Posts Tagged ‘ အောင်ခိုင်မြင့် ’

အောင်ခိုင်မြင့် ● ကမ္ဘာ့အရွေ့နှင့် မြန်မာအရေး၊ အတွေးအခေါ်တော်လှန်ရေး

June 14, 2017
အောင်ခိုင်မြင့် ● ကမ္ဘာ့အရွေ့နှင့် မြန်မာအရေး၊ အတွေးအခေါ်တော်လှန်ရေး

အောင်ခိုင်မြင့် ● ကမ္ဘာ့အရွေ့နှင့် မြန်မာအရေး၊ အတွေးအခေါ်တော်လှန်ရေး (မိုးမခ) ဇွန်လ ၁၄၊ ၂ဝ၁၇ ခေတ်မီနည်းပညာများဖြင့် တိုးတက်ပြောင်းလဲ သစ်လွင်နေသော ကမ္ဘာကြီးသည် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး၊ စစ်ရေးဆိုင် ရာ ကိစ္စရပ်များသည် နေ့စဉ်နှင့်အမျှ ဖြစ်ပျက်ပြောင်းလဲနေပေသည်။ ဝါဒရေးရာ အားပြိုင်မှုများနေရာတွင် ပထဝီနိုင်ငံရေး၏ အလှည့်အပြောင်းအောက် နိုင်ငံရေး ချိန်ခွင်လျှာညီမျှမှုကို အဖြေထုတ်နိုင်ရန် ကြိုးစားမည်ဆိုလျှင် အကောင်းဆုံးမှာ ကမ္ဘာ ကြီးနှင့် ထိတွေ့ဆက်ဆံလျှက် သံရေးတမန်ရေးမှာ ရှေ့ကပြေးနိုင်မှ တော်ကာကျမည်ဟု သုံးသပ်ထင်မြင် ယူဆမိပါသည်။ အမေရိကန်တွင် ဒေါ်နယ်ထရန့်သည် သမ္မတအဖြစ်တာဝန်ထမ်းဆောင်ချိန်မှစတင်ပြီး ကနေဒါနိုင်ငံအပါအဝင် မြောက် အမေရိက တိုက်နိုင်ငံများ၏ စီးပွားရေးသဘောတူညီချက်များကို ပြန်လည်ပြင်ဆင်သတ်မှတ်ရန် ကြိုးစားနေသည့် နည်းတူ ရာသီဥတုအပြောင်းအလဲဆိုင်ရာ ပဲရစ်သဘောတူညီချက်ကို အသိအမှတ်မပြု လက်မှတ်မထိုးသည့်နိုင်ငံအဖြစ် အမေရိ...

Read more »

အောင်ခိုင်မြင့် ● တော်လှန်ရေး နိုင်ငံရေးနှင့် ဘဝအတွေ့ အကြုံများ – အပိုင်း (၂)

January 25, 2017
အောင်ခိုင်မြင့် ● တော်လှန်ရေး နိုင်ငံရေးနှင့် ဘဝအတွေ့ အကြုံများ – အပိုင်း (၂)

အောင်ခိုင်မြင့် ● တော်လှန်ရေး နိုင်ငံရေးနှင့် ဘဝအတွေ့ အကြုံများ – အပိုင်း (၂) (မိုးမခ) ဇန်နဝါရီ ၂၅၊ ၂၀၁၇ (၁) မြန်မာပြည်တွင် စစ်အာဏာရှင်စနစ် ပြုတ်ကျရေးနှင့် ဒီမိုကရေစီစနစ် ဖြစ်ပေါ်ထွန်းကားရေးအတွက် ပြည်တွင်းနှင့် ပြည်ပ ရောက်ရှိရာနေရာတိုင်း၌ မြန်မာကျောင်းသားများအပါအဝင် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများသည် နည်းလမ်းပေါင်း စုံဖြင့် ဒီမိုကရေစီတိုက်ပွဲဝင်ရာတွင် ယခုလို နှစ်သစ်ကူးအခါသမယရောက်တိုင်း တောတွင်း ထောင်တွင်း၌ မပျော်ရွှင်နိုင်ခဲ့ သော်လည်း စိတ်ဓာတ်မကျပဲ  ဖြတ်သန်းခဲ့သော  မြန်မာပြည် ဒီမိုကရေစီတော်လှန်ရေး နိုင်ငံရေး သူငယ်ချင်း ရဲဖော်ရဲဖက် လုပ်ဖော်ကိုင်ဖက်များနှင့်တောတွင်း၊ ထောင်တွင်းအတွေ့အကြုံများကို အမှတ်ရနေမိသည်။ ယခုလို တော်လှန်ရေး နိုင်ငံရေးနှင့် ဘဝအတွေ့ အကြုံများရေးသားရခြင်းမှာ အတိတ်ကို သင်ခန်းစာယူပြီး အနာဂတ်အား ပုံဖော်တည်ဆောက်ရန်ရည်ရွယ်ပါသည်။ ကမ္ဘာကြီးသည်...

Read more »

အောင်ခိုင်မြင့် ● တော်လှန်ရေး နိုင်ငံရေးနှင့် ဘဝအတွေ့အကြုံများ – အပိုင်း (၁)

January 9, 2017
အောင်ခိုင်မြင့် ● တော်လှန်ရေး နိုင်ငံရေးနှင့် ဘဝအတွေ့အကြုံများ – အပိုင်း (၁)

အောင်ခိုင်မြင့် ● တော်လှန်ရေး နိုင်ငံရေးနှင့် ဘဝအတွေ့အကြုံများ – အပိုင်း (၁) (မိုးမခ) ဇန်နဝါရီ ၉၊ ၂၀၁၇ ကျနော်သည် ဘဝရပ်တည်ရေးအတွက် တဖက်တွင် အသက်မွေးဝမ်းကျောင်းအနေဖြင့် ကနေဒါနိုင်ငံတွင် တတ်မြောက်ထား သော Electronic Engineering Technician  ဘွဲ့ဖြင့်  ရပ်တည်ရှင်သန်လျက် ဘဝကို ရုန်းကန်နေသော်လည်း တခြားတဖက် ၌ ဘလော့များ၊ ကွန်ယက်များတည်ထောင်ကာ ကဗျာများ ဆောင်းပါးများရေးသားနေသည်မှာ အကြောင်းရှိပေသည်။ အ မှောင်ခေတ်ထဲတွင် ဖြတ်သန်းခဲ့စဉ်တုန်းက ခါးသီးသော အတွေ့အကြုံ အဖြစ်အပျက်များ နောင်လာနောက်သားများ မခံစား လို မဖြစ်ပျက်လိုသော စေတနာအရင်းခံလျက် လုပ်ဆောင်နေရခြင်း ဖြစ်ပါသည်။ ဆရာနန္ဒသိန်းဇံ၏ စာပေဟောပြောပွဲမှစကားကို ကိုးကားရလျှင် သင်္ကြန်မိုး ဇာတ်ကားတွင် နေအောင်ကို ခင်သန်းနုမှ ခိုးရာ...

Read more »

အောင်ခိုင်မြင့် ● ၂၁ ရာစုခေတ်တွင် အတွေးအခေါ်ပြုပြင်ပြောင်းလဲရေး

December 5, 2016
အောင်ခိုင်မြင့် ● ၂၁ ရာစုခေတ်တွင် အတွေးအခေါ်ပြုပြင်ပြောင်းလဲရေး

အောင်ခိုင်မြင့် ● ၂၁ ရာစုခေတ်တွင် အတွေးအခေါ်ပြုပြင်ပြောင်းလဲရေး (မိုးမခ) ဒီဇင်ဘာ ၅၊ ၂၀၁၆ ၂၁ ရာစုခေတ်တွင် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးနှင့် သတင်းအချက်အလက်များ စီးမျောပျံ့နှံ့မှုများအပါအ၀င် ယနေ့ကမ္ဘာ ကြီး၏ နေ့စဉ်ပြောင်းလဲဖြစ်ပျက်နေမှုများသည် အချိန်နှင့်တပြေးညီ အလျင်အမြန် ဖြစ်ပေါ်လျက်ရှိပေသည်။ ထို့ကြောင့် ခေတ်စနစ်အခြေအနေများကို မှန်ကန်တိကျသောအချက်အလက်များပေါ်၌ အခြေခံပြီး ဓမ္မဒိဌာန်ကျကျ  ခန့် မှန်း သုံးသပ်မှုသည် အမှန်နှင့် နီးစပ်နိုင်မည်ဖြစ်သော်လည်း ကောလဟာလများအား အသက်သွင်းသောသုံးသပ်မှုများသည် အနာဂတ်အားခြိမ်းခြောက်စေသော အချက်အလက်အမှားများ လူထုကြားတွင် ပျံ့နှံ့ကျက်စားနိုင်ပေသည်။ သို့မှသာ နိုင်ငံရေး အကြပ်အတည်းများအောက်၌ နှစ်ပေါင်းများစွာ နေထိုင်အသက်ရှင်ခဲ့သော ပြည်သူလူထုသည် စားဝတ် နေရေး စိုးရိမ်ရေအမှတ်ကို တနေ့နေ့ တချိန်ချိန်တွင် မလွဲမသွေ ကျော်လွန်နိုင်ချေရှိသည့်  မျှော်လင့်ချက် ကောက်ရိုးတမျှင်ကို လက်တွေ့ကျကျ...

Read more »

အောင်ခိုင်မြင့် – စစ်နှင့် စနစ်၏သားကောင်များမှ စုပေါင်းတည်ထောင်ခဲ့သောနိုင်ငံ

July 26, 2016
အောင်ခိုင်မြင့် – စစ်နှင့် စနစ်၏သားကောင်များမှ စုပေါင်းတည်ထောင်ခဲ့သောနိုင်ငံ

  အောင်ခိုင်မြင့် – စစ်နှင့် စနစ်၏သားကောင်များမှ စုပေါင်းတည်ထောင်ခဲ့သောနိုင်ငံ (မိုးမခ) ဇူလိုင် ၂၆၊ ၂၀၁၆ ဦးနှောက်၏ အတွေးအခေါ်များကို ပိတ်ဆို့မနေစေလျက် အရာရာကို တရားသေ တသမတ်ထဲမထားပဲ ခေတ်နှင့်ဆီလျော်သော အတွေးသစ် အမြင်သစ်များဖြင့် ပြုပြင်ပြောင်းလဲတတ်သော စိတ်ဓာတ်သည်ပင်လျှင် တိုးတက်သစ်လွင်ခြင်း၏ အသီးအပွင့်ကို ခံစားနေရခြင်း ဖြစ်ဟန်တူသည် ။ ကောင်းကင်တခုထဲအောက်၌ မတူညီသော လူမျိုးများ ၊ ကွဲပြားခြားနားသော သာသာတရားများ ၊ အသွေးအရောင်စုံ သည့် အသားအရောင်များ ၊ အနယ်နယ်အရပ်ရပ်မှ ယဉ်ကျေးမှုများ ၊ အမြောက်အမြား ဘာသာစကားများကို စုပေါင်းပြီး လူသားအချင်းချင်းတန်ဖိုးထားသည့် လူသားဝါဒအား အခြေခံသော ဓမ္မဒိဌာန်ကျကျ တွေးခေါ်စဉ်းစားနိုင်မှုကပင်လျှင် ငြိမ်းချမ်းတိုးတက်သော တိုင်းပြည်အဖြစ် ကမ္ဘာ့အလယ် ပွဲလယ်တင့်တယ်နေရပါသည် ဟုဆိုလျှင်...

Read more »

အောင်ခိုင်မြင့် ● တိုင်းပြည်ဒီမိုကရေစီက နုနု၊ စစ်မုန်တိုင်းက ထန်ထန်ခေတ်ကြီးမှာ ….

May 1, 2016
အောင်ခိုင်မြင့် ● တိုင်းပြည်ဒီမိုကရေစီက နုနု၊ စစ်မုန်တိုင်းက ထန်ထန်ခေတ်ကြီးမှာ ….

 အောင်ခိုင်မြင့် ● တိုင်းပြည်ဒီမိုကရေစီက နုနု၊ စစ်မုန်တိုင်းက ထန်ထန်ခေတ်ကြီးမှာ …. (မိုးမခ) မေ ၁၊ ၂၀၁၆ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ကြီးဖြစ်ပွားနေစဲတိုင်းပြည်မှာ ရွေးကောက်ပွဲကတက်လာတဲ့ အနိုင်ရပါတီကို အာဏာလွှဲ ပြောင်းပေးမှုတွင်လည်း အရှည်ကြာဆုံးအဖြစ် ကမ္ဘာ့စံချိန်သစ်တင်ခဲ့ကြပြန်ပါတယ်။ အမှောင်ခေတ်ကြီးမှာ ရုပ်ပိုင်း စိတ်ပိုင်း အရာတွင် အောက်ကျ နောက်ကျ သိမ်ငယ်မှုတွေအောက်၌ ကျနော်တို့မြန်မာလူမျိုးတွေ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးနဲ့ ကိုယ့်ကိုကိုယ် ဂုဏ်ယူတတ်ဖို့မေလျော့နေသည်မှာ ဘယ်လောက်တောင် ကြာမြင့်ခဲ့ပြီလဲ။ အမေရိကန်သမ္မတအိုဘားမားက ကမ္ဘာကလေးစားရတဲ့ နိုင်ငံရေး ခေါင်းဆောင်စာရင်းဝင်  မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမှောင်ကိုခွင်းတဲ့အလင်း မီးအိမ်ရှင်အဖြစ်တင်စားခဲ့သလို မြန်မာစစ်ခေါင်းဆောင်များ တိုင်းရင်း သားခေါင်းဆောင်များကပါ တိုင်းပြည်ရဲ့ ရေရှည်ပြည်တွင်းစစ်ကို အဆုံးသတ်ပေးနိုင်မဲ့ ငြိမ်းချမ်းရေးမိခင်အဖြစ် မြင်တတ်ဖို့ လိုမယ်ထင်ပါတယ်။ ဆိုလိုသည်မှာ တိုင်းရင်းသားပြည်သူလူထုတရပ်လုံးက လေးစားချစ်ခင်ရတဲ့ တိုင်းပြည်ရဲ...

Read more »

အောင်ခိုင်မြင့် – ကောင်းကင်သစ်မှာ သာတဲ့လ

April 6, 2016
အောင်ခိုင်မြင့် – ကောင်းကင်သစ်မှာ သာတဲ့လ

အောင်ခိုင်မြင့် – ကောင်းကင်သစ်မှာ သာတဲ့လ (မိုးမခ) ဧပြီ ၆၊ ၂၀၁၆ ငြိမ်းချမ်းရေး လရောင်ချစ်သူတွေရဲ့အနာဂတ်သစ် စိမ်းလန်း မျှော်လင့်ခြင်း ကောင်းကင်သစ် သက္ကရာဇ်နှစ်သစ် အိမ်မက်ကို ထုဆစ်နေတယ်..။ လှိုင်းထန်ခဲ့ ခေတ်ပင်လယ်ကို အတူဖြတ်သန်းရ အမြင်ကျယ်တဲ့ ရဲရင့်ကြယ်တွေ ပွဲလယ်တင့်လှ ရင်ခုန်သံခြင်း ထပ်တူကျလို့ မြို့ပြတွေ ပြိုင်တူကတဲ့ ည..။ မြိုသိပ်ထားတဲ့ ဒဏ်ရာတွေ ပြည့်နှက် ညအမှောင်ကို ထမ်းပိုးထားတဲ့ ကျေးလက် ဘ၀ပျက် ထရံပေါက်က လရောင်ကို ချောင်းမကြည့်ချင်တော့ဘူး..။ ထောင်နံရံနဲ့ တောတောင်တွေ နောက်ကွယ်မှာ မပျောက်မကွယ် ယုံကြည် ပေးဆပ်၊ ထာဝရ မဟောင်းတဲ့အဖြစ်အပျက် ၀မ်းသာလို့ ကျတဲ့မျက်ရည်မို့ လူမြင်ခံရဲတယ်..။ မြစ်ဆိုတာ နောက်ပြန် မစီးဆင်းဘူး ချစ်ပေမဲ့ အဝေးက ခိုးကြည့်နေရသလိုမျိုးမို...

Read more »

အောင်ခိုင်မြင့် – အတော်ရင့်ကျက်နေတဲ့ မျှော်လင့်ချက်တွေ တောင်ပံခတ်စဲ

March 20, 2016
အောင်ခိုင်မြင့် – အတော်ရင့်ကျက်နေတဲ့ မျှော်လင့်ချက်တွေ တောင်ပံခတ်စဲ

 အောင်ခိုင်မြင့် – အတော်ရင့်ကျက်နေတဲ့ မျှော်လင့်ချက်တွေ တောင်ပံခတ်စဲ (မိုးမခ) မတ် ၂၀  ၂၀၁၆ ရှုပ်ပွ ရင်ဝယ်၊ အိပ်လို့မရတာ ကြာပြီး ဒုက္ခပင်လယ်၊ ပိတ်ဆို့ ခဏတာ ကာဆီးနေတယ်..။ တသက် မှောင်မိုက်တဲ့ စိတ်ထားနဲ့ မျက်နှာပြောင်တိုက်ခဲ့ အစိတ်သားကြောင့် ဘ၀ လောင်မြိုက်ကာ အရိပ်မမှားချင်ပါ..။ သိုသိုသိပ်သိပ် ဖြာကျနေတဲ့ ယုံကြည်မှု နေရောင်ခြည်အောက် မြိုသိပ်ထားတဲ့ တက်ကြွခြင်း တောင်တန်းများ နဂိုစိတ်အတိုင်း ထင်တိုင်းမကြဲ မိအောင် ရွှေရောင် တောက်ပ ကောင်းကင်ရဲ့မနက်ဖြန်မှာ စစ်တုရင်ပွဲလို ဗျူဟာတွေ တွက်ချက်နေရတဲ့ မြို့ပြများရှိတယ်..။ စက်ဆုပ် ရွံရှာခြင်း အရှုံးရဲ့အဝေးမှာ တက်သုတ် ရိုက်ပြီး မပြေးနိုင်တဲ့ အဆုံး အမှား အမှန်တွေကြားထဲ ဓား လှံ မြားစွဲ...

Read more »

အာင်ခိုင်မြင့် – ရာသက်ပန် ဒုက္ခရောက်ရမယ်လို့  ဘယ်ဘုရားမှ မဟောခဲ့ဘူး

January 30, 2016
အာင်ခိုင်မြင့် – ရာသက်ပန် ဒုက္ခရောက်ရမယ်လို့  ဘယ်ဘုရားမှ မဟောခဲ့ဘူး

 အောင်ခိုင်မြင့် – ရာသက်ပန် ဒုက္ခရောက်ရမယ်လို့  ဘယ်ဘုရားမှ မဟောခဲ့ဘူး (မိုးမခ) ဇန်န၀ါရီ ၃၀၊ ၂၀၁၆ ဒုက္ခနဲ့သွားပြီး မရောက်တဲ့ခရီးက ရုန်းထွက်ရမယ် အတ္တနဲ့ ခါးသီး အောင့်သက်သက်ခံစားပြီး အပြုံးပျက်ကြတယ်..။ … အထိတ်တလန့်မျက်နှာနဲ့ ကုလားထိုင်တွေ ဇရပ်ပျက်လို အသံတိတ် စိတ်မသန့်လည်း တန်းစီညာညှိကာ လိုက်ဖက်ညီစွာ သံပြိုင်အိပ်မောကျခဲ့ အတိတ်မှာ သက္ကရာဇ်ဆိုးတွေ မျှော်လင့်ခြင်းပေါ် အငြိုးနဲ့  ပြိုလဲကျခဲ့ အရိပ်လိုကပ်ပါလာတဲ့ ခိုးသားငါးရာအကြောင်း ရာဇ၀င်မှာထားခဲ့တော့..။ ဖောက်ပြန်သူအများစု စိုးရိမ်နေပုံက အမှောင်ထဲ ဆေးလိပ် မီးညှိတာကို ချောင်ထဲ မီးမောင်း ထိုးပြသလိုထင်မှတ်ကာ ကြောက်လန့်ခဲ့ကြတယ်..။ ရှက်စရာကောင်းလှတဲ့ တသွေး တသံ တမိန့်အောက်မှာ မျက်နှာဖောင်းပွနေတဲ့ အဆီပြန် ဆိုဖာပေါ်ရောက် ငွေကြေးများ မျက်နှာမွဲတွေအိမ်...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး ချမ်းမြ စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်