြင်းလို့ ဘာသာပြန်ရမယ်ထင်ရဲ့။ ဒေါ်နယ်ထရန့်ရဲ့ သမ္မတသက်တမ်းတစ်နှစ်ပြည့်နှစ်ပတ်လည်နေ့မှာ တကယ်ဖြစ်သွားလေတော့ အမှတ်တရနှစ်ပတ်လည်ပေါ့လေ။ အရင်သမ္မတတွေဖြစ်တဲ့ ဘွတ်ရှ်တို့ အိုဘားမားတို့ခေတ်မှာလည်းဖြစ်ခဲ့ဖူးတယ်။ နောက်ဆုံးဖြစ်ခဲ့တာ ၂၀၁၃ အောက်တိုဘာမှာ၊ (၁၆)ရက်ကြာတယ်။ ဗဟိုအစိုးရ(federal government)ရဲ့ နှစ်စဉ်ရသုံးငွေစာရင်းကို လွှတ်တော်နှစ်ရပ်က အတည်ပြုပေးဖို့သဘောမတူနိုင်လို့ဖြစ်လာရတဲ့ရလာဒ်ပေါ့ဗျာ။ ဗဟိုဘဏ်မှာငွေရှိပေမဲ့ လွှတ်တော်နှစ်ရပ်ကအတည်ပြုမှ ထုတ်လို့ရမှာ။ အာဏာကို ခွဲဝေပေးထားခြင်း(check and balance)ကြောင့် သမ္မတနဲ့အပြိုင် လွှတ်တော်တွေမှာလည်း အာဏာအပြည့်ရှိတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလထဲကစပြီး သဘောတူညီမှုမရကြလို့ ငွေစာရင်းကို တနှစ်စာအတည်ပြုရမဲ့အစား အချိန်တိုလေးတွေအတည်ပြုရင်း ဆွေးနွေးနေကြတာပါ။ နှစ်လစာအတည်ပြုလိုက်၊ နောက်နှစ်လစာ ထပ်အတည်ပြုလိုက်ပေါ့။ အခုလည်းအောက်လွှတ်တော်က တစ်လစာအတည်ပြုထားတယ်။...

Read more »

မောင်လူပေ – ဟယ်လို ကယ်လီဖိုးနီးယား – ၃

January 14, 2018
မောင်လူပေ – ဟယ်လို ကယ်လီဖိုးနီးယား – ၃

    မောင်လူပေ – ဟယ်လို ကယ်လီဖိုးနီးယား – ၃ (မိုးမခ) ဇန်န၀ါရီ ၁၄၊ ၂၀၁၈ ကယ်လီဖိုးနီးယားပြည်နယ်ဆိုတော့ ပြည်နယ်အစိုးရရှိတယ်။ မြန်မာပြည်က ပြည်နယ်အစိုးရအဖွဲ့လို ပြည်နယ်ဝန်ကြီးချုပ်တော့မရှိ။ ပြည်နယ်အုပ်ချုပ်ရေးမှူး(Governor) က အုပ်ချုပ်တယ်။ ဒီလူကို ပြည်နယ်သားတွေက လေးနှစ်တစ်ကြိမ်ရွေးကောက်တင်မြှောက်တယ်။ နှစ်ကြိမ်ဆက်တိုက်ထက် ပိုလုပ်ခွင့်မရှိ။ အမေရိကားက ဖက်ဒရယ်ပြည်ထောင်စုဝင် ပြည်နယ်တစ်ခုမို့ သူ့မှာလည်း ပြည်နယ်လွှတ်တော်နှစ်ခုရှိတယ်။ ပြည်နယ်ရဲ့အထက် အောက်လွှတ်တော်နှစ်ခုလုံးမှာ ဒီမိုကရက်အမတ်တွေပဲ လွှမ်းမိုးကြတယ်။ ရှေးရိုးစွဲတွေနည်းတဲ့ပြည်နယ်မို့ ရှေးရိုးစွဲရီဗတ်ဗလီကန်တွေ အားမကောင်း။ ကယ်လီဖိုးနီးယား လက်ရှိ ဂါဗနာနဲ့ ယခင် ဂါဗနာဟောင်းကြီးများ (ဘရောင်း၊ ရီဂင်နဲ့ အာနိုး) အရင်ကရေးဖူးခဲ့သလိုပဲ အစိုးရသုံးရပ်ရှိတဲ့ အမေရိကားမှာ ဗဟိုအစိုးရ၊ ပြည်နယ်အစိုးရနဲ့ ဌာနေမြို့ရွာအစိုးရ သုံးခုလုံး သူ့အာဏာနဲ့သူ။ ရတဲ့အခွန်ကို...

Read more »

မောင်လူပေ – ဟယ်လို.. ကယ်လီဖိုးနီးယား – ၂

January 12, 2018
မောင်လူပေ – ဟယ်လို.. ကယ်လီဖိုးနီးယား – ၂

  မောင်လူပေ – ဟယ်လို.. ကယ်လီဖိုးနီးယား – ၂ (မိုးမခ) ဇန်န၀ါရီ ၁၂၊ ၂၀၁၈ အမေရိကားရဲ့ အချမ်းသာဆုံးပြည်နယ်ဖြစ်တဲ့ကယ်လီဖိုးနီးယားပြည်နယ်ကို မိတ်ဆက်ပေးတဲ့ဒုတိယပိုင်းမှာ ဒီပြည်နယ်ရဲ့သမိုင်းကြောင်းလေးကို ပြောပြချင်တယ်။ အမေရိကားရဲ့သမိုင်းကြောင်းအတိုင်းပဲ ဒီပြည်နယ်မှာ ပထမဆုံးအခြေချနေသူတွေဟာ အာရှတိုက်ရဲ့အလယ်ပိုင်းကနေ အမေရိကားတိုက်တစ်ခုလုံးရောက်အောင် ပျံ့နှံ့သွားကြသူတွေဖြစ်သော ရက်အင်ဒီယန်းလို့ ခေါ်ကြတဲ့ မျိုးနွယ်စုတွေပါပဲ။ သူတို့ကို ဌာနေအမေရိကန်လူမျိုးတွေ (native Americans) တွေလို့ ခေါ်ကြတယ်။ သူတို့တစ်တွေရောက်ရှိနေခဲ့ကြတာ နှစ်ပေါင်းသောင်းချီရှိနေခဲ့ပြီတဲ့။ (၁၆) ရာစုနဲ့ (၁၇)ရာစုမှာတော့ ဒီပြည်နယ်ဆီကို နယ်သစ်ရှာဖွေသူဥရောပသားတွေ တဖြေးဖြေးနဲ့ ရောက်လာခဲ့ကြတယ်။ ဒီပြည်နယ်ဟာ ၁၈ရာစုမှာ စပိန်ဘုရင်ရဲ့အပိုင်ဖြစ်သော အထက်ပိုင်းကယ်လီဖိုးနီးယား(Alta California) ပိုင်နက်ထဲမှာရှိခဲ့တယ်။ မက္ကဆီကိုက ၁၈၂၁မှာ တိုက်ယူလိုက်ပြီး သူ့အပိုင်နယ်အဖြစ်ကြေညာခဲ့တယ်။ ၁၈၄၈ခုမှာမှ အမေရိကားနဲ့ မက္ကဆီကိုစစ်ပွဲအပြီး အမေရိကားလက်အောက်ရောက်သွားခဲ့တာ။...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်