Posts Tagged ‘ ယောဟန်အောင် ’

ယောဟန်အောင် ● မျက်စေ့နာလို့ ရေးတဲ့ကဗျာ

March 12, 2018
ယောဟန်အောင် ● မျက်စေ့နာလို့ ရေးတဲ့ကဗျာ

ယောဟန်အောင် ● မျက်စေ့နာလို့ ရေးတဲ့ကဗျာ (မိုးမခ) မတ်လ ၁၂၊ ၂၁၈ ပြောရရင်တော့ အရှည်ကြီးပဲဆရာ… ဒီမိုး၊ ဒီရေ၊ ဒီလူတွေကြောင့် မျက်စေ့နာတာ၊ ‘တနေ့က ဂျိုးဖြူပိုက်ရေထဲ မသန့်ဘူး’ ဆိုကတည်းက မျက်သားတွေ ယားယံလာ ‘လူမကြည့်ပါနဲ့ ပါတီကြည့်ပါ’ ဆိုကတည်းက မျက်သားတွေ ယားယံလာ မြို့တော်နောက်ဖေးလမ်းကြားတွေ မြင်ကတည်းက မျက်သားတွေ ယားယံလာ ထရိုဂျင်မြင်းရုပ်ကြီး ဟီးနေတာကြားကတည်းက မျက်သားတွေ ယားယံလာ ဖေ့ဘုတ်မှာ ကွန်မင့်တွေ လိုက်ဖတ်ပြီးတာနဲ့ မျက်စေ့ကိုက်လာ၊ နာတော့တာပါပဲ။ မျက်စေ့တစ်ဖက်သာ ကျန်မှ၊ စက္ခုနှစ်ကွင်း လင်းရတဲ့ ကျေးဇူးတော်ကို သတိရတယ် မမြင်ရခြင်းမှာလည်း ကျေးဇူးတော် ရှိတာပါပဲ ဖရုဿဝါစာများတဲ့ ထင်ရာစိုင်းဝါဒများတဲ့ ပေါချောင်ကောင်း ဆရာကြီးများတဲ့ ရှေ့နောက်စကားမညီ ဂျင်းသွင်းတဲ့ သတင်းများ...

Read more »

ယောဟန်အောင် ● သူခိုးတွေကြားထဲ ငါပြုတ်ကျတဲ့အခါ

August 16, 2017
ယောဟန်အောင် ● သူခိုးတွေကြားထဲ ငါပြုတ်ကျတဲ့အခါ

ယောဟန်အောင် ● သူခိုးတွေကြားထဲ ငါပြုတ်ကျတဲ့အခါ (မိုးမခ) သြဂတ်စ် ၁၆၊ ၂၀၁၇ ညက ဘယ်မှာခေါင်းချခဲ့ပါလိမ့် မိုးလင်းနိုးထတော့ မြေကဖုန်းဆိုး သူခိုးတွေကြားထဲ ငါပြုတ်ကျနေခဲ့တယ်။ ငါကျောချမ်းသွားပေါ့ အသွင်မတူလို့ကတော့ ဒီနေရာက ပြန်လမ်းမရှိဘူး ဂျက်လန်ဒန် ပြုတ်ကျတဲ့ ချောက်ကမ်းပါးမျိုးလား သတိတရားကို ပြန်မွေး ငါဟာ တွေးခေါ်တတ်သူပါ ငါဟာ ပညာတတ်ပါ… အသွင်ယူနေထိုင်ရင်း သူတို့အရပ်ကို ကျမ်းပြုဖို့ဖြစ်ခဲ့တယ်။ ဒီအရပ်မှာ အထာထားလို့ မရဘူး ငါလစ်ရင် ငါ့ဟာ သူခိုးမယ် သူလစ်ရင် သူ့ဟာ ငါခိုးမယ် စောရနက္ခတ်နိုးကြား မျိုးရိုးဗီဇမှာ မင်ကြောင်ထိုးထားတဲ့ အရပ်။ ဒီအရပ်မှာ သူခိုးပြေးစရာမလို ထိုးကွင်းထစရာမလိုဘူး တခါတလေ ပြူးပြဲပြီး “လူ.. လူ… လူ” ထဟစ်ပေးရသေးတယ် ဂျပိုးက တကယ်ကြီးလာတော့...

Read more »

ယောဟန်အောင် ● ရန်တွေဝိုင်းနေတဲ့ မြို့

August 14, 2017
ယောဟန်အောင် ● ရန်တွေဝိုင်းနေတဲ့ မြို့

ယောဟန်အောင် ● ရန်တွေဝိုင်းနေတဲ့ မြို့ (မိုးမခ) သြဂတ်စ် ၁၄၊ ၂၀၁၇ မီးမိုး၊ မြားမိုးမရွာသေးပေမယ့် ဒီမြို့ကို ရန်တွေက ဝိုင်းပတ်ထားပြီးပြီ ဟိုမှာ လှုပ်လှုပ်ရွရွ ဒီနားက ရုတ်ရုတ်သဲသဲ သားရဲအနံ့တွေနဲ့ ဂနာမငြိမ် မီးခိုး တိမ်စိုင်မှောင်ကျ ကောလဟာလတွေက တအိမ်ဝင် တအိမ်ထွက်။ တချိန်က လှပပွင့်ဖူးခဲ့တဲ့ မြို့ကြီးပါ မီးရောင်စုံနဲ့ တေးတွေမတိတ်ဆိတ်ခဲ့ ခုမှ လူတွေက စိတ်ချလက်ချ အိပ်လို့မရနိုင် ဖြစ်နေပုံများ “အိပ်မပျော်သူအတွက် ညတာရှည်လျား ပန်းနေသူ ခရီးသွားအတွက် တစ်ယူဇနာ ပိုရှည်လျား သူတော်ကောင်းတရားကို မသိနားမလည်ကြသော လူမိုက်များအတွက် သံသရာသည် အလွန်ရှည်လျား”နေရတယ်။ * ပန်းပွင့်များ၊ ဝိုင်ခွက်များ ကပွဲများညှိုးလျ တချို့က ကြံ့ကြံ့ခံ၊ တချို့လက်မြှောက် အနောက်ဖက်တံခါး ကျိုးပျက်ပြီလား...

Read more »

ယောဟန်​​အောင် ● မအေးသောင်းတို့ ရပ်ကွက်

August 6, 2017
ယောဟန်​​အောင် ● မအေးသောင်းတို့ ရပ်ကွက်

ယောဟန်​​အောင် ● မအေးသောင်းတို့ ရပ်ကွက် (မိုးမခ) သြဂတ်စ် ၆၊ ၂၀၁၇ သူငယ်မရယ် ယမန်နေ့ကို ချန်ထားရစ်ပြီပဲ ငါတို့လာတယ်၊ ငါတို့ မဲပေးတယ် ငါတို့ ပြောင်းလဲခဲ့တယ်လေ။ ဒါပေမယ့် ဒီရပ်ကွက်မှာ ဇာတ်လမ်းတွေ၊ ဇတ်ကြမ်းတွေ မနေ့ကလိုပဲလား နံနံစော် ပြိုပြိုလဲ သူတို့လို လူတန်းစားတွေ တဲတွေကြား မွေးထားတဲ့ ဝက်တွေက ဟိုသွားသည်သွား တဲအိမ်တွေ တစ်လုံးနဲ့တစ်လုံး သူ့ကိုယ်မှီ ကိုယ့်သူမှီနဲ့ ဘဝတွေ ပခုံးချင်း ကျားကန်ထားကြရ။ ဒီရပ်ကွက်မှာ ကလေးတွေက ပိန်တယ် သစ်သီးတွေက ပိန်တယ် ကြက်ပေါင်တွေ၊ သားငါးတွေက ပိန်တယ် ဟင်းရွက်တွေက ဈေးပေါင်ကျိုးချိန်လို ညှိုးပိန်လှီတယ်။ ဒီအရပ်မှာ သူတို့က အိမ်ရှင်ဆိုလည်း ဟုတ်သလို၊ ဧည့်သည်ဆိုလည်း ဟုတ်တယ် လိပ်ပြာလို...

Read more »

ယောဟန်အောင် ● မွန်မ ယောက်ျား ချော့ချင်း

August 2, 2017
ယောဟန်အောင် ● မွန်မ ယောက်ျား ချော့ချင်း

ယောဟန်အောင် ● မွန်မ ယောက်ျား ချော့ချင်း  (ဤကဗျာကို မွန်သံဝဲ၍ ဖတ်ပါ) (မိုးမခ) သြဂတ်စ် ၂၊ ၂၀၁၇ သတိရလွန်းလို့ပါ သူဖတ်နိုင်မှာ မဟုတ်ပေမယ့် ဒီကဗျာ ငါရေးတယ်၊ မိစွိုက်ဒဲ ငါ့ပဌာန်းဆက်ငဲ့ ဒီကနဲ … လွမ်းပလပ်နေတယ်။ မဂဒူး ဟင်းရွက်စေ့နှိုက်တဲ့ အိပ်မက်နဲ့ မြို့ကြီး ဒဂုံ (း) ကို တက်လာတယ် ၃- ရက်နဲ့ ပြောင်းလဲပြီဆိုသကိုး ဒီကနဲ ယုံ (း) မိတာပေါ့။ ခုချိန်ထိ ဒီမြို့ကြီးမှာ နေမထိ၊ စားမထိပါ ကိစ္စအကုန် ပူထိတယ်၊ ဘယ်ကြေ့ကြေ့ (ကြည့်ကြည့်) ကားတွေပိတ်တယ်၊ တက်လမ်းတွေ ပိတ်တယ် စီးပွားပိတ်တယ် လက်တလုံးခြား သွားတဲ့ကောင်ပဲ ရှေ့ကိုရောက် သောက်နိုင်စားနိုင်သူတွေက ဂျင်းကောင်တွေ...

Read more »

ယောဟန်အောင် ● စပ်ကူး မတ်ကူး

February 14, 2017
ယောဟန်အောင် ● စပ်ကူး မတ်ကူး

ယောဟန်အောင် ● စပ်ကူး မတ်ကူး (မိုးမခ) ဖေဖော်ဝါရီ ၁၄၊ ၂၀၁၇ ငါတို့ရဲ့စပ်ကူးမတ်ကူးတွေက ကြာလိုက်တာ စပ်ကူးမတ်ကူးတောင် ဟုတ်ရဲ့လား ပြန်ပြန်တွေးမိ မြစ်ကြီးကို အလျားလိုက်ကူးနေပြီး ကတိကဝတ်တွေနဲ့ မြုပ်သွားမှာလား ပန်းတိုင်ပျောက်ပြီး ဘယ်နေရာရောက်ရောက်ဆိုတဲ့ စပ်ကူးမတ်ကူးများလား သော့မရှိတဲ့ မနက်ဖြန်များလား စပ်ကူးမတ်ကူးဆိုပေမယ့် သူ မေ့မေ့လျော့လျော့ ပေါ့ပေါ့တန်တန် ရှိနေတဲ့ စပ်ကူးမတ်ကူးများလား သံသရာဆွဲဆန့်နေတဲ့ စပ်ကူးမတ်ကူးများလား မျောသွားတဲ့ ပုလင်းထဲက စာတစောင်ကို မျှော်နေရတဲ့ စပ်ကူးမတ်ကူးများလား ငါတို့ စပ်ကူးမတ်ကူးက လူစဉ်မမီတော့ဘူးလား။ လာခဲ့တယ်… တောင်တွေကျော်ပြီး လာခဲ့တယ်.. မုန်တိုင်းနဲ့အတူ လာခဲ့တယ်… ပင်လယ်ရွှက်လွှင့် လာခဲ့တယ်… ချောက်ကမ်းပါးကြီးကို တံတားကျောခင်း လာခဲ့တယ်။ ငါလျှောက်ခဲ့တာ နှစ် ၃၀ မင်းဆီ မရောက်နိုင်သေးဘူး ရေမကြည်...

Read more »

ယောဟန်အောင် ● ဒီမြို့ဟာ နေဖို့မကောင်းတော့ဘူး

February 5, 2017
ယောဟန်အောင် ● ဒီမြို့ဟာ နေဖို့မကောင်းတော့ဘူး

ယောဟန်အောင် ● ဒီမြို့ဟာ နေဖို့မကောင်းတော့ဘူး (မိုးမခ) ဖေဖော်ဝါရီ ၅၊ ၂၀၁၇ ဒီမြို့ဟာ နေဖို့မကောင်းတော့ဘူး ငါတို့ကြားထဲ ဆူးခံ သူစိမ်းဆန်ဆန် ဖြစ်လာကတည်းကပေါ့။ ဒီမြို့ဟာ တတိယကမ္ဘာဆန်ဆန် မွမ်းမံထားတဲ့မြို့ပါ။ ဆင်းရဲသားနဲ့ ကျူးကျော် ထူပြောတယ်၊ ရောဂါဘယနဲ့ တပွဲထိုး ကုထုံး reform တွေပေါတယ် ကားလမ်းချိုင့်ခွက်ပေါတယ် အပြော ညာမီးပြပြီး၊ အလုပ်ဘယ်ဖက် ကွေ့ချသွားတဲ့ ကားတွေများတယ် လာဘ်ခေါ်ပါးစပ်တွေ ပေါတယ် အိပ်ကပ်ဖောင်းရေး ပိုက်ဆံထည့်ဖို့လောက်ပဲ ကြည့်နေတဲ့သူတွေများတယ် မုဆိုးတွေ တောလည်တယ် လက်ညှိုးတကွေးမှာ မနက်ဖြန်တွေ ထွေးကနဲ ပုံကျသွားနိုင်တယ်။ ငါ့အတွေးအခေါ်က ပိုအေးစက်လာတယ် မင်းပါးနီထွေးက ပိုဖြူလျော်လာသလိုပဲ ဇွမ်ဘီ (Zoombie) တွေလို မဖြစ်လာစေဖို့ အိမ်တွင်းပုန်းအောင်း ချောင်းနေကြရတော့တယ်။ “ပန်းပေါင်းစုံပွင့်ပါစေ အတွေးအခေါ်ပေါင်းစုံ...

Read more »

ယောဟန်အောင် – သက်ကြားအို ဆောင်းခိုတဲ့မြို့

February 1, 2017
ယောဟန်အောင် – သက်ကြားအို ဆောင်းခိုတဲ့မြို့

  ယောဟန်အောင် – သက်ကြားအို ဆောင်းခိုတဲ့မြို့ (မိုးမခ) ဖေဖော်ဝါရီ ၁၊ ၂၀၁၇ မုန်တိုင်းတွေ စဲခဲ့ပြီထင်နေရတယ် နေ့တွေက သမားရိုးကျဖြစ်လာ အခုမှ ကိစ္စပေါင်းစုံကို သူ ကျမ်းပြုမတတ် စိတ်ဝင်စားနေပုံများ ကမ္ဘာလောကကြီး တခုလုံးကိုတောင် မြိုချမလိုထင်ရ။ အိမ်တလုံးရဲ့ ရင်ပုံရိုးထဲမှာ အတွေးမီးတပုံ ပျိုးလို့နေချိန် တံခါးတွေ တခုပြီးတခု တဂျိုင်းဂျိုင်း ပိတ်သံကြားနေရပေါ့ စက္ကန့်ကလေးတခု လျှော့သွားအောင် သူ့အတွက် လွှင့်မပစ်ရက် အဖိုးတန် ပင်လယ်ခရုဆီက အသံကို နားထောင်တယ်။ သတင်းစာနေ့စဉ် ဗေဒင်လှန်ကြည့်တယ်။ တယောက်ထဲ စစ်တုရင် ကစားတယ်။ မီးခံသေတ္တာကို ပြန်ဖွင့်တယ်။ ပြူတင်းကို ဖွင့်လို့ ပင်လယ်ကိုငေးတယ်။ ကွင်းကလေးတခုမှာ လမ်းလျှောက်ရင်းတွေ့တဲ့ ကောင်ကလေးကို “ဟဲလို.. ဟဲလို အဂိန်း” (Hello!...

Read more »

ယောဟန်အောင် ● ဆောင်းည

January 7, 2017
ယောဟန်အောင် ● ဆောင်းည

 ယောဟန်အောင် ● ဆောင်းည (မိုးမခ) ဇန်နဝါရီ ၇၊ ၂၀၁၇ “နွေက သူဟာ ပူလောင်ကြောင်း သက်သေကောင်းကောင်းနဲ့ အတိအလင်း ပြသနိုင်တယ်” ဆိုပေမယ့် ဆောင်းညက ရှည်လျား တိတ်ဆိတ်နေလိုက်တာ နှင်းသံ ဖြိုးဖြိုးဖျောက်ဖျောက်နဲ့ ချောက်ခြားစရာ အကြောင်းကြောင်းကြောင့် စိတ်ပြောင်းပြီလား စိုးမိပေါ့ နှင်းမိုးရိုင်းနဲ့ လေရူးလှိုင်းထ ရာသီအခါ။ တိတ်ဆိတ်နေဆို စနစ်ဆိုးတွေအပေါ် တိတ်ဆိတ်နေခဲ့တယ်။ အကြမ်းဖက်မှုတွေအပေါ် တိတ်ဆိတ်နေတာ အခြေခံအခွင့်အရေးတွေအပေါ် တိတ်ဆိတ်နေခဲ့တာ တရားမျှတမှုအပေါ် တိတ်ဆိတ်နေတာ မျက်ရည်၊ ငိုရှိုက်သံနဲ့ ငတ်မွတ်မှုတွေအပေါ် တိတ်ဆိတ်နေခဲ့တာ။ တို့ထုဆစ်ခဲ့တာ မဟာအိပ်မက်တွေပါ။ ဘာမှမဟုတ်ဘဲ ဆောင်းမြက်ရိုင်းကြား သွေးထိုင်း အေးခဲသွားနိုင်တာပေါ့။ “ငါတို့ရဲ့မြစ်ပါ ဝေ့ကာဝိုက်ကာ အလိုက်သင့် စီးမျောရင်း ပင်လယ်အထိ မဆင်း မရောက်နိုင်မှာ စိုးနေခဲ့တယ်။” *...

Read more »

ယောဟန်အောင် ● ပြည်တော်ပြန်

December 22, 2016
ယောဟန်အောင် ● ပြည်တော်ပြန်

ယောဟန်အောင် ● ပြည်တော်ပြန် (မိုးမခ) ဒီဇင်ဘာ ၂၂၊ ၂၀၁၆ ခေတ်ကိုက လှုပ်လှုပ်ရှားရှား၊ အနားမရနိုင်တဲ့ ခေတ်ပါ။ ပြောင်းလဲချိန် တန်ပါပြီ ဆိုသကိုး။ ပြောင်းလဲသမျှ အိမ်ပြန်လာသူအတွက် ပျောက်ဆုံးမှု ကြီးနေတယ်။ ပျောက်ဆုံးမှုက များဆို သူ့မြို့တော့ သူ့မြို့ပါ သူ ဘယ်ကိုလာလို့ ဘယ်ကိုသွားရမှန်းတောင် မသိဘူး။ ဆိုရှယ်လစ် ငြိမ်သက်မှုကို လှုပ်နှိုးပြီး မုန်တိုင်းထန်ဖို့ သူ ထွက်သွားခဲ့တာ ရေခြားမြေခြားမှာမှ အမှန်တရားရှာမဟဲ့ ကြုံးဝါး ထွက်သွားခဲ့တာ လွမ်းတာကို နာတာနဲ့ ပြေမယ် ထင်ခဲ့တဲ့သူ။ သူပြန်လာခဲ့တယ်။ သူ ထွက်သွားတဲ့ ၁၉၈၀ ခုနှစ်များဆီ ပြန်လာတာ… ရန်ကုန်တက္ကသိုလ်နဲ့ ဂျပ်ဆင်ဆီ၊ လှည်းတန်းနဲ့ ဦးချစ်ဆိုင်တန်းတွေဆီ ‘အီကို’ အဆောင်များနဲ့ ခုံတန်းလျားတွေဆီ။ ကြိုပုံက...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်