Posts Tagged ‘ မောင်ဥက္ကလာ ’

မောင်ဥက္ကလာ ● တစ်ဆယ် ?

April 2, 2017
မောင်ဥက္ကလာ ● တစ်ဆယ် ?

မောင်ဥက္ကလာ ● တစ်ဆယ် ? (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ နိုင်ငံရေးပါတီတွေ ပြွတ်သိပ်နေတဲ့ ရွှေပြည်ကြီးမှာ ပေါ်ထွက်လာမည့်ပါတီသစ် (ကြီး) ကို ကြိုဆိုလိုက်ခြင်း အလုပ်အကိုင် မယ်မယ်ရရ မရှိတဲ့ ကျွန်ုပ်မှာ ဒီနေ့ တာဝန်သိလုပ်သားပြည်သူတဦးရဲ့  ပြောပြချက်အရ ရန်ကုန်မြို့ တနေရာမှာ အထင်ကရ နိုင်ငံရေးသမား အဟောင်း – အသစ်၊ အကောင်း – အကျိုးတွေ တွေ့ဆုံပြီး ပါတီသစ်တဖွဲ့ ပေါ်ထွန်းတည်ထောင်ဖို့ ဆွေးနွေးကြမယ်ဆိုလို့ နိုင်ငံရေးသမားလိုလို၊ သတင်းသမားလိုလို၊ တတ်သိပညာရှင်လိုလို၊ လေ့လာသုံးသပ်သူလိုလိုနဲ့ – ပိုစိတ်ဝင်စားဖို့ကောင်းတဲ့ – ကော်ဖီ၊ လက်ဖက်ရည်၊ နေ့လယ်စာ ကျွေးမွေးမယ့် အခမ်းအနားကို ရောက်ရှိသွားခဲ့တယ်။ အဲ့ဂ လို ကိုယ့်လိုလူ ဘယ်နှစ်ယောက်ပါလဲ...

Read more »

မောင်ဥက္ကလာ – ငရဲပြည် တရက်နေခွင့်ရတဲ့ အခွင့်အရေး

March 28, 2017
မောင်ဥက္ကလာ – ငရဲပြည် တရက်နေခွင့်ရတဲ့ အခွင့်အရေး

မောင်ဥက္ကလာ – ငရဲပြည် တရက်နေခွင့်ရတဲ့ အခွင့်အရေး (မိုးမခ) မတ် ၂၈၊ ၂၀၁၇ – ကြားဖြတ်ရွေးကောက်ပွဲအတွက် ​- လူတယောက် ကွယ်လွန်အနိစ္စရောက်ပြီးနောက် ရေဝေးကနေ ဆယ်စွယ်ရောင် ပန်းခတ်ပန်းခိုင် ကနုတ်များနဲ့ ဆင်မြန်းထားသော နတ်ဗိမာန်တံခါးဂိတ်ပေါက်ဆီ ရောက်ရှိသွားတယ်။ ဒေါက် … ဒေါက် … တံခါးကြီးကို ခေါက်ဖို့လုပ်နေတုန်း အထက်အောက် အဖြူရောင်ဝတ်စုံကို စမတ်ကျကျ ဝတ်ထားသော နတ်မင်းတပါး ပေါ်လာပြီး “Welcome to Heaven” လို့ဆိုကာ၊ လက်ထဲမှာကိုင်ထားတဲ့ ဘုတ်အုပ်ကြီးကို လှန်လှောကြည့်ပြီး … “အမောင်က လူပြည်မှာတုန်းက နိုင်ငံရေးသမားတယောက် မဟုတ်လား” လို့ မေးလေတယ်။ “မှန်ပါတယ်။ အဲဒါ ပြဿနာ ရှိပါလား” လို့ ပုဂ္ဂိုလ်က နိုင်ငံရေးသမားပီပီ...

Read more »

မောင်ဥက္ကလာ – အရှုပ်ထုပ် ရှင်းပွဲ – ရှင်းမှပိုရှုပ်

March 10, 2017
မောင်ဥက္ကလာ – အရှုပ်ထုပ် ရှင်းပွဲ – ရှင်းမှပိုရှုပ်

မောင်ဥက္ကလာ – အရှုပ်ထုပ် ရှင်းပွဲ – ရှင်းမှပိုရှုပ် (မိုးမခ) မတ် ၁၀၊ ၂၀၁၇ ဆိုင်းမဆင့်ဗုံမဆင့် သီးသန့်ဖိတ်ခေါ် ကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ်မြောက် “အရှုပ်ထုပ်ရှင်းပွဲ” (လျှို့ ဝှက်) သတင်းစာရှင်းလင်းပွဲကို မိုးမကျသတင်းဂျာနယ်ကိုယ်စား တက်ရောက်ခွင့်ရရှိခဲ့ပြီး အခမ်းအနားမှာ ရှင်းနေတာကို ရှုပ်အောင် ဟစ်တလာ သီအိုရီနဲ့ “ကြီးကြီးလိမ်၊ ဗြောင်သာလိမ်တဲ့ လူတွေငြိမ်နေလိမ့်မယ်” (လင်းယုန် – မြန်မာသံတော်ဆင့်၊ မတ် ၄-၁၀၊ ၂၀၁၇) ရှင်းပြဖုံးကွယ်ပေးတဲ့ အာဏာပိုင်များ နဲ့ ၆၆(ဃ) ကြောက် သတင်းထောက်များ၏ အပြန်အလှန် မေးမြန်းဖြေကြားချက်များကို ကောက်နုတ်တင်ပြလိုက်ပါတယ်။ တင်ပြပါ အချက်အလက်များ မှန်မမှန် Fact-checking ကိုတော့ သက်ဆိုင်ရာ အာဏာပိုင်များနဲ့ သတင်းထောက်များကို ဆက်သွယ်မေးမြန်းကြည့်ပါ။ အခမ်းအနားမှူး —...

Read more »

မောင်ဥက္ကလာ – လူကြီးမင်းများကို ကျေးဇူးတင်တယ် …

February 27, 2017
မောင်ဥက္ကလာ – လူကြီးမင်းများကို ကျေးဇူးတင်တယ် …

  မောင်ဥက္ကလာ – လူကြီးမင်းများကို ကျေးဇူးတင်တယ် … (မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂၀၁၇ အလွန်ကြောက်သော ကျွန်ုပ်အဖို့ ဒီနေ့မနက် သတင်းစာရှင်းလင်းပွဲကြည့်ပြီးမှ ရက်ရှည်ကြာ အိပ်မပျော်စားမဝင်နဲ့ ရင်ဝမှဆို့နေသော ကြောက်လုံးကြီး လျှောကနဲကျသွားခဲ့ပြီး အတော်လေး နေသာထိုင်သာဖြစ်ကာ၊ အပြင်ဘာညာ လမ်းသလားမယ်၊ နေ့လယ်ပိုင်း နေသာရင် သတင်းစုံတဲ့ လမ်းထိပ်ဆံသဆိုင်သွား နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေး၊ ပသိုင်းမွေးတွေရိတ်၊ ဆံပင်ညှပ်ဖို့ စဉ်းစားထားသည်။ ပြောင်းလဲချိန်တန်ခေတ်ကြီးမှာ သွားသတိ လာသတိ နေတတ်မှ အသက်ရှည်မည် မဟုတ်ပါလား။ လေယာဉ်ကွင်းလို လူမြင်ကွင်းနေရာမျိုးမှာ မြေးငယ်ချီထားတဲ့ နိုင်ငံသိ ပုဂ္ဂိုလ်တဦးကို သေနတ်နဲ့ အနီးကပ် တေ့ပစ်တာကလွဲရင် အလွန်ငြိမ်းချမ်း နေပျော်စရာကောင်းသော ကျွန်ုပ်တို့ ရွှေပြည်ကြီးမှာ – အကြောက်တရားနဲ့ ကြီးပြင်းလာသော ကျွန်ုပ် ရုတ်ချည်း...

Read more »

မောင်ဥက္ကလာ – အတွဲအကွဲများနဲ့ ရွှေပြည်ဘုရားပွဲ

February 16, 2017
မောင်ဥက္ကလာ – အတွဲအကွဲများနဲ့ ရွှေပြည်ဘုရားပွဲ

မောင်ဥက္ကလာ – အတွဲအကွဲများနဲ့ ရွှေပြည်ဘုရားပွဲ (မိုးမခ) ဖေဖော်ဝါရီ ၁၆၊ ၂၀၁၇ အမှန်အတိုင်း ဝန်ခံရရင် ဒီရက်အတွင်း အခက်ဆုံးအလုပ်က စာရေးခြင်း။ ပြောချင်စရာ ရေးဖို့အကြောင်းအရာတွေ မရှိလို့မဟုတ်။ စာချစ်သူများ သိတော်မူတဲ့အတိုင်း ရွှေပြည်ကြီးမှာ ရေးစရာပြောချင်စရာတွေက ဒု့နဲ့ဒေး။ ဒါပေမဲ့ ဘယ်သူ အချုပ်အခြာအာဏာပိုင်ဆိုင်၊ ဘယ်သူဘယ်ဝါ ဘယ်လိုချုပ်ကိုင်အုပ်ချုပ်နေမှန်း မသိတဲ့ခေတ်ကြီးမှာ – နောက်ကွယ်က လက်မည်းကြီးတွေကလည်း များသပါ့။ တရားဥပဒေ စိုးမိုးရေး ဆိုတာကြီးကလည်း အပြောနဲ့စာရွက်ပေါ်မှာသာရှိပြီး၊ ကျုပ်တို့ပြည်သူတွေမှာ အုတ်ခဲ၊ တုတ်ဆွဲ ဖြေရှင်းနေရ။ အခြေအနေက စားသတိသွားသတိ ရင်တထိတ်ထိတ်နဲ့ မြင်တွေ့စိတ်ထဲရှိတာတွေ ပြောဖို့ဆိုဖို့ အကြောက်ကြီးတဲ့ ကျုပ်က လက်ရဲဇက်ရဲ ကားသမားတွေလို သွေးမရဲတော့ မပြောရဲပေါင်။ ကွေးသောလက် မဆန့်မီ အန္တရာယ် များပါဘိ။ အဲ့ဂါကြောင့်...

Read more »

မောင်ဥက္ကလာ ● ဒုက္ခပေးတဲ့ ခွေးများနဲ့ အိပ်မရအရေး

December 16, 2016
မောင်ဥက္ကလာ ● ဒုက္ခပေးတဲ့ ခွေးများနဲ့ အိပ်မရအရေး

မောင်ဥက္ကလာ ● ဒုက္ခပေးတဲ့ ခွေးများနဲ့ အိပ်မရအရေး (မိုးမခ) ဒီဇင်ဘာ ၁၆၊ ၂၀၁၆ နှင်းတွေဝေတဲ့ အနောက်နိုင်ငံက ပြန်ရောက်လာခဲ့တဲ့ မိုးမခဝိုင်းတော်သားတယောက်က မင်းတို့ ညစ်ပတ်ပေတူး၊ ဆူညံပြွတ်သိပ်နေတဲ့ ရန်ကုန်ဆောင်းကလဲ ဒီနေ့အထိ မအေးချမ်းပါလားလို့ ပြောတယ်။ ဒါကို ကျုပ်က ဆူလွယ်နပ်လွယ်နဲ့ ဆရာကြီးဦးထွန်းလွင် ဟောကိန်းအရတော့ လာနီညာ (La Niña) ကြောင့် ရာသီဥတုဖောက်ပြန် ဒီဆောင်းရာသီ အလွန်အေးမယ်လို့ ပြန်ပြောမိတယ်။ အဲ့ဂလို ကြက်ဥအရောင် တိမ်တောင်သဖွယ် … ဥတုရာသီဆိုတာ အာဏာရတဲ့အခါ မထင်ရင်မထင်သလို ဖောက်ပြန်တတ်တဲ့ လူတွေလို၊ ခန့်မှန်းရခက်တယ် မဟုတ်လား။ ကဲ ထားတော့ … ကျုပ်ပြောချင်တာက အစိုးမရ ဖောက်ပြန်နေတဲ့ ပူစပ်စပ် ဥတုရာသီ နဲ့ နိုင်ငံရေး...

Read more »

မောင်ဥက္ကလာ – ကောင်မလေးကို မထိနဲ့

November 18, 2016
မောင်ဥက္ကလာ  – ကောင်မလေးကို မထိနဲ့

မောင်ဥက္ကလာ  – ကောင်မလေးကို မထိနဲ့ (မိုးမခ) နိုဝင်ဘာ ၁၇၊ ၂၀၁၆ ဤစာသည် ဘဝရှင်မင်းတရားကြီး၏ လျှိုဝှက်မှတ်တမ်းဘုတ်အုပ်ကြီးထဲ ရေးခြစ်ထားသော စာဖြစ်သည်။ အတွင်းလူယုံတော်တဦးမှ ကျွန်ပ်ထံ ပေးပို့လာသည့် ဤစာကို အများသူငါ သိစေလိုငှား နိုင်ငံတကာ လျှို့ ဝှက်သတင်းတွေကို ရှာဖွေဖော်ထုတ်တင်ပြနေသော Wiki Leaks အုပ်စုကို ဘာသာမပြန်တတ်၍ မပေးပို့ဘဲ ကမ္ဘာကျော် မိုးမခမဂ္ဂဇင်းကြီးသို့ပေးပို့ ဖြန့်ဝေလိုက်ပါသည်။ စာပါ အချက်အလက်များ မှန်ကန်မှု ရှိမရှိကို အမည်ဝှက်နဲ့ ပေးပို့လာသော ဘဝရှင်မင်းတရားကြီး၏ လူယုံတော်ကို စုံစမ်းဆက်သွယ် တီးခေါက်မေးမြန်းနိုင်ပါသည်။ ဟိုခြစ်ဒီခြစ် ရေခြစ်ထားသော လျှို့ ဝှက်မှတ်တမ်းစာမှာ အောက်ပါအတိုင်း ဖြစ်သည် … ကျွန်ုပ် ရေမြေ့ရှင်သခင် ဘဝရှင်မင်းတရားကြီး၏ ကံဇာတာသည် မယုံနိုင်လောက်အောင် ဒီရေဒီလှိုင်းအလား...

Read more »

မောင်ဥက္ကလာ ● ခိုဖြူခိုပြာများနဲ့ လာလေ အတူသွားကြစို့

September 24, 2016
မောင်ဥက္ကလာ ● ခိုဖြူခိုပြာများနဲ့ လာလေ အတူသွားကြစို့

မောင်ဥက္ကလာ ● ခိုဖြူခိုပြာများနဲ့ လာလေ အတူသွားကြစို့ (မိုးမခ) စက်တင်ဘာ ၂၄၊ ၂၀၁၆ အဟွတ် … အဟွတ်နဲ့ ရက်ရှည်ဖျားနာပြီး မိုးမခစာမျက်နှာထက်ကနေ ပျောက်ကွယ်သွားလို့ စာဖတ်သူများတော့မသိ၊ အကြွေးရှင်တွေကတော့ ပေးဆပ်ရမယ့်အကြွေးတွေ မပေးဆပ်ဘဲ  ဒီတကြိမ်  ဓါးတောင်ကို မကျော်နိုင်၊  မီးပင်လယ်ကိုလည်း မဖြတ်နိုင်တော့ဘဲ ပြည်သူများမေတ္တာအလွန်ထားတဲ့ ဗိုလ်အောင်သောင်း၊ ဗိုလ်စိုးဝင်း၊ ဗိုလ်ရှုပ်တွေနောက် လိုက်ရှာပြီလို့ မေတ္တာရှေ့ ထား ရှိနေကြမည်။ အဟမ်း .. အဟမ်း … အဲ့ဂလောက် မေတ္တာရှေ့ထား မတွေးလေနဲ့ ကျွန်ုပ်အဖို့ အဲ့ဂလို တာဝန်မဲ့  အလွန်ငြိမ်းချမ်းတဲ့ ဤ ကမ္ဘာမြေကြီးမှ ထွက်ခွာသွားလို့ မဖြစ်သေး … လေအဟုန်နဲ့ ပြောင်းလဲချိန်တန်လို့ ပြောင်းတော့မယ် ပြောင်းလဲမှုတွေကို စောင့်ကြည့်ဖို့ (စောင့်ပဲစောင့်ကြည့်တတ်တာ...

Read more »

မောင်ဥက္ကလာ – အဟွတ် … အဟွတ် … ကွေးေးကွးလေး အလေးပြုပါတယ်

July 28, 2016
မောင်ဥက္ကလာ – အဟွတ် … အဟွတ် … ကွေးေးကွးလေး အလေးပြုပါတယ်

မောင်ဥက္ကလာ – အဟွတ် … အဟွတ် … ကွေးေးကွးလေး အလေးပြုပါတယ် (မိုးမခ) ဇူလိုင် ၂၈၊ ၂၀၁၆ အဟွတ် … အဟွတ် … လွန်ခဲ့တဲ့တစ်ပတ်ကျော်က မိုက်ကန်ကန်နဲ့ … မိုးထဲလေထဲနေပူထဲ လေးငါးနာရီလောက် ဟိုမျှော်ဒီငေး နေခဲ့တဲ့ ရလဒ်ကြောင့် အခုတော့ အဟွတ် … အဟွတ် … အိပ်ရာထဲ ကွေးကွေးလေး၊ မလှုပ်နိုင်။ တကိုယ်လုံး ကိုက်ခဲ ခံစားနေရပေါ့။ ဒါကို ချစ်ရတဲ့ ဗိုလ်ချုပ် မသိရှာ။ အဖြစ်က မနှစ်ကနဲ့မတူ … မတူဆို မနှစ်က အဝေးရောက်နေလို့၊ အခွင့်အခါမသာလို့ မသွားနိုင်ခဲ့။ သွားခွင့်မရခဲ့တော့ အခွင့်သာတဲ့ ဒီနှစ်ဒီတကြိမ်မှာ အဝေးမြေက အရောက်ပြန်ပြေးလာပြီး ချစ်ရတဲ့ ဗိုလ်ချုပ်ကို...

Read more »

မောင်ဥက္ကလာ – ပြည့်လုပြီ နာရီချိန် (၂၄၀၀)

July 7, 2016
မောင်ဥက္ကလာ – ပြည့်လုပြီ နာရီချိန် (၂၄၀၀)

မောင်ဥက္ကလာ – ပြည့်လုပြီ နာရီချိန် (၂၄၀၀) (မိုးမခ) ဇူလိုင် ၇၊ ၂၀၁၆ နိုင်ဂံဂျားကို ကြောင်တောင်တောင် ယောင်တိယောင်န ခေတ္တရောက်ရှိသွားခဲ့သော ကျွန်ပ်သည် ဘက်ပေါင်းစုံ ပြောင်းလဲတိုးတက်နေသော ရွှေပြည်ကြီးဆီသို့ ဘေးမသီရန်မခ ပြန်ရောက်ခဲ့ပြန်ပြီ။ မနေ့က ရွှေပြည်ကြီး မဟုတ်သော ဒီနေ့ ရွှေပြည်ကြီးသည် နေ့ချင်းညချင်း အပြောင်းလဲကြီး ပြောင်းလဲလာခဲ့သည်မှာ မယုံနိုင်လောက်စရာ ဖြစ်နေတော့သည်။ ရွှေပြည်ကြီးမှာ အခုဆို ပြည်သူတွေရဲ့  အသည်းကျော် မယ်တော်ကြီးကိုယ်တိုင် သမ္မတအထက်ကနေပြီး အစိုးရသစ်ကို ဘက်ပေါင်းစုံကနေ ထိန်းကျောင်းအုပ်ချုပ်နေသောကြောင့် ရွှေပြည်ကြီးမှာ သမ္မတ ရှိလား၊ ရှိသေးလား။ ဘယ်သူဘယ်ဝါ သမ္မတဆိုတာကို အများသူငါ မသိ၊ အလေးမထား ဖြစ်နေတော့သည်။ တချို့ ကျောင်းတွေ၊ ရုံးတွေမှာဆို သမ္မတဟောင်းကြီးဓါတ်ပုံကို ခပ်ပြောင်ပြောင်...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ

By

  မိုးမခ မတ်၊ ၂၀၁၇ ထွက်ပါပြီ (မတ် ၉ ၊ ၂၀၁၇)...

Read more »

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ

By

မိုးမခ ဖေဖော်ဝါရီကို အိမ်အရောက် မှာယူနိုင်ပါပြီ (မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၇ တရားမျှတဖို့ အတွက်...

Read more »

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့ အိမ်အရောက် ပို့ဆောင်ပေးနေပါတယ်

By

မိုးမခမဂ္ဂဇင်းကို မြန်မာပြည်အနှံ့  အိမ်အရောက် ပို့ဆောင်ပေးနေပါတယ် (မိုးမခ) ဇန်နဝါရီ ၆၊ ၂၀၁၇ ၂၀၁၆...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်