Posts Tagged ‘ အောင်သူငြိမ်း ’

အောင်သူငြိမ်း ● ထိုင်းနိုင်ငံက အင်္ဂလိပ်သင် အစီအစဉ် (EP, MEP) ကျောင်းများ

July 2, 2017
အောင်သူငြိမ်း ● ထိုင်းနိုင်ငံက အင်္ဂလိပ်သင် အစီအစဉ် (EP, MEP) ကျောင်းများ

အောင်သူငြိမ်း ● ထိုင်းနိုင်ငံက အင်္ဂလိပ်သင် အစီအစဉ် (EP, MEP) ကျောင်းများ (မိုးမခ) ဇူလိုင် ၂၊ ၂၀၁၇   ကျနော့်နိုင်ငံက ပညာရေးအစီအစဉ်တွေက မိဘတွေ သိပ်ပင်ပန်းစရာ ဖြစ်နေတယ်။ မိဘတွေကိုယ်တိုင်က ဒီလို ပင်ပန်း ရတာကို ဂုဏ်ယူနေကြတာလည်း ရှိပါတယ်။ ကျနော့်တူတော်မောင်က ဒီနှစ်ဆယ်တန်းဆိုတော့ အိမ်မှာ ကျူရှင်ကိစ္စတွေ၊ ပုဂ္ဂလိကကျောင်းကိစ္စတွေ တိုင်ပင်နေတာ ကြားရတယ်။ ကျူရှင်ဘာသာစုံထားဖို့ ကျပ် ၅ သိန်းအထက်၊ ၁၀ သိန်းထိတိုင် ကုန်နိုင်မယ်ဆိုပဲ။ ဒီလိုမှမဟုတ် ပုဂ္ဂလိကကျောင်း သွားထားရင် သိန်း ၄၀ ဆိုလား။ ဒီတော့ မိဘတွေလျှာထွက်နေကြရ တာပေါ့။ တတ်နိုင်တဲ့မိဘတွေဆိုတော့လည်း တမျိုး။ တခါက DVB ဒီဘိတ်အစီအစဉ်အပြီး နိုင်ငံတကာကျောင်းနာမည် ခံထားတဲ့...

Read more »

အောင်သူငြိမ်း ● ထိုင်းနိုင်ငံ ပညာရေးစနစ်နဲ့ R&D အပြောင်းအလဲသစ်

June 3, 2017
အောင်သူငြိမ်း ● ထိုင်းနိုင်ငံ ပညာရေးစနစ်နဲ့ R&D အပြောင်းအလဲသစ်

အောင်သူငြိမ်း ● ထိုင်းနိုင်ငံ ပညာရေးစနစ်နဲ့ R&D အပြောင်းအလဲသစ် (မိုးမခ) ဇွန် ၃၊ ၂၀၁၇ ကျောင်းစာသင်နှစ် အသစ်နဲ့အတူ စိတ်လှုပ်ရှားဖွယ်ရာတွေ ထိုင်းပညာရေးစနစ်မှာ ကြုံတွေ့နေရပါတယ်။ လထိုင်းနိုင်ငံမှာ အခု စစ်အစိုးရသစ်က Thailand Economy 4.0 ဆိုတဲ့ စီးပွားရေး စီမံကိန်းချမှတ်ထားတဲ့အကြောင်း၊ အဲဒီ စီမံကိန်းနဲ့ အညီ ပညာရေးစနစ်ကိုလည်း ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေကြောင်း ကျနော် ရေးခဲ့ပြောခဲ့ဖူးပါတယ်။ Thailand Economy 4.0 ဆိုတာကတော့ အခုလို စဉ်းစားချက်အပေါ် အခြေခံတာပါ။ ကွန်ပြူတာ ဗားရှင်း (Version) တွေလို တခုပြီး တခု တိုးတက် လာတဲ့ သဘောပါ။ ထိုင်းစီးပွားရေး 1.0 ကတော့ လယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့ စီးပွားရေးစနစ်ပါ။...

Read more »

အောင်သူငြိမ်း ● ငြိမ်းချမ်းရေးအတွက် ဘိဇနက် (B4P)

May 18, 2017
အောင်သူငြိမ်း ● ငြိမ်းချမ်းရေးအတွက် ဘိဇနက် (B4P)

အောင်သူငြိမ်း ● ငြိမ်းချမ်းရေးအတွက် ဘိဇနက် (B4P) (မိုးမခ) မေ ၁၈၊ ၂၀၁၇ အခုတလော သတင်းစာတွေမှာ ငြိမ်းချမ်းရေးအတွက် စီးပွားရေးလုပ်ငန်းများ (Business for Peace) ကိစ္စကို မြန်မာနိုင်ငံ မှာ မြှင့်တင်ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ အထူးသဖြင့်တော့ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နဲ့ ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက် (UN Global Pact) တို့က ဦးဆောင်ကြတာပါ။ မြန်မာနိုင်ငံလှုပ်ရှားမှုမှာတော့ ဆရာဒေါက်တာ အောင်ထွန်းသက်က တက်တက်ကြွကြွ စည်းရုံး ဟောပြောနေတာ တွေ့ရပါတယ်။ စီးပွားရေးလုပ်ငန်းရှင်တွေက ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် ပိုကောင်းတာပေါ့။ ကျနော်တို့က ဒီလိုဖြစ်လာတာကို ကြိုဆိုကြရပါမယ်။ သို့သော် ဘယ်လိုပူးပေါင်းဆောင်ရွက်မှာပါလဲ၊ အစိုးရဖက်ကရော...

Read more »

အောင်သူငြိမ်း ● တာဝန်ယူ တာဝန်ခံမှု (Accountability)

April 27, 2017
အောင်သူငြိမ်း ● တာဝန်ယူ တာဝန်ခံမှု (Accountability)

အောင်သူငြိမ်း ● တာဝန်ယူ တာဝန်ခံမှု (Accountability) (မိုးမခ) ဧပြီ ၂၇၊ ၂၀၁၇ တာဝန်ယူ တာဝန်ခံမှု (Accountability) ဆိုတာ အစိုးရအရာရှိတွေက ဆောင်ရွက်ကြတဲ့ လုပ်ဆောင်မှုများကို စောင့်ကြည့် ကြီးကြပ်မှု ရှိရမယ်၊ ခံနိုင်ရမယ်၊ အစိုးရရဲ့ဆောင်ရွက်ချက်တွေဟာ ဖော်ပြထားတာတွေ (ကတိပြုထားတာတွေ) နဲ့ လွဲနေ သလား၊ ရည်မှန်းချက်များကို ပြည့်မီသလား၊ အကျိုးရှိစေရန် ရည်ရွယ်ထားတဲ့ လူထု-ရပ်ရွာ (beneficiaries) တွေရဲ့ လိုအပ် ချက်ကို ဖြည့်ဆည်းနိုင်သလား… စသည်ဖြင့် တုံ့ပြန်တာမျိုး ဖြစ်ပါတယ်။ တာဝန်ယူ တာဝန်ခံမှု (Accountability) ဟာ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် (Good governance) အတွက် အခြေခံ အုတ်မြစ်တခုလည်း ဖြစ်ပါတယ်။ ယေဘုယျအားဖြင့် “အာဏာလက်ကိုင်ရှိနေကြသူများ” (နိုင်ငံရေး၊...

Read more »

အောင်သူငြိမ်း ● အိပ်မက်ဆုံရာ ကျနော်တို့ရဲ့ မြန်မာအိပ်မက်

April 3, 2017
အောင်သူငြိမ်း ● အိပ်မက်ဆုံရာ ကျနော်တို့ရဲ့ မြန်မာအိပ်မက်

အောင်သူငြိမ်း ● အိပ်မက်ဆုံရာ ကျနော်တို့ရဲ့ မြန်မာအိပ်မက် (မိုမခ) ဧပြီ ၃၊ ၂၀၁၇ (မိုးမခမဂ္ဂဇင်း အတွဲ ၄၊ အမှတ် ၃ မျက်မှောက်ရေးရာကဏ္ဍတွင်ဖော်ပြခဲ့သည့် ဆောင်းပါးဖြစ်ပါသည်။) ကျနော်တို့ မြန်မာတွေမှာ မြန်မာအိပ်မက် (Myanmar Dream) ရှိရဲ့လား။ စဉ်းစားမိတယ်။ အမေရိကန်အိပ်မက်ဆိုတာ ရှိတယ်။ တရုတ်အိပ်မက်ဆိုတာ ရှိတယ်။ ဒါနဲ့ပဲ မြန်မာအိပ်မက်ဆိုတာ ရှိရဲ့လား… စဉ်းစားမိတာပေါ့။ အမေရိကန်အိပ်မက် (American Dream) ဆိုတာကတော့  အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ လူတွေရဲ့တဦးချင်း မျှော်မှန်း ချက်တွေ ဟုတ်သလို အမျိုးသားရေးမျှော်မှန်းချက် (National Ethos) ပါ။ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လွတ်လပ်မှု (Liberty)၊ အခွင့်အလမ်း၊ တန်းတူညီမျှမှုတွေပါသလို၊ လူတဦးအောင်မြင်မှုအတွက် အခွင့်အလမ်းတွေလည်း ပါဝင်ပါ တယ်။...

Read more »

အောင်သူငြိမ်း ● ကျနော်တို့ မြန်မာတွေ ပိုမိုပျော်ရွှင်လာကြပါသလား

March 22, 2017
အောင်သူငြိမ်း ● ကျနော်တို့ မြန်မာတွေ ပိုမိုပျော်ရွှင်လာကြပါသလား

  ကျနော်တို့ မြန်မာတွေ ပိုမိုပျော်ရွှင်လာကြပါသလား ●————————————————————— ‘ပျော်ရွှင်မှု’ ကို အဓိပ္ပါယ်ဖွင့်ကြရာမှာ နယ်ပယ် ကိုးခု (9 domains) နဲ့ တိုင်းတာမှု ၃၃ ခုကို သတ်မှတ်ထားတာမျိုး တွေ့ရ ပါတယ်။ နယ်ပယ်တွေကတော့ (၁) ပညာရေး၊ (၂) ကျန်းမာရေး (၃) လူနေမှု အဆင့်အတန်း (၄) စိတ်ပိုင်းဆိုင်ရာ သာယာ ဝပြောမှု (၅) လူမှုရပ်ရွာ ရှင်သန်ဖွံ့ဖြိုးမှု (၆) ယဉ်ကျေးမှု စုံလင်ထွေပြားရှိခြင်းနှင့် ကြံ့ကြံ့ခံနိုင်မှု (၇) ဂေဟ သဘာဝဝန်းကျင် စုံလင်ထွေပြားမှုနှင့် ကြံ့ကြံ့ခံနိုင်မှု (၈) အချိန်အသုံးချမှု နဲ့ နောက်ဆုံး (၉) ကောင်းမွန်သော အစိုးရ အုပ်ချုပ်ရေး စနစ်.. စတာတွေ ထည့်သွင်းထားပါတယ်။...

Read more »

အောင်သူငြိမ်း ● အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၁)

February 24, 2017
အောင်သူငြိမ်း ● အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၁)

အောင်သူငြိမ်း ● အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၁) (မိုးမခ) ဖေဖော်ဝါရီ ၂၄၊ ၂၀၁၇ အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၁) ကို ဒီနေ့ နေပြည်တော်မှာ စတင်ဆောင်ရွက်ခြင်း အခမ်းအနား ကျင်းပပါတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။ ကျနော့်အနေနဲ့ အဲသည် စီမံကိန်း NESP ကို ရထားတာ နည်းနည်းကြာပြီဖြစ်ပေမယ့် သေချာမကြည့်မိသေးပါဘူး။ ပညာရေးဝန်ကြီးဌာန ဝက်ဘ်ဆိုဒ် သွားကြည့်တဲ့အခါ အဲသည် NESP စာတမ်းကို တင်ထားတာ မတွေ့ရသေးပါဘူး။ ဒီ NESP စာတမ်းကို ပညာရေးကဏ္ဍမှာ ပါဝင်ပတ်သက်နေသူများ (stakeholders) ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်အောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဒါဆိုရင် မြန်မာမူ ဘာသာပြန်ထားပြီးသား ရှိ-မရှိ...

Read more »

အောင်သူငြိမ်း – အိပ်မက်ဆုံရာ ကျနော်တို့ရဲ့ “မြန်မာအိပ်မက်”

February 16, 2017
အောင်သူငြိမ်း – အိပ်မက်ဆုံရာ ကျနော်တို့ရဲ့ “မြန်မာအိပ်မက်”

  အောင်သူငြိမ်း – အိပ်မက်ဆုံရာ ကျနော်တို့ရဲ့ “မြန်မာအိပ်မက်” (မိုးမခ) ဖေဖော်ဝါရီ ၁၆၊ ၂၀၁၇ ကျနော်တို့ မြန်မာတွေမှာ “မြန်မာအိပ်မက်” (Myanmar dream) ရှိရဲ့လား။ စဉ်းစားမိတယ်။ အမေရိကန်အိပ်မက်ဆိုတာ ရှိတယ်။ တရုတ်အိပ်မက်ဆိုတာ ရှိတယ်။ ဒါနဲ့ပဲ မြန်မာအိပ်မက်ဆိုတာ ရှိရဲ့လား… စဉ်းစားမိတာပေါ့။ အမေရိကန်အိပ်မက် (American Dream) ဆိုတာကတော့ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ လူတွေရဲ့တဦးချင်း မျှော်မှန်း ချက်တွေ ဟုတ်သလို အမျိုးသားရေး မျှော်မှန်းချက် (national ethos) ပါ။ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ လွတ်လပ်မှု (liberty)၊ အခွင့်အလမ်း၊ တန်းတူညီမျှမှုတွေပါသလို၊ လူတဦးအောင်မြင်မှုအတွက် အခွင့်အလမ်းတွေလည်း ပါဝင်ပါ တယ်။ လူမှုအဖွဲ့အစည်းမှာ ကြိုးစားရင်ကြိုးစားသလောက် အပေါ်အလွှာကို တက်လှမ်းနိုင်ခွင့် (upward social...

Read more »

အောင်သူငြိမ်း ● ထိုင်းနိုင်ငံ ပညာရေးစနစ်သစ်

January 16, 2017
အောင်သူငြိမ်း ● ထိုင်းနိုင်ငံ ပညာရေးစနစ်သစ်

အောင်သူငြိမ်း ● ထိုင်းနိုင်ငံ ပညာရေးစနစ်သစ် (မိုးမခ) ဇန်နဝါရီ ၁၆၊ ၂၀၁၇ ကျွန်တော်နဲ့ ထိုင်းပညာရေးအတွေ့အကြုံ အပိုင်း (၃) မနေ့ကပဲ ထိုင်းနိုင်ငံက နှစ် ၂၀ ပညာရေးမဟာဗျူဟာ စီမံကိန်း (Education Strategic Plan) ကို စတင်ကြေညာခဲ့ပါပြီ။ အခု ပညာရေးမူဝါဒအသစ်မှာ ဧရိယာ ၆-ခုကို ဦးစားပေးထားပါတယ်။ လုံခြုံရေး၊ ဖက်စုံ ဖွံ့ဖြိုးမှုမြှင့်တင်ရေး၊ လူသား ရင်းမြစ် ဖွံ့ဖြိုးမှု၊ လူမှု တန်းတူရေး၊ မြစိမ်းရောင် ဖွံ့ဖြိုးမှု၊ အစိုးရကဏ္ဍ ဖွံ့ဖြိုးကို ပြန်လည် ချိန်ညှိရေး (rebalancing public sector development) တွေ ပါဝင်တယ်လို့ဆိုပါတယ်။ ပညာရေးမူဝါဒတခုချင်းရဲ့ ရည်ရွယ်ချက်တွေက လူသားရင်းမြစ် ဖွံ့ဖြိုးမှုမှာ ရင်းနှီးမြှုပ်နှံဖို့၊ တရားမျှတမှု...

Read more »

အောင်သူငြိမ်း – မောင်မောင်စိုးရဲ့ လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ

January 8, 2017
အောင်သူငြိမ်း – မောင်မောင်စိုးရဲ့ လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ

အောင်သူငြိမ်း – မောင်မောင်စိုးရဲ့ လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ  (မိုးမခ စာအုပ်စင်) ဇန်န၀ါရီ ၇၊ ၂၀၁၇ ကိုမောင်မောင်စိုးရေးထားတဲ့ “လွမ်းရစ်ဝေသော နေ့များ ညများ ဘဝပေါင်းများစွာ” (ရွှေနဒီစာပေ၊ ၂၀၁၆ ဒီ) ကို အားတင်းပြီး ဖတ်ခဲ့တယ်။ သူ့ကို ဆေး-၂ ကျောင်းသားဟောင်းမှန်း မသိခဲ့ဘူး။ ပထမအကြိမ် ၂၁-ပင်လုံ ငြိမ်းချမ်းရေး ညီလာခံမှာဆုံတယ်။ နောက်တခါ ဧရာဝတီဂျာနယ်က လုပ်တဲ့ Talk show တခုမှာ အတူပြောရတယ်။ တိုင်းရင်းသား အရေး (အထူးသဖြင့် မြောက်ပိုင်းဒေသက အဖွဲ့တွေအကြောင်း) ကျွမ်းဝင်သူအဖြစ် သိရပြီး၊ နောက်ပိုင်းမှ ဆေး-၂ ကျောင်းသားဘဝကနေ တောခိုခဲ့သူမှန်း သိရတယ်။ ကျနော်တို့ရဲ့ နောင်တော်ကြီးတွေပေါ့။ အစောပိုင်းတုန်းက ကိုယ့်ကိုယ်ကိုလည်း...

Read more »

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

MoeMaKa Monthly July 2017 ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ

By

 မိုးမခ ဧပြီ ရန်ကုန်ဆိုင်တွေ ဖြန့်ချိပြီးပါပြီ (မိုးမခ) ဧပြီ ၂၊ ၂၀၁၇ ကမ္ဘာဟာအကြမ်းပညာနဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်