Posts Tagged ‘ အောင်သဇင် ’

အောင်သဇင် ● ဖက်ဒရယ်ပြည်နယ်အခြေခံဥပဒေနဲ့ ၂၀၀၈

May 24, 2018
အောင်သဇင် ● ဖက်ဒရယ်ပြည်နယ်အခြေခံဥပဒေနဲ့ ၂၀၀၈

အောင်သဇင် ● ဖက်ဒရယ်ပြည်နယ်အခြေခံဥပဒေနဲ့ ၂၀၀၈ (မိုးမခ) မေ ၂၄၊ ၂၀၁၈ မကြာခင်ရက်ပိုင်းတုံးက ပြည်နယ်ဖွဲ့စည်းပုံဥပဒေ ဆွဲခွင့်ရပြီ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရတော့မယ်လို့ လုပ်စားသမား တယောက် ကြွေးကြော်တာ ကြားလိုက်ရတယ်။ ခွဲမထွက်ရေး သို့မဟုတ် ပြည်ထောင်စုမပြိုကွဲရေး စကားလုံး ထည့်မှ စစ်တပ်က သဘောတူမယ်ပြောနေတော့ ဘယ်လိုလုပ်ပြီး ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရပြီလို့ သတ်မှတ်သလဲ ရယ်စရာဖြစ်နေတယ်။ အဲ့လူက HGP အထက်တန်းရှေ့နေ အောင်ထားသူဆိုတာသိရတော့ ပိုလို့တောင် အံ့သြ သွားမိတယ်။ အထူးသဖြင့် ၂၀၀၈ အခြေခံဥပဒေနဲ့ ကွဲလွဲဆန့်ကျင်မှုမရှိစေရဆိုတော့ အဲ့ဒီ’ဖက်ဒရယ်’စနစ်ဟာ ဒီနေ့ဗမာပြည် ရဲ့ ဒီမိုကရေစီစနစ်လိုမျိုးဘဲဖြစ်လိမ့်မယ်။ သွေးစပ်သွေးနှောလို့တောင်ပြောမရဘဲ လုံးဝ ဘာသာခြား ကဏ္ဍခြား အမျိုးခြား အရည်ခြုံ စနစ်သာဖြစ်နေတယ်။ ကမ္ဘာပေါ်က ဘယ်နိုင်ငံရေးသိပ္ပံပညာရှင်ကိုမေးမေး ဗမာပြည်နိုင်ငံ ရေးစနစ်ကို ဘယ်သူမှ...

Read more »

အောင်သဇင် ● မျက်နှာမရ ခြေထောက်ဘဲရမယ့် မင်းအောင်လှိုင်

March 20, 2017
အောင်သဇင် ● မျက်နှာမရ ခြေထောက်ဘဲရမယ့် မင်းအောင်လှိုင်

အောင်သဇင် ● မျက်နှာမရ ခြေထောက်ဘဲရမယ့် မင်းအောင်လှိုင် (မိုးမခ) မတ် ၂၀၊ ၂၀၁၇ မင်းအောင်လှိုင်စစ်တပ်က ခြေမြန်တပ်မ ၆၆ ဟာ ရှေ့တန်းမှာနှစ်ပေါက်နေပြီဖြစ်တဲ့ တပ်မ ၅၅ ကိုလဲဖို့ မတ်လ ၅ ရက်နဲ့ ၆ ရက်တွေမှာ ပြည်-မိတ္ထီလာ-လားရှိုးအတိုင်း တက်လာပြီး ၇ ရက်နေ့မှာ လားရှိုးက လောက်ကိုင်ထွက်လာတယ်။ ဗိုလ်မှူးချုပ်မြင့်သန်း (DSA ၂၇) ဦးစီးတဲ့ လူအင်အား ၈၀၀ ကျော်ပါ တပ်မ ၆၆ က ၂ ဗျူဟာ နဲ့ ၇ ရင်းဟာ လောက်ကိုင်ရောက်ပြီး နောက်တရက် မတ် ၈ ရက်မှာဘဲ တိုက်ပွဲစတိုးခဲ့ တယ်။ တပ်မ ၆၆ လာလဲတဲ့ တပ်မ...

Read more »

အောင်သဇင် ● မိုးကောင်းကင်ကိုခွဲပစ်၊ ကမ္ဘာမြေကြီးကို လှုပ်ခါပစ်

December 13, 2016
အောင်သဇင် ● မိုးကောင်းကင်ကိုခွဲပစ်၊ ကမ္ဘာမြေကြီးကို လှုပ်ခါပစ်

အောင်သဇင် ● မိုးကောင်းကင်ကိုခွဲပစ်၊ ကမ္ဘာမြေကြီးကို လှုပ်ခါပစ် (မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ရဲ့အောင်ပွဲ) (မိုးမခ) ဒီဇင်ဘာ ၁၃၊ ၂၀၁၆ “Crack the Sky, Shake the Earth” ဆိုတာ ၁၉၆၈ ခုတုံးက ဗီယက်နမ်တော်လှန်ရေးသမားတွေရဲ့ တက်ထိုးစစ်အတွင်း ကြွေးကြော်သံဖြစ်ပါတယ်။ အမေရိကန်စစ်သား ၅ သိန်းကျော်နဲ့ တောင်ဗီယက်နမ်အစိုးရစစ်သား ၈ သိန်းခွဲ စိုးမိုးထား တဲ့နိုင်ငံမှာ ဗီယက်ကောင်းတပ်အင်အား ၈၄၀၀၀ က ၁၉၆၈ ဇန်နဝါရီလကုန်မှ မတ်လကုန်ပိုင်းအထိ တက်ထိုးစစ် လုပ်ခဲ့တုံးက ကြွေးကြော်ခဲ့တာဖြစ်တယ်။ ဒီတန်ပြန်ထိုးစစ်မှာ ဗီယက်ကောင်းတွေဟာ ဆိုင်ဂုံမြို့တော်အပါအဝင် မြို့ကြီး ၁၃ မြို့နဲ့ မြို့ငယ် ၁၀၀ ကျော်ကို တပြိုင်တည်းဝင်စီးခဲ့ကြတယ်။ စီးနင်းတိုက်ခိုက်တဲ့ထဲမှာ အမေရိကန်သံရုံး၊ သမတနန်းတော်၊ စစ်ရုံးချုပ်တို့လဲ ပါ...

Read more »

အောင်သဇင် – ငြိမ်းချမ်းရေးမြင်းကို တက်စီးခြင်း

July 9, 2016
အောင်သဇင် – ငြိမ်းချမ်းရေးမြင်းကို တက်စီးခြင်း

အောင်သဇင် ● ငြိမ်းချမ်းရေးမြင်းကို တက်စီးခြင်း (မိုးမခ) ဇူလိုင် ၉၊ ၂၀၁၆ ဗမာပြည်မှာ NLD အစိုးရသစ် တက်လာပြီဖြစ်လို့ နှစ် ၆၀ ကျော် ပြည်တွင်းစစ် ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေးရဖို့ တာဝန်ဟာ သမရိုးကျအမြင်နဲ့ကြည့်ရင် NLD အစိုးရနဲ့ တကယ့်အစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တာဝန် ဖြစ်လာပြီလို့ ထင်စရာပါဘဲ။ ဒီအတွက်လဲ ငြိမ်းချမ်းရေးမြင်းကိုတက်စီးဖို့ ဒေါက်တာတင်မျိုးဝင်းကို ရပ်သိရွာသိ အဓိက တာဝန်ပေးထားတာ တွေ့ရပါတယ်။ ဒါပေမဲ့ လက်တွေ့အခြေအနေတချို့ကို လေ့လာကြည့်တော့ အခုလိုတွေ့ရပါ တယ်။ ဇွန် ၁၇ ရက်မှာ ဒေါက်တာတင်မျိုးဝင်းဟာ ဗမာပြည်ရဲ့ အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်တဲ့ UWSA ဝ အဖွဲ့နဲ့ ပင်မ မဟာမိတ် မိုင်းလားအဖွဲ့တွေကို တွေ့ဆုံဆွေးနွေးဖို့ ကျိုင်းတုံကတဆင့် မိုင်းလားကို...

Read more »

အောင်သဇင် – သေခါနီး မီးထတောက်တာလား

March 17, 2016
အောင်သဇင် – သေခါနီး မီးထတောက်တာလား

အောင်သဇင် – သေခါနီး မီးထတောက်တာလား (မိုးမခ) မတ် ၁၇၊ ၂၀၁၆ ဖေဖော်ဝါရီ ၈ ရက်မှာပြီးသွားတဲ့ မင်းအောင်လှိုင်တို့ လေးလပတ်အစည်းအဝေးဆုံးဖြတ်ချက်အရ တပ် အရွှေ့အပြောင်းကို မန္တလေးယာဉ်သိုလှောင်ရေးတပ်က ကားအစီး ၅၀၀ နဲ့၊ အကောင်ရေမသိတဲ့ မြင်း-လား ဝန်တင်တွေနဲ့ ဖေဖော်ဝါရီလ ၂၃ မှာ စလုပ်ခဲ့တယ်။ ကား ၅၀၀ ဆိုတော့ တပ်မ ၈ ခု-၁၀ ခုစာ ဖြစ်တယ်။ ဒါဟာ ဗမာပြည် လွတ်လပ်ရေးရပြီးနောက် စစ်သမိုင်းမှာ မတွေ့ဖူးသေးတဲ့ ဧရာမတပ်လှုပ်ဖြစ်နေတယ်။ ဘာရည်ရွယ်ချက်လဲ။ အကျိုးအမြတ် ဘယ်လောက်ရှိသလဲ။ တကယ်တော့ ရှေ့တန်းမှာနှစ်ပေါက်နေပြီဖြစ်တဲ့ တပ်တွေကို နောက်တန်း ဒါရိုက်မပြန်ခိုင်းဘဲ သမတရွေးမယ့်အချိန်၊ အာ ဏာလွှဲရမယ့်အချိန်မှာ လူမျိုးစုတွေရဲ့မညီညွတ်မှုကို ကောင်းကောင်းအသုံးချပြီး ယွက်စစ်နဲ့ညှိ...

Read more »

အောင်သဇင် – NCA အောက်က ရှမ်းပြည်မြောက်ပိုင်းစီမံကိန်း (အပိုင်း ၂)

January 10, 2016
အောင်သဇင် – NCA အောက်က ရှမ်းပြည်မြောက်ပိုင်းစီမံကိန်း  (အပိုင်း ၂)

အောင်သဇင် – NCA အောက်က ရှမ်းပြည်မြောက်ပိုင်းစီမံကိန်း  (အပိုင်း ၂) (မိုးမခ) ဇန်န၀ါရီ ၁၀၊ ၂၀၁၆ ဒါကြောင့် SSA-တောင်ပိုင်းက အခဲမကြေဘဲ လူအင်အားထပ်ဖြည့်ပြီး အခု ပလောင်နယ်မြေထဲ အင်အား ၁၀၀၀ ကျော် နဲ့ထပ်ဝင်နေတယ်။ တချိန်က ဘိန်းဘုရင်ခွန်ဆာ့လူတွေဖြစ်ခဲ့ပြီး အခု အစိုးရပြည်သူ့စစ်လုပ်နေတဲ့ လွယ်မော်-နောင် လိုင်ဒေ သက ဘိုမွန်ရဲ့ မန်ပန်ပြည်သူ့စစ် နဲ့ နမ့်ခမ်းက ခိုလုံလီရှော ကျော်မြင့်ရဲ့ ပန်ဆေးပြည်သူ့စစ်တို့ အကူအညီတွေလဲ အများ ကြီးရထားတယ်။ ဒါ့အပြင် စက်ဆက်သွယ်ရုံတင်မကတော့ဘဲ ဗမာတပ်တွေနဲ့ ပြောင်တွဲပြီး TNLA ကို လိုက်တိုက်တာ လှုပ်ရှားတာတွေလဲ လုပ်နေတယ်။ SSPP/SSA တပ်တွေ ဝန့်ဟိုင်းဌာနချုပ်နဲ့ ၃ မိုင်အကွာလောက်မှာနေတာကို နယ်မြေကျော်တယ်ဆိုပြီး ပြည်မက...

Read more »

အောင်သဇင် – NCA အောက်က ရှမ်းပြည်မြောက်ပိုင်းစီမံကိန်း (အပိုင်း ၁)

January 9, 2016
အောင်သဇင် – NCA အောက်က ရှမ်းပြည်မြောက်ပိုင်းစီမံကိန်း  (အပိုင်း ၁)

အောင်သဇင် – NCA အောက်က ရှမ်းပြည်မြောက်ပိုင်းစီမံကိန်း  (အပိုင်း ၁) (မိုးမခ) ဇန်န၀ါရီ ၉၊ ၂၀၁၆ ၁၉၈၉ ခုနှစ် စက်တင်ဘာလမှာ SSPP/SSA ရှမ်းပြည်တပ်မတော်က နဝတ စစ်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ခဲ့ ပါတယ်။ အဲဒီအချိန်က SSA ဟာ ကျေးသီး-မိုင်းရှူးမှာ တပ်မဟာ ၁၊ ကျောက်မဲ-သီပေါ-နမ့်ခမ်းဒေသမှာ တပ်မဟာ ၂၊ လွယ်ခေး-နမ့်လန်မှာ တပ်မဟာ ၃၊ ကာလိ-ကွန်ဟိန်း-ကျိုင်းတောင်းမှာ တပ်မဟာ ၇ တို့ရှိနေတယ်။ SSA အပစ်ရပ် ချိန်မှာ လက်နက်ကိုင်တော်လှန်ရေးဆက်လုပ်ချင်တဲ့ ဥက္ကဌစိုင်းလိတ်ဟာ ရွှေလီ-နမ့်ခမ်းကို တိမ်းရှောင်ခိုအောင်းနေခဲ့ တယ်။ သိတ်မကြာခင်မှာ ခွန်ဆာနဲ့ အဆက်အသွယ်လုပ်ပြီး MTA ဆီရောက်သွားခဲ့ပေမဲ့ ဘိန်းဘုရင်ခွန်ဆာကိုစည်းရုံး ပြီး ရှမ်းအမျိုးသားတော်လှန်ရေး ဆက်လုပ်ဖို့အိပ်မက်ကို အကောင်အထည်မဖော်နိုင်ဘဲ...

Read more »

အောင်သဇင် – တပြည်လုံးငြိမ်းချမ်းရေးကို Divide-and-Conquer နည်းလမ်းဖြင့် အောင်မြင်မလို့လား

September 30, 2015
အောင်သဇင် – တပြည်လုံးငြိမ်းချမ်းရေးကို Divide-and-Conquer နည်းလမ်းဖြင့် အောင်မြင်မလို့လား

  အောင်သဇင် – တပြည်လုံးငြိမ်းချမ်းရေးကို Divide-and-Conquer နည်းလမ်းဖြင့် အောင်မြင်မလို့လား (မိုးမခ) စက်တင်ဘာ ၃၀၊ ၂၀၁၅ အခု စက်တင်ဘာလကုန်ပိုင်းမှာ လုပ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးညီလာခံမှာ တနိုင်ငံလုံး အပစ်ရပ်စာချုပ် (NCA) ကိုလက်မှတ်ထိုးဖို့ တိုင်းရင်းသားအဖွဲ့ ၇ ဖွဲ့က သဘောတူလိုက်ပြီး ညီလာခံတက်တဲ့ ၁၀ ဖွဲ့နဲ့ ညီလာခံပြင်ပ ၄ ဖွဲ့က ပယ်ချလိုက်တယ်လို့ သတင်းကောင်းကြားသိရပါတယ်။ အဲဒီ ၇ ဖွဲ့ကတော့ KNU DKBA KNU-PC ALP CNF PNLO ABSDF တို့ဖြစ်ပြီး သဘောမတူတဲ့ ၁၄ ဖွဲ့ကတော့ NMSP SSPP KIO KNPP TNLA AA MNDAA ANC...

Read more »

ဂါမဏိ နှင့် အောင်သဇင် ပူးတွဲတင်ပြသည် – တနိုင်ငံလုံးအပစ်ရပ်ရေး နဲ့ စစ်ရေးနောက်ခံ

September 6, 2015
ဂါမဏိ နှင့် အောင်သဇင် ပူးတွဲတင်ပြသည် – တနိုင်ငံလုံးအပစ်ရပ်ရေး နဲ့ စစ်ရေးနောက်ခံ

တနိုင်ငံလုံးအပစ်ရပ်ရေး နဲ့ စစ်ရေးနောက်ခံ (ဂါမဏိ နှင့် အောင်သဇင် ပူးတွဲတင်ပြသည်) (မိုးမခ) စက်တင်ဘာ ၆၊ ၂၀၁၅ ဗမာပြည်အရှေ့မြောက်ပိုင်းမှာ ၄ လအတွင်း ဗမာစစ်သား စုစုပေါင်း ၂၀၀၀ ကျော်သေကြေဒဏ်ရာရအောင် နဲ့ တပ်ရင်း ၈ ရင်းက ၁၀ ရင်းအထိ တပ်လုံးပြုတ်သွားအောင်၊ တပ်ရင်းမှူး ဒုရင်းမှူးတွေ တပြုံကြီးကျအောင် တိုက်နိုင်ခဲ့ပြီးနောက် MNDAA ကိုးကန့်တပ်ဖွဲ့ဟာ နိုင်ငံရေးလက်ဦးမှုယူပြီး တဖက်သတ်အပစ်ရပ်ခဲ့တယ်။ ဒီ့အရင်က KIA နဲ့ ၂ နှစ်ကျော်တိုက်ခဲ့ တာလဲ ဗမာစစ်သား တသောင်းကျော် သေကြေဒဏ်ရာခဲ့သေးတယ်။ မင်းအောင် လှိုင်တပ်က လိုင်ဇာကို အချိန်မရွေးသိမ်းလို့ရတယ် ပြောနေပေမဲ့ တချိန်က KIA ဌာနချုပ် ပါဂျို-နားဖော့ သိမ်းခဲ့ပြီးတော့လဲ KIA ပြုတ်မသွားခဲ့ဘဲ...

Read more »

အောင်သဇင် – ခေါင်းလောင်းရှင်မင်းအောင်လှိုင်အတွက် ဒုတိယမ္ပိခေါင်းလောင်းသံ (အပိုင်း-၃) (ဇာတ်သိမ်းပိုင်း)

July 1, 2015
အောင်သဇင် – ခေါင်းလောင်းရှင်မင်းအောင်လှိုင်အတွက် ဒုတိယမ္ပိခေါင်းလောင်းသံ (အပိုင်း-၃) (ဇာတ်သိမ်းပိုင်း)

အောင်သဇင် – ခေါင်းလောင်းရှင်မင်းအောင်လှိုင်အတွက် ဒုတိယမ္ပိခေါင်းလောင်းသံ (အပိုင်း-၃) (ဇာတ်သိမ်းပိုင်း) (မိုးမခ) ဇူလိုင် ၁၊ ၂၀၁၅   ကာချုပ်မင်းအောင်လှိုင်ဟာ စစ်ရေးအရမဖြေရှင်းနိုင်တာကို နိုင်ငံရေးအရဖြေရှင်းဖို့ မစဉ်းစားဘဲ၊ တိုင်းရင်းသားတပ် တွေအ ပေါ် DDR လို့ခေါ်တဲ့ နယ်မြေစွန့်-လက်နက်ဖြုတ်-လက်နက်ချရေးလမ်းစဉ်ကို ခေါင်းမာမာနဲ့ ဆက်လက်ကိုင်စွဲ နေတယ်။ တရုတ်ဖိအားကြောင့် ကိုးကန့်က တဖက်သတ်အပစ်အခတ်ရပ်စဲတာကို အခွင့်ကောင်းယူ အမြတ်ထုတ်ပြီး လှုပ်ရှားဂွင်ကို တိုးချဲ့ဖို့ နဲ့ မြေအနေအထားအရ အချက်အခြာကျတဲ့ စိုးမိုးကုန်းတွေ ဗျူဟာကျတဲ့နေရာတွေကို အခြေ အနေပေးရင်ပေးသလို တိုက်ပြီးတော့ဖြစ်ဖြစ်၊ မတိုက်ရဘဲဖြစ်ဖြစ် တက်ရောက်ထိန်းချုပ်တပ်စွဲထားဖို့ ကကကြည်းက ဗမာပြည်မြောက်ပိုင်း တာဝန် ယူထားတဲ့ ကစထ-၁ နဲ့ ကစထ-၂ ကို ညွှန်ကြားထားတယ်။ အခုဆိုရင် ကိုးကန့်ဒေသကို လက်နက်ခဲယမ်းနဲ့ ရိက္ခာပို့ယာဉ်...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မြန်မာနေ့ရက်များနှင့် ပန်းများ စာအုပ် ထွက်ပြီ (မိုးမခ) မတ် ၂၄၊ ၂၀၁၈...

Read more »

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ)

By

ဇော်အောင်(မုံရွာ) ၏ ပြည်မြန်မာ မီးထိန်ထိန်သာဖို့အရေး မိုးမခဆောင်းပါးများ (ထွက်ပြီ) မိုးမခစာအုပ်စင်၊ ဖေဖော်ဝါရီ ၂၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်