Posts Tagged ‘ မောင်နောင်မွန် ’

မောင်နောင်မွန် ● တောတောင်ခင်တန်းတွေအကြောင်း

September 1, 2017
မောင်နောင်မွန် ● တောတောင်ခင်တန်းတွေအကြောင်း

မောင်နောင်မွန် ● တောတောင်ခင်တန်းတွေအကြောင်း (မိုးမခ) စက်တင်ဘာ ၁၊ ၂၀၁၇ မြင်ကွင်းတွေက တဖြေးဖြေးပြောင်းလာသည်။အဝါတွေအညိုတွေမှသည် အစိမ်းရောင်ဆီပြေးလာနေသည်။  အစိမ်းရောင်ခင်တန်းတွေရဲ့အဆုံးသတ်အနားလေးတွေကိုတော့မတွေ့ရသေး။ မိုးရိပ်မိုးညိုလေးတွေတော့တွေ့နေရသည်။ စစ်တောင်းတံ တားကြီး ကိုဖြတ်ကာ ရာမညတိုင်းသို့ဝင်လာခဲ့လေသည်။ လမ်းမတွေဟာ ရှည်လျားထွေးပြာလွန်းနေသည်။ တောင်တန်ကြီး တွေက ထီးထီးတည်ရှိနေသည်။ ထိုရှုမျှော်ခင်းသည် ဘုရားပေးသော သဘာဝလက်ဆောင်ဖြစ်သည်။ အရပ်လေးမျက်နှာတွင် အစိမ်းရောင်တွေကနေရာယူထားကြသည်။ ထိုကဲသို့လှပသောမြင်ကွင်းများရှုမျှော်ခင်းများသည် လူသားတို့(သို့မဟုတ်) လူတစု(သို့မဟုတ်) လူတဦးတယောက်ကြောင့်ပျက်စီးသွားမှာစိုးရွံ့မိသည်။ ဆရာမြသန်းတင့်၏ နွေဆိုသောအက်ဆေးတစ်ပုဒ်ကိုဖတ်ဖူးသည်။ ဆရာရေးထားသည်မှာ နွေဦးရာသီဆိုသည်နှင့် ထန်းပင် ထန်းလက်တွေနဲ့ အညာနွေအလှကိုမြင်ယောင်မိသည်ဟုဖွဲ့ထားသည်။ ခုကျနော်လည်း မိုးဦးရာသီဆိုသည်နှင့် အောက်ပြည် အောက်ရွာကိုသတိရသည်။ ဗညားဟန်၏ ဝါဆိုမိုးနဲ့ပြန်ခဲ့ပါ ဟူသော သီချင်းသံကသောတအာရုံထဲအလိုလိုဝင်လာသည်။ မိုးဦးရာသီပြောလိုက်တာနဲ့ဟင်္သာတို့ပျော်စံရာမြေမှ မိုးစက်မိုးပေါက်တွေကိုမြင်ယောင်မိသည်။ အာဆီယံအဆင့်မီအာရှလမ်းမကြီးဟုနာမည်တပ်ထားသော အဝေးပြေးလမ်းပေါ်တွင် ကားများရှင်လင်းနေသည်။ မနက်ခင်း ခုနစ်နာရီဝန်းကျင်လောက်ရှိသောကြောင့်လည်းပါမယ်ထင်သည်။ လမ်းဘေးတဖက်တချက်တွင် အစိမ်းရောင်ရာဘာခင်းများကိုတမျှော်တခေါ်တွေ့နေရသည်။...

Read more »

မောင်နောင်မွန် ● အခန်းမှားဝင်တဲ့ ခြင်တကောင်အကြောင်း

May 26, 2017
မောင်နောင်မွန် ● အခန်းမှားဝင်တဲ့ ခြင်တကောင်အကြောင်း

မောင်နောင်မွန် ● အခန်းမှားဝင်တဲ့ ခြင်တကောင်အကြောင်း (မိုးမခ) မေ ၂၆၊ ၂ဝ၁၇ အခန်းအပြင်ဘက်ကိုပျံသန်းထွက်ဖို့ အားယူနေ ဆဲအချိန်မှာပင် မျက်လုံးတွေ ဝေဝါးလာသည်။ အရာရာကို အခိုး အငွေ့သာမြင်နေရသည်။ ကမ္ဘာကြီးသည် ချာချာလည်နေချေပြီ။ တကယ်တော့ ကျနော်သည် အတ္တကို ရှေ့တန်းတင်လေ့ရှိသည့် တောင်ပံခတ်သတ္တဝါတကောင်ဟု ဆိုချင်ဆိုနိုင်သည်။ ဘဝ သုံးခုကို ပိုင်ပိုင်နိုင်နိုင်ဖြတ်ကျော်ခဲ့ရတဲ့ ကျောရိုးမဲ့ တနည်းအားဖြင့် အင်းဆက်ပိုးလေးတကောင်။ ကျနော်တို့မျိုးရိုးစဉ်ဆက်ကလား။ တခါတရံ ပန်းဝတ်ရည်တွေကိုစားသုံးတတ်တာမျိုးရှိသလို တခါတရံတော့ ဝတ်ရည်ချိုအီ တို့ရဲ့ ဆန့်ကျင်ဘက် အသွေးတွေကိုစုတ်ယူစားသုံးတတ်သူများပေါ့။ ဒါပေမဲ့ ကျနော်တို့ဟာ မစင်ကြယ်တဲ့ လာဘ်လာဘ လိုဟာမျိုး ဘယ်သောအခါမှ မစားတတ်ခဲ့ချေ။ ကိုယ့်ဝမ်းစာအတွက် ကိုယ့်အသက်နဲ့ လဲယူစွန့်စားရတဲ့ သမာအာဇီဝ သန့်သန့်နဲ့သာ အသက်ရှင်ရပ်တည်နေတဲ့ မျက်လုံးပြူးပြူး တောင်ပံတပ်သတ္တဝါမျိုးတွေပါ။ ကျနော်တို့ဦးခေါင်းထဲက...

Read more »

မောင်နောင်မွန် ● သကြားဓာတ်နည်းသော မနက်ခင်းတခု

April 19, 2017
မောင်နောင်မွန် ● သကြားဓာတ်နည်းသော မနက်ခင်းတခု

မောင်နောင်မွန် ● သကြားဓာတ်နည်းသော မနက်ခင်းတခု (မိုးမခ) ဧပြီ ၁၉၊ ၂ဝ၁၇ မနေ့ညကတည်းကဖွင့်ထားမိသော ပြတင်းပေါက်မှထိုးဝင်လာသောနေရောင်ခြည်သည် မျက်နှာပေါ်၌ ကလူကျီစယ်နေလေ သည်။ မနက်ခင်းရောက်ကြောင်း အခါတော်ပေးနေလေသည်။ မနေ့ညကမပိတ်ထားမိသော ပြတင်းပေါက်မှတဆင့် အိမ် ခေါင်းရင်းရှိ သရက်ပင်ကြီးကိုမြင်နေရသည်။ ဆောင်းကုန်နွေကူးစမို့ သရက်ပွင့်တွေ သရက်ကင်းလေးတွေ တွေ့နေရသည်။ ကြွေလုဆဲဆဲဖြစ်နေလေသည့် ရွက်ဝါတချို့တလေတို့သည်လည်း အပင်ပေါ်တွင် နောက်ဆုံးထွက်သက်ကို မျှင်းမျှင်း ရှူနေ သည့်အလား မြင်နေရသည်။ ထို့အတူ သစ်ကိုင်းတကိုင်းဆီမှ အခြားအကိုင်းတခုဆီသို့ ကူးလူးပျံသန်းနေသော စာကလေး နှစ်ကောင်ကိုပါ မြင်တွေ့ရလေသည်။ ထိုမြင်ကွင်းများအားလုံးပေါင်းစုလိုက်သည့်အခါ ထိုအရာသည် မနက်ခင်းဖြစ်ကြောင်း သက်သေထူပြနေပုံမျိုးဖြစ်သည်။ အခန်းမျက်နှာကျက်ရှိ ၂၅၀ ဗို့အားမီးလုံးလေးသည် လင်းနေသေးသော်လည်း နေရောင်ခြည်၏အလင်းတန်း စတင်ဝင်ရောက်လာနေပြီဖြစ်သောကြောင့် သင်းကလေး၏အလင်းရောင်သည် သိပ်ပြီး ထိရောက်မှုမရှိတော့ချေ။ အခန်းမျက်နှာကျက် ထောင့်တွင်မူ...

Read more »

မောင်နောင်မွန် ● ဆရာဝန်ပေါက်စတယောက်၏ ဖွင့်ဟချက်

February 27, 2017
မောင်နောင်မွန် ● ဆရာဝန်ပေါက်စတယောက်၏ ဖွင့်ဟချက်

မောင်နောင်မွန် ● ဆရာဝန်ပေါက်စတယောက်၏ ဖွင့်ဟချက် (မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂ဝ၁၇ “ညီမရေ အကိုရုံးဆင်းပြီနော် ဒီနေ့အေးဆေးဖြစ်ပါစေ” ဟုဆိုရင်း အခန်းထဲမှထွက်ကာ ယူစရာပစ္စည်းများယူရန် လက် ထောက် ဆရာဝန်များ နားနေခန်းသို့ထွက်လာခဲ့သည်။ လက်ထဲမှနာရီကိုကြည့်လိုက်တော့ (၄) နာရီ စွန်းစွန်းရှိချေပြီ။ ကျနော်သည် နယ်မြို့ကြီးတမြို့၏ဆေးရုံကြီး၌ တာဝန်ထမ်းဆောင်နေသည့် လက်ထောက်ဆရာဝန်ဖြစ်သည်။ တက္ကသိုလ် ဝင်စာမေးပွဲကို ထို့နယ်မြို့နားရှိကျေးတောရွာတရွာတွင် အောင်မြင်ခဲ့သည်။ ဆေးပညာကို မြန်မာနိုင်ငံမြေလတ်ဒေသရှိဆေးတက္ကသိုလ်တွင် တက်ရောက်ဆည်းပူးခဲ့ပြီးနောက် ရာထူးဝန်စာမေးပွဲဖြေဆိုကာ ယခုပြန်တမ်းဝင်အရာရှိ လက်ထောက်ဆရာ ဝန်ဖြစ်လာခဲ့ခြင်းဖြစ်သည်။ အခြေခံလူတန်းစာမိသားစုမှ ကြီးပြင်းလာသောလူမို့ အစိုးရ၏လစာ ၂ သိန်းစွန်းစွန်း ၃ သိန်း မပြည့် တပြည့်သည် ကျနော် တို့လိုလူတွေအတွက် တကိုယ်စာဖူလုံရေး မနည်းချွေတာသုံးစွဲနေရသည်။ မိဘများမောင်နှမများကိုထောက်ပံ့နိုင်ဖို့အရေး မှာ ဝေးနေသေးသည့် ရောင်နီပမာဖြစ်သည်။...

Read more »

မောင်နောင်မွန် ● ရေတိမ်နစ် အညွှန့်တုံးနေတဲ့ ငါးတကောင် အကြောင်း

December 18, 2016
မောင်နောင်မွန် ● ရေတိမ်နစ် အညွှန့်တုံးနေတဲ့ ငါးတကောင် အကြောင်း

မောင်နောင်မွန် ● ရေတိမ်နစ် အညွှန့်တုံးနေတဲ့ ငါးတကောင် အကြောင်း (မိုးမခ/သစ်ခက်သံလွင်) ဒီဇင်ဘာ ၁၈၊ ၂၀၁၆ မှန်ရေကန်ရဲ့ရေပြင်ထက်ကိုနှာပေါက်လေးပေါ်ကာ လေရှုသွင်းလိုက်တာကိုက ကျနော်အတွက် အင်မတန် အဓိပ္ပါယ် ပြည့် ဝနေတယ်။ ကျနော်ရဲ့ကိုယ်ထည်လေး ရှည်မျောမျောနဲ့ အမြီးလေးလှုပ်ယမ်းလိုက်ပုံကိုက မြင်သူငေးလောက်အောင် လှပခဲ့ တယ်။ အရင်ကပါ။ ခုတော့ ဒါတွေက ရေအိုင်ထဲက လရိပ်ပမာလို ပါးစပ်အဟောင်းသားနဲ့ နားထောင်နေရတဲ့ အိပ်ရာဝင် ပုံပြင်လိုဖြစ်သွားတာ အတော်ကြာရောပေါ့။ တကယ်ဆို ကျနော်က အသက် သိပ်မကြီးသေးပါဘူး။ လူတွေလိုပညတ်ခေါ်ဝေါ်မှုအရဆိုရင်တော့ အခုမှ လူလတ်ပိုင်း လောက်သာ ရှိဦးမယ်ပေါ့။ ဒါပေမဲ့ ကျနော့်မှာ ခြေကုန်လက်ပန်းကျနေတာ အတော်ကြာနေခဲ့ရ။ ရေနည်းတဲ့ကြာပင်လေးလို။ အခုတော့ ကျနော့်ခမျာ အခြားကောင်တွေ ကိုယ်လုံးလေးတချက်နှစ်ချက်လှုပ်လိုက်ရင်ကို အပေါ်ရောက်နိုင်တာကို ဒီမှာ အားတွေအတော်သွင်းရင်း...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်